Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၄ ရက် ၂၀၁၁ ရက်စွဲပါ Reuters သတင်းဌာနမှ Martin Petty ၏ "Q+A Will Myanmar is strongman fade from political scene?"  အမေးအဖြေ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ဝန်ကြီးချုပ် ဦးသိန်းစိန်အား မြန်မာနိုင်ငံ၏ အရပ်ဖက် ဦးဆောင် နိုင်ငံရေး ဖွဲ့စည်းပုံ အသစ်တွင် သမ္မတအဖြစ် သောကြာနေ့က ရွေးချယ်လိုက်ပြီ ဖြစ် စစ်ဖက်အစိုးရ ရပ်နားသွားပြီး အနည်းဆုံး နာမည်ခံ နိုင်ငံ့ ခေါင်းဆောင် ဖြစ်လာပြီ ဖြစ်သည်။

လတ်တလေ အရေးကြီးဆုံး မေးခွန်းမှာ "စစ်ဖက် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အခု ဘာလုပ်မလဲ" ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

Q       ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရိုးသားစွာ နေရာ ဖယ်ပေးသလား?

A        မဖြစ်နိုင်ပါ။ သမ္မတ ရာထူးသည် တပ်မတော် အကြီးအကဲ အမှန်တကယ် လုံးဝ မလိုချင်သော ရာထူးသာ ဖြစ်နိုင်ပါသည်။ အယောင်ဆောင် ဖန်တီးထားသော လွှတ်တော် ရွေးချယ်မှုမှ တဆင့် ယင်း၏ သစ္စာ အရှိဆုံး တပည့်တစ်ဦး ပေါ်ထွက် လာခြင်းသည် ဗိုလ်ချုပ်မှူးကြီး အာဏာကို ဆက်ကိုင်ထားမည် ဖြစ်သော်လည်း ကန့်လန့်ကာ နောက်ကွယ်တွင် နေမည် ဆိုသော အချက်ကို ညွှန်ပြ နေသည်။

အိမ်တွင်းပုန်း တပ်မတော် အကြီးအကဲသည် သမ္မတ တစ်ဦး၏ မဖြစ်မနေ လူထုရှေ့သို့ ထွက်ရခြင်း လုပ်ငန်းကို မနှစ်သက်ပါ။ သူသည် လူထု အခမ်းအနား တက်ရောက်ခြင်း (သို့) မိန့်ခွန်း ပြောကြားခြင်း မရှိသလောက် ရှားပါးသလို မီဒီယာများနှင့်လည်း တွေ့ဆုံခြင်း မရှိခဲ့ပါ။ သူ၏ နိုင်ငံတော် ခရီးစဉ်များမှာလည်း အိမ်နီးခြင်း အိန္ဒိယ နှင့် တရုတ်နိုင်ငံ တို့သာ ဆုံးခန်းတိုင်ခဲ့သည်။

Q       ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ခြင်းသည် အံ့အားသင့်စရာ တစ်ခုလား?

A        အတိုင်း အတာ တစ်ခုအထိ မှန်ပါသည်။ မြန်မာ့ရေးရာ ကျွမ်းကျင်သူ အများစုက အသက် ၇၈ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီးသည် သူနှင့် သူ့မိသားစု အပေါ် ဖြစ်ပျက်လာနိုင်သော ကံကြမ္မာကို အလွန် အမင်း စိုးရိမ် ပူပန်လျက် ရှိသည်ဟု ပြောကြားခဲ့ကြပြီး သူသည် တစ်စုံ တစ်ယောက်ကို မဆိုထားနှင့် သူ၏ သစ္စာခံများ လက်သို့ပင် အာဏာ လွှဲပေးရန် လိုလားခြင်း မရှိဟု ယူဆ ထားကြသည်။

ဗိုလ်ချုပ်မှူးကြီးသည် ရန်သူ များစွာ ပတ်လည် ၀ိုင်းအောင် ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင်လည်း အချက်ကို သိရှိထားသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (သို့) ပြည်သူလူထုနှင့် ပတ်သက်မူ သူက များစွာ ပူပန်ခြင်း မရှိပါ။ သူ အမှန်တကယ် ကြောက်ရွံ့သည်မှာ ရာထူး ချခြင်း၊ အနား ပေးခြင်းတို့ဖြင့် တပ်မတော် အတွင်းမှ သူ ဖယ်ရှား ရှင်းလင်း ပစ်ခဲ့ သူများသာ ဖြစ်သည်။

အတွင်းသိ အစင်းသိ များက "သူသည် တချိန်ချိန်တွင် ဖယ်ရှားခံရခြင်း (သို့) လုပ်ကြံ ခံရခြင်းကိုပင် ကြုံတွေ့ ရဖွယ်ရှိကြောင်း စိုးရိမ် ပူပန်လျက် ရှိပြီး နိုင်ငံရေး စနစ်သစ်အား သူ၏ သစ္စာခံများက ထိန်းချုပ်ခြင်းကို အသေအချာ လိုအပ်ခဲ့သည်" ဟု ပြောကြားကြသည်။

ဗိုလ်ချုပ်မှူးကြီးသည် သုတ်သင် ဖယ်ရှားမှုနှင့် ပတ်သက်လျှင် ကောင်းစွာ သိရှိ နားလည်သူ ဖြစ်သည်။ အတိတ်က အာဏာ ကြိုးကိုင် နှစ်ဦး ဖြစ်သော ခေါင်းဆောင်ဟောင်း ဦးနေ၀င်းနှင့် ၀န်ကြီးချုပ်ဟောင်း ခင်ညွန့်တို့၏ "အကျ" ကို သူကိုယ်တိုင် စီမံခဲ့ခြင်း ဖြစ်ပြီး ထိုသူ နှစ်ဦး စလုံးကို အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။

Q       နောက်တစ်ဆင့် သူဘာလုပ်မလဲ ?

A        လေ့လာ ဆန်းစစ်သူများ၏ အဆိုအရ သေချာသည့် အချက် တစ်ခုမှာ တပ်မတော်၊ လွှတ်တော် နှင့် အစိုးရ အဖွဲ့၏ နောက်ကွယ်မှ နေ ဆက်လက် ကြိုးကိုင်မည့် အချက်ဖြစ်သည်။

          တရုတ် နိုင်ငံ၏ ပေါလစ် ဗျူရိုကဲ့သို့ အလားတူ အဖွဲ့သစ် အဖြစ် ပေါ်ထွက် လာနိုင်သည်ဟု အကဲခတ်များက ပြောကြားသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် လက်ဆုပ် လက်ကိုင် နိုင်ငံရေး ရာထူး တစ်နေရာ ရရှိမည့် သြဇာကြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရယူ ထားခြင်းဖြင့် တပ်မတော် ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ရပ်တည်ဖွယ် ရှိနေသည်။

ပြဿနာ အကျပ်အတည်း ကြုံလာလျှင် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် သမ္မတ၏ ထောက်ခံ မှုဖြင့် တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အာဏာ အရပ်ရပ်ကို ချုပ်ကိုင် နိုင်ခွင့် ရှိသည်။

          သို့သော်လည်း သူ့နေရာ ဆက်ခံသူကို ခန့်အပ် ထားပြီး ဖြစ်ဖွယ် ရှိသည်ဟု သတင်းများ ပြန့်နှံ့ နေသည်။ ကြာသပတေးနေ့က နိုင်ငံပိုင် သတင်းစာတွင် "တပ်မတော် အစု အဖွဲ့ဝင်များ၏ လွှတ်တော် အစည်း အဝေးသို့ ကာကွယ်ရေး ဦးစီးချုပ် တက်ရောက်ခဲ့သည်" ဟု သတင်း ဖော်ပြခဲ့ရာတွင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ နာမည်ကို မဖော်ပြသည့် အဖြစ်မျိုး ယခင်က မရှိခဲ့ဖူးပါ။

Q       ဒီလိုဆို သူအနားယူမှာလား ?

A        ကိစ္စမှာ ရွေးချယ်စရာ တစ်ခုသာ ဖြစ်သည်။ သူ့အသက် ၇၈ နှစ် ရှိနေပြီ ဖြစ်ကာ ကျန်းမာရေးလဲ ယိုယွင်းနေပါပြီ။ မြို့တော်သစ် နေပြည်တော်တွင် နန်းတော်ကဲ့သို့ စံအိမ်ကြီး ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း လွှတ်တော်နေရာ ၇၆ % ကို ထိန်းချုပ်ထားသော စစ်အစိုးရ နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ နာယက ဖြစ်လာဖွယ် ရှိသည် ဟုလည်း အချို့က ခန့်မှန်း ကြသည်။

အဆိုပါ ပါတီသည် တပ်မတော်၏ ရှေ့မတိုး နောက်မဆုတ် အနေအထားကို ပြန်လည် စိန်ခေါ် သည့် အစီအစဉ်များ လုပ်ဆောင် နိုင်ဖွယ် ရှိကြောင်း စိုးရိမ် ရသောကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ပါတီဝင်များကို စောင့်ကြည့် စစ်ဆေးကာ ပါတီကို တရားမ၀င် ထိန်းချုပ်ဖွယ် ရှိသည်။

Q       ဦးသိန်းစိန် အကြောင်း ဘာတွေ သိထားသလဲ ?

A        ဦးသိန်းစိန် သည် စစ်အစိုးရ၏ နံပါတ် ၄ အဆင့်ရှိ ပုဂ္ဂိုလ်ဖြစ်ပြီး တပ်မတော် အတွင်းမှ သစ္စာရှိ၊ ကြားနေ ခေါင်းဆောင် တစ်ဦးဟု သတ်မှတ် ထားကြသည်။ အသက် ၆၅ နှစ်အရွယ် သမ္မတ သစ်သည် နိုင်ငံရေး ရည်မှန်းချက် မရှိခြင်းနှင့် တကယ့် အာဏာ အတွက် ရည်မှန်းချက် မထားခြင်း တို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အယောင်ပြ ရှေ့ထွက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

          တပ်မတော် အစိုးရ အတွင်းမှ ကြွယ်ဝ ချမ်းသာ သွားကြသော သူ၏ လုပ်ဖော် ကိုင်ဖက်များနှင့် ကွဲပြား ခြားနားစွာပင် ဦးသိန်းစိန်သည် စီးပွားရေး လုပ်ငန်းများ ပိုင်ဆိုင်ခြင်း မရှိသလို ၀န်ထမ်းဘ၀ သက်တမ်းတွင် သန့်ရှင်းသော ပုံရိပ် ရှိသူ ဖြစ်သည်။ ရှက်တတ်၊ ကြောက်တတ်သော အဆိုပါ အငြိမ်းစား ဗိုလ်ချုပ်ကြီးကို မနှစ်သက်စရာ အကြောင်း မရှိပါဟု တပ်မတော် အတွင်းလူများက ပြောကြားသည်။

          သက်တမ်း တစ်လျှောက် တပ်မတော်သား အဖြစ် အသက် မွေးခဲ့သူ ဦးသိန်းစိန်သည် ၁၉၉၇ တွင် အသိ အမှတ် ပြုခံရကာ စစ်ဖက် အစိုးရ အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၀၇ အောက်တိုဘာ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်သောအခါ ၀န်ကြီးချုပ် ရာထူးကို ရရှိသွားခဲ့ပြီး ၂၀၁၀ အစောပိုင်းတွင် စစ်တပ်မှ အနား ယူခဲ့သောကြောင့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အရပ်သား တစ်ဦး အဖြစ် ပါဝင် ယှဉ်ပြိုင် နိုင်ခဲ့သည်။

          စစ်ဖက် အစိုးရ၏ နိုင်ငံတကာ မျက်နှာစာ ရှေ့ထွက် ပုဂ္ဂိုလ် ဖြစ်သော ဦးသိန်းစိန်သည် ထိပ်သီး ဆွေးနွေးပွဲများ ကိုလည်း တက်ရောက် ရသူ ဖြစ် အခြား ခေါင်းဆောင်များနှင့် သိကျွမ်းသူ တစ်ဦး ဖြစ်သည့် သူ သမ္မတ ဖြစ်လာခဲ့ခြင်းသည် ရှေ့မတိုး နောက်မဆုတ် အနေ အထားဖြင့် ဆက်သွားမည် ဖြစ်ကြောင်း ထင်ဟပ် ပြသနေသည်။

Q       ယခု ပြောင်းလဲမှု အားလုံးသည် ဟန်ပြ သက်သက်ပဲလား?

A        သို့သော သတ်မှတ် ရပါလိမ့်မည်။ အကယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယင်း၏ လက်ထောက် ဗိုလ်ချုပ်ကြီး မောင်အေးတို့ နေရာ ဖယ်ပေးမည် ဆိုလျှင် ရွေးကောက်ပွဲများနှင့် လွှတ်တော်ကို အနှစ် ၅၀ သံလက်သီးဆုပ် စစ်အုပ်ချုပ်ရေး အပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း အလိုကျ နိုင်ငံတကာ အသိုင်းအ၀ိုင်း အလိုကျ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ် စေသည့် သဘော ပိုမို သက်ဝင် စေပါလိမ့်မည်။

အမှန် စင်စစ်မှာမူ စစ်ဖက် အစိုးရက အာဏာကို လုံးဝ လက်ဆင့်ကမ်း လွှဲပြောင်းပေးခြင်း မရှိပါ။

ပြောင်းလဲမှုများမှာ အလွန်အကျွံ လှည့်ဖြားထား ခြင်းသာ ဖြစ်ပြီး  စစ်အစိုးရ ထိပ်ပိုင်း ပုဂ္ဂိုလ် များကို အသာအယာ အနားပေးကာ အခြား နိုင်ငံရေး ရာထူးများတွင် ပြန်လည် ထိုးသွင်းခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် အမတ် အများစုမှာ လက်ရှိ စစ်သားများနှင့် အငြိမ်းစား စစ်သားများသာ ဖြစ်ကြ သည်။ အခြား ထိပ်ပိုင်း ရာထူးများစွာကိုလည်း စစ်ဖက် ပုဂ္ဂိုလ်များကသာ ရယူသွားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment