Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 4 February 2011 ရက်စွဲပါ "US Pushing Mubarak to Quit Now" ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စုက အီဂျစ် အစိုးရအား အသွင် ကူးပြောင်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ရန် ကြာသပတေး နေ့က တိုက်တွန်း လိုက်ပြီး သမ္မတ မူဘာရက် အနေဖြင့် ချက်ချင်း နုတ်ထွက် ပေးရန် ဖိအား ပေးလျက် ရှိသည်ဟု သိရသည်။

ဒုတိယ သမ္မတ အိုမား ဆူလေမန် ဦးဆောင်သော ကြားဖြတ် အစိုးရအား မူဘာရက်က အာဏာ ချက်ချင်း လွှဲပေး နိုင်မည့် အစီအစဉ် တစ်ရပ်ကို သမ္မတ ဘားရက် အိုဘားမား အစိုးရက အီဂျစ် တာဝန် ရှိသူများနှင့် ဆွေးနွေး နေသည်ဟု The New York Times က သတင်း ဖော်ပြခဲ့သည်။

အိုဘားမား အစိုးရ အဖွဲ့အတွင်းမှ အရာရှိများနှင့် အာရပ် သံတမန်များကို ကိုးကား ဖော်ပြသော သတင်းက "အထက်ပါ အစီအစဉ်ကို သမ္မတ မူဘာရက် ကိုယ်တိုင်က ငြင်းဆန် ခဲ့ရင်တောင် အီဂျစ် တပ်မတော်ရဲ့ ထောက်ခံမှုကို ရရှိရန် အမေရိကန် ပြည်ထောင်စုက ကြိုးစားနေသည်" ဟု ဆိုသည်။

အီဂျစ် တပ်မတော်၏ ထောက်ခံမှု ရရှိထားသော ဆူလေမန်က အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ချက်ချင်း စတင်နိုင်မည့် အစီအစဉ် နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို နှစ်နိုင်ငံ အစိုးရ တာဝန် ရှိသူများက တွေ့ဆုံ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

ကြားဖြတ် အစိုးရ အတွက် တောင်းဆိုမှုများတွင် စက်တင်ဘာ၌ လွတ်လပ် မျှတသော ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်ကို စတင်ရန် အတွက် တားမြစ် ထားသော Muslim Brotherhood အပါအဝင် အတိုက် အခံ အုပ်စု အမျိုးမျိုးမှ အဖွဲ့ဝင်များကို ဖိတ်ကြား ဆွေးနွေး ရမည့် အချက် ပါဝင်သည်ဟု New York Times က ဆိုသည်။

အထက်ပါ အတိုင်း ကောက်ချက် ချထားသော အယူအဆကို အိမ်ဖြူတော်က အရေး မကြီး သယောင် ပြုလုပ် ခဲ့သော်လည်း New York Times ၏ သတင်း ဖော်ပြမှုကို လုံးဝ ဥဿုံ ငြင်းဆန်မှုကား ပြုလုပ် ခဲ့ခြင်း မရှိပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment