Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 4 Feruary 2011 ရက်စွဲပါ "Strong Quake Hits India- Myanmar Border" ကို ဘာသာ ပြန်ဆိုသည်)

အင်အား ပြင်းထန်သော ၆.၄ မဂ္ဂနီကျု အဆင့်ရှိ မြေငလျင် တစ်ခု အိန္ဒိယ - မြန်မာ နယ်စပ်တွင် သောကြာနေ့က လှုပ်သွား ခဲ့ခြင်းကြောင်း ထပ်လန့် တကြား ဖြစ်စေခဲ့ သော်လည်း လတ်တလောတွင် ထိခိုက် ပျက်စီးမှုနှင့် အသေ အပျောက် သတင်းများ မရရှိသေးဟု သိရသည်။

သောကြာနေ့ ညနေ ငလျင်သည် အချင်းဝက် ၈၈ ကီလိုမီတာ ရှိကာ အိန္ဒိယ အရှေ့မြောက် မဏိပူရ ပြည်နယ် အင်ဖာမြို့ အရှေ့ဘက် ၈၅ ကီလိုမီတာ အကွာ လူနေကျဲပါးသော ဒေသကို ဗဟိုပြု၍ လှုပ်သွားခဲ့သည်ဟု အမေရိကန် ဘူမိ ဗေဒ တိုင်းတာရေး ဌာန USGS က ပြောကြားသည်။

ငလျင် အင်အား ပြင်းထန်မှုကြောင့် အင်ဖာ ဒေသခံများ ကြောက်ရွံ့ကာ လမ်းများပေါ်သို့ ထွက်လာ ကြသည်ဟု ဆိုသည်။

"ကျွန်တော်တို့ အဆောက်အဦးက တော်တော်လေး ဆိုးဆိုး ဝါးဝါး လှုပ်ခါသွားခဲ့တာပါ၊ တစ်မိနစ် ကျော်ကျော် ကြာပါတယ်" ဟု ဒေသခံ သတင်းထောက် ပရာဒစ် ပန်ဂျိုဆန်က AFP သို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

စောင်ရေများ အင်္ဂလိပ် ဘာသာ နေ့စဉ် သတင်းစာ Imphal Free Press မှ အယ်ဒီတာ ပန်ဂျိုဆန်က "လူတွေက အိမ်အပြင်ကို ထွက်ပြေး ကြပါတယ်၊ ကျွန်တော် တို့လည်း ရုံးအပြင်ဘက်ကို ပြေးကြတယ်" ဟု ဆိုသည်။

မြို့တော် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိ တီဆင်းက ၎င်းတို့ အနေဖြင့် အခြေအနေကို စောင့်ကြည့်လျက် ရှိသော်လည်း ငလျင် ဗဟိုချက် နေရာ တစ်ဝိုက်မှ ထူးခြားသော သတင်းများ မရရှိသေးဟု ပြောကြားသည်။ "လောလောဆယ်တော့ လူအသေ အပျောက် သတင်းတွေ မရရှိသေးပါဘူး" ဟု ၎င်းက ဆက်လက် ပြောသည်။

ကီလိုမီတာ ၄၅၀ ခန့် ဝေးကွာသော အနီးအနား အာသံ ပြည်နယ် အဓိက မြို့တော် ဂူဝါဟာတီ တွင်လည်း ပြင်းထန်သော ငလျင်၏ တုန်ခါမှုကို ကြုံတွေ့လိုက်ရသည်ဟု သိရသည်။ ငလျင် ဗဟိုချက် အနီး နယ်ခြား၏ တစ်ဖက် မြန်မာ နိုင်ငံတွင်မူ လူအနည်းငယ်နှင့် အဆောက်အဦး အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment