Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၃၁.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

နှိမ်နင်းဖြိုခွဲမှုကြားတွင် သည်းခံမှုပြသရန် တရုတ်ဒီမိုကရေစီခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(The Peninsula မှ 31 May 2011 ရက်စွဲပါ Suu Kyi urges China to be tolerant amid clampdown သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ဒီမိုကရေစီ လိုလားထောက်ခံသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကွန်မြူနစ် ခေါင်းဆောင်များအား လတ်တလော လပိုင်းများ အတွင်း အစိုးရဆန့်ကျင်သူနှင့် ဝေဖန်သူများအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းနေသည့်ကြားမှ ပိုမိုပွင့်လင်းမှုနှင့် သည်းခံမှုကို ပြသကြရန် မနေ့က တိုက်တွန်းပြောကြားလိုက်သည်။

မြန်မာတပ်မတော်အစိုးရ၏ နှစ်ပေါင်းများစွာ အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းခံနေရခြင်းမှ နိုဝင်ဘာလတွင် လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “တရုတ်ခေါင်းဆောင်တွေဆီ ကျွန်မပြောချင်တဲ့ ဆိုလိုရင်းက သိပ်ကို ရိုးရှင်းပါတယ်” ဟု ပြောကြားခဲ့ခြင်းသည် ကမ္ဘာတစ်ဝှမ်း မှ နိုင်ငံရေးဖိနှိပ်မှုကို ဆန့်ကျင်သည့် သဘောထားဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။

“တရုတ်နိုင်ငံဟာ ကြီးကျယ်ခမ်းနားတဲ့တိုင်းပြည်တစ်ခုပါ၊ တရုတ်ပြည်သူတွေဟာလည်း ကြီးကျယ်ခမ်းနားတဲ့ ပြည်သူတွေ ဖြစ်ပြီး သူတို့ရဲ့ နောက်မှ ဂုဏ်ယူဖွယ် ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိနေပါတယ်၊ တရုတ်ပြည်သူတွေဟာ အခုထက်ပိုတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်နိုင်ပါတယ်၊ အန္တရာယ်ကို ရဲဝံ့စွာ ရင်ဆိုင်ဖို့လည်း အားထုတ်နိုင်တယ်၊ အယူအဆအားလုံးကို လက်ခံပေးမယ့် နယ်ပယ်တစ်ခုခွင့်ပြုဖို့အတွက်လည်း အားထုတ် နိုင်ကြပါတယ်” ဟု Hong Kong University မှ နိုင်ငံတကာပရိသတ်များနှင့် ဗွီဒီယိုကွန်ဖရင့် ပြုလုပ်စဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ထားချိန်တွင် တရုတ်နိုင်ငံက မြန်မာအစိုးရ၏ အကြီးဆုံး စီးပွားရေး၊ နိုင်ငံရေး မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်နေပြီး အကန့်အသတ် နှောင်ကြိုးမဲ့ ရင်းနှီးမြှုပ်နှံခြင်းမူဝါဒကို ဆက်လက် ကျင့်သုံး နေဆဲဖြစ်သည်။

Burma ဟု လူသိများသော ဗြိတိသျှ ကိုလိုနီဟောင်း မြန်မာနိုင်ငံသည် နိုင်ငံတကာက အတုအယောင်ဟု ဝိုင်းဝန်း ဝေဖန်ခဲ့ကြသည့် ရွေးကောက်ပွဲများကို မနှစ်က ကျင်းပကာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သော်လည်း ကမ္ဘာ့ အာဏာရှင်အဆန်ဆုံး အစိုးရများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြဆဲ ဖြစ်သည်။ လတ်တလော အာရပ်ကမ္ဘာတလွှားမှ လူထုအုံကြွမှုများက တရုတ်အစိုးရ အာဏာပိုင်များကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေခဲ့ပြီး လက်ရှိလပိုင်းများအတွင်း အစိုးရ ဆန့်ကျင်သူ မြောက်မြားစွာကို ဖမ်းဆီး ထိန်းသိမ်းမှု ပြုလုပ်ခဲ့သည်။

တရုတ်ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူများကို တရုတ်အစိုးရတပ်များက သေနတ်ဖြင့် ပစ်ခတ်ချေမှုန်းခဲ့သော ၁၉၈၉ ခုနှစ် ဘေဂျင်း တီအန်မင် ရင်ပြင်တစ်ဝိုက် သွေးစွန်းသော ဖြိုခွဲမှု ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ မတိုင်မီတွင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်ပေးမှုများ ပေါ်ထွက် လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ လူထုကြိုက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလက လွတ်မြောက်လာပြီး ယခု ၆ လခန့် ရှိချိန်တွင် သူမအပေါ် လွတ်လပ်ခွင့် ကန့်သတ်မှုကို အကဲစမ်းရန် သူမ၏ ရေပန်းစားမှုကို တိုင်းတာ ခန့်မှန်းရန် အလားအလာ ရှိသည့် နိုင်ငံရေး ဟောပြောစည်းရုံးမှု နယ်ခရီးစဉ်ကို လှည့်လည်ရန် စီစဉ်ပြင်ဆင်လျက် ရှိသည်။

***************************************************************************

အမေရိကန်သည် သမိုင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှန်သည့်ဖက်တွင် ရပ်တည်နိုင်

(31 May 2011 ရက်စွဲပါ The Washington Post တွင် Fred Hiatt ရေးသားသော The U.S could get on the rights side of history in Burma ကို ဘာသာပြန်သည်)

ယခု ဆီးရီးယားခေါင်းဆောင် Bashar al-Assad သည် ယင်း၏ ပြည်သူများအား ပစ်သတ်ရန် အမိန့်မပေးမီ အချိန်အတော်ကြာကပင် ၎င်းနှင့် မိုင်လေးထောင်ခန့် ဝေးသော ဗိုလ်ချုပ်များက အမှားများစွာဖြင့် အုပ်ချုပ်နေသော အရှေ့တောင်အာရှ နိုင်ငံတစ်ခုတွင် ထိုနည်းလမ်းကို ပြသခဲ့ပြီး ဖြစ်သည်။

မြန်မာအစိုးရသည် ၁၉၈၈ ခုနှစ်က လက်နက်မဲ့သော တက္ကသိုလ်ကျောင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်လည်း စစ်အစိုးရသည် ဘုန်းတော်ကြီးများကို ပစ်သတ်ခဲ့သည်။ သို့သော် လူများက မကြာမီတွင် စိတ်ဆိုးပြေပျောက်၍ မေ့လျော့သွားခဲ့ကြသည်။ အချို့ ဗိုလ်ချုပ်များက ယူနီဖောင်းချွတ်၍ အရပ်ဝတ်လဲခဲ့ကြ သောအခါ အစိုးရများ၊ ကုမ္ပဏီများ၊ အမြတ်မယူသော အုပ်စုများသည် မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေး၊ အစိုးရနှင့် ဆက်ဆံမှု ပြုလုပ်ရေးကို ဖိအားပေးလာကြသည်။

အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန် ငြင်းချက်ထုတ်မှုများသည် မြန်မာနိုင်ငံအပေါ် Sanctions များ အလုပ်မဖြစ်ကြောင်းကိုသာ လက်ညှိုး ထိုးခဲ့ကြသည်။ အစိုးရက ရွေးကောက်ပွဲရလဒ်ကို လွှင့်ပစ်ခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခု ရှိသွားပြီ ဖြစ်၍ ထိုအကြောင်းအရသည် ပေါ်ပြူလာ မဖြစ် တော့သော်လည်း အမှတ်ရနေမှုက လျော့မသွားပေ။ အမေရိကန်နှင့် သံတမန်ရေးအရ ဆက်ဆံမှု၊ အမေရိကန်ကုမ္ပဏီများ လာရောက်မှု မရှိခြင်းကြောင့် တရုတ်သည် မြန်မာနိုင်ငံပေါ်တွင် ဩဇာလွှမ်းမိုးလာခဲ့သည်။ မြန်မာပြည်သူများမှာမူ ဆင်းရဲမြဲ ဆင်းရဲလျက် ရှိပြီး ကမ္ဘာကြီးက အထီးကျန်ပစ်ထားမှုကို ခံနေရဆဲ ဖြစ်သည်။

အဘယ်ကြောင့် အသစ်တစ်ခုခုကို မကြိုးစားလေသနည်း။ မိမိကိုယ်ကို အရှုံးဖြစ်စေသော အိုင်ဒီယာများကို ပစ်ပယ်ပြီး အဘယ်ကြောင့် ပို၍ လက်တွေ့ ကျသော အိုင်ဒီယာကို မကြိုးစားလေသနည်း။

ဖြစ်နိုင်သော အကြောင်းပြချက်အချို့ စိတ်ထဲတွင် ပေါ်လာမိသည်။ အချက်တစ်ခုမှ ကိုယ့်တိုင်းပြည်ကိုယ် လည်ပင်းညှစ်နေသော အစိုးရ တစ်ခုကို ဆက်ဆံရေးပြုလုပ်ခြင်းသည် အဆိုပါ အစိုးရကို အားကောင်းအောင် ပြုလုပ်ပေးသကဲ့သို့ ရှိခြိမ့်မည်။ ဥရောပသည် ကျူးဘားနှင့် ဆက်ဆံခဲ့ သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီးဖြစ်ခြင်းကြောင့် ကက်စထရိုသည် အိတ်ထဲတွင် ယူရိုငွေများစွာ ထည့်၍ ယင်း၏ အာဏာရှင်စနစ် တည်ငြိမ်၍ မည်မျှ သုံးစွဲခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

ဆက်ဆံရေးပြုလုပ်ခြင်းကြောင့် အမေရိကန် စီးပွားရေး အတွက် အထွေအထူး တိုးတက်အောင် လုပ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ မြန်မာနိုင်ငံ သည် စိုးရိမ်ဖွယ် Crony Socialism ကို သွားနေသမျှ တိုးတက်ကြီးပွားရန် အခွင့်အလမ်းကောင်းများ ရမည် မဟုတ်ပေ။

ထို့အပြင် Sanctions များ အလုပ်မဖြစ် ဟု ပြောရအောင်လည်း တရားမျှတမှုမရှိဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန် သည် Sanctions များကို အပြည့်အဝ ချမှတ်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံမှ အုပ်ချုပ်သူများနှင့် ယင်းတို့၏ ဆွေမျိုးများ၏ ကိုယ်ပိုင် ငွေကြေးများအပေါ် တင်းကြပ်စွာ အာရုံပြု ကိုင်တွယ်ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများကိုလည်း မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရက်များကို အကူအညီ ပေးရေးသည် မဟာဗျူဟာကျသော ဦးစားပေးမှုဟု ရှင်းရှင်းလင်းလင်း သိထားစေသည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများသည် ဒီမိုကရေစီသစ် ကျင့်သုံးလျက် ရှိသည်ဟု ဆိုကာ သွေးစွန်းသော ဗိုလ်ချုပ်များနှင့် မသက်မသာ ပေါင်းသင်းနေကြသည်။ အမေရိကန်သည် စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ပြောခဲ့ပြီး မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ကုလသမဂ္ဂ စုံစမ်းရေးအတွက် ထောက်ခံသော်လည်း ဇွတ်အတင်း တိုက်တွန်းခြင်း မရှိသေးပေ။

စုံစမ်းစစ်ဆေးရေးကို အားပေးခြင်းသည် လူကြီးလူကောင်း ဟန်ဆောင်နေမှုကို ဖွင့်ပြသကဲ့သို့ ရှိပေသည်။ (အဘယ်ကြောင့် ကဒါဖီကို ဗုံးကြဲ သော်လည်း ကျေးရွာတစ်ခုပြိး တစ်ခု ရှင်းပစ်နေသော မြန်မာအစိုးရအား ဘာမျှ မလုပ်သနည်း) တွန်းအားပေးခြင်းသည် ကဒါဖီ၊ အာဆက်နှင့် အခြား အာဏာရှင်များကို ကမ္ဘာကြီး၏ ရှုတ်ချမှုကိုပင် မစောင့်နိုင်ကြောင်း ပြသလိုက်သလို ဖြစ်ပေမည်။

သို့သော် အားကောင်းသော ငြင်းချက်ထုတ်မှုတစ်ခုသည် ယခု နွေဦးရာသီတွင် အီဂျစ်ရှိ Pew သုတေသန ဗဟိုဌာနမှ ပြည်သူ့သဘောထား စာရင်း ကောက်ယူမှုမှ ထွက်ပေါ်လာသည်။ အီဂျစ်တွင် အမေရိကန် ပြည်ထောင်စုသည် ဆယ်စုနှစ်များစွာကပင် လုံးဝလက်တွေ့ကျသော ဆက်ဆံရေး မူဝါဒကိုသာ ကျင့်သုံးခဲ့သည်။ အမေရိကန်သံအမတ်ကြီး များက ဦးဆောင်လျက် မူဘာရက်မိသားစုကြီးအပေါ် မည်သည့်အမှားမျှ မလုပ်ခဲ့ပေ။ အမေရိကန်အစိုးရများသည် အီဂျစ် ပြည်သူများ၏ ပိုကောင်းသော ဘဝများကို တောင့်တသည့် ဆန္ဒများကို မသိနားမလည်သလို၊ သဘာဝမကျသလို မှန်မှန် လျစ်လျူရှု ပယ်ချခဲ့သည်။ နောက်ဆုံးအီဂျစ်ပြည်သူများသည် လမ်းမများပေါ် ထွက်၍ ကိုယ်တိုင်အုပ်ချုပ်ခွင့်တောင်းဆို လာသောအခါ အမေရိကန် သည် မူဘာရက်ဘက်မှ နောက်ဆုံးရှင်သန်ခွင့် မရှိတော့သည်အထိ ရပ်တည်ပေးခဲ့သည်။

ထိုအခါ ရလဒ်က မည်သို့ဖြစ်ခဲ့သနည်း။ အမေရိကန်အပေါ်နားလည်ပေးသူ အီဂျစ်လူမျိုး ၂၀% သာ စာရင်း ကောက်ယူရာတွင် ပေါ်ထွက်ခဲ့ သည်ဟု Pew က တွေ့ရှိခဲ့သည်။ “အရှေ့အလယ်ပိုင်းတခွင် နိုင်ငံရေးပြောင်းလဲမှုများ အပေါ် အမေရိကန်သမ္မတ၏ ကိုင်တွယ်ပုံကို မကောင်းမြင် သူများကသာ အများစု ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ကို သဘောမတူသူ အများစုက ပြောကြားရာတွင် Obama သည် ပြောင်းလဲမှုကို တောင်းဆိုသူများအပေါ် အနည်းငယ်သာ ထောက်ခံသည်” ဟု Pew က ဖော်ပြလိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် သမိုင်း၏ မှားသောဘက်တွင် ရပ်တည်ခဲ့ပြီးဖြစ်သည်။ တစ်နည်းပြောရလျှင် မိမိလုပ်ဆောင်ခဲ့မှုများအတွက် ပြန်လည် ပေးဆပ်နေရပြီဟု ဆိုနိုင်သည်။ သို့ဆိုလျှင် တိကျသော လက်တွေ့ကျဝါဒ ဘယ်မှာ ရှိသနည်းဟု မေးခွန်းမေးရလိမ့်မည်ဖြစ်သည်။ အကယ်၍ မြန်မာအစိုးရသည် အနာဂတ်ကို ကိုယ်စားပြုသည်ဟု ယုံကြည်မှသာ ဆက်ဆံရေးထူထောင်ခြင်း၊ နှစ်ဦးနှစ်ဖက်ကြား ကန့်သတ်ထားမှုများ ပြင်ဆင်ခြင်း များ အလုပ်ဖြစ်လိမ့်မည် ဖြစ်သည်။ ထို့အပြင် အစိုးရ မည်သည့် အချိန်ကျဆုံးမည် သို့မဟုတ် စစ်သားများက ကျောင်းသားများနှင့် ဘုန်းတော်ကြီးများကို နောင်မပစ်တော့ပါဟု မည်သည့်အချိန် ဆုံးဖြတ်ချက် ချလိမ့်မည် ဆိုသည်ကို မည်သူမျှ တိတိကျကျ မပြောနိုင်ဆိုသည်မှာလည်း အမှန်ပင်ဖြစ်သည်။

သို့သော်စစ်အစိုးရကလည်း ယင်းအပေါ် မုန်းတီးကြသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာကို ထောင်ချထားသည် (အများစုသည် ယခုလတွင် အစာငတ်ခံ ဆန္ဒပြနေသည်) ပေါ်ပြူလာဖြစ်သော နိုင်ငံရေးပါတီကို ပိတ်ပင် ထားသည်။ (ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) သာမန်လူများ မနေထိုင်သော အရပ်တွင် မြို့တော်သစ် သီးခြား တည်ဆောက် ပြီး ဘီလျံချီသော ငွေများ အသုံးပြုခဲ့သည်။ အာရှတစ်ခုလုံးကလည်း ရှေ့သို့တိုးတက်သွားခဲ့ကြပြီး မြန်မာနိုင်ငံမှာ နောက်ကျကျန်ခဲ့ပြီဖြစ်ရာ ဤအသက် ၇၀ ကျော် အဘိုးကြီး၊ သူခိုးကြီးများသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကိုယ်စားမပြု ဆိုသည်ကို သူခိုး အဘိုးကြီးများ နားလည်ရမည် ဖြစ်သည်။

အီဂျစ်တွင် ပြည်သူများ မူဘာရက် ကျဆုံးမှုအတွက် လုပ်ဆောင်မှုတွင် အမေရိကန်၏ အနေအထားကဲ့သို့ပင် မြန်မာနိုင်ငံတွင် အဘိုးကြီးများ ကျဆုံးမှုကို ရက်အတိအကျ ပြောရန် အမေရိကန် အနေဖြင့် မာဂျင် (Margins) ပေါ်တွင် ရှိသော အနေအထားရှိနေသည်။ သို့သော် Pew က မြန်မာ နိုင်ငံတွင် ကွင်းဆင်းစာရင်းကောက်ပြီး စာတမ်းတင်သည့် အခါမှသာ အမေရိကန်၏ ယခုလုပ်ဆောင်နေမှုများ၏ သက်ရောက်မှုကို သိရလိမ့်မည်ဖြစ် သည်။

***************************************************************************

ထိုင်း ၀န်ကြီးချုပ် နေရာကို မှန်းနေသည် ဆိုခြင်းကို ပြည်ပရောက် သက်ဆင် ငြင်းဆို

(AFP သတင်းမှ 31 May 2011 ရက်စွဲပါ “Fugitive Thaksin denies Thai PM ambitions” သတင်းကို ဘာသာ ပြန်ဆိုသည် )

ပြည်ပြေး ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထရာ က သူ့အနေဖြင့် နောက်တစ်ကြိမ် ခေါင်းဆောင် လုပ်ရန် ဆန္ဒ မရှိပါဟု ငြင်းဆို ပြောကြားလိုက်ပြီး ထိုင်း ၀န်ကြီးချုပ် နေရာကို စိန်ခေါ်နေသည့် ညီမ အငယ်ဆုံး ယင်လွပ်စ် သည် သူ၏ ကြိုးဆွဲ ရုပ်သေး မဟုတ်ဟု အခိုင် အမာ ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဒူဘိုင်းရှိ သူ၏ ဇိမ်ခံအိမ်တွင် ပြုလုပ်သော ရှားရှားပါးပါး အင်တာဗျူးတွင် Australian Broadcasting Corporation ၏ “Lateline” အစီအစဉ်သို့ ပြောကြားရာ၌ “လာမည့် ဇူလိုင်လ ရွေးကောက်ပွဲတွင် သူ၏ “ဖြူ ထိုင်း” ပါတီ အနိုင်ရရှိမည်ဟု ယုံကြည် စိတ်ချ ထားကြောင်း” ထည့်သွင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ရဲ့ လတ်တလော အစီရင်ခံစာ အပါအ၀င် အဖွဲ့အစည်းပေါင်း များစွာရဲ့ လူထု ကောက်ယူမှုတွေအရ ဆိုရင် ကျွန်တော်တို့ အသာ ရ နေတယ်လို့ စိတ်ချ ယုံကြည်ထားလို့ ရပါတယ်” ဟု ပြောကြားလိုက်သော သက်ဆင်သည် ၂၀၀၆ ခုနှစ် ထိုင်း စစ်တပ် အာဏာ သိမ်းမှုတွင် ပြည်ပသို့ တိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်း အဂတိလိုက်စားမှု စွဲချက် ပြစ်ဒဏ်ကို ရှောင်ရှားရန် ပြည်ပတွင် နေထိုင် လျက် ရှိသည်။

လာမည့် ရွေးကောက်ပွဲများတွင် သက်ဆင်၏ ညီမ ယင်လွပ်ခ် ရှင်နာ ၀ပ်ထရာ နှင့် သက်ဆင်၏ ရာဇ၀င် ပြိုင်ဘက် “အထက်လွှာ နောက်ခံ ဒီမို ကရက် ပါတီမှ လက်ရှိ ၀န်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား တို့ အားစမ်း ကြမည်ဖြစ်ပြီး မတိမ်းမယိမ်း ပွတ်ကာ သီကာ ရင်ဆိုင် ယှဉ်ပြိုင် ကြမည့် တိုက်ပွဲ ဖြစ်လာမည်ဟု မျှော်လင့်ရပေသည်။”

ယင်လွပ်ခ် သည် နိုင်ငံရေး အတွေ့အကြုံ မရှိသူ ဖြစ်သောကြောင့် ၀န်ကြီးချုပ် နေရာကို စိန်ခေါ်မည့် အတိုက်အခံ ကိုယ်စားလှယ်လောင်း အဖြစ် သူမ ပါဝင်လာခြင်းကို ထိုင်းနိုင်ငံမှ လူအများစုက “ထိုင်း နိုင်ငံရေး အခင်းအကျင်းတွင် ပြည်ပရောက် သက်ဆင်က အဓိက ကဏ္ဍမှ ပါဝင် နေသည် ဟူသော အချက်ကို ထင်ရှား ခိုင်မာ စေသည်”ဟု ယူဆလျက် ရှိကြသည်။

အများကြိုက် ရေပန်းစား မူဝါဒများ ချမှတ် နိုင်ခြင်းကြောင့် ကျေးလက်နှင့် အခြေခံ လူတန်းစား အလွှာက နှစ်သက်ကြသော သက်ဆင်ကို အဂတိ လိုက်စားသူ အာဏာရှင်အဖြစ် ရှုမြင်ကြသည့် ဘန်ကောက် အထက်တန်းလွှာက အလွန် မုန်းတီးကြသော်လည်း သူ၏ သြဇာ လွှမ်းမိုးလျက် ရှိနေ သေးသည်ကိုမူ အသိအမှတ်ပြု ၀န်ခံကြရသည်။

တနင်္လာနေ့ ညပိုင်းက ထုတ်လွှင့် သွားခဲ့သည့် ရုပ်သံ အင်တာဗျူး အစီအစဉ်တွင် သက်ဆင်က “ပြောရမယ် ဆိုရင်တော့ဗျာ အိုင်ဒီယာတွေ၊ တွေးခေါ်ပုံ တွေမှာတော့ ကျွန်တော့် လွှမ်းမိုးမှု ရှိနိုင်ပါတယ်။ ကျွန်တော်က တခြားလူတွေထက် အတွေ့အကြုံ ပိုများတယ် မဟုတ်လား။ ဒီထက် မပိုပါ ဘူး။ သူတို့ အောင်မြင်မှု ရတာကို ကျွန်တော်က မြင်ချင်တဲ့ ဆန္ဒ သက်သက် ပါပဲ”ဟု ပြောကြားခဲ့သည်။

**************************************************************************

မြောက်ကိုးရီးယား ဒုက္ခသည်များ အတွက် တောင်ကိုးရီးယားတွင် ဆက်သွယ်ရေးစခန်းဖွင့်

( 30 May 2011 ရက်စွဲပါ AFP ၏ South Korea opens call centre for N. Korea refugees ကို ဘာသာ ပြန်ဆိုသည်)

                တောင်ကိုးရီးယားသည် တနင်္လာနေ့က ကွန်မြူနစ်မြောက်ကိုးရီးယားမှ ဒုက္ခသည်များ၊ တောင်ကိုးရီးယားတွင် အခြေချနိုင်ရေး အကူအညီ ပေးနိုင်ရန် ဆက်သွယ်ရေး စခန်း တစ်ခု ဖွင့်လှစ်ခဲ့သည်။

                နယ်စပ်ဖြတ်ကျော်ရေးရာများကို ကိုင်တွယ်သော ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန က အဆိုပါ(၂၄) နာရီ စခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Chun Hae- Sung က ပြောကြားခဲ့သည်။ ဆက်သွယ်ရေး စခန်းတွင် အလုပ်အကိုင်ကိစ္စ၊ ဥပဒေရေးရာ၊ ဆေးကုသရေးဝန်ဆောင်မှု၊ နေထိုင်ရေး၊ ပညာရေး နှင့် အခြားကိစ္စများ အတွက် မေးခွန်းများ ဖြေကြားနိုင်ရန် လူ ရှစ်ဦး ထား၍ ကိုင်တွယ်မည်ဖြစ်သည်။

                1950- 53 ကိုးရီးယား စစ်ပွဲပြီးကတည်းက မြောက်ကိုးရီးယား လူမျိုး (၂၁၀၀၀)ခန့် ကို တောင်ကိုးရီးယား၌ နေရာချထားပြီး ဖြစ်ကာ အများစုမှာ ၁၉၉၀ ခုနှစ်များက အငတ်ဘေး အပြီး နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

                သို့သော် ထွက်ပြေးလာသော မြောက်ကိုးရီးယား အများစုသည် ကျွမ်းကျင်မှုတွင်လည်းကောင်း၊ အသိပညာတွင် လည်းကောင်း များစွာ ခေတ် နောက်ကျလျက်ရှိပြီး၊ တောင်ကိုးရီးယား၌ အံဝင်ခြင်း မရှိသေးပေ။ အများစုက အလုပ်အကိုင် ရှာဖွေရန် နှင့် မိတ်ဆွေဖွဲ့ရာတွင် အခက်အခဲများရှိကြောင်း ပြောဆိုကြသည်။ အချို့ဆိုလျှင် အလုပ် လုပ်ရာ နေရာတွင် ခွဲခြား ဆက်ဆံ ခံရမှုများ ရှိကြောင်း စွပ်စွဲ ခဲ့ကြသည်။

                မြောက်ကိုရီးယား၌ အလုပ်လက်မဲ့နှုန်းမှာ ပြီးခဲ့သည့် သြဂုတ်လ က ဒုက္ခသည်များတွင် 8.8% ရှိခဲ့ရာ၊ တစ်နိုင်ငံလုံး၏ အလုပ်လက်မဲ့နှုန်း 3.3% နှင့်ယှဉ်လျှင် များနေသည်။ ဒုက္ခသည်များ၏ ထက်ဝက်ခန့်မှာ ပြီးခဲ့သည့် နှစ်က တစ်လ လျှင် ဝင်ငွေ ဝမ် တစ်သန်း(ဒေါ်လာ-၉၂၄) ထက်နည်းပြီး၊ တောင်ကိုးရီးယား နိုင်ငံသားများထက်စာလျှင် သုံးပုံ တစ်ပုံခန့်သာ ဝင်ငွေ ရှိနေသည်။

                ပြီးခဲ့သည့် ဇန်နဝါရီလက ဆိုးလ်သည် ဒုက္ခသည်များအတွက် အေဂျင်စီများတွင် အလုပ်အကိုင်နေရာများ သတ်မှတ်ပေးပြီး အလုပ်လက်မဲ့ ပြဿနာကို ကိုင်တွယ်ခဲ့သည်။

*******************************************************************

မွန်ဂိုလီးယားတွင် လုံခြုံရေး ထူထဲစွာချ

( 30 May 2011 ရက်စွဲပါ AP ၏ China’s Inner Mongolia region under heavy security ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်နိုင်ငံအတွင်းပိုင်း မွန်ဂိုလီးယားဒေသတွင် တိရစ္ဆာန် ကျောင်းသမားတစ်ဦးကို တရုတ်ထရပ်ကား မောင်းသူတစ်ဦးက တိုက်ခိုက်၍ သေဆုံးရခြင်းကြောင့် ဆူပူမှုများ ဖြစ်ပွားသဖြင့် လုံခြုံရေးများ ထူထဲစွာ ချထားလိုက်သည်။

                ဟိုတယ်များနှင့် အခြားစီးပွားရေးလုပ်ငန်းများသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အရ တနင်္လာနေ့က ရဲများ အင်အားပြလျက်ရှိပြီး အင်တာနက်ကိုလည်း ဖြတ်တောက်ထားကြောင်း ဆိုသည်။

                ပြီးခဲ့သည့်အပတ်က ဆန္ဒပြပွဲများသည် အနှစ်နှစ်ဆယ်အတွင်း အကြီးဆုံးဖြစ်ပြီး၊ ယူနီဖောင်းဝတ် ကျောင်းသား များ ဦးဆောင်၍ မွန်ဂိုလီယား တိုင်းရင်းသား ထောင်ပေါင်းများစွာ ပါဝင်သည်။ အဆိုပါ  ဆန္ဒပြပွဲများသည် တိရစ္ဆာန် စားကျက်မြက်ခင်းများကို ဖြတ်မောင်းသော ကျောက်မီးသွေး တင် သော ထရပ်ကားတန်းကြီးကို တားဆီးရန် ကြိုးစားသော မွန်ဂိုလီးယား တိုင်းရင်းသား တိရစ္ဆာန် ထိန်းကျောင်းသူ သေဆုံးရခြင်းကြောင့် ဖြစ်ပေါ်ခဲ့ ခြင်း ဖြစ်သည်။

                ဆန္ဒပြပွဲများ၏ နောက်ကွယ်မှ အကြောင်းမှာ မွန်ဂိုလီးယားဒေသသို့ တရုတ်လူမျိုးများ မြောက်များစွာ ပြောင်းရွှေ့ လာမှုကြောင့် မွန်ဂိုလီးယား လူမျိုး ပျောက်ကွယ်ရန် ခြိမ်းခြောက်မှုများ ရှိလာခြင်းကြောင့် ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment