Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, By AFP, 17th September 2010

မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး ပြုလုပ်မည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား ဧရိယာများရှိ သူပုန်များ နှစ်ရှည်လများ နေထိုင်ကြသော နေရာများကို ရွေးကောက်ပွဲ မလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခင်ကတည်းက ဒီမိုကရေစီ မကျဟု အပြောခံနေရသည့် အထဲတွင် သန်းပေါင်းများစွာ ရွေးကောက်ပွဲတွင် အပယ်ခံရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာသည်။

နိုင်ငံပိုင် မီဒီယာများက ကြာသပတေးနေ့ နှောင်းပိုင်းက ကြေညာခဲ့ရာ ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာပေါင်း ၃၀၀ ဝန်းကျင်သည် လွတ်လပ်၍ တရားမျှတသော မဲဆန္ဒပေးမှု မရှိနိုင်ဟု ဆိုကာ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲမှ ချန်လှပ်ခြင်း ခံရသည်။

အမည်မဖော်လိုသူ ရှမ်းခေါင်းဆောင် တစ်ဦးက ခန့်မှန်းရာတွင် ရှမ်းပြည်နယ် တစ်ခုတည်းမှာပင် လူနှစ်သန်းခန့်၊ ရှမ်းပြည်နယ် လူဦးရေ၏ ၃၀ % ခန့်သည် မဲပေးခွင့် ရလိမ့်မည် မဟုတ်ဟု ဆိုသည်။

၁၉၆၂ ကစ၍ နိုင်ငံကို အုပ်ချုပ်လာသော တပ်မတော်သည် တိုင်းရင်းသား သူပုန်များကို တိုက်ခိုက်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ အချို့သည် လက်နက်ကိုင် တိုက်ပွဲဝင်လာသည်မှာ ဆယ်စုနှစ်များ ကြာခဲ့ပြီ ဖြစ်သည်။

ရှမ်းပြည်နယ် တစ်ခုလုံး နီးပါးကို တိုင်းရင်းသား 'ဝ' ၏ UWSA တပ်က ချုပ်ကိုင်ထားရာ ထိုဒေသများကို ရွေးကောက်ပွဲတွင် ချန်ထားခဲ့မည် ဖြစ်ကြောင်း အဆိုပါ ရှမ်းခေါင်းဆောင်က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ တိုင်းရင်းသားများ စုပေါင်း ဖွဲ့စည်းထားသော Ethnic Nationalities Council မှ စောဒေးဗစ်တောက ပြောကြားရာတွင် တိုင်းရင်းသားများနှင့် ပဋိပက္ခ ဖြစ်နေသော နေရာများကို အစိုးရက ရှောင်သည်ဟု ပြောသော်လည်း အချို့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားသော နေရာများပါ ပါဝင်နေသည်ဟု ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment