Transparency Myanmar

transparency.myanmar@gmail.com

The Third Age News, 25th October 2010

ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်တွင် အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲကို သတင်းယူမည့် နိုင်ငံခြား မီဒီယာများကို ခွင့်ပြုမည် မဟုတ်ဟု မြန်မာနိုင်ငံမှ စစ်ဖက် အစိုးရက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ သံတမန်များနှင့် ဌာနေ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များ သာလျှင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို လေ့လာ နိုင်ကြမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက Radio France International သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့က ဒီနိုင်ငံအတွက် ကျင်းပပေးတာပါ။ တခြား နိုင်ငံတွေ အတွက် မဟုတ်ပါဘူး" ဟု ယင်းက ပြောသည်။

"မဲဆန္ဒရှင်တွေ လွတ်လပ်စွာ မဲပေးနိုင်ဖို့ အတွက် မဲရုံတွေမှာ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးခြင်းကို ခွင့်ပြုမှာ မဟုတ်ပါဘူး" ဟု ဦးသိန်းစိုးက ပြောကြားသည်။ "မဲဆန္ဒရှင်တွေ ရှေ့မှောက်မှာ မဲရေတွက်မှာပါ" ဟုလည်း ယင်းက ဆိုသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ပြီးသည့် တိုင်အောင် အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို တပ်မတော် အတွက် သီးသန့် ဖယ်ထားသည် ဟုလည်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နောက်ဆုံး အယူခံလွှာကို ဗဟို တရားရုံးက တနင်္လာနေ့တွင် ကြားနာမည် ဖြစ်သော်လည်း ဆုံးဖြတ်ချက် ချက်ခြင်း ချမှတ်မည် မဟုတ်ဟု ဆိုသည်။

အကယ် သူမ လွတ်မြောက်လာသည့် တိုင်အောင် စစ်အစိုးရက သူမအား လွတ်လပ်စွာ စည်းရုံးခွင့် ပေးမည် မဟုတ်ဟု အကဲခတ်များက ပြောကြားသည်။ သူမ အနေဖြင့် လွှတ်မြောက်လာပါက Twitter အသုံးပြု လိုသည်ဟု သူမ၏ ရှေ့နေက ပြောကြားကြောင်း သတင်းများအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment