Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 26 ဇန်နဝါရီ 2011 ရက်စွဲပါ "South Korea seeks military talks with North Korea next month" သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားက လာမည့် လတွင် မြောက်ကိုရီးယားနှင့် လုပ်ငန်း ညှိနှိုင်းမှု အဆင့် စစ်ဖက် ဆွေးနွေးပွဲများ ကျင်းပရန် ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပြီ ဖြစ်ရာ ပြီးခဲ့သော နိုဝင်ဘာလက လူအသေ အပျောက် ရှိခဲ့သော မြောက်ကိုရီးယားတို့၏ ပစ်ခတ်မှု နောက်ပိုင်း ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်လာဖွယ် ရှိသည်။

ဖေဖော်ဝါရီ ၁၁ ရက်၌ နယ်စပ် အပစ်ရပ် ကျေးရွာ ပန်မွန်ဂျုံတွင် အစည်းအဝေး ပြုလုပ်ရန် အကြံပြုသည့် အကြောင်း ကြားစာကို မြောက်ကိုရီးယားသို့ ပေးပို့လိုက်ပြီဟု ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြားသည်။

ယခု အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အဆင့်မြင့် စစ်ဖက် ဆွေးနွေးပွဲများ အတွက် အချိန်၊ နေရာနှင့် အစီအစဉ် သတ်မှတ်ရန် ဖြစ်သည်။ လပေါင်း အတန်ကြာ တင်းမာနေမှုများ ပြေလျော့စေရန် ကြိုးပမ်းသည့် အနေဖြင့် ထိပ်ပိုင်း အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက် စလုံးက ယခင် အပတ်တွင် သဘော တူညီခဲ့ကြသည်။

နိုဝင်ဘာ ၂၃ရက်က တောင်ကိုရီးယား ရေပြင်ပိုင်နက်ရှိ ကျွန်းတစ်ကျွန်းကို မြောက်ကိုရီးယားက  အမြှောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၄ ဦး သေဆုံးကာ တင်းမာမှု  ကြီးထွား လာခဲ့ပြီး နောက်ပိုင်း ယခု ပန်မွန်ဂျုံ အစည်းအဝေးသည် ပထမဆုံး တွေ့ဆုံမှု ဖြစ်လာဖွယ် ရှိသည်။

ဆိုးလ်၏ နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာန ကလည်း ပြုံယမ်းအား ၎င်း၏ နျူကလီယာ အစီအစဉ်နှင့် သက်ဆိုင်သော သီးခြား ဆွေးနွေးပွဲများ ကျင်းပရေးကို သဘောတူရန် တိုက်တွန်းထားသည်။

နျူကလီယာ ဖျက်သိမ်းရေး၊ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး၊ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး စစ်မှန်စွာ တိုးတက်ရေးတို့အတွက် မြောက်ကိုရီးယား၏ ဆန္ဒ သဘောထားကို အတည် ပြုရန် အဆိုပါ ဆွေးနွေးပွဲများ မဖြစ်မနေ ကျင်းပရမည်ဟု ဆိုးလ်မှ ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment