Transparency Myanmar

transparency.myanmar@gmail.com

Monsters and Critics, 3rd October 2010

ဥရောပ သမဂ္ဂနှင့် အာရှ ခေါင်းဆောင်များသည် မြန်မာအစိုးရအား လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရေးနှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရေး အတွက် တိုက်တွန်းရန် စီစဉ် ပြင်ဆင်ထားသော ကြေညာချက် မူကြမ်းအရ သိရှိရသည်။

မြန်မာ နိုင်ငံအား ဒီမိုကရေစီ ပြောင်းလဲရေးအတွက် တံခါးဖွင့်ရန် အီးယူက အချိန် ကြာမြင့်စွာကပင် တောင်းဆိုခဲ့သော်လည်း အချို့ အာရှနိုင်ငံများ (အထူးသဖြင့် တရုတ်နိုင်ငံ) က ရှေ့နောက် မြော်မြင် ချဉ်းကပ်မှုကို ပိုမို ပြုလုပ်ခဲ့ကြသည်။ ယခု ၂ ရက်ကြာ ထိပ်သီး ညီလာခံ၌ အရေးပါဖွယ် ရှိသည်ဟု ဆုံးဖြတ်ကာ ထုတ်ပြန်မည့် ကြေညာချက် မှန်သမျှ ပြုလုပ်ရာတွင် တရုတ်နိုင်ငံသည် တက်ကြွစွာ ဦးဆောင်သည့် နိုင်ငံ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်၌ အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်နေသည်။ ယင်းရွေးကောက်ပွဲများသည် လွတ်လပ် မျှတ၍ အားလုံး ပါဝင်ခွင့် ရှိမည် ဖြစ်ကြောင်း တရားဝင် အခြေခံ ဥပဒေအရ ပေါ်ထွက်လာသော အရပ်ဖက် အစိုးရ စနစ်သစ်သို့ ဦးတည်သည့် အဆင့်တစ်ခု ဖြစ်ကြောင်း သေချာစေမည့် လိုအပ်သော အစီအစဉ်များကို ဆောင်ရွက်ရန် မြန်မာ အစိုးရကို  ဘရပ်ဆဲ ညီလာခံရောက် ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်ဟု ကြေညာချက် မူကြမ်းတွင် ဖော်ပြထားသည်။

မြန်မာ စစ်ဖက် အုပ်ချုပ်သူများ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ် ကံကြမ္မာမှာ ဥရောပတွင် လူအများက အထူးသဖြင့် စိတ်ဝင်တစား သတိထား စောင့်ကြည့်ခဲကြသော အကြောင်းအရာ တစ်ခု ဖြစ်သည့် ယင်းကိစ္စကို ညီလာခံတွင် ခေါင်းဆောင်များက အကျဉ်းမျှ ဆွေးနွေးခဲ့ကြသည်ဟု မူကြမ်းတွင် ဖတ်ရှုရသည်။

"နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို အချိန်ကိုက် လွှတ်ပေးမှုက လာမည့် ရွေးကောက်ပွဲများရဲ့ အားလုံးနဲ့ သက်ဆိုင်မှု ပါဝင် ဆင်နွှဲကြမှု၊ ပွင့်လင်း မြင်သာ ရှိမှုတို့ကို ပိုမို ဖြစ်ပေါ်စေပါလိမ့်မည်" ဟု ဆက်လက် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment