Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၁.၁၀.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ဖွယ်ရှိ
    (The Independent မှ 29 Oct 2011 ရက်စွဲပါ “Suu Kyi could seek Burmese parliament seat” သတင်းကို ဘာသာပြန်ဆိုသည်)
  1. နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန်ရှိကြောင်း အစိုးရဝန်ကြီး ပြောကြား
    (Gulf Times မှ 31 Oct 2011 ရက်စွဲပါ “Yangon to release more prisoners:minister” သတင်းကို ဘာသာပြန်ဆိုသည်)
  2. ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အပေါ် တရုတ်ကို မြန်မာ အာမခံ
    (Reuters သတင်းမှ 30 Oct 2011 ရက်စွဲပါ "Myanmar reassures China on relations and cooperation" သတင်းကို ဘာသာ ပြန်ဆိုသည်)
  3. မြောက်ကိုရီးယားထံမှ ရန်စမှုများ ပိုမိုထွက်ပေါ်လာနိုင်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့ ရှုမြင်
    (28 October 2011 ရက်စွဲပါ CNN News မှ Larry Shaughnessy ရေးသားသော U.S and South Korea See more North Korean provocations looming ကို ဘာသာပြန်ပါသည်။)
  4. မဲခေါင်မြစ် လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းစစ်သား ၉ ဦးကိုဖမ်းဆီး
    (BBC News မှ 29 Oct 2011 ရက်စွဲပါ “Thai soldiers detained over Mekong River Killings” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

မြန်မာလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ဖွယ်ရှိ

(The Independent မှ 29 Oct 2011 ရက်စွဲပါ “Suu Kyi could seek Burmese parliament seat” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပါတီ “နိုင်ငံရေးနယ်ပယ်သို့ဝင်ရန်” ပြန်လည်မှတ်ပုံ တင်ပြီးနောက် သူမကိုယ်တိုင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ်ရှိသည်ပာု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

၁၉၈၈ ခုနှစ်တွင် ပြည်ပမှ ဇာတိမြေသို့ ပြန်လာချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်နိုင်ငံရေးလှုပ်ရှားမှုရပ်တည်ခွင့် မြန်မာအာဏာ ပိုင်များက ပိတ်ပင်ကာ ကာလကြာရှည် ဖမ်းဆီးထားခဲ့ကြသည်။

သို့သော်လည်း မနှစ်က နိုဝင်ဘာတွင် နှစ်ပေါင်း ၂၀ အတွင်း ရှားရှားပါးပါး ဦးဦးဖျားဖျား ရွေးကောက်ပွဲကို ကျင်းပအပြီး မတ်လတွင် တပ်မတော် အစိုးရ လက်ထဲမှ အာဏာကို အရပ်ဖက်အစိုးရထံ အမည်ခံလွှဲပြောင်းပေးပြီးနောက်တွင်မူ ပြုပြင်ပြောင်းလဲမှုများကို စတင်မိတ်ဆက်လာကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ ဆွေးနွေးမှုကိုလည်း စတင်ခဲ့သည်။

သူမ၏ NLD ပါတီသည် မနှစ်က ရွေးကောက်ပွဲများကို အသိအမှတ်ပြု ယှဉ်ပြိုင်ရန် ငြင်းဆန်မှုကြောင့် တရားဝင်ဖျက်သိမ်းခြင်း ခံထားရသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မိမိတို့ ပါတီ ကန့်ကွက်ခဲ့သော စာပိုဒ်များကို ပယ်ဖျက်လိုက်သော “ပြင်ဆင်ပြီး ပါတီဥပဒေ” အား ပါတီကို ပြန်လည်မှတ်ပုံတင်ရန် အလားအလာများသည်ပာု ပြောကြားသည်။

ပါတီမှတ်ပုံတင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲဝင်မှာလား ပာု မေးမြန်းသောအခါ ဦးဉာဏ်ဝင်းက သူမကိုယ်တိုင် ဝင်ပြိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ကလည်း သူမကို ဝင်ပြိုင်စေချင်ပါတယ်” ပာု ပြောကြားသည်။

အထက်ပါ မေးခွန်းကို လွန်ခဲ့သော တစ်လခန့်က ဒေါ်အောင်ဆန်းစုကြည်ကို Reuters မှ မေးမြန်းခဲ့ရာတွင် သူမက ပါတီဗပာိုအလုပ်အမှုဆောင် ကော်မတီ၏ အတည်ပြုမှုကို ရယူဦးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အများမျှော်လင့် နေကြသော ကြားဖြတ်ရွေးကောက်ပွဲများကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ပာု မျှော်လင့်ရသည်။

မြန်မာနိုင်ငံ၌ လတ်တလော နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခြင်း အပါအဝင် မြန်မာအစိုးရ လုပ်ပြနေသော ပြုပြင်ပြောင်းလဲ မှုများသည် မြန်မာနိုင်ငံ၏ အထီးကျန်ခေါင်းမြီးခြုံပုဝါကို ခွာချရန်နှင့် ဒေသတွင်း အာဆီယံအဖွဲ့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှု လက်ခံမှုကို ရအောင်ကြိုးစားရန် ရည်ရွယ်ခြင်းသာဖြစ်သည်ပာု အကဲခတ်လေ့လာနေသူများက သုံးသပ်ကြသည်။

မြန်မာအစိုးရသစ်သည် မတ်လက အာဏာရလာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို ရပ်ဆိုင်းလိုက်သည့်အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို အစိုးရကိုယ်စားစေလွှတ်ကာ ၃ ကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ယခု တနင်္ဂနွေနေ့တွင်လည်း သူတို့နှစ်ဦး တွေ့ဆုံကြဦးမည်ပာု ပါတီဖက်နှင့် အစိုးရဖက်တာဝန်ရှိသူများက ပြောကြားသည်။

ပြီးခဲ့သော သြဂုတ်လက နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အများစုက သမိုင်းဝင်ဖြစ်ရပ်အဖြစ် သတ်မှတ်ကြသည်။

အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်၏ အဆိုအရ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီဝင်များအား လွှတ်တော်တွင် တရားဝင် နေရာပေးလိုသည်ပာု သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အမတ်တွေ ပါဝင်လာမှုကြောင့် လွှတ်တော်ရဲ့ ပုံရိပ်နဲ့ အစိုးရရဲ့ တရားဝင်မှုကို တိုးတက်လာစေလိမ့်မယ်လို့ သူတို့(မြန်မာအာဏာပိုင်များ) က ထင်နေတာပါ” ပာု အငြိမ်းစား အကြီးတန်းသံတမန်တစ်ဦးက မှတ်ချက်ပေးသည်။

ယခုပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေတွင် ပြစ်ဒဏ်ကျနေသူများ မပါဝင်နိုင်အောင် ယခင်က တားမြစ်ထားသော စာပိုဒ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။

နောက်ထပ်ပြောင်းလဲမှုမှာ ၂၀၀၈ အခြေခံဥပဒေကိုနိုင်ငံရေးပါတီများက “ထိန်းသိမ်းကာကွယ်” ရမည်ဆိုသည့် စကားလုံး အစား “လေးစားလိုက်နာ” ရမည်ပာု ပြောင်းလိုက်ခြင်းဖြစ်သည်။

                တပ်မတော်ခေါင်းဆောင်ပောာင်းများက လက်ညှိုးထိုးကျင်းပခဲ့သော အမျိုးသားညီလာခံက ရေးဆွဲသောအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီလိုလားသူများက ကန့်ကွက်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် တပ်မတော် (စစ်ဖက်) က အသာစီးရအောင် သိသိသာသာ အကြောပေးထားသောကြောင့် ဖြစ်သည်။

***************************************************************************************

နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန်ရှိကြောင်း အစိုးရဝန်ကြီး ပြောကြား

(Gulf Times မှ 31 Oct 2011 ရက်စွဲပါ “Yangon to release more prisoners:minister” သတင်းကို ဘာသာပြန်ဆိုသည်)

ယခုလ အစောပိုင်းက ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည့် အစီအစဉ်သည် အပြီးသတ် ပြီးစီးခြင်း မရှိသေးပာု အစိုးရတာဝန်ရှိသူတစ်ဦးက မနေ့က ပြောကြားလိုက်သည်။

ဒီအစီအစဉ်ကို ကျွန်တော်တို့ ရပ်ဆိုင်းထားမှာ မပာုတ်သလို အလောသုံးဆယ်လည်းလုပ်မှာမပာုတ်ပါဘူး ပာု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ရန်ကုန်မြို့တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရသစ်က အောက်တိုဘာ ၁၂ ရက်နေ့တွင် အကျဉ်းသား ၆၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ကိုပါ ထည့်သွင်းလွှတ်ပေးခဲ့သည်။ ယင်းသို့ တစ်စိတ်တစ်ပိုင်း လွတ်ပေးခြင်းသည် ပြည်တွင်းပြည်ပ အကဲခတ်စောင့်ကြည့်သူများစွာ၏ မျှော်မှန်းချက်များနှင့် ကိုက်ညီခြင်းမရှိပါ။ ခန့်မှန်းခြေ ၂၀၀၀ ခန့်ရှိသော နိုင်ငံရေးအကျဉ်းသားအကုန်လုံး လွတ်မြောက်ရေးကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနေဖြင့် ယခုနှစ်အစောပိုင်းအာဏာရလာသော မြန်မာအစိုးရသစ်ကို ပူးပေါင်းဆောင်ရွက်ရာတွင် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ပေသည်။

နောက်တစ်ချက်မှာ ပြီးခဲ့သော သီတင်းပတ်များအတွင်း လွှတ်တော်က အတည်ပြုပေးခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေပြင်ဆင်ချက်ဖြစ်သည်။ ပြင်ဆင်ချက် ဥပဒေ စတင်သက်ရောက်သည့်အချိန်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရေးကိစ္စကို ဆုံးဖြတ်ရန် မိမိတို့ NLD ပါတီ တွေ့ဆုံစည်းဝေးမည်ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

မနှစ်က ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ခြင်းမှာ ယခင်တပ်မတော်အစိုးရပောာင်းက တမင်ကြံစည်ပြဋ္ဌာန်းထားသော ပါတီမှတ်ပုံတင်ခွင့် စည်းကမ်းဥပဒေများကြောင့်ပင်ဖြစ်သည်။ အပြစ်ဒဏ်ကျခံနေရသူများအား ပါတီဝင်အဖြစ် ခွင့်မပြုရပာူသော ဥပဒေကို ယခင်အစိုးရက ထည့်သွင်းရေးဆွဲကာ ဒေါ်အောင်ဆန်းစုကြည် ကို NLD ပါတီမှ ထုတ်ပယ်အောင် အဓမ္မဖိအားပေးခဲ့ခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ် NLD ပါတီစတင်ထူထောင်စဉ်ကပင် ဦးဆောင်ခဲ့သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ယခုအစိုးရကို အာဏာရစေခဲ့သည့် မနှစ်က နိုဝင်ဘာရွေးကောက်ပွဲများအပြီး ၆ ရက်မျှအကြာတွင် တပ်မတော်အစိုးရပောာင်းက သူမ၏ ပြစ်ဒဏ်ကျကာလ ပြီးဆုံးပြီပာု ကြေညာကာ လွှတ်ပေးခဲ့သည်။

လက်ရှိအစိုးရ၏ ဆက်ဆံရေး ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် က “ပါတီ ပြန်လည်မှတ်ပုံတင်မယ့် ကိစ္စပာာ ဥပဒေအပေါ်မှာ မူတည်ပါတယ်” ပာု ပြောကြားသည်။

အကယ်၍ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်ဆိုပါက NLD ပါတီအနေဖြင့် လာမည့် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

NLD သတင်းရပ်ကွက်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အသေအချာ စဉ်းစားသုံးသပ်နေသည်ပာု သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း တပ်မတော်အားပြုအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးအပြီးတွင် “မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုသည် နောက်ပြန်လှည့်မည့်လက္ခဏာမရှိပဲ နိုင်ငံကို ဒေသတွင်း အာဆီယံအဖွဲ့ဥက္ကဋ္ဌတာဝန်ယူရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနေသည်” ပာု မနေ့က ပြောကြားခဲ့သည်။

အာရှ၏ အထီးကျန်ဆုံး မြန်မာနိုင်ငံကို ယခင်က ကြာမြင့်စွာ ပယ်ထားခဲ့သည့် နိုင်ငံတကာက အသိအမှတ်ပြုလာစေမည့် ကိစ္စတစ်ခုဖြစ်သော ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံ ဆောင်ရွက်နိုင်ဖွယ်ရှိသည် ပာူသော ပြောဆိုမှုများအနက် အာဆီယံလက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ယခုမှတ်ချက်များက အထင်ရှားဆုံးဖြစ်ပေသည်။

၃ ရက်ကြာ မြန်မာခရီးစဉ်အပြီးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါက မြန်မာနိုင်ငံ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲလာသည့် အပေါ် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အရေးယူဒဏ်ခတ်မှု Sanctions များ ဖြေလျော့ပေးကြရန် တိုက်တွန်းလိုက်ပြီး ယင်းသို့ ပိတ်ဆို့မှုသည် ဗြိတိသျှကိုလိုနီပောာင်း မြန်မာနိုင်ငံအား ဆိုးကျိုးကိုသာ ဖြစ်စေသည်ပာု ပြောဆိုခဲ့သည်။

“သူတို့ နောက်ကို ပြန်မလှည့်တော့ဘူးလို့ ကျွန်တော်ခံစားမိပါတယ်။ ဒီလို ယုံကြည်ပေးဖို့လည်း ဆန္ဒရှိတယ်။ ဒီလုပ်ငန်းစဉ်ရပ်သွားလိမ့်မယ် ဆိုတဲ့ လက္ခဏာမျိုး မတွေ့ခဲ့ပါဘူး” ပာု နာတာလီဂါဝါက ဆိုပါသည်။

နေပြည်တော်မှ ဂျကာတာသို့ အပြန်စင်္ကာပူတွင် တစ်ထောက်နားစဉ် တယ်လီဖုန်းဖြင့် ပြုလုပ်သော အင်တာဗျူးတွင် နာတာလီဂါဝါက အနောက်နိုင်ငံ Sanctions တွေပာာ ပစ်မှတ်ကို လွဲချောသွားပါပြီ။ သာမန် မြန်မာပြည်သူတွေကိုပဲ ထိခိုက်နစ်နာစေခဲ့ပါတယ်” ပာု ပြောကြားသည်။

တကယ်လို့များ နိုင်ငံရေးအပြောင်းအလဲလုပ်လာအောင် ဒီ Sanctions တွေကို အကောင်အထည်ဖော်ခဲ့တာ ဆိုရင်တော့ အခုအချိန်မှာ ဒီအပြောင်းအလဲပာာ စတင် တာထွက်သွားပြီးပြီလို့ ပြောချင်ပါတယ် ပာု ယင်းက ပြောကြားခဲ့သည်။

*************************************************************************************

ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အပေါ် တရုတ်ကို မြန်မာ အာမခံ

(Reuters သတင်းမှ 30 Oct 2011 ရက်စွဲပါ "Myanmar reassures China on relations and cooperation" သတင်းကို ဘာသာ ပြန်ဆိုသည်)

ယခင်လက မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်း နှင့် ယခုလတွင် မဲခေါင်မြစ်အတွင်း တရုတ် သင်္ဘောသားများ အသတ်ခံရခြင်း ကိစ္စများကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်သွားခဲ့ပြီးနောက်တွင် အိမ်နီးခြင်း မြန်မာနိုင်ငံမှ အစိုးရ အကြီးတန်း ဝန်ကြီးတစ်ဦးက ဘီဂျင်းနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ ချစ်ကြည် ရင်းနှီးမှု တို့ကို တနင်္ဂနွေနေ့က အာမခံ လိုက်သည်ဟု အစိုးရ အာဘော် Xinhua သတင်း ဌာနက ကြေညာသည်။

မြန်မာနိုင်ငံ မြောက်ဖျားတွင် တရုတ်ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသော အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံတန် မြစ်ဆုံတမံ စီမံကိန်းကို မြန်မာပြည်သူများက သီတင်းပတ်ပေါင်းများစွာ ဒေါသတကြီး ကန့်ကွက်ခဲ့ကြပြီးနောက် မြန်မာသမ္မတ ဦးသိန်းစိန်က ယင်း၏ သမ္မတ သက်တမ်းအတွင်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

တရုတ်နိုင်ငံဖက်ကလည်း ယင်းကိစ္စ ဖြေရှင်းရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည့်။ သို့သော် အောက်တိုဘာ ၅ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်အနီး မဲခေါင်မြစ်ထဲတွင် တရုတ် သင်္ဘောသား ၁၃ ဦး သေဆုံးခဲ့သော လူသတ်မှုကြောင့် တရုတ်တို့ဖက်က ပို၍ စိတ်ဆိုးသွားပုံ ရသည်။

မဲခေါင်မြစ် လူသတ်မှုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး မင်ဂျန်ရှု နှင့် ဘီဂျင်းတွင် တွေ့ဆုံရာ၌ မြန်မာ ပြည်ထဲရေးဝန်ကြီး ဦးကိုကို က နေပြည်တော်သည် ဘီဂျင်း၏ အိမ်နီးခြင်းကောင်း ဖြစ်နေဆဲဟု အာမခံခဲ့ခြင်း ဖြစ်သည်။

*************************************************************************************

မြောက်ကိုရီးယားထံမှ ရန်စမှုများ ပိုမိုထွက်ပေါ်လာနိုင်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့ ရှုမြင်

(28 October 2011 ရက်စွဲပါ CNN News မှ Larry Shaughnessy ရေးသားသော U.S and South Korea See more North Korean provocations looming ကို ဘာသာပြန်ပါသည်။)

၂၀၁၀ ခုနှစ်တွင် မြောက်ကိုရီးယားထံမှ ရန်စမှုများ ပိုမိုမြင်တွေ့ရမည်ဟု မျှော်လင့်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက သောကြာနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

“လာမယ့်နှစ်မှာ မြောက်ကိုရီးယားက ရန်စမှုတွေ လုပ်လာနိုင်တဲ့ ဖြစ်နိုင်ချေ အများကြီးရှိတယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး Kim Kwan-jin က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Leon Panelta နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားအစိုးရသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံသည် အင်အားကြီးပြီးသာယာဝပြောကြောင်း ပြသမည့် တစ်နိုင်ငံလုံး တစ်နှစ်ပတ်လုံး အောင်ပွဲခံ ပွဲတော်များ ကျင်းပမည်ဖြစ်ပြီး ကွန်မြူနစ်တိုင်းပြည် ထူထောင်သူ ကင်အီဆွန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြုပွဲလည်း ကျင်းပမည်ဖြစ်ပါသည်။ လက်ရှီ အစိုးရကို ၎င်း၏ သား ကင်ဂျုံအီက ဦးဆောင် နေပါသည်။

အထက်ပါ အစီအစဉ်များကြောင့် လာမည့်နှစ်သစ်တွင် မြောက်ကိုရီးယားထံမှ ပြဿနာများ ပိုမိုပေါ်ပေါက်လာမည်ကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက စိုးရိမ်နေခြင်း ဖြစ်ပါသည်။ မြောက်ကိုရီးယားတွင် လက်ရှိအင်ဂျုံအီမှ ၎င်း၏သား ကင်ဂျုံအန်ထံသို့ အသွင်ကူးပြောင်းရေး ကာလဖြစ်ပါသည်။

အကြီးတန်းအမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားရာတွင် လာမည့်နှစ်တွင် မြောက်ကိုရီးယားထံမှ ခြိမ်းခြောက်မှုများ မြင့်တက်လာမည်ကို Panelta က စိုးရိမ်ပူပန်လျှက်ရှိကြောင်း ဆိုခဲပါသည်။

သောကြာနေ့က သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနှင့် ဂျပန်အပါအဝင် Panelta ၏ တစ်ပတ်ကြာ အာရှခရီးစဉ်၏ နောက်ဆုံး အဆင့်ဖြစ်ပါသည်။

Panelta သည် နိုင်ငံသုံးနိုင်ငံစလုံးနှင့် ယေဘုယျ အာရှဒေသအပေါ် အမေရိကန်စစ်တပ်၏ ကတိကဝတ်များကို ကတိပြုခဲ့သည့်အပြင် တောင်ကိုရီးယား၎င်း အဆိုပါ ကတိကဝတ်များအပေါ် သက်သေပြမည့် လုပ်ဆောင်ချက် အတိအကျများနှင့်တကွ ဖွင့်ပြောခဲ့ပါသည်။

သောကြာနေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ကြေငြာချက်တွင် Panelta နှင့် Kim တို့က ပြောကြားရာတွင် ၎င်းတို့သည် မြောက်ကိုရီးယား၏ အခြေအနေကို ပူးတွဲစောင့်ကြည့်မည့် အစီအစဉ်များ တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။

Kim က အစောပိုင်းက ပြောကြားခဲ့ရာတွင် အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုသည် မြောက်ကိုရီးယားထံမှ ရန်စသော လုပ်ဆောင်ချက်များ ရှေ့မတိုးနိုင်ရန် တားဆီးရာတွင် အထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“အဆွေတော်ဝန်ကြီးနဲ့ ကျုပ်တို့ရဲ့ အကဲဖြတ်မှုအရ မြောက်ကိုရီးယားက Choenan သဘောင်္နစ်မြှုပ်ပစ်မှုနဲ့ Yeongpan ကျွန်းကို လက်နက်ကြီးများနဲ့ ပစ်ခတ်မှု အပြီးမှာ နှစ်နိုင်ငံတုန့်ပြန်မှု လုပ်ဆောင်ချက်တွေဟာ နောက်ထပ်မြောက်ကိုရီးယားရဲ့ ရန်စမှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။” ဟု Kim က ပြောပါသည်။

Panelta က ပြောကြားရာတွင် မြောက်ကိုရီးယား၏ အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ လူအများသေစေနိုင်သော လက်နက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“မြောက်ကိုရီးယားသည် နိုင်ငံတကာအသိုင်းအဝိုင်းကို ဆက်လက်ဆန့်ကျင်လျှက်ရှိပြီး ၎င်းရဲ့ နျူကလီယာလက်နက်နဲ့ ဒုံးကျည်အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အန္တရာယ်ကြီးပြီး တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ လုပ်ဆောင်မှုတွေ ပြန့်ပွားအောင် ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောပါသည်။

မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် နျူကလီယာကိစ္စရပ်များနှင့် ပတ်သက်၍ ဂျီနီဗာတွင် ယခုအပတ် ရှားရှားပါးပါး တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် အောင်မြင်မှုရရန်နှင့် ပတ်သက်၍ သံသယရှိကြောင်း Panelta က ကြာသပတေးနေ့က ပြောကြားခဲ့ပါသည်။

သောကြာနေ့က မြောက်ကိုရီးယားထံမှ ဝါရှင်တန်၏ မျှော်လင့်မှုများကို ၎င်းကချပြခဲ့ပါသည်။ “နျူကလီယာ လက်နက် ဖျက်သိမ်းရေးဆိုတာ အဓိပ္ပာယ်က စမ်းသပ်မှုတွေ ရပ်ဆိုင်းရပါမယ်။ လက်နက်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းရပါမယ်။ နိုင်ငံတကာ ဥပဒေတွေချိုးဖောက်ပြီး သန့်စင်မှုလုပ်ငန်းတွေ ရပ်ရပါမယ်။ ဒီအဆောက်အဦတွေကို IAEA ကို စစ်ဆေးခွင့်ပြုရပါမယ်” ဟု ၎င်းက ရှင်းပြပါသည်။

နျူကလီယာ ကိစ္စ ဆက်လက်တောက်လောင်နေသည့်အထဲတွင် ဆိုက်ဘာလုံခြုံရေး (Cyber Security) ဆိုသည့် ခြိမ်းခြောက်မှု ထွက်ပေါ်လာပြန်ပါသည်။

“ဒီခြိမ်းခြောက်မှုကို လစ်လျူရှုလို့ မရပါဘူး” ဟု Panelta က ပြောပါသည်။

“ဒီကိစ္စဟာ ကျွန်တော်တို့ ရင်ဆိုင်တွေ့ရမယ့် ခြိမ်းခြောက်မှု အသစ်လုံးလုံးဖြစ်ပါတယ်။ အနာဂတ်စစ်မြေပြင်မှာ လက်နက်သစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ခြိမ်းခြောက်မှုကို ညှိနှိုင်းဖို့ ခြေလှမ်းတွေ လှမ်းဖို့ လိုပါတယ်” ဟု ၎င်းက ပြောပါသည်။ Panelta သည် ဆိုးလ်သို့ လာရောက်ပြီးနောက် အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်ထွက်ခွာသွားပါသည်။ ၎င်းသည် အင်္ဂါနေ့တွင် လွှတ်တော်အမတ်များနှင့် အာရှလုံခြုံရေးနှင့် အီရတ်၊ လစ်ဗျား၊ ယူဂန္ဓာတို့ အပါအဝင် ကမ္ဘာကြီး လုံခြုံရေးအတွက် ဆွေးနွေးကြမည်ဟု ကာကွယ်ရေးဌာန တာဝန်ရှိသူက အတည်ပြုပြောကြားခဲ့ပါသည်။

*************************************************************************************

မဲခေါင်မြစ် လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းစစ်သား ၉ ဦးကိုဖမ်းဆီး

(BBC News မှ 29 Oct 2011 ရက်စွဲပါ “Thai soldiers detained over Mekong River Killings” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း မြန်မာနယ်စပ် အနီး မဲခေါင်မြစ်တွင်းမှ ကုန်တင်ရေယာဉ် ၂ စင်းပေါ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၏ နောက်ဆက်တွဲအဖြစ် ထိုင်းစစ်သား ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီပာု သိရှိရသည်။

မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုကြောင့် နာမည်ပျက်ဖြင့် ကျော်ကြားသောဒေသတွင် အောက်တိုဘာလဆန်းက ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှု၌ တရုတ်လူမျိုးရေယာဉ်ဝန်ထမ်း ၁၃ ဦးသေဆုံးခဲ့ပြီး ၎င်းတို့၏ အလောင်းများ မြစ်ထဲတွင် မျောနေသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

အထက်ပါ ထိုင်းစစ်သားများသည် သောကြာနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် ကိုယ်တိုင်လက်နက်ချအဖမ်းခံကြခြင်း ဖြစ်သည်ပာု ထိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထိုင်းတပ်ဖွဲ့များသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့အတွက် အလုပ်လုပ်ပေးနေကြသည်ပာုလည်း သိရှိရသည်။

မီဒီယာသတင်းများ၏ အဆိုအရ မဲခေါင်မြစ်တွင်း သေဆုံးသူရေယာဉ်ဝန်ထမ်းအချို့မှာ ကြိုးဖြင့် တုပ်၍ ပါးစပ်ကို ဆို့ထားခံရကြောင်း နှင့် အချို့မှာ မျက်စိကို တိတ်နှင့် ပိတ်ထားခံရပြီး အချို့မှာ ပစ်သတ်ခံရခြင်းဖြစ်သည်ပာု သိရှိရသည်။

စစ်သား ၉ ဦးစလုံးကို ရဲတပ်ဖွဲ့က တရားစွဲဆိုမည်ပာု ရဲချုပ် ပရူပန်ဒါမာပွန် ကပြောကြားကြောင်း AFP သတင်းဌာနက သတင်းဖော်ပြသည်။

“သူတို့လုပ်ရပ်က ထိုင်းစစ်တပ်နှင့် ပတ်သက်ခြင်းမရှိပါဘူး”ဟု ရဲချုပ်က ဆိုပါသည်။

လူသတ်မှုကို စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံသို့ လတ်တလော ရောက်ရှိနေသော တရုတ်နိုင်ငံ ပြည်တွင်းလုံခြုံရေး ဒုတိယဝန်ကြီး ဇန်ရှင်ဖန်က “ယခုဖမ်းဆီးနိုင်မှုသည် အရေးကြီးသော တိုးတက်မှု တစ်ခုဖြစ်သည်” ပာု ပြောကြားကြောင်း Ximhua သတင်းဌာနက ကြေညာသည်။

မဲခေါင်မြစ်တွင်း အားကိုးရာမဲ့ဖြစ်နေသော တရုတ်သင်္ဘောသား ၁၆၄ ဦးနှင့် ကုန်တင်ရေယာဉ် ၂၈ စီးကို ပြန်လည်ခေါ်ယူရန်အတွက် တရုတ်နိုင်ငံက ကင်းလှည့်ရေယာဉ်များ စေလွှတ်ပေးထားသည်ပာု ဆိုသည်။

မြန်မာ၊ ထိုင်းနှင့် လာအို ၃ နိုင်ငံ နယ်စပ်များ စုဆုံတွေ့ထိသော ရွှေတြိဂံနယ်မြေသည် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုဖြင့် ကမ္ဘာတွင် နာမည်ဆိးကျော်သော ဒေသဖြစ်သည်။

*************************************************************************************

                   


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment