Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၃၀.၅.၂၀၁၁

ပြည်တွင်းသတင်းများ

လေဆိပ်၌ ခရီးသည်ဝန်ဆောင်ခ ကောက်ခံမည်

လေဆိပ်များတွင် ဇွန်လ ၁ ရက် နေ့မှစတင်၍ ပြည်တွင်းထွက်ခွာ ခရီးသည်များထံမှ ခရီးသည်ဝန်ဆောင်ခ (Pass enger Service Charge) ကို တစ်ဦးလျှင် မြန်မာငွေကျပ် ၁၀၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

ခရီးသည်ဝန်ဆောင်ခအား ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လေဆိပ်များ၏ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ခရီးသည် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်နိုင်ရန် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည် ဝန်ဆောင်ခ ကောက်ခံမှုအတွက် လေကြောင်းလိုင်းများ၊ သက်ဆိုင်သူများသိရှိရန် အကြောင်းကြားစာ ဖြန့်ဝေထားကြောင်း သိရသည်။ PSC ကောက်ခံခြင်းအား ယခင်က ပြည်ပထွက်ခွာ(နိုင်ငံခြားသား/နိုင်ငံသား) ခရီးသည်များကိုသာ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တွင် ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

--------------------------------------------------------------------------------------------------------------------------------

စားအုန်းဆီဈေးနှုန်းကို သက်ဆိုင်ရာကသတ်မှတ်မည်

ယခုလအတွင်း စားအုန်းဆီ တင်သွင်းခွင့်ရရှိထားသော ပုဂ္ဂလိက ကုမ္ပဏီများမှ သင်္ဘောဖြင့် တင်သွင်းလာမည့် စားအုန်းဆီတန်ချိန် သုံးသောင်း ဝန်းကျင်မှ ဆီတန်ချိန်၏ ၆၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမှ ဈေးနှုန်းသတ်မှတ် ရောင်းချပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တစ်ကြိမ် တင်သွင်းလျှင် အနည်းဆုံးဆီတန်ချိန် ၃၀၀၀ နှင့်အထက် တင်သွင်းနိုင်သူများကို စားအုန်းဆီတင်သွင်းခွင့် ချထားပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီများမှ တင်သွင်းလာသည့် ဆီတန်ချိန် ၆၀ရာခိုင်နှုန်းကို ပြည်ထောင်စု ကုန်ဈေး နှုန်း တည်ငြိမ်ရေးကော်မတီမှတစ်ဆင့် ခွဲဝေပေးသွားမည် ဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို တင်သွင်းလာသည့် ကုမ္ပဏီအား လွတ်လပ်စွာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

စားအုန်းဆီ တင်သွင်းခွင့်များအား စတင်ချထားပေးခဲ့သည့် ဧပြီလနောက်ပိုင်းမှ စတင်ကာ မေလ ၁၉ ရက်နေ့ အထိ စားအုန်းဆီသင်္ဘော လေးစင်း ဝင်ရောက်ပြီးဖြစ်ကြောင်း၊ သင်္ဘောတစ်စင်းတွင် ဆီတန်ချိန် ၃၀၀၀ ၀န်းကျင်ဖြင့် လေးစင်းအတွက် ဆီတန်ချိန် ၁၂၀၀၀ ၀င်ရောက်ပြီးဖြစ်ကြောင်း သိရှိရ သည်။

စားအုန်းဆီ တင်သွင်းရန် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်အထိ ရှိကြောင်းနှင့် တစ်ကြိမ်တည်း တန် ချိန် ၃၀၀၀ မတင်သွင်းနိုင်သည့် ကုမ္ပဏီငယ်များအား ကုမ္ပဏီ ၅၀ လျှင် တစ်စုဖွဲ့၍ တင်သွင်းခွင့် ပေးသွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

(Weekly ELEVEN ဂျာနယ် အတွဲ(၆)၊ အမှတ်(၃၅) ပါ “တင်သွင်းလာမည့် ဆီတန်ချိန်၏ ၆၀ရာခိုင်နှုန်းကို သက်ဆိုင်ရာမှ ဈေးနှုန်းသတ်မှတ် ရောင်းချပေးသွားမည် ” သတင်းအား အကျဉ်းချုံးဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------------

မြန်မာ့ကျောက်စိမ်း တရုတ်နယ်စပ်တွင် အထူး အဝယ်လိုက်

တရုတ်-မြန်မာနယ်စပ်တွင် ယခုလအတွင်း မြန်မာနိုင်ငံထွက် ကျောက်စိမ်းများ ယခင်ကနှင့်မတူဘဲ အထူးအဝယ်လိုက်နေသည်ဟု နယ်စပ် ကျောက်စိမ်းကုန်သည် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

အထူးသဖြင့် မြန်မာငွေ သိန်းပေါင်း ထောင်နှင့် သောင်းနှင့်ညီမျှသည့် တရုတ်ယွမ်ငွေ (၁၀) သိန်းမှ သိန်း (၁၀၀) ကြား တန်ဘိုးရှိသည့် ကျောက် စိမ်းများကို တရုတ်သူဌေးများ ပိုမိုဝယ်ယူလာကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာကျောက်စိမ်းများကို ရွှေလီမြို့တွင် အများဆုံးရောင်းဝယ်နေကြပြီး ယင်းတစ်မြို့ထဲမှာပင် ကျောက်စိမ်းရောင်းချသည့် ဆိုင်ပေါင်း (၂၀၀၀) ကျော်ရှိသည်ဟု ရွှေလီမြို့ခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျောက်ဝယ်ယူနေသည့် သူဌေးများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ဖြစ်ကြောင်း၊ ၎င်းကျောက်စိမ်းများကို ပန်းပု၊ ပုတီး၊ ပန်းချီ၊ လက်ဝတ် ရတနာ စသည်ဖြင့် အမျိုးမျိုးဖန်တီး အသုံးပြုကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းထုတ်လုပ်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာနေရာ ယမန်နှစ်ကကျောက် စိမ်းတန်ချိန် (၃၄ ၅၅၄) ထုတ် လုပ်ခဲ့ပြီး (၁၆) နှစ်အတွင်း စံချိန်တင်သည့်နှစ် ဖြစ်သည်ဟု Weekly Eleven ဂျာနယ်တွင် ဖော်ပြချက်အရ သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာ-တရုတ် သဘောတူစာချုပ်ကိုးခု လက်မှတ်ရေးထိုး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌကျာချင့်လင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သဘောတူစာချုပ် ကိုးခု လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း သဘောတူစာချုပ် ကိုးခုကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင် တရုတ်ဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာ ၇၆၃ သန်းအတွက် သဘောတူစာချုပ်လည်း ပါဝင်ကြောင်း သိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမှု အခန်းကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။ ထို့အတူ တရုတ်နိုင်ငံ  ရင်းနှီး မြှုပ်နှံမှု တိုးတက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံ၌ လာရောက် အခြေချနေထိုင်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရသည်။

ဦးသိန်းစိန် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ရက်ပိုင်းအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ ရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Xu Caihou  တို့  မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်ခဲ့ပြီး ခရီးစဉ်များအတွင်း မြန်မာနိုင်ငံ နှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးနှင့် ချေးငွေဆိုင်ရာ သဘောတူစာချုပ်များနှင့် တရုတ်-မြန်မာတပ်မတော် နှစ်ရပ်အကြား သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနှင့် တရုတ်နိုင်ငံသည် နယ်နိမိတ် ထိစပ်နေရုံသာမက နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပြီး ၂၀၁၀ ပြည့်နှစ် တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၄၄ ဘီလျံ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်ထက် ၅၃ ဒသမ ၂ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

--------------------------------------------------------------------------------------------------------------------------------

ပါတီပိုင်စီးပွားရေး ဒီငြိမ်း မလုပ်ဟုဆို

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီအနေဖြင့် ပါတီပိုင် စီးပွားရေး လုပ်ဆောင်မည်မဟုတ်ဟု ယင်းပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

ပါတီပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် နောင်အခါ ရှုပ်ထွေးသော ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ပါတီတွေအနေနဲ့  စီးပွားရေး လုပ်ငန်းကို ဘယ်အခါမှ မလုပ်ထိုက်တဲ့အရာလို့ မြင်ပါတယ်။ ကမ္ဘာမှာရော မြန်မာမှာပါ ဒါမျိုးမရှိခဲ့ပါဘူး။ မြန်မာ ပြည်မှာ ၁၉၂ဝ ကနေ ၁၉၉ဝထိ ပေါ်ပေါက်ခဲ့တဲ့ ပါတီတွေမှာ အဲဒီလို စီးပွားရေးလုပ်ငန်း ထူထောင်ခြင်းမရှိခဲ့ဖူးပါဘူး။ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံမဆိုပါတီစုံ ဒီမိုကရေစီမှာ အဲဒီလိုမျိုး မလုပ်ပါဘူး။ အဲဒါ တွေလုပ်ရင် အလွန်ရှုပ်ထွေးတဲ့ကိစ္စတွေပေါ်ပေါက်လာ ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

ပါတီဝင်များ သီးခြားစီးပွားရေး လုပ်ငန်းရှိခြင်းနှင့် ယင်းတို့မှ ယင်းတို့၏ အကျိုးစီးပွားကို ပါတီသို့ ထည့်ဝင်လှူဒါန်းခြင်းများ ရှိကြေƞ