Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံရှိ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းတွင် တောင်ကိုရီးယား နိုင်ငံမှ Daewoo International ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Daewoo International က ထုတ်ပြန်သော ကြေညာချက်အရ ၂၀၁၃ ခုနှစ်မှစ၍ အဆိုပါ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုများ စတင် ပြုလုပ်နိုင်မည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တောင်ကိုရီးယား စီးပွားရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး Park Young-jun နှင့် အခြားသော စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

မြန်မာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းကို Daewoo International က တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး ကမ်းလွန် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် အမှတ် A1 နှင့် A3 တို့တွင် အစု ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်မည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါ စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီကြီးများ ဖြစ်သော ONGC Videsh က ၁၇ ရာခိုင်နှုန်း၊ GAIL က ၈ ဒဿမ ၅ ရာခိုင်နှုန်း၊ Korea Gas ကော်ပိုရေးရှင်းက ၈ ဒဿမ ၅ ရာခိုင်နှုန်း နှင့် မြန်မာ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ၁၅ ရာခိုင်နှုန်း ပါဝင်သည်။

အဆိုပါ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် A1 နှင့် A3 တို့တွင် သဘာဝ ဓာတ်ငွေ့ ကုဗလက်မ ၄ ဒဿမ ၅ ထရီလီယံ မှ ၇ ဒဿမ ၈ ထရီလီယံထိ ရှိသည်ဟု ခန့်မှန်းရသည်။ တူးဖော်ရေး လုပ်ငန်းများ တစ်ကြိမ် အကောင်အထည်ဖော် အောင်မြင်သွားပြီ ဆိုသည်နှင့် တစ်ပြိုင်နက် လာမည့် နှစ်ပေါင်း ၃၀ အထိ နေ့စဉ် သဘာဝ ဓာတ်ငွေ့ ခန့်မှန်းခြေ ကုဗလက်မ သန်း ၅၀၀ ခန့် နေ့စဉ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ် အမျိုးသား ရေနံကုမ္ပဏီ (CNUOC) သို့ ရောင်းချမည် ဖြစ်ကြောင်း၊ စီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ငွေကြေး ထောက်ပံ့မှုများလည်း အဆင်ပြေ ချောမွေ့လျက် ရှိကြောင်း သိရသည်။

"မြန်မာ သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှု တန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၄ ဒဿမ ၇ ဘီလီယံ မှ ၄ ဒဿမ ၈ ဘီလီယံ ခန့်ရှိပါတယ်။ ရှယ်ယာဝင်တွေက ဝေပုံကျ ထည့်ဝင်ကြမှာ ဖြစ်ပါတယ်" Daewoo International မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

Yahoo News ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment