Transparency Myanmar

transparency.myanmar@gmail.com

(Asia Times Online မှ 5 Feruary 2011 ရက်စွဲပါ Marwaan Macan- Marker ၏ "Equal Opportunity abuse in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

လွတ်လပ်သော သုတေသန ပြုသူများ၏ မြန်မာ နိုင်ငံ၏ ချင်းတောင်တန်း တနံတလျားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ စာရင်း ပြုစုနိုင်ရေး အတွက် ခရီးထွက်ရာတွင် ၎င်းတို့သည် ကြားနေကျ အတိုင်း အစိုးရ စစ်သား များသည် တိုင်းရင်းသား အမျိုး သမီးများအား အဓမ္မ ပြုသည့် အဖြစ် အပျက်များသာ ကြားရလိမ့်မည်ဟု မျှော်လင့် ခဲ့သည်။ သို့သော် သုတေသန ပြုမှုက လူ့အခွင့် အရေး ချိုးဖောက်မှု ပုံစံသစ် တစ်ခုကို ဖော်ထုတ် နိုင်ခဲ့သည်။ ချင်းတောင်တန်းတွင် မြန်မာ စစ်သား များသည် တိုင်းရင်းသား ချင်းအမျိုးသားများကိုပါ လိင်ဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ် ခဲ့သည်ဟု တွေ့ရသည်။

"ဒါမျိုးကို တွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် မထားပါဘူး၊ အမျိုးသားများကို အဓမ္မ ပြုကျင့်ခြင်းကို အရင်က အစီရင်ခံစာတွေမှာ မတွေ့ဖူးပါဘူး၊ ဒါ ဘာကို ပြသလဲ ဆိုရင် စစ်တပ် အုပ်ချုပ်တဲ့ မြန်မာ နိုင်ငံက လူတွေရဲ့ ဘဝကို ပြဆိုပါတယ်" ဟု အမေရိကန် အခြေစိုက် အစိုးရ မဟုတ်သော လူ့အခွင့် အရေး အဖွဲ့ ဖြစ်သော Physicians for Human Rights (PHR) မှ ထုတ်ပြန်သော အစီရင်ခံစာ သစ်တွင် ပူးတွဲ ရေးသားသူ Vit Suwanvanichkij က ပြောကြားခဲ့သည်။

"Life Under the Junta: Evidence of Crimes Against Humanity in Burma's China State" ခေါင်းစဉ်ဖြင့် စာမျက်နှာ (၆၃) မျက်နှာပါ အစီရင်ခံစာတွင် မတူသော အိမ်ထောင်စု ငါးခုမှ အမျိုးသား ငါးဦးသည် ၂၀၀၉ မှ ၂၀၁၀ အတွင်း မြန်မာ စစ်သား များက ကလေး ငါးယောက် ဖခင် တစ်ဦးသည် အစီရင်ခံစာ အရ ၂၀၀၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့က သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရပြီး အဓမ္မ ပြုခံရသည်ဟု သိရသည်။

PHR ၏ သုတေသန ပြုမှု အရ မြန်မာ စစ်တပ်က ချင်းတောင်တန်းတွင် ချုပ်ကိုင် နိုင်ရေး အတွက် အမျိုးသား အမျိုးသမီးများနှင့် ကလေးများကို အဓမ္မ ပြုကျင့်ခြင်းမှာ မြန်မာ စစ်တပ်၏ ကျူးလွန်သော လူ့အခွင့် အရေး ချိုးဖောက်မှုများ၏ အစိတ်အပိုင်း ဖြစ်ကြောင်း သိရှိရသည်။ အစီရင်ခံစာတွင် ကျူးလွန် ခံရသော အမျိုးသား တစ်ဦး၏ ပြောဆိုချက် အရ မြန်မာ စစ်သားများက တမင် ရည်ရွယ် ပြုလုပ်သည်ဟု ၎င်းက ယုံကြည်ကြောင်း ဆိုသည်။

မြို့နယ် ၉ မြို့နယ်တွင် အိမ်ထောင်စု ပေါင်း (၆၀၀) ကျော်အား စစ်တမ်း ကောက်ယူမှု များအရ အဓမ္မ လုပ်အား ပေးစေခြင်း အထောက် အထားများကို ၄၇ % က တင်ပြနိုင်ခဲ့သည်။ လုပ်အားပေး စေခိုင်းရာတွင် လမ်းဖောက်ခြင်း၊ စစ်သုံး ပစ္စည်းများ သယ်ယူစေခြင်း၊ မိုင်းရှင်းစေခြင်းများ ပါဝင်သည်။ သို့သော် အမျိုးသားများ အဓမ္မ ပြုကျင့်ခံရနှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြ နိုင်ခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် တိကျသော သတင်း အချက်အလက် ကောက်ယူရန် အခက်အခဲ ရှိသောကြောင့် ဖြစ်သည်။

အစီရင် ခံစာ ပူးတွဲ ရေးသားသူ တစ်ဦး ဖြစ်သူ Parveen Parmar က ပြောကြားရာတွင် လိင်ဆိုင်ရာ ကျူးလွန်မှုများမှာ မှတ်တမ်း ပြုရာတွင် ခက်ခဲသော အမျိုးအစားများ ဖြစ်ကြောင်း၊ PHR ၏ သုတေသန အဖွဲ့ဝင် (၂၂)ဦး အဖွဲ့ဝင်များသည် အင်တာဗျူးများကို လျှို့ဝှက် ထားပါမည်ဟု အာမခံ၍ မေးမြန်း ခဲ့ရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာ နိုင်ငံ၏ ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ အထောက် အထားများ ကောင်းမွန်စွာ ရှိသည်။ အဓမ္မ စစ်သား စုဆောင်းခြင်း၊ နှိပ်စက်ခြင်း၊ အိမ်များ မီးရှို့ ဖျက်ဆီးခြင်း၊ မြေများနှင့် စားနပ်ရိက္ခာများ သိမ်းယူခြင်းများသည် တပ်မတော်မှ အသုံးပြုနေသော နည်းလမ်းများ ဖြစ်ပြီး တိုင်းပြည်တွင် ဆယ်စုနှစ်ပေါင်း များစွာ ရှိနေခဲ့သော တိုင်းရင်းသား သူပုန်များကို နှိမ်နင်းရန် အသုံး ပြုခဲ့သည်။

အမျိုးသမီးများအား အဓမ္မ ပြုကျင့်ခြင်း ကိစ္စကို စစ်လက်နက် သဖွယ် အသုံးပြုခြင်းအား ၂၀၀၂ ခုနှစ်က Shan Women's Action Network က ပုံနှိပ် ထုတ်ဝေသော "License to Rape" စစ်ဆေးချက် အစီရင်ခံစာတွင် ပထမဆုံး စတင် ဖော်ထုတ် ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် အုပ်စုလိုက် ပြုကျင့်ခြင်း အပါအဝင် အဖြစ်အပျက် (၆၂၅) ခုအား မှတ်တမ်းပြုထားရာ ရှမ်းတိုင်းရင်းသား အမျိုးသမီးများအား မြန်မာ စစ်တပ်မှ စနစ်တကျ ပစ်မှတ် ထားပုံကို ပြသ သကဲ့သို့ ဖြစ်သည်။

သို့သော် ထိုစဉ်က ရှမ်းအမျိုးသားများ အပေါ်တွင် ကျူးလွန်မှုများ ရှိခဲ့ကြောင်း SWAN သုတေသန ပြုသူများက ဖော်ထုတ် ထားခြင်း မရှိပေ။ "ကျွန်မတို့က ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ အထိ အဖြစ် အပျက်တွေကိုပဲ မှတ်တမ်း တင်ထားတာပါ၊ အဓမ္မ ပြုကျင့် မှုကတော့ မြန်မာ စစ်သားတွေနဲ့ စစ်အရာရှိကြီးတွေပါ ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်နေကြတာပါ" ဟု SWAN အဖွဲ့မှ Charm Tong က တယ်လီဖုန်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်က အသက် (၂၉) နှစ်ရှိ Charm Tong သည် သမ္မတ George W. Bush လက်ထက်က အိမ်ဖြူတော်တွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် SWAN အဖွဲ့ အစီရင်ခံစာ အပေါ် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် မြန်မာ နိုင်ငံ အပေါ် အမေရိကန်၏ အရေးယူမှုများ သက်တမ်းတိုးရေး အပါအဝင် အမေရိကန်၏ ရပ်တည်မှု တင်းမာရေး အတွက် များစွာ အထောက် အကူ ပြုခဲ့သည်။

PHR ၏ ဖော်ထုတ်မှုမှာ မြန်မာ နိုင်ငံ အပေါ် အရေးယူမှုအား ဆက်လက် ထိန်းသိမ်း ထားသော EU အတွက် အနည်းငယ် စိတ် အနှောင့် အယှက် ဖြစ်ရပေသည်။ သို့သော် ယခု အခါ အီးယူ၏ အချို့ အဖွဲ့ဝင် နိုင်ငံများက ပြီးခဲ့သည့် နှစ်က စစ်တက်က မတရား ပြုလုပ်သည့် ရွေးကောက်ပွဲ အပြီးတွင် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်ရန် ဖိအား ပေးခဲ့ကြသည်။ အီးယူကလည်း ၎င်း၏ လုပ်နေကျ ပုံစံကို ပြန်လည် သုံးသပ်ရန် မျှော်လင့် ထားသည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂသည်ပင် လူ့အခွင့် အရေး ချိုးဖောက်သော စစ်အစိုးရ အပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ဖိအားပေးခံရလျက် ရှိသည်။ အဆိုပါ ကိစ္စကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ထောက်ခံ ထားသည်။ အထက်ပါ စုံစမ်းမှုများတွင် အမျိုးသမီးများ အပြင် အမျိုးသားများကိုပါ စနစ်တကျ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု များအတွက် စုံစမ်း စစ်ဆေးမှုများတွင် ပါဝင်ရန် လိုအပ်နေပြီ ဖြစ်သည်။

"လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု များဟာ အမျိုးသမီးတွေ အတွက်သာ အဖြစ်များတော့ လူ့အခွင့် အရေး မှတ်တမ်း ပြုသူများ ကတောင် ဒီကိစ္စ အမျိုးသားများ အပေါ်မှာလည်း ရှိတယ် ဆိုတာ သတိ မပြုမိကြပါဘူး" ဟု ချင်းမိုင်ရှိ Human Rights Education Institute of Burma မှ ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

"ဒီကိစ္စက တစ်ခုခုကို ကြောက်လို့ ခံရတာ ဖြစ်ပြီး ပြန်ပြောဖို့လည်း အရှက် ရစေတဲ့ ကိစ္စ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ "ဒါပေမဲ့ မကြာသေးမီက ဖော်ထုတ်မှု အရ လူ့အခွင့်အရေး သုတေသန ပြုသူတို့ဟာ ဒီ သတိမပြုမိတဲ့ ကိစ္စကို ချက်ချင်း ထပ်မံ ဖော်ထုတ်ရပါမယ်၊ ဒီလို ကိစ္စတွေ အများကြီး ရှိနေနိုင်ပါတယ်" ဟု အောင်မျိုးမင်းက ပြောသည်။

မြန်မာ စစ်အစိုးရသည် ယခင် စွပ်စွဲချက် ဖြစ်သော အဓမ္မ ပြုကျင့်မှုအား စစ်လက်နက် သဖွယ် အသုံးပြုသည် ဟူသော စွပ်စွဲ ချက်အား မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ SWAN ၏ အစီရင်ခံစာ ကိုလည်း အကွက်ဆင်သော လုပ်ကြံ ပြောဆိုမှု အဖြစ် ငြင်းဆိုခဲ့သည်။

ချင်းမိုင်တွင် အခြေစိုက်သော မြန်မာ စစ်တပ်နှင့် ပတ်သက်၍ ကျွမ်းကျင်သူ ပညာရှင် ဝင်းမင်းက စစ်ပွဲ ဖြစ်သော ရှေ့တန်း ဒေသများတွင် စစ်သုံ့ပန်းများအား ဂျနီဖာ ကွန်ဗင်းရှင်းနှင့် အညီ မပြုမူကြောင်း သတ်ပစ်လိုက် ကြသည်ဟု များကြောင်း ပြောသည်။ အဆိုပါ လုပ်ရပ်သည် တရားဝင် သဖွယ် ဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုများ ဖြစ်စေသည်။

"မြန်မာ စစ်တပ်ထဲမှာ တိုင်းရင်းသား လူမျိုး ဒေသတွေမှာ အမျိုးသမီးများအား အဓမ္မ ပြုကျင့်မှုကို ပြင်းပြင်း ထန်ထန် အရေးယူမှု မရှိပါဘူး" ဟု ဝင်းမင်းက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment