Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၂)

  1. Myanmar ပာု နှုတ်ခွန်းဆက်ကြစို့

(26 Oct 2011 ရက်စွဲပါ The Straits Times မှ Robert H.Taylor ၏Farewell Burma, hello Myanmar ကို ဘာသာပြန်ဆိုပါသည်)

  1. ရုရှား နှင့် တရုတ်ကုမ္ပဏီများသည် လာဒ်ငွေ အပေးဆုံး ကုမ္ပဏီများဖြစ်

(1 November 2011 ရက်စွဲပါ BBC News မှ Russian and Chinese companies " most likely to bribe " ကို ဘာသာပြန်ပါသည်။ )

***************************************************************************************

Myanmar ပာု နှုတ်ခွန်းဆက်ကြစို့

(26 Oct 2011 ရက်စွဲပါ The Straits Times မှ Robert H.Taylor ၏ Farewell Burma, hello Myanmar ကို ဘာသာပြန်ဆိုပါသည်)

(စာရေးသူသည် Institute of Southeast Asian Studies မှ ဖဲလိုးတစ်ဦးဖြစ်ပြီး City University of Hong Kong  ရှိ International and Asian Studies ဧည့်ပါမောက္ခဖြစ်ပါသည်)

အစိုးရများ၏ လုပ်ဆောင်ချက်များတွင် အကျိုးဆက်များစွာကို ဖြစ်စေပါသည်။ သို့သော် နောက်ဆုံးရလဒ်ကို ကြိုတင်ပြောမပြနိုင်သကဲ့သို့ သိလည်း မသိရှိနိုင်ပါ။

မကြာသေးမီက မြန်မာအစိုးရ၏ သမ္မတ ဦးသိန်းစိန်သည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ တိုင်းပြည်တွင် ဆင်းရဲမွဲတေမှုများနှင့် ပဋိပက္ခများ ကြုံတွေ့နေရကြောင်း ဝန်ခံခြင်း၊ ထိန်းချုပ်ရန်ခက်ခဲသော တိုင်းရင်းသားလူမျိုးစုများနှင့် ပြန်လည်ပေါင်းစည်းရေး စကားပြောခြင်း၊ မြစ်ဆုံရေလှောင်တမံ ဆောက်လုပ်ခြင်းကို ရပ်နားခဲ့ခြင်း၊ မကြာသေးမီက နာမည်ကြီး နိုင်ငံရေးဆန့်ကျင်သူအချို့ အပါအဝင် အကျဉ်းသား (၆၀၀၀) ကျော်ကို လွှတ်ပေးခြင်း များကို လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့သော လုပ်ဆောင်ချက်များတွင် တိုက်ရိုက်ကျိုးသက်ရောက်မှုများ ရှိသဖြင့် အဓိပ္ပါယ် ရှိသကဲ့သို့ အဓိပ္ပါယ် ဖွင့်ဆိုပါကလည်း အဓိပ္ပါယ်ရှိသော လုပ်ရပ်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်းမှ ပြည်တွင်း နိုင်ငံရေးဇာတ်ကောင်များနှင့် ပြည်ပရောက် ဗပာုသုတနည်းပါးသော ၎င်းတို့၏ နိုင်ငံရေးအရ တောင်းဆိုမှုများသာ အမြဲမှန်သည်ပာု ယူဆနေသော အသိုင်းအဝိုင်းများ အပါအဝင် ပြောဆိုနေကြသူများသည် မိမိတို့သန်ရာသန်ရာ ကောက်ချက်ဆွဲကြလိမ့်မည်သာ ဖြစ်ပါသည်။ အစိုးရအပြောင်းအလဲမဖြစ်နိုင်ပဲ၊ ပြုပြင်ပြောင်းလဲမှုများ ဖြစ်နိုင်သည်ပာု ကာလရှည်ကြာကပင် ပြောဆိုလာခဲ့သူများအဖို့မူ အကောင်းမြင်မှု အပြည့်ရှိနေပေလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေနှင့် ဦးသိန်းစိန်၏ အမည်ခံ အရပ်သားအစိုးရဖွဲ့စည်းမှုကို စစ်တပ်က အာဏာအမြစ်တွယ်ရန် လုပ်ဆောင် ခြင်းသာဖြစ်သည် ပာု မြင်နေသူများကမူ ယခုလုပ်ဆောင်ချက်များသည် အမြင်ကောင်းအောင် လုပ်ပြခြင်းသာ ဖြစ်သည်ပာု ဆိုကြလိမ့်မည် ဖြစ်ပါသည်။

ကျွနိုပ်တို့ နိုင်ငံခြားသားများအနေဖြင့်မူ အဆိုပါ ငြင်းခုန်နေမှုများကို ဘေးမှ ထိုင်ကြည့်၍ မှတ်ချက်ပေးရုံက လွဲ၍၊ ဆုံးဖြတ်ချက်များသည် မိမိတို့နှင့် သက်ဆိုင်သည်မပာုတ်ပေ။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းပာုခေါ်ဆိုနေကြသော နိုင်ငံခြားအစိုးရများသည် ယခု ဖြစ်ပျက်နေသည်များကို ကြည့်၍ ၎င်းတို့၏ ကိုယ်ပိုင် ကောက်ချက်ချရမည်ဖြစ်ပြီး၊ မည်သို့ တုန့်ပြန်မည်ဆိုသည်ကိုပါ စဉ်းစားရလိမ့်မည်ဖြစ်ပါသည်။ အမေရိကန် သမ္မတ Barack Obama အစိုးရသည် အနောက်နိုင်ငံများအတွက် ဦးဆောင်မှုပေးမည့်သူဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏တုန့်ပြန်မှုကို အခြားသူများက အနီးကပ် စောင့်ကြည့်နေမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ အိုဘားမားအစိုးရသည် ရွေးရခက်သော အခြေအနေများကို ကြုံတွေ့နေရသည်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ နေရပါ သည်။ မြန်မာနိုင်ငံကလည်း အိုဘားမားနှင့် ကွန်ဂရက်၏ ဖိအားပေးရေး အစီအစဉ်များစွာရှိနေသည်ကို ကြုံတွေ့နေရပါသည်။ မကြာသေးမီက အားတက်ဖွယ်အသံများ ကြားခဲ့ရသော်လည်း အိုးဘားမားအစိုးရသည် ဥပဒေများ၊ မီဒီယာများနှင့် မြန်မာနိုင်ငံ ပြည်ပရောက် အသိုင်းအဝိုင်းကို ထောက်ခံသော နိုင်ငံရေး အတိုက်အခံများကြောင့် ဘာမျှလုပ်ဆောင်နိုင်ခြင်း မရှိပေ။ အဆိုပါ အသိုင်းအဝိုင်းများက ပိုမိုမြန်ဆန်သော ပြုပြင် ပြောင်းလဲမှုများနှင့် အဆိုပြုထားသော အဆိုပါလတ္တံသော ပိုမိုများပြားသော ပြောင်းလဲမှုများကို တောင်းဆိုလျက်ရှိပါသည်။

အိုးဘားမား အစိုးရနှင့် အခြားအနောက်နိုင်ငံအစိုးရများ သည် မကြာသေးမီက ဦးသိန်းစိန်၏ နုနယ်သော အစိုးရ လုပ်ဆောင်မှုများနှင့် အနာဂါတ် တွင် လုပ်ဆောင်ဖွယ်များနှင့် ပတ်သက်၍ နိုင်ငံတကာက ပါဝင်ပတ်သက်ရေး စဉ်းစားကြရလိမ့်မည် ဖြစ်ပါသည်။

ကွဲပြားနေသော နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားသော အကျိုးစီးပွား အမျိုးမျိုး ရှိပါသည်။ တရုတ်၏ စိတ်ဝင်စား မှုများတွင် စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် နယ်စပ်လုံခြုံရေးများ ပါဝင်ပါသည်အိန္ဒိယ၏ အကျိုးစီးပွားမှာလည်း ထိုနည်းတူဖြစ်သော်လည်း တစ်ထပ်တည်းတူညီသည်တော့ မပာုတ်ပေ။ အနောက်နိုင်ငံ အစိုးရ၏ အကျိုးစီးပွားများမှာ မြင်သာထင်သာမရှိလှသော်လည်း ရေတိုအတွက်မပာုတ်လျှင်သော်မှ ရေရှည်တွင် လက်တွေ့ဖြစ်နိုင်ပါသည်။ သို့သော် ရွေးချယ်တင်မြှောက်ခံရသော အစိုးရများသည် ကာလတိုသာ အာဏာရရှိသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအနာဂါတ်ကဲ့သို့သော အချိန်ကာလ အတန်ကြာကရှိနေသော ပြဿနာများကို ညှိနှိုင်းရာတွင် ၎င်းတို့တွင် အားနည်းချက်များ ရှိနေပါသည်။

မကြာသေးမီက မြန်မာအစိုးရ၏ လုပ်ဆောင်မှုများကို အိုဘားမားအစိုးရနှင့် ကွန်ဂရက်မှ ဦးဆောင်ပုဂ္ဂိုလ်များက အားတက်ဖွယ်ဖြစ်သည်ပာု ရှုမြင်ကြပါသည်။ လုပ်ဆောင်မှုများကြောင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူမှုများ ရုတ်သိမ်းခြင်းများမပြုမီ ပိုမိုခိုင်မာသော လုပ်ဆောင်မှုများ ပြုလုပ်ရန် တောင်းဆိုမှုများ ပြုလုပ်လာကြပါသည်။

ဝါရှင်တန်တွင် မြန်မာ့အရေးကို ဦးစားပေးတွင် မရှိပေ။ ဆွဲဆောင်မှုများမှာလည်း ပြန်လည် ငြိမ်သက်သွားပြီး ဘာဖြစ်မည် ဆိုသည်ကို စောင့်ကြည့် နေကြသည်။ ရှေ့တွင် ဘာဆက်လုပ်မည် ဆိုသည်ကို "အသိရ ခက်ပါတယ်" ဟု လွယ်လွယ် တုန့်ပြန်မှုပြုခဲ့ကြပြီး ဘာမျှလုပ်ဆောင်မှု မရှိခြင်းကိုသာ တွေ့နေကြရသည်။

မကြာသေးမီက ပြုပြင် ပြောင်းလဲမှုများ အပေါ် အနောက်နိုင်ငံ အစိုးရများက အလယ်အလတ် အဆင့်ရှိ တုန့်ပြန်မှု သို့မဟုတ် အနုတ်လက္ခဏာ ဆောင်သော တုန့်ပြန်မှုများ မည်သို့တုန့်ပြန်မည်နည်း။ ဦးသိန်းစိန်အား နယ်ပယ်စုံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားပေးခဲ့သူများကမူ အပေါင်း လက္ခဏာဆောင်သော ခံစားမှုများ ရရှိမည်ဖြစ်ပြီး ပိုမို လုပ်ဆောင်ရန် ဖိအားပေးမည် ဖြစ်သည်။

သို့သော် ဆန့်ကျင်ဖက်မှ ငြင်းချက်ထုတ်မည့် သူများလည်း ရှိနေပါသေးသည်။ ပြည်သူများ၏ အတွေးမှတ်ဥာဏ်များတွင် များစွာ ရှိနေသေးသည် ဖြစ်ရာ မြန်မာအစိုးရသည် အနောက်ကို ချွေးသိပ်ရန် ကြိုးစားမှုများ ယခင်က ရှိခဲ့ဖူးသည်ဟု အလွယ်တကူပင် ငြင်းချက်ထုတ်လိမ့်မည် ဖြစ်သည်။ အနောက်နိုင်ငံများကလည်း တိုင်းပြည်၏ အဓိက အကျိုး စီးပွား ဖြစ်သော နိုင်ငံရေး တည်ငြိမ်မှုနှင့် အမျိုးသား လုံခြုံရေးကို ထိခိုက်မည့် တောင်းဆိုမှုများ ပိုမို ပြုလုပ်ခဲ့သည်ကို တွေ့ ကြရသည်။

စိတ်ကူးကြည့်ပါ။ နေပြည်တော်ရှိ လက်တွေ့ကျကျ လုပ်ကိုင်တတ်သူ အချို့သည် လေးလေးနက်နက် စဉ်းစားကြပေလိမ့်မည်။ "ဝန်ကြီးချုပ် ဟောင်း ခင်ညွန့်၊ ၁၉၉၉ နှင့် ၂၀၀၄ အတွင်း ဖြေလျော့ပေးခဲ့သည်များကို မှတ်မိကြမည်လော။ နိုင်ငံတကာ ကြက်ခြေနီကော်မတီကို ထောင်များသို့ ဝင်ရောက်ကြည့်ရှုခွင့် ပေးခြင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အား ကော်ဇောနီဖြင့် ကြိုဆိုခြင်း၊ ILO နှင့် သိသာသော သဘောတူညီမှုများ ပြုလုပ်ခဲ့ရာ အတင်းအကြပ် လုပ်အားပေးစေမှုများကို အလွယ်တကူ တိုင်ကြားနိုင်ရန် ခွင့်ပြုခြင်း၊ ဒီမိုကရေစီ လမ်းပြမြေပုံ ရေးဆွဲခဲ့ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့ချရေး လုပ်ဆောင်ခဲ့ခြင်းများ ပါဝင်သည်။ ထိုသို့ ပြုလုပ်ပေးခဲ့၍ မိမိတို့ ဘာတွေရခဲ့သနည်း။ ပိုမိုလုပ်ဆောင်ရန် အားပေးမှုသာ ရခဲ့ပါ သည်။ ယခု မိမိတို့ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးပြီး အစိုးရသစ်လည်း ဖြစ်လာပြီး ဒီမိုကရေစီ ခေါင်းဆောင်နှင့် အခြားသူများကို လွှတ်ပေးခဲ့ခြင်း အပါအဝင် အခြားလုပ်ဆောင်မှုများ လုပ်ပေးခဲ့သည်။ မိမိတို့ အစိုးရသည် ဖြေလျော့ပေးမှုများ ပြုလုပ်ခဲ့ပြီး၊ ယခင်အစိုးရ ခေါင်းဆောင်များ၏ မူဝါဒများကို ဖယ်ရှားခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ဘာတွေရမည်နည်း။ ထပ်မံလုပ်ဆောင်ရန်များ ပြောပြီး အားပေးဦးမည်လော။ သို့ဆိုလျှင် မိမိတို့ အနောက်နိုင်ငံကို မည်သို့အတွက် လိုအပ်နေဦးမည်လဲ။ မိမိတို့သည် နှစ်ပေါင်း ၅၀ ကျော် အနောက်၏ အကူအညီမပါပဲ ရှင်သန်လာခဲ့ပြီး ဖြစ်သည်။ ထွက်သွားကြပါဟု ခပ်ရိုင်းရိုင်း ပြောရတော့မည် ဖြစ်သည်။"

အထက်ပါ မြန်မာဘက်မှ စဉ်းစားနိုင်သည့် အချက်ကို ကြည့်၍ အနောက်ကမ္ဘာအနေဖြင့် တစ်ခုခုပေးရမည့် အချိန်ရောက်ပြီဟု ဆိုရမည် ဖြစ်သည်။ သို့သော် အထက်မှဆိုခဲ့သော နိုင်ငံရေးအရ အကန့်အသတ်ဖြစ်နေမှုများကို Obama နှင့် အခြားသူများအား သိစေခဲ့ပါက မည်သို့ ရှိမည်နည်း။

နိုင်ငံရေး ဆိုသည်မှာ အထက်တွင် ညွှန်ပြခဲ့သလို ကိုယ်စားပြုမှုများ၊ လက္ခဏာများ (Symbolism) အကြောင်းပင် ဖြစ်သည်။ အကယ်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ဗြိတိသျှဝန်ကြီး တို့သည် ဥရောပ သမဂ္ဂရှိ ယင်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ယင်းတို့မှ ဦးဆာင် ဦးရွက် ပြု၍ Burma ဟု ခေါ်နေမည့်အစား တရားဝင် အမည်ဖြစ်သော Myanmar ဟု လူသိရှင်ကြား ညွှန်းဆိုသင့်လှပါသည်။ ထိုသို့ လုပ်ဆောင်ရန် ဘာမျှ ကုန်ကျလှ သည် မဟုတ်သော်လည်း သက်ရောက်မှုများမှာ အရေးပါလှသည်။ တကယ်တမ်းတွင် ဗြိတိသျှ ဘုရင်မကြီးနှင့်အခြား နိုင်ငံခေါင်းဆောင်များသည် မြန်မာ သံအမတ်ကြီးများ ခန့်အပ်လွှာ ပေးအပ်ပွဲများ၌ ထိုသို့ ညွှန်းဆို သုံးနှုန်းခဲ့ကြသည်ပင် ဖြစ်သည်။

တစ်ဦးချင်း ခံယူချက်မူ အရသာ တူညီမျှခြင်းနှင့် လေးစားခြင်းတို့ကို အသိအမှတ် ပြုမှုသည် နားလည်မှုကို ရယူနိုင်ခြင်းနှင့် တဖြည်းဖြည်း နိုင်ငံရေး လုပ်ငန်းစဉ်များတွင် နှစ်ဦးနှစ်ဖက် ကောင်းမွန်သော အပြုအမူများဖြင့် ရှေ့ဆက် သွားနိုင်ခြင်း စသည်များအတွက် အဓိကကျသော အချက်ဖြစ်သည်။ သို့ မဟုတ်ပါက ယခင် အခြေအနေကို ပြန်ရောက်သွားနိုင်သည့် အန္တရာယ် ရှိသည်။ ထိုအချိန်ကျမှ အများက ဝိုင်းအော်ကြမည်ဆိုပါက "အစက ဒီလို ဖြစ်လိမ့်မယ်လို့ ပြောခဲ့သားပဲ" ဟုသာ ဆိုရပေတော့မည်။

-----------------------------------------------------------------------------------------------------------------------------------

ရုရှားနှင့် တရုတ်ကုမ္ပဏီများသည် လာဒ်ငွေ အပေးဆုံး ကုမ္ပဏီများဖြစ်

( 1 November 2011 ရက်စွဲပါ BBC News မှ Russian and Chinese companies " most likely to bribe " ကို ဘာသာပြန်ပါသည်။ )

ရုရှားနှင့် တရုတ် နိုင်ငံတို့မှ ကုမ္ပဏီများသည် နိုင်ငံရပ်ခြားတွင် စီးပွားရေးလုပ်ကိုင်ပါက လာဒ်ငွေပေး၍ အလုပ် လုပ်ကိုင်လေ့ရှိကြသည်ဟု စစ်တမ်း တစ်ရပ်က ဆိုပါသည်။

အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး အုပ်စု တစ်ခုဖြစ်သော Transparency International (TI) မှ ကြီးမှူး၍ စီးပွားရေးဦးဆောင် အမှုဆောင် (3000) ကို မဲပေးစေရာ (28) နိုင်ငံအနက် အထက်ပါနိုင်ငံနှစ်ခုသည် အဆိုးရွားဆုံး အမှတ်ရရှိကြပါသည်။

နယ်သာလန်နှင့် ဆွစ်ဇာလန်တို့သည် အမှတ်အများဆုံး ရရှိကြပြီး၊ ဗြိတိန်နိုင်ငံက အမှတ်စဉ်(၈) တွင် ရှိပြီး၊ အမေရိကန်နှင့် ပြင်သစ်တို့၏ အထက်တွင်ရှိပါသည်။

လာဘ်ပေး၍ ပြည်သူ့ကဏ္ဍ နှင့် ဆိုင်သောလုပ်ငန်းများနှင့် ဆောက်လုပ်ရေးကန်ထရိုက်များ ရရှိအောင် ဆောင်ရွက်ကြပါသည်။

ညီညွတ်မှုမရှိခြင်း

"အကျင့်ပျက်ခြစားမှု ညွှန်းကိန်းမှာ တရုတ်နဲ့ရုရှားဟာ အောက်ဆုံးမှ ရောက်နေခြင်းဟာ သီးခြားစိုးရိမ်ရမဲ့ကိစ္စ  ဖြစ်လာပါတယ်" ဟု TI က ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

"နိုင်ငံများရှိစီးပွားရေးလုပ်ငန်းများသည် ကမ္ဘာသို့ ခြေလှမ်း၍ လုပ်ကိုင်လာကြခြင်းကြောင့်၊ လာဒ်ပေးခြင်းနှင့် အကျင့်ပျက်ခြစားမှုတို့သည် ၎င်းတို့လုပ်ကိုင်နေသော လူ့အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ တရားမျှတစွာ ယှဉ်ပြိုင်နိုင်စွမ်းကို ကြီးမားစွာ သက်ရောက်မှုများရှိစေပါသည် " ဟု ဖော်ပြထားပါသည်။

အဓိက စီးပွားရေးတိုးတက်နေသော နိုင်ငံများသည် အဆင့်ကောင်းကောင်းတွင်ရှိနေရာ အိန္ဒိယသည် အဆင့် (19)၊ ဘရာဇီးသည် အဆင့်(14) နှင့် အီတလီထက် အဆင့်တစ်ခု မြင့်ပါသည်။

အစီရင်ခံစာတွင် နိုင်ငံရပ်ခြား၌ လာဒ်ငွေပေးသော ကုမ္ပဏီများအား တရားမဝင် သတ်မှတ်၍ နိုင်ငံတော်မှ အရေး ယူဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် တောင်းဆိုထားပါသည်။

"G20 အစိုးရများဟာ နိုင်ငံခြားလာဒ်ပေးမှုကို အရေးပေါ်ကိစ္စ အနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်" ဟု TI ဥက္ကဌ Huguette Labelle က ပြောပါသည်။ ၎င်းက စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူမှုများကို ပိုမိုကြိုးပမ်း လုပ်ဆောင်သင့် ကြောင်း ပြောကြားခဲ့ပါသည်။

ရုရှားသည် စာရင်း၏ အောက်ဆုံးတွင် ရှိနေရာ၊ စိန်ခေါ်နေသော ကိစ္စတစ်ရပ်အဖြစ် TI က ရှုမြင်နေပါသည်။

"ကံဆိုးတာတစ်ခုက ရုရှားပြည်သူတွေနဲ့ စီးပွားရေးဘဝမှာ ညီညွတ်မှု မရှိတာပါပဲ" ဟု TI ၏ ရုရှား ဒါရိုက်တာ Elena Panfilora က ပြောပါသည်။

အခွန်ထမ်းမည့်သူများ ဖန်တီးခြင်း

စစ်တမ်းကောက်ယူရာတွင် နိုင်ငံခြားတိုင်းပြည်များမှ ကုမ္ပဏီများသည် မည်မျှထိ လာဒ်ငွေပေးမှုများ ဖြစ်နိုင်သနည်းဟု မေးခွန်းကို မေးမြန်းခဲ့ပါသည်။

ပြီးခဲ့သည့် နှစ်က TI က သီးခြားကောက်ယူသော အကျင့်ပျက်ခြစားမှုများ၏ သဘာဝကို ဆန်းစစ်သော စစ်တမ်း၏ အဆိုအရ ရိုးသားမှုမရှိဆုံး၊ မူမရှိသော အစိုးရများ ရှိသော တိုင်းပြည်များမှ စီးပွားရေးသမားများသည် လာဘ် ပေးမှုကို ပုံမှန်လုပ်ဆောင်သည်ဟု တွေ့ရှိရပေသည်။ လာဒ်ပေးမှုအများဆုံး ဖြစ်ပေါ်သောကဏ္ဍမှာ ပြည်သူလူထုနှင့်သက်ဆိုင်သော ပစ္စည်းဝယ်ယူမှုများဖြစ်ပြီး၊ ကုမ္ပဏီ များသည် အစိုးရထံမှ အမှိုက်များကောက်ယူခြင်းမှအစ လမ်းများ ဖောက်လုပ်ခြင်းအဆုံး အရာခပ်သိမ်းအား ကန်ထရိုက် ရရန်  ကြိုးပမ်းခဲ့ကြပါသည်။

TI အနေဖြင့် လေ့လာသိရှိမှုများအရ ပြည်သူလူထုနှင့် သက်ဆိုင်သော ကဏ္ဍမှ ကန်ထရိုက်များ၏ သဘာဝမှာ ၎င်းတို့သည် ပမာဏကြီးမားခြင်း၊ ရှုပ်ထွေးခြင်းနှင့်၊ တဆင့်ခံကန်ထရိုက်များ များစွားရှိခြင်းတို့ကြောင့် ကုန်ကျငွေများ ပိုမို ဖောင်းပွတင်ခြင်း၊ မသင့်တော်သော စရိတ်များကို မမြင်သာအောင် ပြုလုပ်ခြင်းများရှိသည်ဟု သိရှိရပါသည်။

သို့သော် TI ကပြောကြားရာတွင် အဓိက အခြေခံအဆောက်အဦးနှင့် အိမ်ရာစီမံကိန်းများရရှိအောင် လာဘ်ပေး ခြင်းသည် အခွန်ထမ်းသူများအား လိမ်ညာမှုများ ဖြစ်စေပြီး၊ လုံခြုံရေးစံများကို ဂရုမပြုဘဲ ဖြစ်စေပါသည်။

ကုမ္ပဏီများသည် အစိုးရများသို့သာ ပုံမှန်လာဒ်ငွေပေးခြင်းပြုသည်သာမက အခြားစီးပွားရေးလုပ်ငန်းများကိုလည်း လာဒ်ပေးလေ့ရှိသည်ဟု စစ်တမ်းက ညွှန်းဆိုပါသည်။

သတ္တုတူးဖော်ရေးနှင့် ရေနံသဘာဝဓာတ်ငွေ့ကဏ္ဍတွင် တရုတ်နှင့်ရုရှားတို့မှ အတက်ကြွဆုံးဖြစ်ပြီး၊ လာဘ်ငွေ အပေးဆုံး လုပ်ငန်းများ ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ လာဒ်ပေးမှုအနည်းဆုံးကဏ္ဍဖြစ်ပြီး၊ လုပ်ငန်းကြီး(19)ခု ရှိသည့်အနက် ဘဏ် လုပ်ငန်းမှာ လာဘ်ငွေပေးမှု အနည်းဆုံး အဆင့်(4) တွင် ရှိပါသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment