Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၂၄ ရက် ၂၀၁၁ ရက်စွဲပါ IRIN သတင်းဌာန မှ Burmese refugees in Thailand face ration cuts  ဆောင်းပါးကို တိုက်ရိုက် ဘာသာ ပြန်သည်)

စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက် လာခြင်းကြောင့် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် ၁၃၉၀၀၀ ကျော် အတွက် လုပ်ကိုင်နေသည့် လူသားချင်း စာနာ ထောက်ထားသော အဖွဲ့အစည်း ၁၂ ခု ပူးပေါင်း ထားသော Thailand Burma Border Consortium TBBC အနေဖြင့် ဆန် ဝေပုံကျ ရာရှင် ပေးဝေမှုကို ၂၀% အထိ ဖြတ်တောက် လိုက်ရသည်ဟု သိရှိရသည်။

ဆက်လက် ဖြတ်တောက်မည့် ရိက္ခာများမှာ ဆား၊ သကြား၊ ဆီ နှင့် ငရုတ်သီး ရာရှင်များ ဖြစ်သည်ဟု ဆိုသည်။

"စားသောက်ကုန် ဈေးနှုန်း မြှင့်တက်မှုနဲ့ ငွေလဲနှုန်း မြင့်မားမှုတွေကြောင့် စားနပ်ရိက္ခာ ၀ယ်ယူရာမှာ ပိုမို အခက် အခဲ တွေ့နေရပါတယ်"ဟု TBBC ၏ ဒုတိယ အမှုဆောင် ဒါရိုက်တာ Sally Thompson က IRIN သို့ ပြောကြားသည်။

မြန်မာ လူမျိုးတို့၏ အဓိက အစားအစာ ဖြစ်သော ဆန် ရာရှင် ပေးဝေမှုကို အသက် ၅ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက် မိခင်များ စသော ထိလွယ် ခိုက်လွယ် အုပ်စုများ အတွက် ယခင် အတိုင်း ပေးဝေမည် ဖြစ်သည်။ အဆိုပါ ထိလွယ် ခိုက်လွယ် အုပ်စုကို ယခုတိုင် အကာ အကွယ် ပေးထားဆဲ ဖြစ်ပြီး ကျန်းမာရေး အနေအထားကို လေ့လာရန် အတွက် နှစ်စဉ် အာဟာရ စစ်တမ်း ကောက်ယူရန် TBBC က စီစဉ်လျက် ရှိသည်ဟု  Thompson က ပြောကြား သည်။

ကုလ သမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ UNHCR ၏ အဆိုအရ ထိုင်းနိုင်ငံသည် မှတ်ပုံတင် ထားသော မြန်မာ ဒုက္ခသည် ၉၆၈၀၀ နှင့် မှတ်ပုံ တင်ခြင်း မရှိသော ဒုက္ခသည် ၅၃၀၀၀ ခန့်ကို လက်ခံ ထားကာ အဆိုပါ ဒုက္ခသည်များသည် ၁၄ ကီလိုမီတာ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်ရှိ ထိုင်းအစိုးရ ဖွင့်လှစ် ပေးထားသော စခန်း ၉ ခုတွင် နေထိုင်လျက် ရှိကြသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment