Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁.၆.၂၀၁၁

ပြည်တွင်းသတင်းများ

Yangon Airways အား Max ကုမ္မဏီမှ လွှဲပြောင်းရယူခြင်း မရှိ

ရန်ကုန်၊ မေ ၃၁။

Yangon Airways လေကြောင်းလိုင်းအား မက်စ်မြန်မာကုမ္မဏီမှ လွှဲပြောင်းရယူခြင်းမရှိကြောင်း မေလ ၃၀ ရက်နေ့က ယင်းကုမ္မဏီမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

အဆိုပါတာဝန်ရှိသူက “ ကျွန်တော်တို့အနေနဲ့ ရန်ကုန်အဲယားဝေး လေကြောင်းလိုင်းကို လွှဲပြောင်းရယူဖို့ အစီအစဉ် မရှိပါဘူး။ ဒီသတင်းက မှားပါ တယ်”ဟု ငြင်းဆိုသွားခဲ့သည်။

အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်တွင် မက်စ်မြန်မာကုမ္မဏီမှ ရန်ကုန်အဲယားဝေး လေကြောင်းလိုင်းအား လွှဲ ပြောင်းလုပ်ကိုင်ခွင့် ရရှိခဲ့ပြီး၊ ဇွန်လ ဒုတိယပတ်တွင် စတင်ပြေးဆွဲနိုင်ရန် ပြင်ဆင်နေသည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရန်ကုန်ခရော်နီကယ်သတင်းလွှာမှ ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်  သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော လေကြောင်းအင်ဂျင်နီယာတစ်ဦးက “ မေလ အလယ်လောက်တည်းက ရန်ကုန်အဲယားဝေး လေယာဉ်တွေကို ပြန်လည် ပြင်ဆင်နေတာတော့ ရှိတယ်။ ဘယ်ကလုပ်ခိုင်းတယ်ဆိုတာလည်း ကျွန်တော်တို့မသိဘူး” ဟု ဆိုသည်။

နယ်ခြားစောင့်တပ်အဖြစ်သို့ ဝတပ်ဖွဲ့များ အသွင်မပြောင်းသည့် ကိစ္စရပ်နှင့်ပက်သက်၍ အဆိုပါ လေကြောင်းလိုင်းအား ပိတ်သိမ်းခဲ့ခြင်း ဖြစ်ပြီး ယင်းလေကြောင်းလိုင်းအား ပြန်လည်ပြေးဆွဲခွင့်ရရန် ထူးထရေးဒင်းမှ ဦးတေဇနှင့် ကမ္ဘောဇကုမ္မဏီများအုပ်စုမှ ဦးအောင်ကိုဝင်းတို့ ကြိုးစားခဲ့သော် လည်း အဆင်ပြေခြင်းမရှိကြောင်း ယင်းအသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်းရပ်ကွက်မှသိရှိရသည်။

ရန်ကုန်အဲယားဝေးအား ဝ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအိုက်ဟော့(ခေါ်) စိုင်းဟော့မှ ပိုင်ဆိုင်ခြင်းဖြစ်ကာ ၎င်းသည် ဝ ခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက်ဖြစ်ကြောင်း၊ ဘိန်းမှောင်ခိုမှု၊ ငွေကြေးခဝါချမှုများနှင့် ပတ်သက် ပြီး မြန်မာအစိုးရ၏ ဖမ်းဆီးခြင်းမှ လွတ်ကင်းရန် မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ရှိ ဝ ဒေသတွင် တိမ်းရှောင်နေသူ ဖြစ်သည်။

ကျော်စွာ

 -----------------------------------------------------------------------------------------------------------------------------------

Passport လုပ်ရာ၌ အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၀သို့ ပြောင်းလဲ

အစိုးရသစ်လက်ထက် ယခုနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ပနိုင်ငံသွားလာခွင့် (Pass Port) ပြုလုပ်ရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ယခင်က အခွန်ပုံစံ ၁၇ ဖြင့်ခွင့်ပြုနေရာမှ ယခုအခါ ပုံစံ ၁၀ သို့ ပြောင်းလဲပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက မေလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများသည် နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ယခင် အမြတ်ခွန်ဥပဒေအရ ပုံစံ အမခ(၁၇) ကိုထုတ်ပေးခဲ့သော်လည်း ယင်းစနစ်သည် ၂၀၁၁ ဧပြီလ လဆန်းမှစတင်ကာ အကျိုးသက်ရောက်မှုမရှိတော့ဘဲ လက်ရှိအသုံးပြုနေသည့် ဝင်ငွေခွန်ဥပဒေအရ ပတခ-ဝင(၁၀) ကို အစားထိုး ထုတ်ပေးလိုက်ကြောင်း အထက်ပါတာဝန်ရှိသူမှ ဆက်လက်ပြောကြားသည်။

ပြည်ပသို့နိုင်ငံသို့ထွက်ခွာရန် နိုင်ငံကူးလက်မှတ် (Pass Port) ပြုလုပ်လိုသူ တိုင်းသည် အခွန်ကင်းရှင်းကြောင်း ပုံစံထုတ်ယူရာ၍ အိမ်ထောင်စု ဇယား၊ မှတ်ပုံတင်၊ ပတ်ပို့စ်လျှောက်ထားသည့် အထောက်အထား၊ ပြည်ပနိုင်ငံသို့ ထွက်ခွာရသည့် ကိစ္စရပ်နှင့်ပတ်သတ်သည့် အထောက်အထား၊ အခွန်ထမ်းများဖြစ်ပါက အခွန်ထမ်း ဆောင်ခဲ့သည့်အထောက်အထားများကိုပါ တစ်ပါတည်း ယူဆောင်ကာ သွားရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့လျှောက်ထားရာတွင်လည်း ပေးဆောင်ရမည့်အခွန်နှင့် ပတ်သတ်၍ ခံဝန်ချက်ပြုလုပ်သွားရန် လိုအပ်ပြီး၊ခံဝန်ချက် ပြုလုပ်ရာတွင် ခံဝန် အာမခံပြုလုပ်ပေးမည့် ပုဂ္ဂိုလ်နှစ်ဦးတို့ကိုလည်း မိမိနှင့် တစ်ပါတည်းခေါ်ဆောင်သွားရန် လိုအပ်ကြောင်းသိရသည်။

ပြည်ပထွက်ခွာခွင့်လျှောက်ထားသူက အခွန်မဆောင်ပါက အာမခံပေး သူနှစ်ဦးက တာဝန်ခံရမည်ဖြစ်ကြောင်း သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ PDP ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြု

၂၀၁၁ နိုင်ဝင်ဘာအတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအခြေစိုက် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ပြုမည်မဟုတ်ကြောင်း ယင်းပါတီမှ ဥက္ကဌ ဦးနေမျိုဝေက ဆိုသည်။

၎င်းက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တာက ပါတီရဲ့ရပ်တည်မှုကို မထိခိုက်အောင်သာ ဝင်ပြိုင်လိုက်တာပါ။ လာမယ့် ကြားဖြတ်ရွေးကောက် ပွဲကိုတော့ ကျွန်တော်တို့ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဆက်လုပ်စရာရှိတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင် သွားမှာပါ” ဟုဆိုသည်။

ယင်းပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် မပါဝင်ခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အာဏာရပြည်ခိုင်ဖြိုး အစိုးရအား ယုံကြည်မှု မရှိခြင်း ကြောင့် ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လစ်လပ်သွားသော လွှတ်တော်ကိုယ်စားလှယ်နေရာများမှာ အမျိုးသားလွှတ်တော်တွင် ၁ နေရာ၊ ပြည်သူ့လွှတ် တော်တွင် ၅ နေရာ ဖြစ်ကြောင်း သိရှိရသည်။

ယင်း လွှတ်တော်ကိုယ်စားလှယ်နေရာများကို ပြည်ခိုင်ဖြိုးပါတီမှ နေရာလပ်မချန် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးစိုးနိုင်က ဆိုသည်။

နိုင်ငံရေးပါတီများ ရပ်တည်ခွင့်ရရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်သော ပါတီတည်ထောင် သူ ၁၅ ဦးရှိရမည်။ ပါတီဝင် အင်အား ၁၀၀၀ တင်ပြနိုင်ရမည်။ကျင်းပသောရွေးကောက်ပွဲတွင် အနည်းဆုံး ကိုယ်စားလှယ် ၃ ဦးဝင်ရောက်ယှဉ်ပြိုင်ရမည် စသည့် စည်းကမ်းချက်များ သတ် မှတ်ထားကြောင်း သိရှိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

တစညပါတီမှ အဆိုနှင့်မေးခွန်းများတင်သွင်းတော့မည်

မကြာမှီ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ မေးခွန်းနှင့် အဆိုများ စတင်တင်သွင်းတော့မည်ဖြစ်ကြောင်း တစညပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှစ၍ အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများအား လုပ်ဆောင်သွားမည်ဟု သဘောတူထားကြောင်း၊ ပြည်ထောင် စုလွှတ်တော်သို့ ရောက်ရှိသွားသည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ယခုကဲ့သို့ပင် ပြောထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။

ပထမအကြိမ်ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ အဆိုတင်သွင်းခြင်း၊ မေးခွန်း မေးခွန်းခြင်း များကို ပြုလုပ်ခဲ့ခြင်းမရှိပဲ အခြားပါတီမှ လုပ်ဆောင်နေမှုများကိုသာ ထောက်ခံအားပေးခြင်းမျိုး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင် ဖြစ်ပျက်သမျှကိစ္စရပ်များအား ပြန်ပြောင်းပြော၍ အတည်ပြုနေရမည့် ကိစ္စရပ်များကို မပြောလိုတော့ကြောင်း၊ ယခု ပြန်ပြင်ဆင်ထားသည့် ကိစ္စရပ်များရှိကြောင်း၊ ပထမအကြိမ်လွှတ်တော်၌ အဆိုနှင့် မေးခွန်းများ မတင်ခဲ့သည့်အတွက် မိမိတို့ပါတီအားထောက်ခံခဲ့သည့် ပြည်သူများအနေဖြင့် အားမလိုအားမရဖြစ်ခဲ့ရကြောင်း၊ လွှတ်တော်ကြီးတွင် ယင်းကိစ္စရပ်များအား မတင်သော်လည်း ပြင်ပတွင် သက်ဆိုင်ရာမြို့နယ် ဒေသများအတွက် ပြောဆို ခြင်းများရှိသည်ပာု ဒေသခံများအား ပြောထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင် မောင်ဉာဏ်က ပြောကြား ခဲ့သည်။

မိမိတို့ဒေသ၌တိုးတတ်ကောင်းမွန်မှုများဖြစ်ပေါ်ရန် မျှော်လင့်ထားကြောင်း၊ ဒေသတွင်လည်း ပျက်ယွင်းနေသည့် တံတားများကို ပြုပြင်ပေးရန် ကြိုးစားမည်ပာု ကတိပြုထားကြောင်း၊ ရန်ကုန်သို့အရောက် ကားလမ်းဖောက်လုပ်ရန် စီမံချက်များရေးဆွဲ၍ ကြိုးစားလျှက်ရှိကြောင်း တစညပါတီဝင် တစ်ဦးက ပြောကြားခဲ့သည်။

ပါတီအနေဖြင့်လည်း ကိုယ်စားလှယ်များ&