Transparency Myanmar

transparency.myanmar@gmail.com

(25 January 2011 ရက်စွဲပါ new Kerala.com မှ Myanmar, Indonesian tourists to get visa on arrival ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အစိုးရက အင်္ဂါနေ့က ကြေညာရာတွင် ခရီးသွား ကဏ္ဍ တိုးမြှင့်ရေး အတွက် မြန်မာ နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ ခရီးသည်များအား လေဆိပ် ဆိုက်ရောက် ဗီဇာ ပေးရန် ထပ်မံ တိုးချဲ့လိုက်ကြောင်း ဆိုခဲ့သည်။

ဆိုက်ရောက် ဗီဇာကို ဂျပန်၊ စင်ကာပူ၊ ဖင်လန်၊ လူဇင်ဘတ်နှင့် နယူးဇီလန်တို့ကို ၂၀၁၀ ဇန်နဝါရီ ၁ မှ စ၍ ပေးခဲ့သည်။ ထို့နောက် ယခု လအတွင်းမှာပင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ နိုင်ငံသားများကိုလည်း တိုးချဲ့ပေးခဲ့သည်။

"ဒီအစီအစဉ်ဟာ နိုင်ငံခြားသားတွေ အတွက် အကျိုးရှိပါတယ်။ ဒီဇင်ဘာ ၂၀၁၀ အထိ ဒီအစီ အစဉ်အရ ခရီးသည် ၆၅၆၉ ဦး ဝင်ရောက်ခဲ့ပါတယ်" ဟု ပြည်ထဲရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အခု ဒီအစီအစဉ်ကို မြန်မာ နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံသားတွေ အတွက် တိုးချဲ့ပေးခဲ့ပါပြီ" ဟုလည်း ၎င်းက ဆိုသည်။

ဆိုက်ရောက် ဗီဇာသည် ရက် ၃၀ သက်တမ်း ရှိပြီး တစ်ကြိမ် ဝင်ရောက်ခွင့် ပြုမည် ဖြစ်ပြီး ဒေလီ၊ မွန်ဘိုင်း၊ ချန်နိုင်းနှင့် ကာလကတ္တား လေဆိပ်များတွင် ခွင့်ပြုထားခြင်း ဖြစ်ပြီး ကလေး အပါ အဝင် ခရီးသည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၆၀ သို့မဟုတ် ၎င်းနှင့် ညီမျှသော အိန္ဒိယ ရူပီးငွေ ပေးရမည် ဖြစ်သည်။

ဆိုက်ရောက် ဗီဇာကို ခရီးသည် တစ်ဦးလျှင် ပြက္ခဒိန် တစ်နှစ် အတွင်း အများဆုံး နှစ်ကြိမ်သာ ရယူခွင့် ရှိပြီး တစ်ကြိမ်နှင့် တစ်ကြိမ်သည် အများဆုံး နှစ်လ ကွာခြား ရမည် ဖြစ်ကာ ဗီဇာကို ထပ်မံ သက်တမ်း တိုး၍ မရပါ။

အဆိုပါ နိုင်ငံများမှ ခရီးသည်များသည် တိုးရစ် ဗီဇာကို ရက် သုံးဆယ် အထိ ရယူနိုင်ပြီး ဆေးကုသခြင်း၊ စီးပွားရေး လုပ်ငန်း ကိစ္စနှင့် ဆွေမျိုး မိတ်ဆွေများထံ လည်ပတ်ခြင်းများ ပြုနိုင်သည်ဟု ဆိုသည်။

ယခု ဆိုက်ရောက် ဗီဇာကို သံတမန်နှင့် အစိုးရ ဝန်ထမ်း နိုင်ငံကူး လက်မှတ်များ အတွက် မပေးဟု ဆိုပြီး အဆိုပါ ဗီဇာမှာ အိန္ဒိယ နိုင်ငံတွင် ပီအာ ရထားသူများ၊ အလုပ် လုပ်နေသူ များနှင့်လည်း အကျုံး မဝင်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment