Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ၂၄ ရက် ၂၀၁၁ ရက်စွဲပါ Associated Press မှ China's new stealth fighter may use US technology  ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု၏ လေကြောင်း အသာစီး ရမှုကို သိသိ သာသာ ခြိမ်းခြောက်နိုင်သည့် အဆင့်မြင့် နည်းပညာသုံး စတဲ့လ် တိုက်လေယာဉ်သစ်ကို တရုတ် တာဝန် ရှိသူများက မကြာ သေးမီကပင် ဖော်ထုတ် ပြသခဲ့ပြီး အဆိုပါ နည်းပညာ အချို့နှင့် လေယာဉ် ထွက်ပေါ်လာခြင်းသည် အမေရိကန် ပြည်ထောင်စုထံမှ ရရှိသွားခြင်း ဖြစ်ဖွယ် ရှိသည်ဟု သိရှိရသည်။

၁၉၉၉ ခုနှစ် ဆားဘီးယားတွင် ပစ်ချခံရသည့် အမေရိကန် F117 Nighthawk လေယာဉ်မှ နည်းပညာ အချက် အလက် အချို့ကို တရုတ်တို့က ကြိုးစား ပမ်းစား ရယူခဲ့ခြင်း ဖြစ်ဖွယ် ရှိကြောင်း ဘော်လကန် ဒေသမှ စစ်ဘက် တာဝန် ရှိသူများနှင့် အခြား ကျွမ်းကျင်သူများက Associated Press သို့ ပြောကြားသည်။

Nighthawk တိုက်လေယာဉ်များသည် ရေဒါဖြင့် ထောက်လှမ်းရန် ခက်ခဲ့သော ကမ္ဘာ့ ပထမဆုံး စတဲ့လ် နည်းပညာသုံး လေယာဉ်များ ဖြစ်သည်။ သို့သော်လည်း ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်က ကိုဆိုဗို စစ်ပွဲတွင် နေတိုး လေတပ်က ဆားဘီးယားကို ဗုံးကြဲစဉ် Nighthawk လေယာဉ် တစ်စင်းကို ဆားဘီးယားတို့က လေယာဉ်ပစ် ဒုံးကျည်ဖြင့် ပစ်ချခဲ့ပြီး ခုန်ထွက် လွှတ်မြောက်သွား သော လေယာဉ်မှူးကို ကယ်တင် နိုင်ခဲ့သည်။

ယင်းဖြစ်ရပ်သည် တန်ဖိုးကြီး ကိုယ်ပျောက် လေယာဉ်များ အနက်မှ တစ်စင်းကို ပထမဆုံး ပစ်ခတ် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ မှန်ကန်သော နည်းဗျူဟာနှင့် ကံစွပ်မှုတို့ တိုက်ဆိုင် သွားခြင်းကြောင့် ဆိုဗီယက် ရုရှားလုပ် SA-3 ဒုံးကျည်က တိုက်လေယာဉ်ကို ထိမှန်သွားခြင်း ဖြစ်သည်ဟု ပင်တာဂွန်က ယုံကြည် ထားသည်။

လေယာဉ်ပျက် အပိုင်းအစ များမှာ ကျယ်ပြန့်သော ယာခင်းပြင် အနှံ့အပြား ပြန့်ကျဲ သွားခဲ့ရာတွင် အရပ်သား များက အမှတ်တရ အဖြစ် အစိတ်အပိုင်း အချို့ကို ကောက်ယူ သိမ်းဆည်း ခဲ့ကြပြီး  အချို့ အစိတ် အပိုင်းမှာ မော်တော်ကား တစ်စီး ပမာဏခန့် ရှိသည်ဟု ဆိုသည်။

"အဲဒီ အချိန်တုန်းက F117 လေယာဉ် ပျက်ကျတဲ့ နေရာကို တရုတ် အေးဂျင့်တွေ ရောက်လာပြီး ဒေသခံ လယ်သမားတွေ ဆီက လေယာဉ်ပျက် အပိုင်းအစတွေကို ၀ယ်နေတယ်လို့ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ တင်ပြ ထားပါတယ်။ တရုတ်တွေက လျှို့ဝှက် စတဲ့လ် နည်းပညာကို ရဖို့နဲ့ ပုံတူ ကူးဖို့အတွက် ဒီပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်" ဟု ကိုဆိုဗို စစ်ပွဲအတွင်းက ခရိုအေးရှား စစ်ဖက် အကြီးအကဲ ဗိုလ်ချုပ် Daver Domazet-Loso က တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment