Transparency Myanmar

transparency.myanmar@gmail.com

BBC News, 4th October 2010

ရုရှား လက်နက် မှောင်ခိုကုန်သည် Viktor Bout အပေါ် ငွေကြေး ခဝါချမှု၊ လိမ်လည်မှုများ အတွက် တရား စွဲဆိုမှုများကို ရုတ်သိမ်းရန် တောင်းဆိုမှုကို ထိုင်းတရားရုံးက ပယ်ချလိုက်ပြီး ၎င်းအား အမေရိကန် ပြည်ထောင်စုသို့ ပို့ဆောင်မည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်း ထားလိုက်သည်။

ကိုလံဘီယာ သူပုန်အုပ်စုထံ လက်နက်များ ရောင်းချရန် ပူးပေါင်း ကြံစည်မှုဖြင့် တရား စွဲဆိုရေးအတွက် Viktor Bout အား အမေရိကန်သို့ ပို့ဆောင်ရန် သြဂုတ်လက စီစဉ်ထားခဲ့သည်။

သို့သော်လည်း ဥပဒေကြောင်းအရ ရှုတ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည့် စွဲဆိုချက် အသစ်များ ထပ်မံ တင်ပြခဲ့ပြီးနောက် ၎င်းအစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ထိုင်း-အမေရိကန် ပူးပေါင်း စစ်ဆင်ရေးဖြင့် Viktor Bout အား ဖမ်းဆီး ရမိပြီးနောက်ပိုင်း ၎င်းအား တရားစွဲဆိုရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ရုရှားတို့ အငြင်းအခုံ ဖြစ်ခဲ့ကြသည်။

Viktor Bout သည် အာဖရိကန် စစ်ဘုရင်များနှင့် အစ္စလာမ် စစ်သွေးကြွများအား ၁၅ နှစ်ခန့် လက်နက်များ ရောင်းချ ပေးခဲ့ပြီးနောက် ကိုလံဘီယာ သူပုန်များ အယောင် ဆောင်ထားသည့် အမေရိကန် ထောက်လှမ်းရေးများအား လက်နက် ရောင်းချရန် ကြိုးစားစဉ် ဘန်ကောက် ဟိုတယ် တစ်ခုတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဗြိတိန် နိုင်ငံရေးသမား တစ်ဦးက သေမင်းတမန် ကုန်သည်ဟု တင်စားခဲ့သည့် Viktor Bout က ကိုလံဘီယာ သူပုန်များထံ လက်နက် ရောင်းချရန် ပူးပေါင်း ကြံစည်မှုဖြင့် တရားစွဲဆိုမှုတွင် အပြစ်မရှိဟု လျှောက်လဲခဲ့သည်။

အကယ်၍ အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ပြစ်ဒဏ် ချမှတ်ခံရပါက အမြင့်ဆုံး တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဥပဒေကြောင်း အကျပ်အတည်း

Viktor Bout အား ပြန်ပို့ရန် မေတ္တာ ရပ်ခံမှုများကြောင့် တရားရုံးက သြဂုတ်လ ၂၀ ရက်တွင် အမိန့် ထုတ်ပြန်ခဲ့ပြီး ၃ လအတွင်း ဆောင်ရွက်ရမည်ဟု အမိန့် ချမှတ်ခဲ့သည်။

သို့သော်လည်း ဖေဖော်ဝါရီလ အတွင်းက Viktor Bout အပေါ် အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သော ငွေကြေး ခဝါချမှု လိမ်လည်မှု စွဲဆိုချက်များစွာနှင့် ပတ်သက်သည့် ဥပဒေကြောင်း အရှုပ်အထွေးများကြောင့် ၎င်းအား ပြန်ပို့မည့် အစီအစဉ် နှောင့်နှေး ကြန့်ကြာသွားခဲ့သည်။

လက်ရှိ တရားစွဲဆိုမှုများကို ပယ်ချပေးရန် အမေရိကန်နှင့် ထိုင်းတို့၏ တောင်းဆိုမှုကို ဘန်ကောက် ရာဇဝတ်မှု တရားရုံးက ပယ်ချလိုက်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်မှု အသစ်များ စတင်မည်ဟု ဆိုခဲ့သည်။

အကယ်၍ ယခုကိစ္စ အချိန် ကြာမြင့်မှုကြောင့် ပြန်လည် ပို့ဆောင်ရန် အမိန့်သက်တမ်း လွန်သွားပါက ၂ နှစ်ခွဲခန့် ကြာခဲ့သောာ လုပ်ငန်းစဉ်ကို အသစ်တဖန် ပြန်လည် စတင်ရမည့် လက္ခဏာ ရှိနေသည်။

မော်စကိုကလည်း Viktor Bout သည် အပြစ်ကင်းသော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသာ ဖြစ်သည်ဟု ပြောဆိုကာ ၎င်းအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ရုရှားလေတပ် အရာရှိဟောင်း တစ်ဦး ဖြစ်သော Viktor Bout သည် ရုရှားစစ်ဖက်နှင့် ထောက်လှမ်းရေး စစ်ဆင်ရေး စီမံချက်များနှင့် ပတ်သက်၍ များစွာ သိရှိထားသည်ဟု ယူဆရသည်။

အကယ်၍ အမေရိကန် ပြည်ထောင်စုတွင် ရုံးတင် စစ်ဆေးပါက ၎င်းသည် အစိုးရ သက်သေအဖြစ် ပြောင်းလဲသွားနိုင်ပြီး လျှို့ဝှက်သတင်း အချို့ ၎င်းထံမှ ပေါက်ကြားသွားနိုင်ခြင်းကို မော်စကိုက စိုးရိမ်နေခြင်း ဖြစ်နိုင်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment