Transparency Myanmar

transparency.myanmar@gmail.com

EU Business, 3rd December 2010

အလှည့်ကျ ဥရောပ သမဂ္ဂ ဥက္ကဌ တာဝန် ယူထားသော ဘယ်လ်ဂျီယံ သံအမတ်ကြီးသည် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ လာရောက် တွေ့ဆုံပြီး သူမ၏ ဒီမိုကရေစီ တိုက်ပွဲတွင် ထောက်ခံ ကူညီမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီး Steven Vanackere က သတင်း ထုတ်ပြန်ချက်တွင် ပြောကြားရာ၌ သံအမတ်ကြီးက သူမအား မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကြိုးပမ်းမှုများ အပေါ် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ကျောထောက် နောက်ခံပေးမည်ဟု ပြောခဲ့သည်ဟု ဆိုသည်။

"နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ၊ မျှော်မှန်းသလို ရလဒ်များ မထွက်ပေါ်လာတာကြောင့်၊ ဘယ်ဂျီယံရော အခြား အီးယူ အဖွဲ့ဝင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး ဒီမိုကရက်တစ် အတိုက်အခံ အပေါ် နောက်ကရပ်ပေးပါမယ်" ဟု ၎င်းက ပြောသည်။

"ဒီမိုကရက်တစ် အတိုက်အခံ၊ တိုင်းရင်းသား လူမျိုးစုများနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်း တွေရဲ့ အသံကို နားထောင်ဖို့ဟာ အလွန်တရာ အရေးကြီးပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးက ၂၁၀၀ ခန့် ရှိသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

"မြန်မာ အစိုးရကို တိုက်တွန်း လိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက လွှတ်ပေးခဲ့တာဟာ အခြား နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ပထမ ခြေလှမ်း ဖြစ်စေချင်တာပါပဲ" ဟု Vanackere က ပြောသည်။

မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းစွာ အစိုးရအား ဆန့်ကျင်သူများအား ရာဇဝတ်မှုဟု မသဲကွဲသော ဥပဒေများဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိနေသေးသည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့က ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment