Transparency Myanmar

transparency.myanmar@gmail.com

(ဇန်နဝါရီလ ၅ ရက် ၂၀၁၁ ရက်စွဲပါ Aljazeera သတင်းမှ US looks for China help on N Korea သတင်းကို တိုက်ရိုက် ဘာသာပြန်သည်။)

မြောက်ကိုရီးယား မူဝါဒနှင့် ပတ်သက်သော အမေရိကန် အထူး ကိုယ်စားလှယ်သည် မြောက်ကိုရီးယား ခြိမ်းခြောက်သော အမှု အကျင့်များနှင့် ပတ်သက်၍ ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Stephen Bosworth သည် တောင်ကိုရီးယားသို့ သွားရောက်ပြီး နောက်တနေ့ ဗုဒ္ဓဟူးနေ့တွင် Beijing သို့ လာရောက်ရန် စီစဉ်ထားသည်။ ၎င်းသည် မြောက်ကိုရီးယားအား နျူကလီယာ လက်နက် ထုတ်လုပ်မှု ရပ်ဆိုင်းစေရန် တိုက်တွန်းရေး ကြိုးစားရန်နှင့် ကိုရီးယား ကျွန်းဆွယ် တင်းမာမှု လျော့ချရန် ကိစ္စများ ဆွေးနွေးမည် ဖြစ်သည်။

Bosworth သည် တောင်ကိုရီးယား၏ နျူကလီယာ ညှိနှိုင်းရေးမှူးချုပ် Wi Sung-Iac နှင့် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီး Kim Sung-Hwan နှင့်လည်းကောင်း အသီးသီး တွေ့ဆုံခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် Bosworth သည် တောင်ကိုရီးယားမှ တာဝန်ရှိသူများသည် မြောက်ကိုရီးယား၏ နျူကလီယာ ဖြစ်ပေါ် တိုးတက်မှု လက်ရှိ အခြေအနေနှင့် အနာဂတ် တုန့်ပြန်မှုများ အတွက် အကဲဖြတ် ဆွေးနွေးရန် လုပ်ဆောင်ခဲ့သည် ဟုဆိုသည်။

ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပေ။

တင်းမာမှု မြင့်တက်လာခြင်း

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုမှာ မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ထိပ်တိုက် ရင်ဆိုင် ရမှုများကို ရပ်ဆိုင်းရန် တောင်းဆိုအပြီး သုံးရက်တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ်မှာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အပြီး အပြင်းထန်ဆုံး တင်းမာသော နှစ်ဖြစ်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်လည်း မြောက်ကိုရီးယားက တိုက်တွန်းခဲ့သည်။

          ပြီးခဲ့သည့် မတ်လက တောင်ကိုရီးယား ရေတပ်သင်္ဘော တော်ပီဒိုကြောင့် ပျက်စီးခဲ့ပြီး သင်္ဘောသား (၄၆) ဦး သေဆုံးမှုအတွက် မြောက်ကိုရီးယားအား အပြစ်တင်ခဲ့သည်။

          မြောက်ကိုရီးယားက အဆိုပါ စွပ်စွဲမှုကို ငြင်းဆန်ထားသည်။ တောင်ကိုရီးယားသည် ယခင်က မြောက်ကိုရီးယား၏ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို ဘေးချိတ်ထားခဲ့ပြီး ဆွေးနွေးရန် အမှန် တကယ် လိုလားကြောင်း ပြသရန်နှင့် ရန်လိုမှုများကို စွန့်လွှတ်မှသာ ဆွေးနွေးမည်ဟု ပြောကြား ခဲ့သည်။

          မြောက်ကိုရီးယားက ၎င်းသည် နျူကလီယာ လက်နက် ဖျက်သိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးမှာ ပြုံယမ်းက ၎င်း၏ နျူကလီယာ အဆောက်အအုံများကို စစ်ဆေးရန် ကိစ္စ သဘော မတူကြောင်း ငြင်းဆန်ပြီးနောက် ရပ်ဆိုင်းသွားသည်မှာ နှစ်နှစ် ကျော်ပြီ ဖြစ်သည်။

          အမေရိကန် အနေဖြင့် မြောက်ကိုရီးယားနှင့် စကားပြောရန်ပင် တောင်ကိုရီးယားအား ဖိအားပေးခြင်း ရှိမရှိ ဗုဒ္ဓဟူးနေ့က မေးမြန်းရာ Bossworth က "ဘယ်တော့မှ မလုပ်" ဟု ပြောခဲ့သည်။

          ဆွေးနွေးမှုများနှင့် ပတ်သက်၍မူ ၎င်းက မှတ်ချက်ပြုခြင်း မရှိပေ။ ဆွေးနွေးပွဲများ မတိုင်မီ မြောက်ကိုရီးယား အနေဖြင့် ၎င်း၏ နျူကလီယာ လက်နက် ဖျက်သိမ်းရေး နှင့်ပတ်သက်သော ကတိကဝတ်များသည် စစ်မှန်မှု ရှိမရှိကို အမေရိကန်က လေ့လာလျက် ရှိသည်။

          Bossworth သည် ကြာသပတေးနေ့တွင် မြောက်ကိုရီးယား ကိစ္စ ဆွေးနွေးရန် ဂျပန်သို့ သွားရောက်မည် ဖြစ်သည်။

နောက်ဆုံး ဖတ်ရှုရခြင်းအရ ဂျပန်နိုင်ငံ၏ လူသုံးကုန် ပစ္စည်းဈေးနှုန်း ညွှန်းကိန်း (Consumer Price Index CPI) သည် ၂၁ လ ဆက်တိုက် ကျဆင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ယခု ကျဆင်းမှုသည် Dow Jones Newswires နှင့် Nikkei တို့မှ စီးပွားရေး ပညာရှင်များအား မေးမြန်း စာရင်း ကောက်ယူပြီး ခန့်မှန်းထားသော ၀.၆% ကျဆင်းရန် ခန့်မှန်းချက်ထက် အနည်းငယ် လိုနေသေးသည်။

သီးခြား ကြေညာချက် တစ်ခုတွင် ဂျပန်နိုင်ငံ၏ အလုပ် လက်မဲ့နှုန်းသည် နိုဝင်ဘာလတွင် ၅.၁% ရှိနေပြီး၊ လွန်ခဲ့သော လက အတိုင်း ရှိနေသည်။ ဈေးကွက်၏ ခန့်မှန်းချက် အတိုင်း ဖြစ်နေသည်။

စက်မှု ထုတ်လုပ်မှုများမှာ နိုဝင်ဘာလတွင် ပြီးခဲ့သည့် လကထက် ၁% တက်လာခဲ့ပြီး၊ ငါးလ ဆက်တိုက် ကျဆင်းနေရာမှ ပြန်တက်လာခြင်း ဖြစ်သည်။

ကားထုတ်လုပ်ရေးတွင် အစိုးရ၏ ကားသစ် ဝယ်ယူရေး မက်လုံးပေး အစီအစဉ်များကြောင့် မြှင့်တက်လာနိုင်ခဲ့သည်။

သို့သော် အစိုးရကမူ ထိန်းထိန်း သိမ်းသိမ်း ပြောခဲ့ရာ "စက်မှုလုပ်ငန်း ထုတ်လုပ်ရေးမှာ အားနည်းနေဆဲ ဖြစ်သည်" ဟုသာ ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment