Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. နိုင်ငံပိုင်သတင်းစာများ ပုဂ္ဂလိကနှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်
  2. ပုသိမ်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယ ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ်ရန်စီစဉ်
  3. ဆီဆိုင်ဝန်ထမ်းများ၏ အကျင့်ပျက်မှုများကို သိရှိနိုင်ရန် CCTV ကင်မရာတပ်ဆင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်နေသေးကြောင်း ကွင်တားနားပြောကြား
  1. တနင်္သာရီအစိုးရ သတင်းထောက်များကို တင်းကျပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. လူပြောများသည့် ရက်ပေါင်းတစ်ရာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

နိုင်ငံပိုင်သတင်းစာများ ပုဂ္ဂလိကနှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်

နိုင်ငံပိုင်သတင်းစာများသည် ပုဂ္ဂလိကအား သတင်းစာထုတ်ဝေခွင့် ပေးမည်ဆိုပါက ယှဉ်ပြိုင်မှု အဆင်ပြေစေရန် ရည်ရွယ်၍ သတင်း   တင်ဆက်မှု ပုံစံများကို သြဂုတ်လဆန်းမှ စတင်ကာ ပြောင်းလဲနေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။

“အခုလောလောဆယ်တော့ သတင်းတွေကို ကဏ္ဍအစုံပါဝင်စေချင်လို့ ပြင်ပက စာမှုရှင်တွေကို ဖိတ်ခေါ်နေပါတယ်”ဟုဆိုသည်။

ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် စီးပွားရေးကဏ္ဍကို အဓိကထား အားပြုထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်သတင်းစာ ဖြစ်သည့်အတွက် အစိုးရမှ ချမှတ်ထားသော မူဝါဒများအရသာ လုပ်ဆောင်သွားမည် ဖြစ်ပြီး စာဖတ်သူများအတွက် အကျိုးရှိစေမည့် နေ့စဉ်သတင်းစာကောင်းတစ်ရပ်အဖြစ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“ပုဂ္ဂလိကကိုလည်း သတင်းစာထုတ်ခွင့် ပေးမယ်ဆိုတော့ သတင်းစာတွေရဲ့ ပုံစံတွေ တင်ဆက်ပုံတွေလည်း ပြောင်းရတော့မှာပေါ့။ ဒါမှ ယှဉ်ပြိုင် နိုင်မှာ” ဟု မြန်မာ့သတင်းစဉ်မှ သက်တမ်းရင့်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

နိုင်ငံပိုင်သတင်းစာများတွင် တာဝန်ထမ်းဆောင်သူများက နီးစပ်ရာ သတင်းထောက်များအား သတင်းတစ်ပုဒ်လျှင် နှစ်ထောင်ကျပ်မှ ခုနှစ်   ထောင်ကျပ်အထိ စာမူခပေးမည်ဟု ပြောဆိုကြောင်း  နိုင်ငံပိုင်သတင်းစာများတွင် သတင်းရေးသားပေးရန် ကမ်းလှမ်းခြင်းခံရသူ ပြည်တွင်း သတင်းထောက် အသိုင်းအဝိုင်းက သိရသည်။

နိုင်ငံပိုင်သတင်းစာများ၏ နောက်ဖုံးတွင် ပါရှိသည့် ပြည်ပမီဒီယာများအား တိုက်ခိုက်သည့် ကြွေးကြော်သံများအား သြဂုတ်လ ဒုတိယရက် သတ္တပတ်မှစတင်ကာ ဖယ်ရှားလိုက်ပြီးကြောင်း သိရှိရသည်။

YC(KS)

--------------------------------------------------------------------------------------------------------------------------------

ပုသိမ်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယ ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ်ရန်စီစဉ်

မြန်မာနိုင်ငံ၏ ဒုတိယ ရေနက်ဆိပ်ကမ်းကို ဧရာဝတီတိုင်း ပုသိမ်မြို့ ဆိပ်ကမ်းတွင်ဆောက်လုပ်ရန် မြန်မာနိုင်ငံအစိုးရမှ နိုင်ငံခြားကုမ္ပဏီ      များနှင့် ဆွေးနွေးနေပြီ ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ဆိပ်ကမ်းကို ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ်နိုင်ရန် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအစိုးရတို့ ဆွေးနွေးမှုများ ပြုလုပ်နေပြီး မကြာမီ ဆောက်လုပ်သွားရန် အစီအစဉ်များရှိကြောင်း ပြည်ပမီဒီယာတစ်ခုမှ ရေးသား ဖော်ပြခဲ့သည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်မှ ပုသိမ်ဆိပ်ကမ်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရန်အတွက် ထိုင်း ကုမ္ပဏီနှင့် တည်ဆောက်ရေးလုပ်ငန်းအတွက် ယခုရက်သတ္တပတ်အတွင်း ပုသိမ်သို့ သွားရောက်မည် ဖြစ်ကြောင်း အထက်ပါမီဒီယာမှ ဆက်လက် ဖော်ပြခဲ့သည်။

ပုသိမ်ဆိပ်ကမ်းမှ နိုင်ငံခြားသို့တိုက်ရိုက် ကုန်သွယ်မှုအဖြစ် ပထမဆုံးအကြိမ် ဆန်တန်ချိန် ၃၁၀၀ သြဂုတ်လအတွင်း တင်ပို့သွားမည်ဖြစ်    ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်မှ သြဂုတ်လ ၂၂ ရက်နေ့က ပုသိမ်မြို့တွင် ပြောကြားခဲ့ကြောင်း သိရ သည်။

ပုသိမ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းတွင် တန်ချိန် ၇ ထောင်မှ ၁ သောင်းအထိ သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ပုသိမ်နှင့် ပမ္မဝတီ ဆိပ်ကမ်းကြားတွင်ရှိသော ကျောက်တန်းကြီးကို ဖြိုဖျက်ရမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်း အမှန်တကယ်ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရေနက်ဆိပ်ကမ်း ဖြစ်လာ     မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနက်ဆိပ်ကမ်းဖြစ်ပြီ လုပ်ငန်းနှင့် မလွတ်ကင်းသော ရေဖြူမြို့နယ်၊ ဖောင်တော ကျေးရွာအနီးအနားမှ လယ်ယာမြေများကို သိမ်းဆီးခဲ့ပြီး အချို့မြေပိုင်ရှင်များကို လျော်ကြေးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သဘောတူညီချက်ကို ၂၀၀၈ ခုနှစ် တွင် လက်မှတ်ရေးထိုး ခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

ဆီဆိုင်ဝန်ထမ်းများ၏ အကျင့်ပျက်မှုများကို သိနိုင်ရန် CCTV ကင်မရာ တပ်ဆင်မည်

ပြည်တွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဝယ်ယူသူနှင့် ဆီဆိုင်ဝန်ထမ်းများ ပူးပေါင်း၍ ဆီမသမာ ထုတ်ယူမှုများကို သိရှိနိုင်ရန် CCTV ကင်မရာများ တပ်ဆင်၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ဆီဆိုင်များတွင် မသမာမှုဖြင့် ဆီထုတ်ယူသည့် ယာဉ်များအပြင် ဆီဆိုင်ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကိုပါ သိရှိ အရေးယူ နိုင်ရန် သြဂုတ်လ ၁၃ ရက်နေ့မှ စတင်၍ စက်သုံးဆီဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချ သူများအသင်းမှ အကြောင်းကြားထားကြောင်း သိရသည်။

စက်သုံးဆီ မှောင်ခိုဈေးကွက် ပပျောက်သွားစေရန်နှင့် ဆီမသမာထုတ်ယူမှုများ လျော့ကျသွားနိုင်စေရန် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများ အသင်းမှ ပထမဆုံးအကြိမ်အဖြစ် စက်သုံးဆီ ထုတ်ယူသည့် ယာဉ်များအား စာအုပ်နှင့် တစ်နေ့တစ်ကြိမ် ထုတ်ယူခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် တစ်နေ့ တစ်ကြိမ်အစား စက်သုံးဆီတစ်ကြိမ် ထုတ်ယူလှ