Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 1st October 2010

ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းမှုနှုန်းမှာ သြဂုတ်လတွင် တိုးတက်ခဲ့သော်လည်း ငွေတန်ဖိုး တက်မှုက တိုင်းပြည် စီးပွားရေးကို ခက်ခဲစေသဖြင့် ၁၈ လ ဆက်တိုက် ဈေးနှုန်းများ ကျဆင်းခဲ့သည်။

ရာသီအလိုက် ထိန်းညှိထားသည့် အလုပ် လက်မဲ့နှုန်းမှာ သြဂုတ်လတွင် ၅.၁ % သို့ ကျဆင်းခဲ့သည်ဟု အစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဇူလိုင်လ ၅.၂ % သို့ ကျဆင်းခဲ့ပြီး ယခု ဆက်လက်၍ ဒုတိယလ အဖြစ် ဆက်တိုက် ကျဆင်းမှု ဖြစ်သည်ဟု ဆိုသည်။

စုစုပေါင်း အလုပ်လက်မဲ့ ဦးရေမှာ  ၃.၃၇ သန်း ရှိရာ ယခင်နှစ်ကထက် ၆.၆ % လျှော့နည်းသွားခြင်း ဖြစ်သည်။ အလုပ်အကိုင် ရှိသူများမှာလည်း ၀.၃ % လျှော့ကာ ၆၂.၇၈ သန်း ရှိသည်ဟု ဆိုသည်။ အလုပ် လက်မဲ့နှုန်းသည် အလုပ်အကိုင် တက်ကြွစွာ ရှာဖွေ နေကြသူများ ကိုသာ ရေတွက်ခြင်း ဖြစ်ပြီး အလုပ်အကိုင် ရှာဖွေမှု လုံးလုံးလျားလျား စွန့်လွှတ်ထားသူများ မပါဝင်ပါ။

တစ်ချိန်တည်းတွင် လတ်ဆတ်သော စားသောက်ကုန်များ ပါဝင်ခြင်း မရှိသည့် အဓိက စားသုံးသူ ဈေးနှုန်း ညွှန်းကိန်းမှာလည်း သြဂုတ်လတွင် ယခုနှစ် အစောပိုင်းကထက် ၁ % ကျဆင်းသွားသည်ဟု ပြည်တွင်းရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သီးခြား အစီရင်ခံစာ ထုတ်ပြန်ထားသည်။

အထက်ပါ ကိန်းဂဏန်းများသည် ကျိုဒို သတင်းဌာနက ပြုလုပ်သော ပျှမ်းမျှ ဈေးကွက် စစ်တမ်းနှင့်လည်း ကိုက်ညီမှု ရှိသည်ဟု သိရသည်။

ဈေးနှုန်းများ ကျဆင်းမှုကြောင့် တစ်ဦးချင်း ဝယ်လိုအား တက်လာသော်လည်း ငွေတန်ဖိုး မာခြင်းသည် စီးပွားရေး ကဏ္ဍ တစ်ခုလုံးအတွက် အထွေထွေ ဆုတ်ယုတ်စေသည်။

ယခု ဖြစ်ရပ်မျိုးသည် ဂျပန်နိုင်ငံကို ၁၉၉၀ ခုနှစ်များ အတွင်းက ဒုက္ခပေးခဲ့ဘူးပြီး ကုမ္ပဏီ အကျိုးအမြတ်များ ကျဆင်းမှုကြောင့် ဖွံ့ဖြိုးမှု နှေးကွေးသွားခြင်း၊ လစာ ဖြတ်တောက်မှု မီးပွားကို ဖြစ်ပေါ်စေခြင်း စားသုံးသူများက ဝယ်ယူမှုများကို ဆိုင်းငံ့သွားခြင်း တို့အပြင် ကြွေးမြီ ဝန်ပိမှုကိုလည်း မြင့်တက်စေနိုင်သည်။

အိမ်သုံး ပစ္စည်းများနှင့် ပညာရေး ဆိုင်ရာ ဈေးနှုန်းများ သိသိသာသာ ကျဆင်းကြောင်း ကိုလည်း တွေ့ရှိရသည်။

တိုကျိုမြို့အတွက် အဓိက စားသုံးသူ ဈေးနှုန်း ညွှန်းကိန်း ကြိုတင် အစီရင်ခံစာ၌ စက်တင်ဘာလတွင် ၁ % ကျဆင်းမှုက ယခုလ အတွက် တစ်နိုင်ငံလုံး ထပ်မံ ကျဆင်းမှုသို့ ဦးတည်လိမ့်မည် ဟု ညွှန်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment