Transparency Myanmar

transparency.myanmar@gmail.com

၁၈.၃.၂၀၁၁

ပြည်တွင်းဂျာနယ်သတင်းများ

 
ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူ

ရန်ကုန်၊ မတ် ၁၈။


မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ သဘော တူညီချက် များအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အလုပ်သမား များအား တရားဝင် အလုပ်သမား ခေါ်ယူမှုများ ရှိလာပြီ ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။  

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အလုပ်သမားများအား တရားဝင်  စတင်ခေါ်ယူသည့် အနေဖြင့် မြန်မာနိုင်ငံမှ အလုပ်သမား ၆၀၀ ခန့်အား ထိုင်းနိုင်ငံ စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံများမှ စတင် ခေါ်ယူခဲ့ပြီးဖြစ်သည်။ နောက်ပိုင်း ကာလများ တွင်လည်း မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်၍ လုပ်ကိုင်မည့် အလုပ်သမားများကို တရားဝင် ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြည်ပသို့ တရားဝင် ထွက်ခွာမှု ရရှိနိုင်စေရန် လုပ်ကိုင်ပေးလျှက် ရှိသော ပြည်ပ ထွက်ခွာရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

---------------------------------------------------------
 
မြန်မာတိုင်းမ် အယ်ဒီတာချုပ်ပောာင်း ရော့စ်ဒန်ကလေ အာမခံမရ

ရန်ကုန်၊ မတ်၁၈။

မကြာသေးခင် ကာလအတွင်းက လူဝင်မှု ကြီးကြပ်ရေး၏ ဖမ်းဆီး အရေးယူခြင်း ခံခဲ့ရသည့် မြန်မာတိုင်းမ် အယ်ဒီတာချုပ် သြစတြေးလျ နိုင်ငံသားမစ္စတာ ရော့စ်ဒန်ကလေ၏ အမှုအား အာမခံရရှိရန် ဆောင်ရွက်ချက်ကို ရန်ကုန် တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တရားရုံးမှ ၂၀၁၁ ခုနှစ် မတ်လ ၁၇ရက်နေ့ ကြာသပတေးနေ့၌ အယူခံဝင်မှုအား ပယ်ချလိုက်ကြောင်း သိရသည်။

မစ္စတာ ရော့စ်ဒန်ကလေ၏ ရှေ့နေဖြစ်သူ ကလည်း အခြေအနေ အနည်းငယ်ကို စောင့်ကြည့်၍ အယူခံ ထပ်မံ တက်မည်ဖြစ်ကြောင်း၊ လောလောဆယ် အာမခံ မရသေးခင် ကာလများ အတွင်း အချုပ်အတွင်းမှ နေ၍ သာ အမှုကို ဆက်လက် ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

-----------------------------------------------------------------
 
အသင်းအဖွဲ့ဖွဲ့စည်းမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများ ခွင့်ပြုချက်ယူရမည်

ရန်ကုန်၊ မတ်၁၈၊


မြန်မာနိုင်ငံ၌ အသင်းအဖွဲ့များကို ဖွဲ့စည်း တည်ထောင်မည် ဆိုပါက အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက် များနှင့် အညီ အသင်းအဖွဲ့များကို ဖွဲ့စည်းမည် ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတို့မှ ခွင့်ပြုချက်ဖြင့် ၎င်းဋ္ဌာနများ မှ တာဝန်ခံမှသာ ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ဂျုလိုင် ၁၅ရက်နေ့၌ ထုတ်ပြန် ကြေငြာခဲ့သည့် အမိန့်ကြေငြာစာ အမှတ် (၁/၂၀၁၀) အသင်းအဖွဲ့များ ဖွဲ့စည်း ခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗပိာုအဖွဲ့ ဖွဲ့စည်း၍ ပြဋ္ဌာန်းချက်များနှင့် အညီ လူမျိုး၊ဘာသာ၊ ဒေသ၊ အယူဝါဒစွဲ မပါသော အသင်းအဖွဲ့ များကို ဖွဲ့စည်းခွင့် ပြုမည် ဖြစ်ကြောင်း ဖော်ပြပါရှိလေသည်။

(အတွဲ-၁၊အမှတ်-၃၃၊၁၈မတ်လ၂၀၁၁Hot News ပါအသင်းအဖွဲ့များကိုသက်ဆိုင်ရာဝန်ကြီးဋ္ဌာနများကခွင့်ပြုလျှက်ရှိမှ)

××××××××××××××××××××××××××

ပါတီနိုင်ငံရေး သတင်းများ


မိတ်ဆွေပါတီများနှင့် ပူးပေါင်းရန် အစီအစဉ်မရှိဟု ကရင်ပြည်သူ့ပါတီမှ ဦးစောစေးဝါး ပြောကြား

ကရင် ပြည်သူ့ပါတီသည် လက်ရှိ အချိန်၌ မိတ်ဆွေ ပါတီများဖြင့် ပူးပေါင်းရန် အစီအစဉ် မရှိကြောင်း သိရသည်။ ကရင် ပြည်သူ့ပါတီ သည် မည်သည့် ဘက်ခြမ်းကိုမျှ ပါဝင်မည် မပာုတ်ဘဲ မူဝါဒများ အတိုင်းသာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကရင် ပြည်သူ့ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါးက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုနေ့၌ မိတ်ဆွေပါတီများ (၁၁) ပါတီ တွေ့ဆုံပွဲသို့ မိမိတို့ပါတီမှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ ကရင် ပြည်သူ့ပါတီ အနေဖြင့် မိတ်ဆွေ (၁၁) ပါတီတွင် ပါဝင်နေသည် ဆိုသည်မှာ သတင်းမှားသာ ဖြစ်ကြောင်း၊ ပါတီသည် မည်သည့် ဘက်သို့မျှ မလိုက်ဘဲ ဆက်လက်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မည်သည့် ပါတီကိုမျှလည်း တပည့်ခံရန် အစီအစဉ် မရှိကြောင်း၊ လွှတ်တော် အတွင်း၌လည်း တင်ပြ တောင်းဆိုမှုများ ပြုလုပ်သွားမည် မပာုတ်ကြောင်း၊ မိမိတို့ ပါတီနှင့် ရည်ရွယ်ချက်ခြင်း တူညီသည့် မည်သည့် ပါတီမဆို ထောက်ခံ အားပေးမှုများ လုပ်သွားမည် ဖြစ်ကြောင်း ဦးစောစေးဝါးက ဆက်လက် ပြောကြားခဲ့သည်။

(အတွဲ-၁၊အမှတ်-၃၃၊၁၈မတ်လ၂၀၁၁Hot News ပါကရင်ပြည်သူ့ပါတီဦးစောစေးဝါးပါတီများဖြင့်ပူးပေါင်းရန် အစီအစဉ်မရှိမှ)

----------------------------------------------------------------------
 
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"၂၀၁၁က ၂၀၁၀ ထက်စာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာပါတယ်။ အခုဆို စီမံကိန်း ကြီးတွေ ရှိနေတော့ အလုပ် ခေါ်ယူတာတွေ ရှိနေတယ်။ စီးပွားရေး လုပ်ငန်းတွေ ကလည်းခေါ်ကြတာ များတယ်။ ဒါပေမယ့်လည်း အလုပ် လိုအပ်ချက် ကတော့ မြင့်တက် နေတုန်းပဲ။ ကျောင်းပြီး ဘွဲ့ရတဲ့သူတွေကလည်း တစ်နှစ်ထက် တစ်နှစ်တိုးလာတယ်။ အလုပ် လိုအပ်တဲ့သူနဲ့ အလုပ်အကိုင် ခေါ်ယူမှုတွေ ကတော့အချိုးအစား ကွာနေတုန်းပဲ"

မတ် ၁၈ ထုတ်BiWeekly ELEVEN မှာပါသည့် "၂၀၁၁ခုနှစ်တွင် ၂၀၁၀ ပြည့်နှစ်ထက် အလုပ်အကိုင် အခွင့်အလမ်း ပိုမို လာသော်လည်းအလုပ် လိုအပ်သူဦးရေ ဆက်လက် မြင့်တက်လျက် ရှိ၍ အချိုးအစား ကွာဟနေဆဲ" သတင်းမှDevic Service Co;Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်ဇံကျော်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------

ထို့ပြင် လွှတ်တော် နှစ်ရပ်တွင် တင်သွင်းသည့် မေးခွန်းအချို့မှာပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်များတွင် တင်သွင်းသင့်သည့် ဒေသဆိုင်ရာ မေးခွန်းများနှင့်အဆိုဖြစ်နေသည်ကို တွေ့ရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

"မေးခွန်းတွေကို အားမရဘူး၊ တန်ဖိုးရှိတဲ့ အဆိုတွေ တင်သွင်းစေ လိုပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ပါတီစွဲနဲ့မဟုတ်ဘဲပြည်ထောင်စု တစ်ခုလုံး၊ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တင်သွင်းစေလိုတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင်လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ တင်သွင်းမည့် အဆိုနှင့် ပတ်သက်သည့် အချက်အလက်များ၊ဥပဒေများကို ပိုင်ပိုင်နိုင်နိုင် လေ့လာထားရန် လိုအပ်ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ကိုယ်စားလှယ်များသည်တင်သွင်းမည့် အဆိုများ၏ လက်တွေ့ ဖြစ်နိုင်ခြေကို ချင့်တွက်ကာ အလုပ်လုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။ "အခွင့်အလမ်း တစ်ခုက ရနေပြီး အသုံးမချ တတ်ရင် သိပ်နှမြောစရာ ကောင်းနေ လိမ့်မယ်"ဟု ၎င်းက ဆိုသည်။

မတ် ၁၈ ထုတ် မြန်မာတိုင်းမ်အတွဲ(၂၆) အမှတ်(၅၁၀) မှာပါသည့် "လွှတ်တော် ကိုယ်စားလှယ်များ ကြိုတင် ပြင်ဆင်မှု ပိုမိုလိုအပ်" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------

"ကျွန်တော်တို့တွေက လူမျိုးရေးအရ ကာကွယ်ပေးတယ်။ အဖွဲ့အစည်းတွေ လုပ်ထားတာလည်း ရှိတယ်၊ တချို့ မိန်းကလေးတွေ ကျွန်တော်တို့ မျက်စိရှေ့မှာ အဲဒီက မလေးလူမျိုးတွေ၊ နီပေါတွေနဲ့ တွဲနေတာ မြင်ရင် ချက်ခြင်း ခေါ်ပြောတယ်။ မတွဲဖို့၊ လုပ်နေတာတွေ ရပ်တန်းက ရစ်ပစ်ဖို့ပေါ့။ လူမျိုးအရလည်း သိက္ခာကျတယ်။ ကိုယ့် ဂုဏ်သိက္ခာလည်း ကျတယ်။ တားလို့မရရင်လည်း အဲဒီမိန်းကလေးရဲ့ မြန်မာနိုင်ငံက လိပ်စာသိရင် အဲဒီကို  လှမ်း အကြောင်းကြားတယ်။ မိဘတွေက သိတော့ ပြန်ခေါ်တယ် ။ တချို့ကလည်း စကား နားထောင်ပြီး ပြန်သွားကြတယ်။ တချို့ကျတော့လည်း အဲဒီဘဝကိုပဲ မက်မော နေကြတယ်။ ပိုက်ဆံရပြီး ခန္ဓာကိုယ် ရောင်းစားပြီး ရောဂါရမှာ တစ်ခုခု ဖြစ်သွားမှာသူတို့မမြင်ကြဘူး"

မတ် ၁၈ ထုတ် The HOT NEWS အတွဲ(၁) အမှတ် (၃၃) မှာပါသည့် "မလေးရှားရောက် မြန်မာအမျိုး သမီးများ ပျက်စီမှုများလာ"သတင်းမှ  မလေးရှိ ဆေးဝါးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူကိုသန့်ဇင် ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------

"၂၀၀၅ခုနှစ် ကနည်းက ဓာတ်ဆီကို ကွန်ထရိုး လုပ်ပေးတာ၊ ဈေးကို ထိန်းပေးတဲ့ သဘောပေါ့၊ စွမ်းအင် ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချသူများ အသင်းကနေ အခုပြန်ပြီး စာအုပ် နဲ့ ဆီဝယ်ယူခွင့် ပြုလုပ်ပေးတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေ ပေါ်လာတော့ ဆီတန်းစီရတဲ့ စနစ် ပြီးသွားပြီး လွတ်လွတ်လပ်လပ် ဝယ်လို့ရပြီလို့ ထင်ခဲ့တာ အခုက ပထမပိုင်းတော့ အဆင်ပြေတယ်။ နောက်ပိုင်းမှာ ပြန်တန်းစီလာရတာ၊ ထုတ်ဈေးနဲ့ အပြင်ဈေးကွာနေသမျှ လိုအပ်ချက်က ရှိနေဦးမှာပဲ"

မတ် ၁၈ ထုတ် မြန်မာပို့စ်ဂလိုဘယ် အတွဲ(၁) အမှတ်(၂) မှာပါသည့် "စက်သုံးဆီ ထုတ်ယူခွင့် စာအုပ် ပြုလုပ်ပြီး နောက်ပိုင်းဂါလံ ပိုမိုရောင်းချသော စက်သုံးဆီ ဆိုင်များတွင် ကားတန်းစီမှု ပိုများလာ" သတင်းမှယဉ်ပိုင်ရှင်တစ်ဦး ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××

ဘာသာပြန် သတင်းဆောင်းပါး


မြန်မာလူ့အခွင့်အရေး ချိုးဖောက်မှုများကို မှန်မှန်ကန်ကန် သိက္ခာရှိရှိ စစ်ဆေးရန် ကုလပညာရှင် တောင်းဆို

(Expatica Switzerland မှ15 Mar 2011 ရက်စွဲပါ“UN Expert Calls for credible Probes in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာ အာဏာပိုင်များ အနေဖြင့် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များကို မှန်မှန်ကန်ကန် စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန်နှင့် သို့မဟုတ်ပါက နိုင်ငံတကာ အသိုင်းအဝိုင်းက ကြားဝင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဥပဒေပညာရှင်က တနင်္လာနေ့တွင် တိုက်တွန်း တောင်းဆို လိုက်သည်။

“မြန်မာ အစိုးရအဖွဲ့ သစ်ဟာ အရင် အစိုးရဟောင်းရဲ့ မူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ပြောင်းလဲဖို့ ဦးတည်နေတယ် ဆိုတဲ့ ရှင်းလင်း သိသာတဲ့ အချက်ပြမှုကို ကျွန်တော်တို့ မြင်ရဖို့ လိုအပ်ပါတယ်” ဟု မြန်မာ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Tomes Ojea Quintana က ပြောကြားသည်။

Quintana က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် “မြန်မာ အစိုးရအသစ်ဟာ မှန်ကန်မှု၊ မျှတမှု၊ တာဝန်ယူမှု တွေအတွက် ဆောင်ရွက်ရမယ့် ဝတ္တရားကို နှောင့်နှေးမနေဘဲ အမြန်ဆုံး ရင်ဆိုင် ဖြေရှင်းဖို့လိုပါတယ်” ဟု ပြောကြားကာ ဇန်နဝါရီ လွှတ်တော်တွင် တင်မြှောက်ခဲ့သည့် အစိုးရအဖွဲ့သစ်ကို ရည်ညွှန်းလိုက်သည်။

“လူ့အခွင့်အရေး ဖောက်ဖျက်မှု အပေါ် စုံစမ်းစစ်ဆေး မှုတွေကို လွတ်လပ်မှုရှိဖို့၊ တရား မျှတမှု ရှိဖို့ဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီ အကျုံးဝင်အောင် လုပ်ဆောင်ရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်” ဟု ၎င်းက အလေးထား ပြောကြားသည်။

၎င်းက ဆက်လက်၍ “မြန်မာ အစိုးရဘက်က ဒီလို လုပ်ဆောင်ဖို့ တာဝန်ကို ပျက်ကွက်ခဲ့မယ် ဆိုရင် အရေးယူရမယ့် တာဝန်က နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ကျရောက်လာမှာပါ” ဟု ဆိုသည်။

ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က နိုင်ငံရေး အကျဉ်းသားအား လုံးဝ နှောင့်နှေးမှု မရှိ လွှတ်ပေးရန် မြန်မာ အာဏာပိုင်များကို တိုက်တွန်း လိုက်သည့် အပြင် အတိုက်အခံ များအပေါ် မတရား ဖိနှိပ်မှု အဆုံးသတ်ရန် အတွက် အစိုးရ အဖွဲ့သစ်က ဥပဒေများကို ပြုပြင် ပြောင်းလဲရန် သင့်သည်ဟုလည်း ပြောကြား လိုက်သည်။

ကုလသမဂ္ဂ ပညာရှင်၏ တောင်းဆိုမှုများကို မြန်မာ သံအမတ်ကြီး ဦးသန့်ကျော်က ပယ်ချခဲ့ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် တိုင်းပြည်တွင်း လူ့အခွင့်အရေး ညှင်းပန်းမှုများကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျူးလွန်သူများကိုလည်း အရပ်သားဖြစ်စေ ၊စစ်သားဖြစ်စေ အရေးယူ ပြစ်ဒဏ်ပေးခဲ့သည်ဟု ချေပ ပြောဆိုခဲ့သည်။

သို့သော်လည်း ယင်းက မြန်မာအစိုးရ အဖွဲ့သစ်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနှင့် ဆက်လက် ပူးပေါင်းသွားရန် စီစဉ်ထားသည်ဟု လေပြေထိုး ပြောကြားခဲ့သည်။

Quintana ကမူ အဆိုပါ အချက်ကို ၎င်းအတွက် လူ့အခွင့်အရေး အနေအထား အကဲခတ်ရန်၊ အစိုးရသစ်က လူ့အခွင့်အရေးကို ပိုမိုလိုလားစွာ ထည့်သွင်း စဉ်းစားလာကြောင်း သိရှိနိုင်ရန် မြန်မာနိုင်ငံသို့ သွားရောက် ခွင့်ပြုမည့် အာမခံချက် အဖြစ် ရှုမြင်ထားသည်။

“ဒီနှစ် အစောပိုင်းမှာ မြန်မာပြည်ကို သွားဖို့ ကျွန်တော်ရဲ့ ထပ်မံတောင်းဆိုမှုကို သူတို့ (မြန်မာအာဏာပိုင်များ) လက်ခံမယ်ဆိုတဲ့ တရားဝင် ကြေညာချက်လို့ ကျွန်တော်က သတ်မှတ်ပါတယ်” ဟု Quintana က သတင်းထောက်များအား ပြောကြားခဲ့သည်။

Quintana အနေဖြင့် ၂၀၁၀ ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံသို့ နောက်ဆုံး သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ထို့နောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်ရန် တောင်းဆိုမှုများကို မြန်မာ အာဏာပိုင်များက ငြင်းပယ်ခဲ့ကြသည်။

×××××××××××××××××××××××××

Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment