Transparency Myanmar

transparency.myanmar@gmail.com

Indo.Asian News Service, 20th September 2010

မီဇိုရမ် ပြည်နယ် အစိုးရသည် ပြည်နယ်တွင်း တရားမဝင် နေထိုင်သော မြန်မာ နိုင်ငံသားများကို စတင် နှိမ်နှင်းလျက် ရှိသည်ဟု သက်ဆိုင်ရာ အရာရှိများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

မီဇိုရမ် ရဲတပ်ဖွဲ့သည် အိုက်ဇောနှင့် ဆင်ခြေဖုံး ဒေသများတွင် အသိုက်အမြုံ ထူထောင်နေသော တရားမဝင် နေထိုင်သူ မြန်မာ ၅၂ ဦး ကို ပြီးခဲ့သော ၂ ရက်က ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

အဆိုပါ တရားမဝင် ဝင်ရောက် နေထိုင်သူများကို မြန်မာ နိုင်ငံသို့ မကြာမီ ပြန်ပို့မည်ဟုလည်း သိရှိရသည်။

မီဇိုရမ် ပြည်နယ် တဝှမ်း နေထိုင်နေသော မြန်မာများမှာ ခန့်မှန်းခြေ အရေအတွက် ငါးသောင်းခန့် ရှိသည် ဟုလည်း သိရသည်။

မီဇိုရမ် အစိုးရသည် ပြည်နယ်တွင်းရှိ ကျောက်မျက် ရတနာဆိုင်များ၊ ကားဝပ်ရှော့များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ အထည်စက်ရုံများ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ် လုပ်နေသော မြန်မာများအား ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ဝင်ခွင့် ပါမစ်နှင့် ယာယီ နေထိုင်ခွင့်များ ထုတ်ပေးခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံသား မြောက်မြားစွာသည် မီဇိုရမ် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်၍ နေထိုင်လျက် ရှိကြသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

တရားဝင် ပြည်ဝင် ပါမစ် မပါသော မြန်မာ-မီဇို လူမျိုးများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကူးကာ ကုန်သွယ်ရေး ကိစ္စအတွက် ၁၆ ကီလိုမီတာ အထိ သွားလာနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ဝင်ခွင့် ပါမစ်နှင့် ယာယီ နေထိုင်ခွင့် ပါမစ်များ ထုတ်ပေးခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံသား မြောက်မြားစွာသည် မီဇိုရမ် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်၍ နေထိုင်လျက် ရှိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

တရားဝင် ပြည်ဝင် ပါမစ် မပါသော မြန်မာ-မီဇို လူမျိုးများသည် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကူးကာ ကုန်သွယ်ရေး ကိစ္စအတွက် ၁၆ကီလိုမီတာ အထိ သွားလာနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက မီဇိုရမ် အစိုးရကို လတ်တလော ပြောကြားခဲ့ကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

၎င်းတို့ အနက်မှ အချို့သည် မူးယစ်ဆေးဝါး ဆက်စပ် အမှုများ အပါအဝင် ရာဇဝတ်မှုခင်းများ လတ်တလော ကျူးလွန်လျက် ရှိကြသောကြောင့် ရဲတပ်ဖွဲ့က နှိမ်နှင်းခဲ့ရခြင်း ဖြစ်သည်ဟု ရဲမှူးက ဆိုသည်။

"တစ်ချိန်တည်းမှာ ထရိုင်ပူရ အနောက်ပိုင်း ဆိုနာမူရာ နယ်စပ်က တဆင့် အိန္ဒိယ နိုင်ငံထဲကို ဝင်လာကြတာပါ" ဟု ရဲအရာရှိက ပြောကြားသည်။

၎င်းမြန်မာများအား ကနဦး စစ်ဆေး မေးမြန်းရာတွင် ၎င်းတို့က ထရိုင်ပူရနှင့် အာသံမှ တဆင့် အိန္ဒိယ နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းမှာ အလုပ်အကိုင် ရှာဖွေရန် ဖြစ်သည်ဟု ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment