Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, AFP, 30th September 2010

မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းခံနေရသူ နိုဘယ်ဆုရှင်မှာ သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်း နှစ်စေ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် လွတ်မြောက်လိမ့်မည်ဟု အမည် မဖော်လိုသော သတင်း ရပ်ကွက်က ဆိုသည်။

"နိုဝင်ဘာလကတော့ ကျွန်တော်တို့အတွက် အရေးကြီးပြီး အလုပ်များမယ့် လပါပဲ၊ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာမှာကြောင့်ပါ" ဟု AFP သို့ ပြောကြားခဲ့သော အမည် မဖော်လိုသော အရာရှိက "နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲပြီး အပြီး မကြာမီ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မှာပါ"ဟု ဆိုသည်။

အမည် မဖော်လိုသော အရာရှိ နောက်တစ်ဦးကလည်း အဆိုပါလည်း အဆိုပါ သတင်းကို အတည်ပြု ပြောဆိုခဲ့ပြီး "ဥပဒေအရ ဆိုရင်တော့ သူမကို အဲဒီနေ့မှာ လွှတ်ပေးရမှာပါ" ဟု ဖြည့်စွက် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီသည် ၎င်းတို့ အောင်ပွဲခံခဲ့သည့် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည် မဟုတ်ဘဲ စစ်အုပ်ချုပ်ရေး အာဏာကို အရပ်ဖက် မျက်နှာဖုံး စွပ်သည့် အတုအယောင် ရွေးကောက်ပွဲဟု ဝေဖန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်းလျား ကန်စောင်း နေအိမ်သို့ အမေရိကန် လူစိမ်းတစ်ဦး ရေကူး ဝင်ရောက်လာမှု အပေါ် အစိုးရက သူမအား တရားစွဲဆို ပြစ်ဒဏ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment