Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခြင်း၏နောက်ကွယ်

(The Diplomat မှ သုံးသပ်ချက်ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

  1. တရုတ်တို့၏ အဓမ္မကြင်ဖော်ဖြစ်နေသော မြန်မာမိန်းကလေးများ

(The Telegraph မှ 4 Sept 2011 ရက်စွဲပါ “Burma’s women forced to be Chinese Brides” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. ဂျပန်နှင့် တောင်ကိုရီးယား ကုန်ထုတ်လုပ်မှုများ ဇူလိုင်လတွင်းကျဆင်း

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့တပ်မတော်က လွတ်ငြိမ်းချမ်းသာခွင့်ကို ရေရွတ်သတဲ့လား

(News Scotsman မှ 4 Sept 2011 ရက်စွဲပါ “ Burma’s bramy army cry freedom” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

******************************************************************************************

မြန်မာနိုင်ငံတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခြင်း၏ နောက်ကွယ်

(The Diplomat မှ သုံးသပ်ချက်ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

အကယ်၍ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းခေါင်းစဉ်များကို ညွှန်းကိန်းများအဖြစ် သတ်မှတ်မည်ဆိုပါက ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာနှစ် သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) နှင့် ပတ်သက်ပြီး အောင်ပွဲခံသည့်နှစ်ဟုပင် ဆိုရပေမည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် အဆိုပါနှစ် အတွင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးနီးပါးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိခဲ့သောကြောင့်ဖြစ်သည်။

ထို့ပြင်အဆိုပါပမာဏသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ် နှစ်ခုပေါင်း ကာလကထက်ပိုမိုရရှိခဲ့ခြင်းဖြစ်သလို အရှေ့တောင်အာရှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ အလွန်ကောင်းလာသည့် ဗီယက်နမ်နိုင်ငံထက်ပင် သာလွန်ခဲ့သည်။ မြန်မာသို့ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များမှာလည်း အာရှနိုင်ငံများမှသာဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ရခြင်းမှာအံ့အားသင့်စရာတော့မဟုတ်ပေ။ အကြောင်းမှာ စီးပွားရေးပိတ်ဆို့ အရေးယူမှု များနှင့် လူမှုဆက်ဆံရေးတွင် ဆိုးရွားသော အမည်းစက်များရှိနေခြင်းတို့က အနောက်ကုမ္ပဏီကြီးများအနေဖြင့် ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုမပြုအောင် ဟန့်တား နေခြင်းကြောင့်ဖြစ်လေသည်။ သို့သော် မြန်မာနှင့်ပတ်သက်သော သတင်းခေါင်းစဉ်များက လုံးလုံးလျားလျား အပြုသဘောဆောင်ပါသည် ဟူသည့် သဘောမျိုးဖော်ကျူးနေချိန်တွင် အသေးစိတ် အချက်အလက်များ ကိုလည်း လေ့လာကြည့်ရန် လိုအပ်မည် ထင်ပါသည်။

မြန်မာနိုင်ငံတွင် FDI နှင့်ပတ်သက်၍ ပထမဆုံးမှတ်ချက်ပေးနိုင်သည်မှာ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီးဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိသည်ဟူသော ကိန်းဂဏန်းကိစ္စပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများကို လုပ်ကိုင်ခွင့်ပြုမည်ဟု မီးစိမ်းပြထားသည့် ကိန်းဂဏန်းဟုဆိုလျှင် လည်း ရသည်။ သို့သော်စိတ်ဝင်စားစရာကောင်းသည်မှာ ယင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများအတွက် ယနေ့အချိန်အထိ ငွေကြေးတစ်စုံတစ်ရာ ရင်းနှီး မတည်မှု မပြုလုပ်ရသေးခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကွန်ဖရင့်(UNCTAD) အဆိုအရ ယမန်နှစ်အတွင်း မြန်မာနိုင်ငံသို့ စီးဝင်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၇၅၆ သန်းကျော်သာ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် တန်းတူနီးပါး ဖြစ် သည်။ ကမ္ဘောဒီးယား၏ ၂၀၁၀ ပြည့်နှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၇၈၃ သန်းဖြစ်ပြီး ဗီယက်နမ်မှာ ဒေါ်လာ ၈ ဒဿမ ၂ ဘီလီယံဖြစ် သည်။ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုနှင့် ပတ်သက်ပြီး UNCTAD က ကိန်းဂဏန်းများထုတ်ပြန်ရာတွင် အဆိုပါနိုင်ငံနှစ်နိုင်ငံကိုလည်း ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဖြည့်စွက်ဆိုရမည်ဆိုပါက မြန်မာနိုင်ငံက ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံအနည်းငယ်မျှဆီကသာ ဝင်ရောက်လာခြင်း ဖြစ်သည်။ စာရင်း အတိအကျအရ ပြောပါက နိုင်ငံပေါင်း ၇ နိုင်ငံမှဖြစ်သည်။ ထိုနိုင်ငံများအနက် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာများပြားသည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုများ တန်ဖိုးမှာ ဒေါ်လာ ၈ ဒဿမ ၃ သန်းမျှသာ ရှိခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်များတွင် တဖြည်းဖြည်း များပြားလာသည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်းရရှိခဲ့သော စာရင်းဇယားများအရ တရုတ်သည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၃၅၀ ခန့်ဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်သည့် နိုင်ငံများ စာရင်းဝင်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများအပြားပြုလုပ်သည့် အခြားသော နိုင်ငံများမှာ တောင်ကိုရီးယား၊ ထိုင်းနှင့် ဟောင်ကောင်တို့ ဖြစ်ကြသည်။ သို့တိုင်အောင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သော ကုမ္ပဏီကြီးများမှာ တရုတ်ပြည်မ ကြီးတွင် နေထိုင်သူများ ပိုင်ဆိုင်ခြင်း ဖြစ်သည်။ နှိုင်းယှဉ်ချက်အားဖြင့်ပြောမည်ဆိုပါက ဗီယက်နမ်သည်လည်း မြန်မာနိုင်ငံနီးပါးပင် ယမန်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများစွာ ဆွဲဆောင်နိုင်ခဲ့သည်ကိုတွေ့ရသည်။ (ဗီယက်နမ် FDI မှာ ဒေါ်လာ ၁၉ ဒဿမ ၅ ဘီလီယံဖြစ်ပြီး၊ မြန်မာမှာ ဒေါ်လာ ၂၀ ဘီလီယံ ဖြစ်သည်) သို့သော် ဗီယက်နမ်သို့ ဝင်ရောက်သော ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံပေါင်း ၅၁ နိုင်ငံမှဖြစ်သည်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ အိန္ဒိယနိုင်ငံမှလာသော ရင်းနှီးမြှုပ်နှံမှုများပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု များနှင့် ပတ်သက်လာပါက အိန္ဒိယသည် အာရှအင်အားကြီး၊ အိမ်နီးချင်း တရုတ်ပြည်နှင့် မဟာဗျူဟာပြိုင်ဘက်နိုင်ငံကြီးတစ်ခုအဖြစ် အမွှန်းတင်ပြောဆို ခံထားရသည့်တိုင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းကို ကြည့်ရသည်မှာ တရုတ်နှင့်များစွာကွာခြားနေသည်ကို တွေ့ရသည်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ လတစ်လျှောက် တဖြည်းဖြည်းချင်း တိုးပွားလာသော အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ နှစ်သိန်းမျှသာဖြစ်သည်။ သို့သော် အိန္ဒိယမှာ နောက်ဆုံး တွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာသည်ကိုတွေ့ရသည်။ ဒေါ်လာ ၁၃၇ သန်းတန် ကုလားတန် စီမံကိန်းမှာ မြန်မာနိုင်ငံတွင်း အိန္ဒိယ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ယင်းစီမံကိန်းနေရာမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသော စီမံကိန်းနေရာနှင့် နီးစပ်ရာတွင် ရှိ သည်။

အတိတ်ကာလတွင် ခွင့်ပြုပြီးသားဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းများဖြင့် အသေးစိတ် အကြောင်းကိစ္စများကို သိရှိရန် ခဲယဉ်း သော်လည်း အဆိုပါကိန်းဂဏန်းများသည် အနာဂတ် ရင်းနှီးမြှုပ်နှံမှုအလားအလာကို ညွှန်းဆိုရာ၌ လွန်စွာအသုံးဝင်ပါသည်။ အကယ်၍ ယခုနှစ် အတွင်းရရှိခဲ့သော သဘောတူခွင့်ပြုချက်များသည် ညွှန်းကိန်းများ ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံသည် FDI အခန်းကဏ္ဍတွင် စွမ်းအင်တူးဖော်ထုတ်လုပ် ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအစရှိသော အဆင့်မြင့်စီမံကိန်းကြီးများအတွက် သီးခြားသတ်မှတ်ထားပြီး ဖြစ်သည်ဟုပင် ဆိုရမည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂၀ ဘီလီယံတွင် ၅၈ ရာခိုင်နှုန်းမှာ စွမ်းအင်တူးဖော်ထုတ်လုပ်ရေး အခန်းကဏ္ဍအတွက်ဖြစ်ပြီး ၄၁ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ဖြစ်သည်။ (ဧရာမ ဆည်တမံကြီး အနည်းငယ် တည်ဆောက်မှုအတွက်လည်းပါဝင်သည်။) အခြား ကျန်ရှိသည့် ၁ ရာခိုင်နှုန်းမှာမူ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေး အခန်းကဏ္ဍတွင်ဖြစ်သည်။ သို့သော် အိမ်ယာမြေ သို့မဟုတ် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသာမက အခြားသော အခန်းကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သဘောတူခွင့်ပြုချက်မရရှိသေးပေ။ ယမန်နှစ်တွင် သဘောတူ ခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်းပမာဏမှာ အပြသဘောမျှသာဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု အတွင်း အခန်းကဏ္ဍအလိုက် ခွဲဝေ မ*