Transparency Myanmar

transparency.myanmar@gmail.com

AFP, 26th October 2010

အရှေ့တောင် အာရှ မြန်မာနိုင်ငံ အနောက်ပိုင်းကို အင်အားပြင်း ဆိုင်ကလုံး တိုက်ခတ် သွားပြီးနောက် အမေရိကန် ပြည်ထောင်စုက အကူအညီ ပေးရန် ကမ်းလှမ်းနေသည်ဟု နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က အင်္ဂါနေ့တွင် ပြောကြားသည်။

မကြာမီ အချိန် အတွင်း မြန်မာနိုင်ငံ အနီးအနားမှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား နိုင်ငံများသို့ သွားရောက်ရန် စီစဉ်နေသော ကလင်တန်က အနည်းဆုံး လူ ၂၇ ဦး သေဆုံးကာ နေအိမ် ထောင်ပေါင်း များစွာ ဖျက်ဆီးခဲ့သည့် ဆိုက်ကလုံး ဂီရီကြောင့် ဖြစ်ပေါ်ခဲ့သော အသက် ဆုံးရှုံးမှုနှင့် ထိခိုက် ပျက်စီးမှုများ အပေါ် ၀မ်းနည်းစကား ပြောကြားခဲ့သည်။

"ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက အရေးပေါ် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး အကူ  အညီ ပေးရန် ကမ်းလှမ်းထားပြီး လိုအပ်သလို ထပ်မံ အကူအညီ ပေးဖို့ ဆက်လက် ကမ်းလှမ်းသွားမှာပါ" ဟု ကလင်တန်က ကြေညာချက်တွင် ဖော်ပြသည်။

"ဒီဖြစ်ရပ်ဆိုးကြောင့် ဘေးသင့်ရသူတွေ အားလုံး အပါအ၀င် မြန်မာ ပြည်သူ ပြည်သားတွေ နဲ့အတူ ကျွန်မတို့ ထပ်တူထပ်မျှ ခံစားပြီး ဆုတောင်း ပေးပါတယ်" ဟု သူမက ၀မ်းနည်းစကား ပြောကြားရာတွင် စစ်ဖက် အစိုးရက Myanmar ဟု နာမည် မပြောင်းခင်က မူလအမည် BURMA ကို ခေါ်ဝေါ် သုံးစွဲခဲ့သည်။

အင်အားပြင်း ဆိုင်ကလုံး မုန်တိုင်းသည် တစ်နာရီလျှင် ၁၉၃ ကီလိုမီတာ (၁၁၉) မိုင်နှုန်းဖြင့် ရခိုင် ကမ်းရိုးတန်းကို သောကြာနေ့က ဖြတ်ကျော် ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၇ ဦး သေဆုံးသည့် အပြင် ၁၅ ဦး ပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင် သတင်းစာက ဖော်ပြသည်။ အဆိုပါ ဆိုင်ကလုံးကြောင့် နေအိမ်ပေါင်း ၂၈၀၀ အစိုးရ အဆောက်အဦး ဒါဇင်ပေါင်း များစွာနှင့် တံတား ၂ စင်း ပျက်စီး သွားခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့် ဌာန၏ အဆိုအရ သိရှိရသည်။

ကလင်တန်သည် အရှေ့တောင် အာရှ မိတ်ဆွေ မလေးရှား နိုင်ငံသို့ တနင်္လာနေ့တွင် မသွားမှီ သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေ ရက်များတွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ ၀င်ရောက် လည်ပတ်ရန် စီစဉ်ထားသည်။ သီတင်း ၂ ပတ်ကြာ ခရီးစဉ်၏ တစ်စိတ် တစ်ပိုင်း အဖြစ် ပါပူဝါ နယူးဂီနီ၊ နယူးဇီလန် နှင့် သြစတြေးလျ နိုင်ငံများသို့လည်း သူမ သွားရောက်မည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment