Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၉.၅.၂၀၁၁

ပြည်တွင်းသတင်းများ

လျှပ်စစ်မီးပြတ်တောက်မှု တာဝန်ရှိသူများ တင်ပြရမည်

ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ပါက ပြတ်တောက်ရသည့် အကြောင်းအရင်းမှန်အား သက်ဆိုင်ရာခရိုင်နှင့် မြို့နယ် လျှပ်စစ်မီးလင်းရေးတာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

အစိုးရအဖွဲ့သစ်၏ အဓိကဆောင်ရွက်သည့်လုပ်ငန်းစဉ်များမှာ တစ်နိုင်ငံလုံး လျှပ်စစ်မီး ပိုမိုရရှိနိုင်ရေးဖြစ်ကြောင်း၊ စက်မှုဇုန်များ များပြားသည့် ရန်ကုန်တိုင်းဒေသကြီး၌လည်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အား ၂၀၁၁ ခုနှစ်၌ ယခင်နှစ်ထက် လျှပ်စစ်မီး ပိုမိုရရှိနိုင်စေရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများရှိပါက သက်ဆိုင်ရာတာဝန်မှူးရုံးခန်းသို့ ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက ပြတ်တောက်ရသည့် အကြောင်းအရင်း၊ ပြတ်တောက်နိုင်သည့် ခန့်မှန်း အချိန်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မီးလင်းရေးအဖွဲ့မှ တာဝန်ရှိသူများက အကြောင်းကြားရမည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်မြို့တော်လျှပ်စစ်မီးလင်းရေးအဖွဲ့သည် လျှပ်စစ်မီးအား စက်မှုဇုန်နှင့် ပြည်သူလူထုထံသို့ ဦးစားပေး၍ ဖြန့်ဝေရန်၊ လျှပ်စစ်ဓာတ်အားပေး အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၄ နာရီမီးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပေးဝေနိုင်ရန် အသုံးပြုလျှက်ရှိ သည့် ရေတွန်းစက်များကို လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်ရေးတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လျှပ်စစ်ဝန်ကြီးဌာန ရန်ကုန်မြို့ တော် လျှပ်စစ်မီး လင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

(Hot News၊ အတွဲ-၁၊ အမှတ်-၄၁ ပါ “လျှပ်စစ်မီးပြတ်တောက်ခြင်းကို အကြောင်းရင်းဖြင့် တင်ပြရမည်” သတင်းအား အကျဉ်းချုံး ဖော်ပြ သည်)

-----------------------------------------------------------------------------------------------------------------------------------

စားအုန်းဆီကိုယ်စားလှယ်များ မှန်ကန်မှုမရှိပါက ရောင်းချခွင့်ပိတ်မည်

စားအုန်းဆီရောင်းချခွင့် ခွင့်ပြုချက်ရရှိထားသော စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုအား မှန်မှန်ကန်ကန်ရောင်းချခြင်းမရှိပဲ ပြင်ပသို့ထုတ်၍ မသမာနည်းလမ်းဖြင့် ရောင်းချခြင်းပြုပါက စားအုန်းဆီရောင်းချခွင့် ကိုယ်စားလှယ်ခွင့်ပြုချက်အား ရုတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် ရပ်ကွက်နေပြည်သူလူထုအား မှန်မှန်ကန်ကန်ရောင်းချခြင်းမပြုပဲ ပြင်ပသို့ တရားမဝင်ရောင်းချခြင်း မပြု ရန် ကိုယ်စားလှယ်များအား သတိပေးထားကြောင်း၊ ယင်းသတိပေးမှုအား စားအုန်းဆီ ကိုယ်စားလှယ်များက လိုက်နာမှုမရှိပါက ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် စားအုန်းဆီများကို တင်သွင်းသည့်ကုမ္ပဏီများက တာဝန်ယူဖြန့်ဖြူးရသည့် ပမာဏအတိုင်း ဖြန့်ဖြူးလျက် ရှိ ကြောင်း၊ ကုန်ဈေးနှုန်းထိန်းသိမ်းမှုကော်မတီမှလည်း ခွဲဝေဖြန့်ဖြူးလျှက်ရှိကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများကို ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးပေးရာ၌ စားအုန်းဆီဈေးနှုန်းမှာ ကျဆင်းလာခဲ့ပြီး မေလ ၂၃ရက် နေ့၌ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၂၂၀၀ ဖြင့် ရောင်းချလျှက်ရှိကြောင်း ပြည်တွင်း စားအုန်းဆီဖြန့်ချီရေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

ထို့ပြင် ရန်ကုန်ဆိပ်ကမ်းသို့လည်း ပြည်ပမှ စားအုန်းဆီသဘောင်္များ အစဉ်မပြတ်ဝင်ရောက်လျှက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ ဆက်လက်၍ ကျဆင်းနိုင်ကြောင်း သိရသည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အမှတ်-၁၀ ပါ “စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် မှန်မှန်ကန်ကန်ရောင်းချခြင်းမရှိပါက ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းမည်ပာုဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရွေးကောက်ပွဲဝင် နိုင်ငံရေးသမားများ ဆန္ဒပြမည်

ရန်ကုန်၊ မေ၂၉။

၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးသည်  အကျဉ်းသားများ လွတ် မြောက်ရေးအတွက် ဇွန်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ရန်  စီစဉ်ထားကြောင်း သိရှိရသည်။

ဆန္ဒပြရာတွင် ပါဝင်မည့်သူလေးဦးမှာ  သန်လျှင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးစိုးကြည်၊  မင်္ဂလာဒုံမြို့ နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုဝေ၊ ဗိုလ်တထောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသား ဒီမို ကရေစီ အင်အားစုပါတီမှ ဦးမင်းအောင်နှင့် ဒလမြို့နယ်မှ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဝင်းချိုတို့ ဖြစ်ကြောင်း သိရှိရသည်။

ယင်းဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက “ အခြေခံဥပဒေမှာ နိုင်ငံသားတိုင်း မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့် ဆိုတာပါတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ခွင့်တောင်းတာမဟုတ်ပါဘူး။ မှုဘောင်ထဲ နေ လမ်းညွှန်ချက်တောင်းတာပါ” ဟု ဆိုသည်။

ဆန္ဒပြရန်နေရာကို မြို့တော်ခန်းမရှေ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရှေ့နှင့် ဘေးဘက်သုံးနေရာကို ဆန္ဒပြုထားပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ ခွင့်ပြုမည့်နေရာတစ်နေရာ တွင်ဆန္ဒပြမှုအား ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသည်။

ဆန္ဒပြရာတွင် မိမိသဘောဆန္ဒအလျောက် ငြိမ်းချမ်းစွာဆန္ဒပြမည်ဖြစ်ပြီး အဆိုပါလေးဦးအပြင် အခြားမည်သူကိုမျှ ပါဝင်ခွင့်မပြုကြောင်း၊ အခြား သောသူများပါဝင်ခြင်း မရှိစေရန် လုံခြုံရေးအင်အား တောင်းခံထားပြီးဖြစ်ကြောင်း သိရှိရသည်။

ဆန္ဒပြရာတွင် ဟောပြောခြင်း ပြုလုပ်မည်မဟုတ်ဘဲ၊ စာရွက်စာတမ်းဝေငှခြင်းကိုသာ ပြုလုပ်မည်ဖြစ်ပြီး၊ ဆန္ဒပြနေစဉ်အတွင်း မီဒီယာနှင့် ပြည်သူ များမှ မေးမြန်းသည်များကို ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဆန္ဒပြခွင့် ရခြင်းမရခြင်းသည် အစိုးရသစ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာခြင်းရှိမရှိ စမ်းသပ်သည့်သဘောလည်း သက် ရောက်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပေဒ ပုဒ်မ ၃၅၄ (က)နှင့်(ခ)တို့အရ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးကို ထိခိုက်ခြင်းမရှိပါက နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်နှင့် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ရှိသည်ဟု သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

NDF ပါတီနိုင်ငံရေးဦးဆောင်ကော်မတီကို ဖျက်သိမ်း

ရန်ကုန်၊ မေ ၂၈။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဒုတိယအကြိမ်မြောက် ဗဟိုဦးစီးကော်မတီအစည်းအဝေးကို မေလ ၂၈ ရက်နေ့က ရန်ကုန်တိုင်းဒေသ ကြီး စမ်းချောင်းမြို့နယ် ဦးဂွယ်လမ်းရှိ အိမ်အမှတ်(၅)တွင် ကျင်းပခဲ့ကြောင်း ယင်းပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ဆိုသည်။

အဆိုပါပုဂ္ဂိုလ်က “ဒီအစည်းအဝေးရဲ့ ရလဒ်က ပါတီရဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖျက်သိမ်းလိုက်တာပဲ၊ အခုပါတီမှာ အမြင့် ဆုံးက ဗဟိုဦးစီးကော်မတီပါ” ဟု ဆိုသည်။

“ ဒီဗဟိုဦးစီးကော်မတီအောက်မှာက မူဝါဒရေး&#