Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၃၀.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပခုက္ကူရေဘေးထောက်ပံ့ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ချယ်လှယ်
  2. ရေဘေးဒုက္ခသည်များ ဘလောကာများကို အသိအမှတ်ပြု
  1. တရုတ်-မြန်မာ ပြန်ကြားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြို့တော်ခန်းမရှေ့တွင် ဗုံးတွေ့၍ တာဝန်ရှိသူများ ဖောက်ခွဲလိုက်ရ
  2. မြန်မာနိုင်ငံ၌ပြောင်းလဲမှုများဆက်ဖြစ်နေရန် တွန်းအားပေးသွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော
  3. ဒီမိုကရက်တစ်မပာာမိတ်များ ပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ယှဉ်ပြိုင်ခွင့်ပေးသင့်သည့် ပညာရေးနှင့်နိုင်ငံ ဖွံ့ဖြိုးရေး

************************************************************************************

ပြည်တွင်းသတင်းများ

ပခုက္ကူရေဘေးထောက်ပံ့ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ချယ်လှယ်

နှစ်ပေါင်း လေးဆယ်ခန့်အတွင် အဆိုးဝါဆုံး ကြုံတွေ့နေရသည့် ပခုက္ကူရေးဘေး ဝေခြမ်းရေးနှင့် ပြန်လည်နေရာ ချထားရေးတွင် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ မရိုးသားမသား ချယ်လှယ်မှုများ ရှိနေကြောင်း အမှတ်သုံးရပ်ကွက် ရေးဘေးဒဏ်ခံရသူ တစ်ဦးက ပြောကြားသည်။

ရေဘေးဒဏ်ကို အပြင်းအထန်ဆုံး ခံ့ခဲ့ရသော ရွှေချောင်းကမ်းနဘေး အမှတ်သုံးရပ်ကွက်မှ ရေဘေးဒဏ်ခံသူများကို မြို့နှင့် သုံးမိုင်ခန့်     ဝေးသည့်နေရာတွင် ပြန်လာနေရာချထားပေးမည့်ဟု သက်ဆိုင်ရာက စီစဉ်နေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ ဆွေမျိုးများ နေရာရရှိရေးအတွက် လုပ်ဆောင်နေကြောင်း အမှတ်၃ရပ်ကွက် ၂လမ်းမှ ရေးဘေးဒဏ်ခံရသူအသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ဝေခြမ်းရေတွင်လည်း အိမ်ထောင်စုစာရင်းရှိသူများသာမက ၎င်းတို့နှင့် နီးစပ်သူများကိုပါ ပြင်ဆင်ထည့်သွင်းပြီး အခွင့်အရေး ပိုယူနေကြောင်း ယခု ရေးဘေးဒဏ်သင့်သူများသည် နေစရာမရှိသဖြင့် တောင်ကျချောင်းဘေးတွင် လေးငါးသိန်းဖြင့် မြေကွက်ဝယ်ကာ ဆင်းနေကြသူများဖြစ်ပြီး ကံကောင်း၍ အသက်ရှင် ကျန်နေသူများသာဖြစ်ကြောင်း သေဆုံးသွားသူများအတွက် ဆွမ်းပင် မသွပ်နိုင်သူများလည်း ရှိကြောင်း သံဃာတော် တစ်ပါးက မိန့်ကြားသည်။

ပခုက္ကူရွေချောင်း ရေကြီးမှုကြောင့် အိမ်ထောင်စု ၃၈၄ အိမ် ရေမျောခဲ့ပြီး လူဦးရေ၁၇၅၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကယ်ဆယ်ရေးစခန်းသုံခုဖြစ်သည့် ပခုက္ကူ မိုးကုတ်ရိတ်သာ၊ တိလောကရာမကျောင်းတိုက်၊ မထ္တထောင်ကျောင်းတိုက်တို့တွင် ရှိသူများ ထောက်ပံ့မှုများ ရရှိသော်လည်း ရွှေညောင်ရိတ်သာ၊ ဓမ္မပါလရိတ်သာ၊ သာစည်ရိတ်သာတို့တွင် ရှိနေသည့် အိမ်ထောင်စု ၃၀ကျော်မှာ အကူအညီရရှိမှု နည်းပါးနေသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

ရေဘေးဒုက္ခသည်များ ဘလော့ဂါများကို အသိအမှတ်ပြု

အပူပိုင်းမုန်တိုင်း မိုးကြောင့် ပခုက္ကူခရိုင်မှ ရေးဘေးဒဏ် ခံခဲ့ရသူများသည် အင်တာနက်ပေါ်တွင် သတင်းဓါတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပေးခဲ့သော ဘလော့ဂါလူငယ်များ၏ လုပ်ဆောင်ချက်ကိုအသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ဒေသခံများမှစုံစမ်းသိရှိရသည်။

အရပ်ဖက်အစိုးရ ဒေါက်တာစိုင်းမောက်ခမ်း လာရောက်စဉ် အင်တာနက်ဝက်ဆိုက်များပေါ်တွင်း ဓါတ်ပုံများ တွေ့ရသဖြင့် ဓါတ်ပုံရိုက်သူများကို သတိထား ဖော်ထုတ်ရန် ညွန်ကြားခဲ့သည်ဟု လုံခြုံရေးများပြောကြောင်း အမှန်တွင် ဘလော့ဂါများ ဓါတ်ပုံရိုက်ပြီး တင်သဖြင့် လူအများ အဖြစ်မှန်ကို သိရှိရခြင်းဖြစ်ကြောင်း ပခုက္ကူမှ အသက်၂၅နှစ် အရွယ် ဘလော့ဂါ လူငယ်တစ်ဦးက ဆိုသည်။

“ကျွန်တော် မိုးကုတ်ကျောင်းထဲ ဓါတ်ပုံ သွားခိုးရိုက်တော့ ဘယ်အင်တာနက်ကလည်း အဖွားကြီးတစ်ယောက်က မေးတယ် ပုလိပ်တွေ မလာခင် အမြန်ရိုက်လို့ ပြောတယ် အဖွားကြီးက အင်တာနက်ဆိုတာ ဘာမှန်းမသိပဲ ကူညီပေးနေတာ ရယ်ရခက်ငိုရခက်ပဲ”ဟု ၎င်း၏အတွေ့အကြုံကို ပြောကြားသည်။

အောက်တိုဘာလ ၂၀ရက်နေ့ ရေကြီးပြီးနောက် ပခုက္ကူသို့ ဖုန်းများ ခေါ်ဆိုလို့မရကြောင်း စင်္ကာပူတွင် ရောက်နေသည့် သမီးမှ အင်တာနက် ပေါ်တွင် ဘလော့ဂါများ ရေးထားသည့် ဓါတ်ပုံများကိုကြည့်ပြီး ဖုန်းဖြင့်ပြောသဖြင့် ပခုက္ကူ သတင်းများကိုသိရှိရကြောင်း ရန်ကုန်မြို့ တောင်ဒဂုံတွင် နေထိုင်သူ ပခုက္ကူဇာတိသားတစ်ဦးက ပြောကြားသည်။

မြန်မာနိင်ငံတွင် ၂၀၀၇ စက်တင်ဘာ သံဃာတော်များဆန္ဒပြမှု၊ နာဂစ်မုန်တိုင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်တို့တွင် လူငယ် ဘလော့ဂါများ ကြိုးစားမှုကြောင့် သတင်းများတက်လာပြီး အဆိုပါပုံရိပ်များ စီပွားရေးအကွက် မြင်သူများက စီဒီချပ်များဖြင့်ကူးပြီး ရောင်းချသဖြင့် အင်တာနက်ကို မသုံးတတ်သူများ မသိသူများပင် သတင်းပုံရိပ်များ တွေ့မြင်ခံစားရကြောင်း နိုင်ငံတကာတွင် ဘလော့ဂါများကို Citizen Journalist များဟု အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတွင်မူ အီလက်ထရောနစ်ဥပဒေအရ ဆယ်စုနှစ်ချီသည့် ပစ်ဒဏ်များ ချမှတ်လေ့ရှိသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

တရုတ်-မြန်မာ ပြန်ကြားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မည်

နိုင်ငံပိုင်ရုပ်သံလိုင်းများအဖြစ် ထုတ်လွှင့်ပြသလျက်ရှိသာ MRTV-4၊ Sky Net ရုပ်သံလိုင်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရုပ်သံလိုင်း တစ်ခုဖြစ်သည့် CCTV ရုပ်မြင်သံကြားတို့မှ ပူးပေါင်း၍ CCTV International ရုပ်သံလိုင်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာ့ ရုပ်မြင်သံကြားတွင် စတင် ပြသနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ မြန်မာ-တရုတ် ပူးပေါင်း၍ ပြန်ကြားရေးလုပ်ငန်း ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မပာာဗျူပာာမြောက် ဆက်ဆံရေးအခြေအနေသို့ ရောက်ရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောင်အနာဂါတ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ပြန်ကြားရေးကဏ္ဍတွင် ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး ယခုထက် ပိုမို၍ ရင်းနှီးပွင့်လင်းမှုရှိသည့် ဆက်ဆံရေးကို တိုးပွားလာနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပြည်ပနှင့် ပူးပေါင်း၍ ရုပ်သံလိုင်းများ ထပ်မံတိုးချဲ့လိုက်သည့်အတွက် ကမ္ဘာနှင့်အဝန်း ဖြစ်ပျက်လျက်ရှိသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်တော့မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်းဝယ်ယူထားသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်း၍ ထုတ်လွှင့်သည့် CCTV International ရုပ်သံလိုင်းတွင် CCTV-4၊ CCTV-News၊ CCTV-9 Documentary ရုပ်သံလိုင်းတို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အခပေး၊ အခမဲ့ ကြည့်ရှုခွင့်ရသော ရုပ်သံလိုင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

                                                                                                                            YC

************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြို့တော်ခန်းမရှေ့တွင် ဗုံးတွေ့၍ တာဝန်ရှိသူများ ဖောက်ခွဲလိုက်ရ

စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ ဆူးလေကားမှတ်တိုင်တွင် အောက်တိုဘာ ၃၀ ရက် ညနေ ၆ နာရီက အသံဗုံးတစ်လုံး ရှာဖွေ တွေ့ရှိခြင်းကြောင့် ယင်းဗုံးအား မြို့တော်ခန်းမခြံဝင်းအတွင်း ယူဆောင်၍ ဖောက်ခွဲလိုက်ရကြောင်း သိရသည်။

အဆိုပါ မိုင်းဗုံးအား ဒဂုံမြို့နယ် အခြေစိုက် စစ်အင်ဂျင်နီယာတပ်ခွဲ၏ မိုင်းရှင်းလင်းရေးတပ်ဖွဲ့မှ ရှင်းလင်းရန် ကြိုးစားသော်လည်း အချိန် မရရှိတော့သဖြင့် မြို့တော်ခန်းမ ခြံဝင်းအတွင်း ဗုံးကာတွင်း တစ်တွင်း ပြုလုပ်ကာ ဖောက်ခွဲ လိုက်ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဗုံးတွေ့တယ်လို့ သိရတာနဲ့ မြို့တော်ခန်းမရှေ့နဲ့ ဆူးလေဘုရား အရှေ့ဘက်မုဒ်ကို ခြေကျင်ကလွဲလို့ ကားသွား လို့မရအောင် ပိတ်ဆို့ ထားလိုက်ပါတယ်”ဟု  ဆူးလေဘုရား ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ညနေ ၆ နာရီ ပတ်ဝန်းကျင်က ဗုံးထောင်ထားကြောင်း တွေ့ရှိခြင်းဖြစ်ကာ၊ ၆နာရီ ဆယ့်ငါးမိနစ်တွင် လုံခြုံရေးအပြည့်ဖြင့် မြို့တော်ခန်းမနှင့် ဆူးလေဘုရား ဝန်းကျင်ကို ပိတ်ဆို့လိုက်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

 “ည ၇ နာရီကျော်လောက်မှာ “ဝပ်”ဆိုတဲ့ အသံကြားပြီး ဗုံးဖောက်ခွဲလိုက်သံ ကြားရတာပဲ”ဟု မြို့တော်ခန်းမ နောက်ရှိ လက်ဘက်ရည် ဆိုင်ရှင်တစ်ဦးက အတည်ပြုပြောဆိုသည်။

၉နာရီထိုးရန် ၂ မိနစ်အလိုတွင် လက်လုပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိပြီး ထပ်မံပေါက်ကွဲပြီး ဗုံးပေါက်ကွဲချိန်တွင် အသံကျယ်လောင်စွာ ကြားရကြောင်း ဗုံးမဖောက်ခွဲမီ သဲအိတ်များ ကားဖြင့် သယ်ဆောင်လာကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ 

ဖောက်ခွဲလိုက်သည့် ဗုံးအစအနများအား အင်းစိန် CID သို့ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်  အောက်တိုဘာ ၂၅ ရက် ည ၇ နာရီ ပတ်ဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ်၊ ကညန (မြင်သာ)ရုံးရှေ့ အငှားယာဉ်တစ်စီးပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ယာဉ်မောင်းသူတစ်ဦး သေဆုံးကာ၊ ခရီးသည် နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၌ပြောင်းလဲမှုများဆက်ဖြစ်နေရန် တွန်းအားပေးသွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံ၌ မြင်သာသည့် ပြောင်းလဲမှုများကိုအသိမှတ်ပြုသည့်အပြင် ဆက်လက်ဖြစ်ပေါ်နေစေရန် တွန်းအားပေးသွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa ကပြောသည်။ Mr. Marty Natalegawa သည် မြန်မာ့နိုင်ငံရေးဖြစ်ထွန်းမှုအခြေအနေများကို ၃ ရက်ကြာ လေ့လာရန်အတွက် အောက်တိုဘာ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ်အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးသည် နိုင်ငံရေးဖြစ်ထွန်းမှုများအပြင် အသင်းဥက္ကဋ္ဌနိုင်ငံက လက်ခံကျင်းပရမည့် နှစ်ပတ်လည်ညီလာခံ ၃ ခုကို မြန်မာနိုင်ငံက တာဝန် ယူနိုင်ဖွယ်ရှိမရှိ ဟူသော အခြေအနေများကိုလည်း ဒေါ်အောင်ဆန်းစုကြည်အပြင် အစိုးရတာဝန်ရှိသူများနှင့်လည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌဖြစ်ရေးနှင့်ပတ်သက်၍ “ကျွန်တော်အာဆီယံဥက္ကဌကြီးဆီ သတင်းပို့မှာပါ။ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုသတင်းတွေကို တင်ပြသွားမှာပါ။” ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ညီလာခံများ ကျင်းပပါက ဥရောပသမဂ္ဂ နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့လည်း တက်ရောက်လေ့ရှိရာ အနောက်နိုင်ငံများ သပိတ်မှောက်ဖွယ်ရှိသည့် အခြေအနေကို အာဆီယံက စိုးရိမ်နေကြောင်းသိရသည်။

၎င်းအပြင်ဝန်ကြီးသည် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ NGO အဖွဲ့များနှင့် တွေ့ဆုံပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်ရေးရာ ကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခဲ့သူ NGO တစ်ခုမှဥက္ကဌတစ်ဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ရေးနှင့်ပတ်သက်၍ မိမိနှင့်မသက်ဆိုင်ကြောင်း အာဆီယံ စည်းမျဉ်းစည်းကမ်းအရသာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောသည်။

Mr. Natalegawa သည်ယင်းခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

Peace Press

************************************************************************************

ဒီမိုကရက်တစ်မပာာမိတ်များ ပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

ဒီမိုကရက်တစ်မပာာမိတ်များပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်၊ ဒေးဝန်းအနောက်ဘက်ရှိ ပါတီဥက္ကဋ္ဌ ဒေါက်တာစိုးလင်း၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဒီမိုကရက်တစ် မပာာမိတ်များ ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ပြည်သူ့ဒီမိုကရေစီ ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဝံသာနု NLD ပါတီ၊ ၈၈ မျိုးဆက်ပြည်သူ့ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး NLD နိုင်ငံရေးသမား ပောာင်းများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီမိုကရက်တစ် မပာာမိတ်များပါတီသည် NLD နိုင်ငံရေးသမားပောာင်း ၉၀ ရာခိုင်နှုန်းကျော်ဖြင့် ဖွဲ့စည်းထားသည့် ပါတီတစ်ခုဖြစ်ပြီး လက်ရှိ အချိန်တွင် ပါတီဝင်အင်အား သုံးထောင်ကျော်ရှိကြောင်း သိရသည်။

၎င်း ပါတီကို မန္တလေးမြို့အခြေစိုက်၍ ပါတီဌာနခွဲများကို စစ်ကိုင်း၊ မကွေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးကြောင်း ဒီမိုကရက်တစ်မပာာမိတ်များပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်မပာာမိတ်များပါတီသည် အစိုးရအဖွဲ့တွင်းရှိ တာဝန်ရှိသူများအပါအဝင် အခြားပါတီများနှင့်ပါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ပါတီဝင်များသည် တတိယအင်အားစုများအဖြစ် ရပ်တည်၍ နိုင်ငံရေးကို ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီမိုကရက်တစ်မပာာမိတ်များ ပါတီသည် ပါတီအမှတ်စဉ် ၄၅ ဖြင့် ပါတီထူထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

                                                                                                                            Ref:The Voice

************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြန်ပြီးတော့ နောက်ကြောင်းပြန်မလှည်တဲ့ Change မျိုးနဲ့ အစိုးရအနေနဲ့ သွားနေတာသေချာတယ်။ အဲဒီတော့ In terms of speed နဲ့ ပြောမယ်ဆိုရင် အလျင်နှုန်းနဲ့ပြောမယ်ဆိုရင် ပြီးခဲတဲ့သုံးလလောက်မှာရှိတဲ့ Speed က Very Good ပဲ။ ဘယ်သူမှကို မမျှော်လင့်တဲ့အလျင်နှုန်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားတယ်။ ဆိုတော့ ဥပမာပြောရရင် အင်န်အယ်လ်ဒီ သူတို့ပထမသတ်မှတ်ထားတာ ရက်လွန်မယ်ဆိုလို့ရှိရင် မှတ်ပုံတင်လို့ မရဘူးပြောတယ်။ အခု ဘာပဲပြောပြော ဒါကို စဉ်းစားပြီးတော့ မှတ်ပုံတင်ခွင့်ကို ပြန်ပေးထားတယ်။ အဲ့ဒါဘာလဲဆိုရင် အမျိုးသား ရင်ကြားစေ့ရေးကို တကယ်စိတ်ဆန္ဒ မရှိဘဲနဲ့ အဲ့ဒီလောက်အထိ ဘယ်စဉ်းစားမလဲ။ အဲ့ဒီအနေအထား ကြည့်လို့ရှိရင် တစ်ဖက်က အကောင်းဘက်အနေအထား ဘယ်လောက်သွားလဲဆိုတာ ကြည့်လို့ရတယ်။ ပြောလို့ရတာတစ်ခုက ပြန်ပြီးတော့ နောက်ကြောင်းပြန်လှည့်သွားလို့မရတဲ့ ပြောင်းလဲမှုမျိုးနဲ့ သွားနေတယ်”

အောက်တိုဘာ ၂၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၁) တွင်ပါသည့် “အစိုးရသစ်မူဝါဒများနှင့် ဒီမိုကရေစီရှေ့ခရီး ဘယ်လို နှင်မလဲ” သတင်းဆောင်းပါးမှ နိုင်ငံတော်သမ္မတကြီး၏ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လူတွေက အပြောင်းအလဲကို မကြုံခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အပြောင်းအလဲကို မြန်မြန်ဆန်ဆန် ဟောဟောဒိုင်းဒိုင်း ဖြစ်ချင်တာပေါ့။ သို့သော်လည်းပဲ အပြောင်းအလဲဆိုတာ ပြောဖို့လွယ်တယ်။ ဒါပေမဲ့ အမြန်တမ်းလိုလို ဆောင်ရွက်ရတာမှာ Linear Progression လို့ခေါ်တဲ့ မျဉ်းဖြောင့်အတိုင်း တိုးတက်ဖို့ဆိုတာ ဖြစ်ချင်မှလဲဖြစ်မယ်။ ကမ္ဘာ့ဒီမိုကရေစီအပြောင်းအလဲတွေကို ကြည့်ရတာမှာ အမြဲတမ်းလိုလို မျဉ်းဖြောင့် အတိုင်းတော့ သွားလေ့မရှိဘူး။ အဲဒီတော့ လူတွေမျှော်လင့်မထားတာ ဖြစ်လာတာလဲရှိတယ်၊ မျှော်လင့်ထားတာ ဖြစ်မလာတာလဲရှိတာပဲ။ ဒါဘယ်ပေါ် မူတည်လဲ ဆိုတော့ အစိုးရ တစ်ရပ်အနေနဲ့၊ နိုင်ငံတခုအနေနဲ့ တွေ့ကြုံနေရတဲ့ Favourable ပံ့ပိုးမှုနည်းတဲ့ အခြေအနေလဲရှိမယ်။ တချို့နေရာတွေကျတော့ စိန်ခေါ်မှုတွေ ရှိနေတာလဲ ရှိမယ်။ ဒါတွေက အတွင်းမှာလဲရှိနိုင်တယ်။ အပြင်မှာလဲရှိနိုင်တယ်။ ကမ္ဘာကြီးက သွားနေတဲ့လမ်ကြောင်းမှာလဲ အများကြီး တည်တယ်”

အောက်တိုဘာ ၂၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၁) တွင်ပါသည့် “အစိုးရသစ်မူဝါဒများနှင့် ဒီမိုကရေစီ ရှေ့ခရီး ဘယ်လို နှင်မလဲ” သတင်းဆောင်းပါးမှ သမ္မတအကြံပေး ဦးကိုကိုလှိုင်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရက လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံပိုင်ကုမ္ပဏီအဆင့်၊ ကမ္ဘာ့အဆင့်မီအကျိုးအမြတ်ရှိတဲ့ ကုမ္ပဏီကြီးတွေအဖြစ် ထူထောင်ပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက် လိုငွေပြမှုကို တစ်နည်းတစ်လမ်းအားဖြင့် ဖြည့်စွက်နိုင်အောင် ဆိုလိုတာပေါ့။ ဒီအဆိုက နိုင်ငံတော်အစိုးရကို လုပ်ရမယ်လို့ တိုက်တွန်းတာ မဟုတ်ဘူး။ ဒါတွေကို လွှတ်တော်ကနေ ဘက်ပေါင်းစုံ လေ့လာပြီးတော့မှ လွှတ်တော်ကို ပြန်တင်ပြမှာ။ တင်ပြပြီး လွှတ်တော်က သဘောကျရင် နိုင်ငံတော်အစိုးရကို တိုက်တွန်းမှာပေါ့”

အောက်တိုဘာ ၂၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၆) တွင်ပါသည့် “နိုင်ငံပိုင်လုပ်ငန်းများ ကုမ္ပဏီများ ပေါ်ထွန်းဖို့က မလုပ် မဖြစ်လုပ်ရမယ့် ကိစ္စလို့ သူရဦးရွှေမန်းပြော” သတင်းမှ သီပေါလွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အရေးကြီးဆုံးကတော့ ဒီတိုက်ပွဲတွေအေးဖို့၊ ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့အချိန်မှာ သေနတ်တွေ တဒိုင်းဒိုင်းထွက်နေလို့ မဖြစ်ဘူး။ တိုင်းရင်းသား ပြဿနာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ပြဿနာပါ။ ဒါတွေကို ဖြေရှင်းရမယ်။ အစိုးရမှာ တာဝန်ရှိတယ်။  အမှန်တကယ် အရပ်သားအစိုးရ ဖြစ်တယ်။  ဒီမိုကရေစီလမ်းကြောင်းကို လျှောက်မယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးကို လုပ်ကိုလုပ်ရမယ်”

အောက်တိုဘာ ၂၇ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၃၂) တွင်ပါသည့် “လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ်ရောက်ပြီလော” သတင်း ဆောင်းပါးမှ  ၁၉၉၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့ကာ ၁၉၉၃ တွင် ပါတီဖျက်သိမ်းခံခဲ့ရသော ချင်းတိုင်းရင်းသား ပါတီတစ်ခုဖြစ်သည့် ဇိုမီး အမျိုးသား ကွန်ဂရက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးကြည်ရှင်းထန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တချို့ဝန်ထမ်းတွေ ကိုယ်တိုင်က နေရာလိုချင်လို့ ပစားပေးတာခံချင်လို့ဆိုတဲ့  ရည်ရွယ်ချက်နဲ့ ကိုယ့်အထက် လူကြီးနားကပ်၊ ဟိုဟာလုပ်ပေးရတာနဲ့ ဒီဟာလုပ်ပေးရတာနဲ့ ကြီးသူကို ဂါရဝထားတာမျိုးမဟုတ်ဘဲ ခစားခယတာမျိုးဖြစ်အောင် လုပ်ရာကနေ နဂိုစိတ်ရင်းမှန်သူတောင်မှ အဲဒီအပေါ် သာယာသွားရင် ရေပါတာပဲလိုချင်တယ်ဆိုတာမျိုး ဖြစ်လာတော့တာပဲ။ ဆိုတော့ အဲဒီလို အပြုအမူဟာ ကိုယ့်အထက်လူကြီးကို အာဏာရှင် ဖြစ်လာအောင် ကိုယ်က ပြန်ပြီးမွေးမြူနေတာနဲ့ အတူတူပဲ”

အောက်တိုဘာ ၂၇ ထုတ် Popular News အတွဲ (၃) အမှတ် (၂၇) တွင်ပါသည့် “ဌာနဆိုင်ရာအချို့ ဒီမိုကရေစီနှင့် ကျင့်သားရရန် ပြုပြင်မှု များစွာလိုအပ်” သတင်းမှ ရတနာပုံတက္ကသိုလ်၊ စိတ်ပညာဌာန ကထိက ဆရာတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

************************************************************************************

ဆောင်းပါးကဏ္ဍ

ယှဉ်ပြိုင်ခွင့်ပေးသင့်သည့် ပညာရေးနှင့်နိုင်ငံ ဖွံ့ဖြိုးရေး

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းသည် ယင်းနိုင်ငံ၏ လူသားအရင်းအမြစ် မည်မျှဖွံ့ဖြိုးသည်၊ လူနေမှုအဆင့်အတန်း မည်မျှရှိသည် ဆိုသည့်အချက် အပေါ်တွင် မူတည်နေသည်မှာ ငြင်းဆန်၍ မရသည့် အချက်ဖြစ်ပါသည်။ လူသားအရင်း အမြစ်ကို ဇောင်းပေးပြောဆိုရခြင်းမှာ သဘာဝ သယံဇာတသည် ရေရှည်မမြဲသည့်သဘောကို ဆောင်သောကြောင့် ဖြစ်သည်။ လူနေမှုအဆင့်အတန်းဟု ဆိုရာတွင် ချမ်းသာ ကြွယ်ဝသည်ထက် ထိုလူ့အဖွဲ့အစည်း၏ အတွေးအခေါ် လွတ်လပ်မှုနှင့် ခေတ်နှင့်အညီ လိုက်ပါနိုင်မှုတို့ကို အဓိကထား၍ ကြည့်ရမည် ဖြစ်သည်။ ဥပမာဆိုရလျှင် ဆော်ဒီအာရေဗျနှင့် ကူဝိတ်ကဲ့သို့ နိုင်ငံများတွင်  အနောက်နိုင်ငံ တက္ကသိုလ်ကြီးများမှ ဆင်းလာသော ပညာတတ်တွေ ရှိသည်၊ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီးတွေ ရှိသည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံးစာရင်းဝင်သည့် ကားတွေကို သာမန် လူတန်းစားတွေ စီးနင်းနိုင်သည်။ ခေတ်အမှီဆုံး အိုင်တီပစ္စည်းကို ဝယ်ယူသုံးစွဲနိုင်သည်။ သို့ရာတွင် သူတို့တတ်ထားသော ပညာရပ်တွေသည် ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းတွင် အသုံးချရန်မဟုတ်၊ ဆိုရလျှင် အနောက် ပညာရေးကို သင်ကြားခဲ့ရသဖြင့် ဒီမိုကရေစီ၏ အရသာကို သိသော်လည်း မိမိနိုင်ငံတွင် ဒီမိုကရေစီကို မျိုးစေ့ချရန် မကြိုးပမ်းပေ။ မြေရှင်ပဒေသရာဇ် စနစ်၏ အရသာကိုပင် စွဲလမ်းလျက်ရှိနေကြသေးသည်။ သဘာဝကပေးထားသော လက်ဆောင် ရေနံတွေကြောင့် ပြည်သူတွေ လူတန်းစေ့ နေနိုင်သည်။ ဤသည်ကို ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုရမည်လား။

စင်္ကာပူနှင့် ဆွစ်ဇာလန်နိုင်ငံတို့ကို ကြည့်လျှင် တစ်မျိုးတစ်ဘာသာဖြစ်သည်။ စင်္ကာပူမှာ ပင်လယ်သမုဒ္ဒရာကြီးထဲက အစက်အပြောက် ကလေးမျှသာ၊ သဘာဝသယံဇာတ ချို့တဲ့လွန်း၍ သောက်သုံးရေကိုပင် မလေးရှားမှ ဝယ်ယူတင်သွင်းနေရသည်။ ဆွစ်ဇာလန်နိုင်ငံမှာ ရေခဲတောင်တွေသာ ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံ၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုက အံမခန်း ဖြစ်သည်။ နှစ်နိုင်ငံလုံးက လူတွေသည် အာရပ်သူဌေးနိုင်ငံများက လူတွေလောက် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း လူသားအရင်းအမြစ်တွင်မူ အပြတ်အသတ်သာသည်။ အတွေးအခေါ်နှင့် တီထွင်ကြံဆမှုအပိုင်းတွင် မိုးနှင့်မြေ ကွာခြားသကဲ့သို့ရှိနေသည်။ လူ့ဘဝသည် ချမ်းသာကြွယ်ဝနေရုံမျှဖြင့် ပြည့်စုံပြီဟု မဆိုသာ၊ ထိုအချက်ကို အကောင်းဆုံး သက်သေပြနေသည်မှာ အာရပ် သူဌေးနိုင်ငံက လူငယ် လူလတ်တန်းစားတွေ ဖြစ်သည်။ သူတို့အနေဖြင့် စားဝတ်နေရေး မပူရသည့်တိုင် ရှေးရိုးစွဲဆန်လွန်းသော ပဒေသရာဖ် စနစ်အောက်မှ ရုန်းထွက်ကာ ခေတ်မှီစမတ်ကျသော မိသားစုဘဝတွေကို ပိုင်ဆိုင်ချင်ကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အညီ ကမ္ဘာကြီးကို မျှော်ကြည့်ချင်သည်။ ထို့ကြောင့် ပင်လျှင် အာရပ်ပဒေသရာဇ်တွေ ပြိုကျ၍ ဒီမိုကရက်တစ် အာရပ်နိုင်ငံတွေ ပေါ်လာသည်။ ဤအချက်က ဖွံ့ဖြိုးတိုးတက် ချမ်းသာ ကြွယ်ဝရုံမျှဖြင့် နိုင်ငံတိုးတက်နေပြီဟု ဆို၍ မရကြောင်း၊ လူ့ဘဝသည် စားဝတ်နေရေးထက်ပိုသော အိပ်မက်တွေနှင့် ပြည့်နေကြောင်း သက်သေ ပြလိုက်သကဲ့သို့ ရှိသည်။

ထိုအချက်ကိုကြည့်လျှင် ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံများကို မည်သည့်အရာတွေက ဖြစ်ထွန်းစေသနည်းဟု ကြည့်လျှင် ပညာရေးက အဓိက အင်ဂျင်ဖြစ်သည်။ လွတ်လပ်သော အတွေးအခေါ်ရှိမှဆိုသည့် အချက်သည် မှန်ကန် နိုင်သော်လည်း  တရုတ်နှင့် စင်္ကာပူနိုင်ငံများသည် အာဏာရှင် နိုင်ငံများ ဖြစ်ပါသည်။ သို့ရာတွင် သူတို့၏ အတွေးအခေါ်ဆိုင်ရာ ကန့်သတ်မှုသည် ခပ်ပါးပါးမျှသာ ရှိပါသည်။ ထို့ကြောင့် ထိုနိုင်ငံမှာတွင် အတွေးအခေါ် ပိုင်းဆိုင်ရာ လွတ်လပ်ခွင့် မရသည့်တိုင် ပညာရေး ကောင်းမွန်မှုကြောင့် ထိပ်တန်းနိုင်ငံတွေအဖြစ် ရပ်တည်နိုင်သည်။ လက်ဝဲလက်ယာ အသာထား၍ ပညာမည်မျှ တတ်သည်ဆိုသည်က ဆုံးဖြတ်ပေးသွားခြင်းဖြစ်သည်။ လစ်ဘရယ်ဖြစ်မှုသည် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေနိုင်သည်ဆိုသည့် အယူအဆမှာ လုပ်ဆောင်ချက်တွေ အများကြီးထဲက တစ်ခုသာဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ၊ ပထဝီအနေအထား၊ ဘာမှပြောစရာမလိုအောင်ကောင်းသည်။ ဦးနေဝင်း စစ်တပ် အာဏာသိမ်းတည်းက မြန်မာ့ပညာရေး ပျက်စီးသွားရသည်ဆိုသည့် ပြစ်တင်မှုမျိုးသည် ခါးသီးသော အမှန်တရားပင် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အစဉ်အလာ ကြီးခဲ့သော ကျောင်းသားတွေကို နိုင်ငံရေးဘက် လှည့်မလာစေရန်မှာ ထိုကျောင်းသားတွေ အတွေးအခေါ် နိမ့်သွားအောင် လုပ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ဦးနေဝင်းလက်ထက်မှစ၍ သမိုင်းအမှန် သင်ကြားခွင့် မရတော့သလို စဉ်းစားဆက်စပ်တွေးခေါ်သည့် ပညာရေးလည်း ဆုံးခန်းတိုင်သွားတော့သည်။ ၈၈ အရေးအခင်းအပြီး စစ်အစိုးရလက်ထက်တွင် ပိုမိုဆိုးဝါးသွားခဲ့ရပြီး ကျောင်းသားများကို စနစ်တကျ ဖျက်ဆီးထားသည့် အဆင့်သို့ ရောက်သွားခဲ့သည်။ ကျောင်းသားတွေ မစုစည်းနိုင်ရန် တက္ကသိုလ်တွေ အများအပြား ဆောက်လုပ်သည်။ စာမဖတ်နိုင်စေရန် စာကြည့်တိုက်တွေ ကောင်းကောင်းထားမပေး၊ ရှိသည့် စာကြည့်တိုက်တွေကလည်း အတွေးအခေါ်ဆိုင်ရာထက် ဝါဒမှိုင်းသွင်းသည့် စာတွေ၊ ကမ္ဘာ့အမြင်နှင့် ကင်းဝေးသည့် စာတွေသာ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့်စာပေ လုံးဝမရှိ၊ သမိုင်းအမှန်နှင့် ပတ်သက်သည့်စာပေမရှိ။ ထိုစာကြည့်တိုက်တွေ မရှိသော်လည်း ကျောင်းသားတွေ အထူးတလည် ကြိုးစားရန် မလို၊ စာမေးပွဲ အလွယ်တကူအောင်ရန် လုပ်ပေးထားသည်။ ယနေ့ဆိုလျှင် တစ်နှစ် ကျူရှင်ကြေး သုံးသိန်းခန့်ရှိလျှင် ဘွဲ့တစ်ခု ရနိုင်ပြီဖြစ်သည်။ အဖြေလွှာတွင် စာရေးရန် မလို၊ ထိုသို့ဖြင့် အရည်အသွေးထက်  အရည်အတွက်များသော ပညာတတ်တွေ ပေါလာသည်။ ဘီအီးဘွဲ့ကို ငါးသိန်းနှင့် ဝယ်ယူ၍ရပြီ။ ထိုပညာရေးမှဆင်းသော ဆရာများကြောင့် ထိုထက်နိမ့်ကျသော ကျောင်းသား တွေကို ဆက်လက်မွေးထုတ်ရသည်။ ထိုသို့ဖြင့် မြန်မာ့ပညာရေးမှာ အဝီစိ ထိုးဆင်းနေတော့သည်။

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးအပေါ်တွင် လုံးလုံးလျားလျား မှီခိုနေ၍ ထိုကဲ့သို့သော ပညာရေးမျိုးဖြင့်သာ ဆက်လက် ခရီးဆက်နေလျှင် မြန်မာနိုင်ငံအနေဖြင့် မည်သို့မျှ တိုးတက်နိုင်စရာ လမ်းမမြင်ပေ။ ထိုပညာရေးက မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သည် တိုင်းပြည်တာဝန်ကို မည်သို့ ထမ်းဆောင်မည်နည်း။ ဗိုလ်ချုပ်တို့ခေတ်က တက္ကသိုလ်ကျောင်းသား တစ်ဦးနှင့် ယနေ့တက္ကသိုလ်ကျောင်းသားတစ်ဦး၏ အရည်အသွေးကို အကဲဖြတ် ကြည့်လျှင် အတွေးအခေါ်အရရော လူ့အရည်အသွေးအရပါ မည်သို့မျှ မယှဉ်သာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အတွေး အခေါ်ကို အခြေခံသည့် ပညာရေးကို မဖြစ်မနေ ပြောင်းလဲရန် အချိန်ကျနေပြီဖြစ်သည်။ ရည်းမှန်းချက်တွေ ချမှတ်နေခြင်းထက် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည့် ဖက်တာတွေကို တည်ဆောက်နိုင်ရမည်ဖြစ်သည်။ ထိုသို့ တည်ဆောက်ရာတွင် နှေးသည်၊ စောသည်ဟူ၍ မရှိ၊ ယနေ့ ခေတ်အခါအရ ပညာရေးဆိုသည်မှာ အရှိန်အဟုန်နှင့် ပြောင်းလဲနေခြင်းဖြစ်၍ နှစ်သုံးဆယ်စီမံကိန်းသည် အနှစ်သုံးဆယ်ကြာသောအခါ အသုံးမတည့်သည့် ပညာရေးပင်ဖြစ်သွားပေလိမ့်မည်။ စဉ်ဆက်မပြတ် ပြောင်းလဲလိုက်ပါနိုင်သော ပညာရေးမျိုးကို အခြေပြုရန် လိုသည်။

ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်စရာတွေ အများကြီးရှိသော်လည်း ခြေတစ်လှမ်းသည်ပင် အစဖြစ်ပါလိမ့်မည်။ သို့ရာတွင် မှန်ကန်စွာ စတင် နိုင်ရပါမည်။ ပုဂ္ဂိလကကျောင်းများ ပေါ်ထွန်းခြင်းသည် အစိုးရပညာရေးအတွက် ကြီးမားသည့် အထောက်အကူဖြစ်ပါလိမ့်မည်။ ဈေးကွက်က လိုအပ်သော ပညာတတ်တွေကို မွေးထုတ်ပေးနိုင်လိမ့်မည် ဖြစ်သည်။ ပုဂ္ဂလိကကျောင်းတွေ များပြားလာလေလေ ဈေးကွက်သဘောအရ ယှဉ်ပြိုင်မှု များလေဖြစ်၍ ပညာရေး တိုးတက်လာဖို့ ရှိပါသည်။ ပုဂ္ဂလိကပညာရေးကြောင့် အစိုးရပညာရေး၏ အဆင့်အတန်းမှာလည်း လိုက်ပါမြင့်တက်လာပါလိမ့်မည်။ အရည်အသွေးမြင့်သော ဆရာတွေ၊ အရည်အသွေးမြင့်သော ကျောင်းသားတွေ ပေါ်ထွက်လာမည်ဖြစ်သည်။ လက်ရှိပညာရေးကို အပြောင်းအလဲပြုခြင်း၊ အရည်အသွေးမြှင့်တင်ခြင်းထက် ထိုပညာရေးထက် ပိုမိုကောင်းမွန်သော ပညာရေးကို ပြိုင်ဘက်အဖြစ် ဆွဲသွင်းလာစေခြင်းကသာ အဖြေဖြစ်ပါလိမ့်မည်။ ပညာရေးကို ယှဉ်ပြိုင်စေခြင်းသည် တိုင်းပြည်အတွက် ကောင်းမွန်သော ရလဒ်ကိုသာ နောက်ဆုံးရလဒ်အဖြစ် ပေးစွမ်းနိုင်မည်ဖြစ်ရာ ကျောင်းသား အားလုံးကို တစ်ပုံစံတည်း ပုံသွင်းသော ဗဟိုဦးစီးပညာရေးထက် အတွေးအခေါ် မျိုးစုံ အိုင်ဒီယာမျိုးစုံနှင့် စူးစမ်းမှုပေါင်းစံကို ကွဲပြားစွာ ဆက်စပ်တွေးခေါ် နိုင်သော ပညာတတ်ကျောင်းသားများ မွေးထုတ်ရေးမှာ မြန်မာ့ပညာရေးသည် မည်မျှအထိ လွတ်လပ်စွာ သင်ကြားတွေးခေါ်နိုင်သနည်း ဆိုသည့် အချက်တွင် လုံးလုံးမူတည်နေမည်ြ ဖစ်ပါသည်။

*************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment