Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. တိုက်ပွဲဖြစ်ပွားသော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆက်လုပ်မည်
  2. ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေးဆွဲ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့်ရ
  2. လွှတ်တော်ကိုယ်စားလှယ်များအား အသုံးစရိတ်ကြိုတင်ထုတ်ပေးခြင်းမရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အရပ်ဖက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

တိုက်ပွဲဖြစ်ပွားသော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆက်လုပ်မည်

တပ်မတော်နှင့် ကရင်အမျိုးသားအဖွဲ့ချုပ်(KNU) တို့အကြား တိုက်ပွဲများဖြစ်ပွားနေသော်လည်း ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းအား ပြီးဆုံးသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၌ တည်ဆောက်လျက်ရှိသော ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားစေနိုင်ပြီး စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်း ထားဝယ်ရေနက်ဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စက်မှုဇုန်တစ်ခုဖြစ်လာနိုင်ကြောင်း အီရန်နိုင်ငံအခြေစိုက် မီဒီယာ တစ်ခုတွင် ရေးသားခဲ့သည်။

၎င်း ထားဝယ်ရေနက်ဆိပ်ကမ်းကို အီတာလျံထိုင်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၁၀ နှစ်ဖြစ်ပြီး ၎င်း စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

၎င်း စီမံကိန်း၌ ရေနက်ဆိပ်ကမ်းဝန်ဆောင်မှုများ၊ ရေနံချက်စက်ရုံနှင့် ဧရာမစက်မှုဇုန်ကြီးတစ်ဇုန် ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ၎င်း ဆိပ်ကမ်းစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်း ၁,၀၀,၀၀၀ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

                                                      Ref: Messenger 

-----------------------------------------------------------------------------------------------------------------------------------

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေးဆွဲ

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု မြေယာဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲလိုက်ပြီဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောသည်။

“ပြည်ပကလာရောက် ရင်းနှီးမြှုပ်နှံသူအနေနဲ့ အစိုးရပိုင်မြေတွေကိုပဲ ဌားရမ်းခွင့်ရှိတယ်။ အခုပုဂ္ဂလိကပိုင် မြေကွက်များကိုလည်း ဌားခွင့်ပြု လိုက်ပါပြီ။” ဟု ယင်းပုဂ္ဂိုလ်ကပြောဆိုသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ခုလုံးကိုမူ နောက်ခေါ်မည့်လွှတ်တော်၌ အတည်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် မြန်မာပြည်သားအမည်ခံ နိုင်ငံခြားသားပိုင် ပြုလုပ်ထားမှုများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာ၌လာရောက်ပြီး ပြန်လည် လျှောက်ထားမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်းဦးအောင်နိုင်ဦးကပြောသည်။

ပြည်တွင်းစက်မှုလုပ်ငန်းပိုမိုဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်လမ်းများ ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

Peace press

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့်ရ

ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်း၊ အင်တာဗျူးကဏ္ဍ များအား ပြည်တွင်းစာပေစိစစ်ရေးအဖွဲ့ မှ ပိတ်ပင်ထားခဲ့ သော်လည်း ယခုအခါ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၅ ရက်နေ့ထုတ် ပြည်တွင်းထုတ် Messenger ဂျာနယ်တစ်စောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး ဖော်ပြခွင့် ရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ခေတ်ဂျာနယ်တွင် ဒေါ်အောင်းဆန်းစုကြည်ကိုယ်တိုင်းရေး ဆောင်းပါး ထည့်သွင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း စိစစ်ရေး၏ ဖြတ်တောက်မှုများကြောင့် သူမက ဖြတ်တောက်ခံရသည့် စာမူကို ပုံနှိပ်ဖော်ပြရန် ငြင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးချိန်မှ စတင်၍ ပြည်တွင်းဂျာနယ် တော်တော်များများတွင် ၎င်းနှင့် ပတ်သက်သည့် သတင်းအား အပတ်စဉ် ရေးသား၍ စာပေစိစစ်ရေးသို့ တင်ပြခဲ့သော်လည်း စာပေစိစစ်ရေးက ခွင့်ပြုဖော်ပြခြင်းမရှိဘဲ ယခုတစ်ကြိမ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းအား ဖော်ပြခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အင်တာဗျူးတစ်ခုအား ပြည်တွင်းထုတ် Messenger ဂျာနယ်တွင် ပြန်လည်ဖော်ပြခွင့်ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူတစ်ဦးက “အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်သည့် သတင်းကိုပိတ်လိုက်တယ်ဆိုတာ ဘာကြောင့်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူး။ အခုတော့ အဲ့လိုမပာုတ်ဘူး။ ပြန်လည်ဖော်ပြခွင့်ရရှိတယ်ဆိုတာ သတင်းလွတ်လပ်ခွင့် ပိုတိုးတက်လာတယ်လို့ ပြောရမှာပေါ့။ ပြည်သူတွေရဲ့ သဘောကတော့ ဘာသတင်းပဲဖြစ်ဖြစ် သိချင်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ မပာုတ်ဘူး။ အစိုးရအဖွဲ့ထဲက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကော ဘယ်သူနဲ့ပဲတွေ့တွေ့၊ ဘယ်သူနဲ့ပဲ ဘာပြောပြော အရေးကြီးတယ်ဆိုရင်တော့ ပြည်သူတွေအားလုံး သိသင့်တယ်။ ဒါပာာ သတင်း လွတ်လပ်ခွင့်ရဲ့ တန်ဖိုးပဲ” ပာု ပြောကြားခဲ့သည်။  ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး Messenger ဂျာနယ်တွင် ဖော်ပြခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ဂျာနယ်တစ်ခုမှ အယ်ဒီတာတစ်ဦးမှလည်း “ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ ပြန်လည်ဖော်ပြခွင့်ရရှိခဲ့တယ်ဆိုတာ တော်တော်ကို ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုမပာုတ်ဘဲ နာမည်မရှိသေးတဲ့ ပညာရှင်တွေက ပြောတဲ့ စကားတွေကိုလည်း ဖော်ပြသင့်ပါတယ်။ ဒါတင်မကဘူး ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ပြည်သူတွေရဲ့ခံစားချက် အသံတွေကိုပါ အမြဲဖော်ပြခွင့်ရရှိမယ်ဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့် ရရှိပြီလို့ ပြောလို့ရတယ်” ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်တတ်လာပြီးနောက်ပိုင်းတွင် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းလောက ပိုမိုးတိုးတက်လာရန်နှင့် ပွင့်လင်းမြင်သာမှု ပိုမိုရှိလာနိုင်စေရန် ပြည်တ