Transparency Myanmar

transparency.myanmar@gmail.com

 BBC News, 20th September 2010

စက်မှု လုပ်ငန်းသုံး ဓာတုပစ္စည်း မယ်လမင်း ပါဝင်သည့် နို့မှုန့်များ ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ မြောက်ပိုင်း နို့ထွက်ပစ္စည်း လုပ်ငန်းမှ လူ ၇ ဦးကို ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မယ်လမင်း ပါဝင်သော သက်တမ်းလွန် နို့မှုန့်များနှင့် ပတ်သက်၍ စွပ်စွဲ ခံရသူများထဲတွင် ရှန်ဇီပြည်နယ် နို့ထွက်လုပ်ငန်း တစ်ခုမှ အထွေထွေ မန်နေဂျာ ပါဝင်သည်ဟု ဥပဒေ အရာရှိများက ပြောကြားသည်။

မသန့်ရှင်းသော နို့မှုန့် ၂၆ တန်ကို နိုင်ငံ အလယ်ပိုင်း ဟူနန်နှင့် ဟီနန် ပြည်နယ်များတွင် ဖြန့်ဖြူးခဲ့ကြခြင်း ဖြစ်သည်။

မယ်လမင်း ပါဝင်သည့် နို့မှုန့်များကြောင့် ၂၀၀၈ ခုနှစ်အတွင်း ကလေးငယ် ၆ ဦး သေဆုံးခဲ့ပြီး ၃ သိန်းခန့် နေထိုင် မကောင်း ဖျားနာခဲ့ကြရသည်။

မယ်လမင်းသည် ဖိုင်ဘာ ပလပ်စတစ်များ၊ ဓါတ်မြေသြဇာများနှင့် အင်္ဂတေ ဖျော်စပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း ဖြစ်သည်။

မယ်လမင်းကို စားသောက်ကုန်များတွင် ထည့်သွင်း လိုက်သောအခါ ပရိုတင်း ဓါတ်အား မြင့်မားသော လက္ခဏာ ပေါ်ထွက်လာသော်လည်း ကျောက်ကပ် ကျောက်တည်ခြင်းနှင့် ကျောက်ကပ် ပျက်စီးမှုကို ဖြစ်ပွားစေနိုင်သည်။

၂၀၀၈ ခုနှစ်တွင် တရုတ် နို့ထွက်ပစ္စည်း ကုမ္ပဏီ ၂၂ ခု၏ ထုတ်ကုန်များ၌ မယ်လမင်းကို တွေ့ရှိခဲ့ရာ၊ တရုတ် နို့ထွက်ပစ္စည်း ကုမ္ပဏီ ၅ ခုလျှင် ၁ ခု ပါဝင် ပတ်သက်နေခြင်းပင် ဖြစ်သည်။

အဆိုပါ ယုတ်ညံ့သော လုပ်ရပ်တွင် ပါဝင် ပတ်သက်သည့် လူ ၂၀ ခန့်ကို တရုတ် အစိုးရက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ၂ ဦးကိုမူ သေဒဏ် ချမှတ်ခဲ့သည်။

၎င်းဖြစ်ရပ်ကြောင့် ကမ္ဘာတစ်လွှားမှ တရုတ် နို့ထွက် ပစ္စည်းများကို ပြန်လည် သိမ်းဆည်းခဲ့ကြရသည်။

ယင်းသို့ မယ်လမင်း ပါသော နို့ထွက်ပစ္စည်းများနှင့် ပတ်သက်၍ နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည့် ကြားမှ ၂၀၀၈  နောက်ပိုင်း ၎င်းပစ္စည်းများ ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment