Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လူမှုရေးအသင်းဖွဲ့များ တစ်နိုင်ငံလုံးအတိုင်းအတာထိ စုစည်းပြီ
  2. တရုတ်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာကျပ်ငွေ ချိတ်မိ
  3. ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တွင် သတင်းထောက်များအား ငွေပေးလာဘ်ထိုး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အစိုးရဌာနများတွင် အားနည်းချက်များစွာ ရှိကြောင်း ထိပ်တန်းအရာရှိများဆို
  1. လွှတ်တော်အစည်းအဝေး ၁၀ ရက်အတွင်း မေးခွန်း ၁၄၁ ခု ဖြေကြား၊ ဥပဒေကြမ်း ၆ ခု အတည်ပြုနှင့် အဆို ၄၃ ခု တင်သွင်း 
  2. နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီအရသာနှင့် ထိုင်းပါလီမန်ခရီး

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

လူမှုရေးအသင်းဖွဲ့များ တစ်နိုင်ငံလုံးအတိုင်းအတာထိ စုစည်းပြီ

လူမှုရေးအသင်းဖွဲ့များသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၃ရက်နှင့်    ၄ရက်နေ့တွင် မှော်ဘီမြို့ရှိ ဆရာတော် ဥူးဇဝနကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော် ဥူးသုမင်္ဂလာ ဦးဆောင်ပြီး ဆရာတော်ဥူးဇဝန(မေတ္တာရှင်)က အစီအစဉ်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်နှင့်တိုင်း ၁၄ခုမှ လူမှုရေးအသင်းဖွဲ့ပေါင်း ၇၀၀ကျော် တက်ရောက်ခဲ့ပြီး မိမိဒေသအလိုက် တွေ့ကြုံနေရသော အခက်ခဲများကို တင်ပြဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲဖြစ်မြောက်ရေး တာဝန်ခံ ဆရာတော် ဥူးဝိသာရက မိန့်ကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို  “စုံနံ့သာမြိုင် နှီးနှောဖလှယ်ပွဲ” ဟု အမည်ပေးထားပြီး ယခုထက်သေးငယ်သော တွေ့ဆုံဆွေးနွေးမှုကိုမူ နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှုရေးအသင်းဖွဲ့တွေကို စုပြီး အသင်းချုပ်ကြီးအနေနဲ့ ဖွဲ့စည်းဖို့ဆိုတာတော့ မလွယ်လောက်ဘူး ထင်တာပဲ။ ကွန်ရက် ပုံစံမျိုး လုပ်သွားရင်တော့ မပြောတတ်ဘူး” ဟု ဧရာဝတီတိုင်းမှ လာရောက်ဆွေးနွေးနေသော လူမှုရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကဏ္ဍအလိုက် အကူညီပေးရေးအဖွဲ့များ ပေါ်ပေါက်လာရေးနှင့် အမျိုးသားရေးဆိုင်ရာ ကူညီရေးအဖွဲ့စည်းများ ပေါ်ပေါက် လာရေးအတွက် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲသည် တစ်နိုင်ငံလုံး၌ ပျံ့ကျဲနေသော လူမှုရေးအသင်းဖွဲ့များကို စုစည်း၍ လူမှုရေးအသင်းဖွဲ့များ ပိုမို အားကောင်းလာပြီး နိုင်ငံ့ အရေး၌ Chack & Balance ပြုလုပ်လာနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေး ပညာကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရွေးကောက်ပွဲအပြီးတွင် လူမှုရေးအဖွဲ့များ၏ လုပ်ရှားမှုများသည် ပိုမိုလွတ်လပ်မှုများ ရှိနေသော်လည်း တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပြီး ရပ်တည်ခွင့် မရကြသေးကြောင်း လူမှုရေးအဖွဲ့စည်းအသိုင်း အဝိုင်းမှ စုံစမ်းသိရသည်။

                                                                                            Peace Press

-----------------------------------------------------------------------------------------------------------------------------------

တရုတ်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာကျပ်ငွေ ချိတ်မိ

ယခင်က မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုးအဆုံးအဖြတ်ကို ဒေါ်လာနှင့်သာ အဆုံးအဖြတ် ယူလေ့ရှိသော်လည်း ယခုအခါ မြန်မာနိုင်ငံသို့ ကုန်သွယ်မှု များလာသည့် တရုတ်ကုန်သည်များကြောင့် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး လက်ရှိ မြင့်တက်လျက်ရှိသည့် ကမ္ဘာ့ရွှေဈေးနှင့် ချိတ်မိနေသည့် အနေအထားသိ&