Transparency Myanmar

transparency.myanmar@gmail.com

Reuters, 30th November 2010

ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာသည့် ကြားတွင် မဟာမိတ် မြောက်ကိုရီးယားကို သြဇာသုံးရန် တရုတ်နိုင်ငံ အပေါ် ဖိအားများ ကျရောက်လာသဖြင့် လျှို့ဝှက် သိပ်သည်းလွန်းသော ကမ္ဘာ့ အပယ်ခံ မြောက်ကိုရီးယားက ၎င်း၏ ကျယ်ပြန့်သော နျူကလီယာ အစီအစဉ်ကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုခဲ့ရာ ဗဟိုခွာအား စနစ်သုံး untrifuqes ထောင်ပေါင်း များစွာ ရှိနေသည်ဟု ဆိုသည်။

နျူကလီယာဗုံး ထုတ်လုပ်ရန် ဒုတိယ လမ်းကြောင်း တစ်ခု ဖြစ်သည့် ယူရေနီယမ် သန့်စင်မှု လုပ်ငန်းနှင့် ပတ်သက်၍ နျူကလီယာ လက်နက်ပိုင် ပြုံယမ်း၏ ထုတ်ဖော် ပြောဆိုမှုမှာ အရပ်သား ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့သော တောင်ကိုရီးယားကျွန်းသို့ အမြောက် ပစ်ခတ်မှုအပြီး တစ်ပတ် အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လက်ရှိ တည်ဆောက်နေသော ရေသွက် နည်းပညာသုံး ဓာတ်ပေါင်းဖိုမှာ လျင်မြန်စွာ တိုးတက် ပြီးစီးလျက် ရှိပြီး၊ လောင်စာ ဖူလုံစေရန် အတွက် untrifuques ထောင်ပေါင်းများစွာ ထည့်သွင်း တပ်ဆင်ထားသည့် ယူရေနီယမ် သန့်စင် စက်ရုံမှာမူ လည်ပတ်နေပြီဟု ရိုဒွန်းဆင်မွန် သတင်းစာက သတင်း ဖော်ပြသည်။

အနာဂတ်တွင် ငြိမ်းချမ်းစွာ အသုံးပြုမည့် ရည်ရွယ်ချက်ဖြင့် နျူကလီယာ စွမ်းအင် ဖွံ့ဖြိုးရေး စီမံကိန်းများ ပိုမို ထွက်ပေါ်လာမည်ဟု အစိုးရ အာဘော် KNCA သတင်းဌာနကို ကိုးကား၍ သတင်းစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ ကျယ်ပြန့်လာသော နျူကလီယာ အစီအစဉ်၊ ယွန်ပြောင်းကျွန်းကို တိုက်ခိုက်မှုကို အရေးပေါ် ဆွေးနွေးရန် တရုတ်၏ အဆိုပြုချက် စသည်တို့ကို ဆွေးနွေးရန် အတွက် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ဒီဇင်ဘာ အစောပိုင်းတွင် ဝါရှင်တန်၌ စည်းဝေးကြမည်ဟု ဆိုးလ်က ပြောကြားသည်။

အဆိုပါ သုံးနိုင်ငံ ဒီဇင်ဘာ ၆ ရက်တွင် တွေ့ဆုံကြမည်ဟု ဂျပန် Nikkei သတင်းဌာနက ထုတ်ပြန်သည့် ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း တောင်ကိုရီးယား မြေပေါ်မှ အရပ်သားများကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုအဖြစ် ယွန်ပြောင်းကျွန်းပေါ်သို့ အမြောက်ဖြင့် ပစ်ခတ် ရန်စခဲ့သည့် မြောက်ကိုရီးယားကို တရုတ်နိုင်ငံက သြဇာသုံး၍ ထိန်းချုပ်စေရန် အမေရိကန် ပြည်ထောင်စုက လိုလားလျက် ရှိနေသည်။

တရုတ် နိုင်ငံကမူ မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေကြသည့် ၆ နိုင်ငံမှ ထိပ်သီးများ တွေ့ဆုံ ဆွေးနွေးရန် အဆိုပြုထားသည်။ ရုရှားနှင့် တရုတ် နိုင်ငံတို့ အဆိုပါ အုပ်စုတွင် ပါဝင်သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား စစ်တပ်များကလည်း အနာဂတ်တွင် ကျူးကျော် ရန်စမှုများ မလုပ်စေရန် ပြုံယမ်းကို ဟန့်တားရန် ရည်ရွယ်သည်ဟု ပြောဆိုထားသည့် အင်အားပြမှု အဖြစ် ကျွန်းဆွယ် အနောက်ဖက် ကမ်းရိုးတန်း အလွန်တွင် ၃ ရက်ကြာ အကြီးစား စစ်ရေး လေ့ကျင့်မှုများကို အင်္ဂါနေ့တွင် စတင်ခဲ့ကြသည်။

ယခင်က လျှာနှင့်သွား တမျှ နီးစပ်သည့် ဆက်ဆံရေးအဖြစ် ပြောဆိုခဲ့ကြသည့် ပီကင်း - ပြုံယမ်း ဆက်ဆံရေးမှာ လက်ရှိနှစ်ပိုင်းများတွင် ပျက်ပြားလာပြီး၊ အထူးသဖြင့် ၂၀၀၆ တွင် တစ်ကြိမ် ယခုနှစ် မေလတွင် တစ်ကြိမ် ပြုံယမ်းက နျူကလီယာ စမ်းသပ် ပေါက်ခွဲမှုများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးက ၎င်း၏ အပယ်ခံနိုင်ငံနှင့် တရုတ်တို့၏ ဆက်ဆံရေးမှာ "ဘယ်သူဖျက်ဖျက် ဒို့မပျက်" ဟု ယခင်အပတ်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment