Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၈.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ ၂၀၁၄ ဥက္ကဋ္ဌနေရာအတွက် အာဆီယံ၏ ခေါင်းငြိမ့်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ကြိုဆို

(17 Nov 2011 ရက်စွဲပါ Mail+Guardian online မှ Suu Kyi’s party welcome Asean nod to Burma as 2014 chair ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုစာမျက်နှာသစ်ဖွင့်ရန် ဟီလာရီကလင်တန် လာရောက်လည်ပတ်မည်

(18 Nov 2011 ရက်စွဲပါ နိုင်ငံတကာသတင်းအေဂျင်စီများမှ သတင်းများကို စုစည်းဖော်ပြသည်)

  1. အမေရိကန်နှင့် ဥရောပတို့ မြန်မာနိုင်ငံအပေါ် ထားရှိသော အရေးယူမှုများ ဖြေလျှော့ပေးသင့်ဟု ထိုင်းပြော

(17 Nov 2011 ရက်စွဲပါ Reuters တွင် Yoko Nishikawa ရေးသားသော US, Europe should case Myanmar sanctions: Thailand ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတို့ဥက္ကဋ္ဌ လုပ်မည့် ကြိုးပမ်းမှု အာဆီယံခေါင်းဆောင်များ အတည်ပြု

(BBC News မှ 17 Nov 2011 ရက်စွဲပါ “Asean leaders approve Burma chairmanship bid” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့နိုင်ငံရေးစနစ်အတွင်း အတိုက်အခံပါတီ ပြန်လည်ဝင်ရောက်ဖွယ်ရှိ

(The NewYork Times မှ 16 Nov 2011 ရက်စွဲပါ “Opposition may rejoin political system in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

မြန်မာနိုင်ငံ၏ ၂၀၁၄ ဥက္ကဋ္ဌနေရာအတွက် အာဆီယံ၏ ခေါင်းငြိမ့်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ကြိုဆို

(17 Nov 2011 ရက်စွဲပါ Mail+Guardian online မှ Suu Kyi’s party welcome Asean nod to Burma as 2014 chair ကိုဘာသာပြန်ဆိုသည်)

              မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေါင်းဆောင်နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ကြာသပတေးနေ့တွင် ၂၀၁၄ ၌ အာဆီယံ အသင်းကြီး၏ ဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက လျှောက်ထားမှုအပေါ် အတည်ပြုရန် မျှော်လင့်ရခြင်းနှင့် ပတ်သက်၍ ကြိုဆိုခဲ့သည်။ ယင်းသို့ခွင့်ပြုခြင်းဖြင့် အထီးကျန် တိုင်းပြည်တွင် နိုင်ငံရေးအရပြောင်းလဲမှုများ ပိုမိုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                အမေရိကန်သမ္မတ Barak Obama က လူ့အခွင့်အရေးနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာများ ရှိနေသေးသည်ပာု ဆိုသော်လည်း အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများသည် ဗုဒ္ဓပာူးနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပနေသော ထိပ်သီးအစည်းအဝေးတွင် အာဆီယံ(၁၀) နိုင်ငံ ခေါင်းဆောင် များအား မြန်မာနိုင်ငံအား ဥက္ကဋ္ဌနေရာအတွက် ထောက်ခံကြရန် တိုက်တွန်းခဲ့သည်။

                “သူတို့ရဲ့ ဆုံးဖြတ်ချက်ပာာ လက်ရှိမြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ အရှိန်မပျက်အောင် အားပေးမှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်” ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြီးတန်းတာဝန်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

                “ကျွန်တော်ထင်ပါတယ်၊ ဥက္ကဋ္ဌနေရာ ရပြီးရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာမှာဖြစ်ပြီး၊ ဒါမှသာ အာဆီယံရဲ့ အရည် အသွေးရှိ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်နိုင်မှာဖြစ်ပါတယ်” ပာု ၎င်းကပြောသည်။.

*****************************************************

အမေရိကန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုစာမျက်နှာသစ်ဖွင့်ရန် ဟီလာရီကလင်တန် လာရောက်လည်ပတ်မည်

(18 Nov 2011 ရက်စွဲပါ နိုင်ငံတကာသတင်းအေဂျင်စီများမှ သတင်းများကို စုစည်းဖော်ပြသည်)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ရာ ယင်းခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ထိပ်တန်း အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပထမဆုံးမြန်မာပြည်ခရီးစဉ်ဖြစ်ကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက CBS သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် တိုးတက်ဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ သမိုင်းတွင်မည့် အခွင့်အလမ်းများ ဖမ်းဆုပ် ရယူရန် ကြိုးပမ်းလျက်ရှိသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်ဟု သမ္မတ အိုဘားမားက အင်ဒိုနီးရှားနိုင်ငံဘာလီမြို့တွင်ပြောကြားသည်။

ယခုကိစ္စသည် သမ္မတအိုဘားမားအနေဖြင့် အမေရိကန်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု စာမျက်နှာသစ်များဖြစ်ထွန်းလာစေရန် တံခါး ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု The Economist Times သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းခဲ့ပြီးနောက် 'တိုးတက်ဖြစ်ထွန်းမှုများ ရိပ်ခနဲ ပေါ်ပေါက်လာပြီ ဖြစ်သည်' ဟု သမ္မတ အိုဘားမားကပြောဆိုသည်။ CBS သတင်းထောက် Norah O' Donnell ၏သတင်းပေးပို့ချက်အရ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် Air Force One အထူးလေယာဉ် ပေါ်မှတစ်ဆင့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့ပြောဆိုရာတွင် အမေရိကန်ပြည်ထောင်စု၏ စေ့စပ်ညှိနှိုင်းရေးမူဝါဒသစ်သည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ကြဉ်းရာ၌ အကူအညီပေးရန်ဖြစ်သည်ဟူသောအချက်ကို အတည်ပြုပြောဆိုခဲ့ကြောင်းသိရသည်။

သို့သော် ဟီလာရီကလင်တန်အနေဖြင့် ဒီဇင်ဘာလမှ မည်သည့်နေ့ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး အချိန်ကာလမည်မျှကြာမြင့်စွာ လည်ပတ် မည်ဟူသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၁၀ ရက်နေ့ ဟာဝိုင်ရီကျွန်း၊ ဟိုနိုလူလူမြို့တွင်ကျင်းပခဲ့သည့် အေပက်ထိပ်သီး ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။ "မြန်မာအစိုးရကသာ ပြည်သူတွေ အတွက် စစ်မှန်ပြီး ကြာရှည်ခံသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဆိုပါက သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ မဟာမိတ်ရှာတွေ့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ အေပက်ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးပွဲ၌ ဟီလာရီကဆိုသည်။

သို့သော် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့်ပေးနိုင်ခြင်း ရှိ၊မရှိ နှင့် တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်အောင် ဆက်လက်လုပ်ဆောင်ခြင်း ရှိ၊မရှိ အစရှိသည့်အရေးကိစ္စများအပါအဝင် မြန်မာ့အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများစွာ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကိစ္စသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ထူးခြားသော သမိုင်း မှတ်တိုင် တစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဟီလာရီအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရသစ်ထိပ်ပိုင်း ခေါင်း ဆောင်များနှင့် တွေ့ဆုံကာ စီးပွားရေး ပိတ်ဆို့မှုဖယ်ရှားရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြင့်အောင် လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဒီမိုကရေစီ ဖော် ဆောင်ရေးကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူများက ခန့်မှန်းပြောဆိုကြသည်။

***********************************************************************

အမေရိကန်နှင့် ဥရောပတို့ မြန်မာနိုင်ငံအပေါ် ထားရှိသော အရေးယူမှုများ ဖြေလျှော့ပေးသင့်ဟု ထိုင်းပြော

(17 Nov 2011 ရက်စွဲပါ Reuters တွင် Yoko Nishikawa ရေးသားသော US, Europe should case Myanmar sanctions: Thailand ကို ဘာသာ ပြန်ဆိုသည်)

              ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တိုးတက်နေခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ဖြေလျော့ပေးရန် အားပေးခဲ့ပြီး၊ လူ့အခွင့်အရေး အခြေအနေများ တိုးတက်ရန် ဖိအားပေးခံနေရသော ၎င်း၏ အိမ်နီးခြင်းအတွက် ထောက်ခံမှုများ ပြုလုပ်ခဲ့သည်။

                အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့သည် မြန်မာနိုင်ငံတွင် မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့မှုအား လက်ခုပ်တီး ကြိုဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့က အရေးယူမှုများ ရုတ်သိမ်းရန် မစဉ်းစားမီ ပြုပြင်ပြောင်းလဲမှုများ ပိုမို ပြုလုပ်ရန် ပြောကြားခဲ့သည်။

                ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Surapong Towijakchaiku က Reuters သို့ အင်တာဗျူးတွင် ပြောကြားခဲ့ရာတွင် သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံသည် ပုံမှန် အခြေအနေသို့ ပြန်ရောက်ရန် ပြုပြင်ပြောင်းလဲမှုများအား ဆက်လက် လုပ်ဆောင်လိမ့်မည်ဟု ၎င်းအနေနှင့် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။

                အမေရိကန်နှင့် ဥရောပတို့သည် ၎င်းတို့၏ အရေးယူမှုများကို ဖြေလျှော့သင့်သည်ဟု ထိုင်းနိုင်ငံအနေဖြင့် ယုံကြည်ပါသလားဟု မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် “ သူတို့ အရင်က ချမှတ်ထားတဲ့ အရေးယူမှုကို ဖြေလျှော့ပေးသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

                မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီးနောက် အမေရိကန်သမ္မတ Barak Obama က ၎င်း၏ ပထမဆုံး မှတ်ချက်စကားကို ကြသပတေးနေ့က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဖွင့်ပေးခဲ့သော်လည်း လူ့အခွင့်အရေး တိုးတက်မှု ပိုမို လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု ပြောကြားခဲ့သည်။

                အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် မြန်မာနိုင်ငံအား ၂၀၁၄ တွင် အဖွဲ့ကြီး၏ ဥက္ကဋ္ဌနေရာအတွက် ကြာသပတေးနေ့က ထောက်ခံ အတည်ပြုခဲ့ပြီး၊ ရာစုနှစ် တစ်ဝက်ခန့် အထီးကျန်နေမှုမှ ရုန်းထွက်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်သွားရန် အခွင့်အရေး ပေးခဲ့ သည်။

                “မြန်မာနိုင်ငံဟာ စီးပွားရေး တိုးတက်မှု ဆက်လက်ဖြစ်ပေါ်ဖို့ လိုလားပါတယ်။ သူတို့ဟာ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်မှုရတာကို မြင်လိုကြ ပါတယ်” ဟု Surapong က ပြောသည်။

                “ သူတို့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ နောက်ပြန်လှည့်သွားလိမ့်မယ် မထင်ပါဘူး” ဟု Surapong က ပြောကြားခဲ့သည်။ ၎င်းက မြန်မာနိုင်ငံတွင် မကြာမီက နိုင်ငံရေး အကျဉ်းသားများ ပိုမိုလွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖြည့်စွက် ပြောခဲ့သည်။ “ သူတို့ ကြိုးစားနေတာ တွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ယုံလိုက်စမ်းပါ” ဟု ၎င်းက ပြောသည်။

                Surapong က ပြောကြားရာတွင် ၂၀၁၄ တွင် အာဆီယံ ထိပ်သီးအစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပရန် အာဆီယံက လက်ခံခဲ့ ခြင်းအား ဝါရှင်တန်အနေဖြင့် သဘောကျလိမ့်မည်ဟု မျှော်လင့်ကြောင်းဆိုသည်။

                အာဆီယံခေါင်းဆောင်များသည် သောကြာနေ့တွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား( အာဆီယံ + ၃) အပါအဝင် ဆွေးနွေးဖက်နိုင်ငံများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ထို့နောက် သြစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်နှင့် အဖွဲ့ဝင်သစ်များဖြစ်သော အမေရိကန်၊ ရုရှားတို့ ပါဝင်သော အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို စနေနေ့တွင် ကျင်းပရန် စီစဉ်ထားသည်။

                သမ္မတ Obama သည် အရှေ့အာရှထိပ်သီး အစည်းအဝေးသို့ တက်ရောက်သော အမေရိကန်သမ္မတဖြစ်ပြီး၊ အမေရိကန်အား ပစိဖိတ်ပါဝါအဖြစ် ပြန်လည် အသက်သွင်းရန် တွန်းအားပေးလျက်ရှိခြင်းကြောင့် အာရှတွင် အမေရိကန်၏ နေရာကို အရှေ့အာရှထိပ်သီး အစည်းအဝေးတွင် မီးမောင်းထိုးပြ မည်ဖြစ်သည်။

                ပစိဖိတ် မူလလက်ဟောင်း စစ်ရေးပါဝါဖြစ်သော ဝါရှင်တန်နှင့် အမေရိကန်၏ စီးပွားရေး အင်ဂျင်ဖြစ်သော Beijing တို့အကြား ပြိုင်ဆိုင်မှုသည် အာရှ၏ နိုင်ငံငယ်လေးများ၏ ရှုပ်ထွေးသော ချိန်ညှိရေးလုပ်ဆောင်မှုများကြောင့် ခက်ခဲလာသည်။

                အာရှဒေသတွင် လုံခြုံရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် အမေရိကန်၏ ဝင်ရောက်လာမှု လက္ခဏာများနှင့် ပတ်သက်၍ မေးမြန်းရာ Surapong က အာဆီယံသည် မိတ်ဆွေသစ် အမေရိကန်နှင့် မိတ်ဆွေဟောင်း တရုတ်တို့ကြားတွင် ချိန်ခွင်လျှာ ချိန်ညှိရေး ပြုလုပ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

                “ ကျွန်တော်တို့က ၎င်းတို့နှစ်ဦး တစ်ဦးကို တစ်ဦး မပြိုင်စေချင်ပါဘူး” ဟု ၎င်းက ပြောသည်။

**********************************************************

မြန်မာတို့ဥက္ကဋ္ဌ လုပ်မည့် ကြိုးပမ်းမှု အာဆီယံခေါင်းဆောင်များ အတည်ပြု

(BBC News မှ 17 Nov 2011 ရက်စွဲပါ “Asean leaders approve Burma chairmanship bid” သတင်းကို ဘာသာပြန်ဆိုသည်)

              မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုလက္ခဏာများ ပေါ်ထွက်လာချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များက ၎င်းတို့၏ ဒေသတွင်း အာဆီယံအဖွဲ့ကို မြန်မာတို့ဦးဆောင်နိုင်ပြီဖြစ်ကြောင်း သဘောတူလိုက်ကြပြီ ဖြစ်သည်။

                အင်ဒိုနီးရှားတွင် ကျင်းပသော အဖွဲ့ဝင် ၁၀ နိုင်ငံ ထိပ်သီးညီလာခံတွင် ၎င်းရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက “ယခုဆုံးဖြတ်ချက်ကို အားလုံး သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းအတိုင်း သိသာ ထင်ရှားသော ပြောင်းလဲတိုးတက်မှုကို ပြုလုပ်ခဲ့သည်ပာု အဖွဲ့ဝင်နိုင်ငံများက ယုံကြည်ကြောင်း” BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

                မြန်မာနိုင်ငံ၏ ဒီမိုကရေစီလိုလားသော အဓိက အတိုက်အခံပါတီက တိုင်းပြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပြန်လည် ပါဝင်လှုပ်ရှားရန် လိုလားမှုကို ပြသခဲ့သည့်အလျှောက် ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြောင်းလဲကြီးထွားနေ

                အရှေ့တောင်အာရှဒေသတွင်း အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌနေရာကိုနှစ်စဉ် အလှည့်ကျ တာဝန်ယူရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံသည် ယင်း၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကြောင့် ပြီးခဲ့သော အကြိမ်က တာဝန်ယူခွင့် မရခဲ့ပေ။

                အချို့သော ဝေဖန်ဆန်းစစ်သူများကမူ နိုင်ငံရေးအကျဉ်းသား ၆၀၀ မှ ၁၀၀၀ အကြား ခန့်မှန်းခြေအရေအတွက်ကို အကျဉ်းထောင်များထဲတွင် ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သော မြန်မာနိုင်ငံအား ဂုဏ်သရေရှိနေရာပေး၍ ချီးမြှောက်ရန် စောလွန်းအားကြီးသေးသည်ပာု မှတ်ချက်ပေးပြောဆိုကြသည်။

                သို့သော် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက “မြန်မာနိုင်ငံမှ အနေအထား ပြောင်းလဲသွားပြီ ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်” ပာု ပြောကြားသည်။ ကျွန်တော်တို့ခေါင်းဆောင်တွေ အခုလုပ်နေတာပာာ အရင်ကကိစ္စတွေနဲ့ မပတ်သက်ပါဘူး၊ အနာဂါတ်အတွက်သာ ဖြစ်ပါတယ် ပာု ယင်းကဆိုသည်။

                မြန်မာသမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က အာဆီယံသည် မြန်မာနိုင်ငံကို “တာဝန်ယူတတ်သော ခေါင်းဆောင်” အဖြစ် လက်ခံကြိုဆိုလိုက် ပြီပာု ပြောကြားသည်။

                ကျွန်တော်တို့နိုင်ငံပာာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ကြီးထွားနေပါပြီ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို တုန့်ပြန်ထင်ပာပ်ပြီး တာဝန်ယူ တတ်တဲ့ အစိုးရအဖွဲ့တစ်ခုရဲ့ တာဝန်ယူမှုနဲ့ တာဝန်ဝတ္တရားတွေကို လုပ်ဆောင်သွားတော့မယ် ဆိုတာ သေချာသွားပါပြီပာု  ဦးကိုကိုလှိုင်က ပြောဆိုခဲ့သည်။

                သို့သော်လည်း ယခု ကြေညာချက်မထုတ်ပြန်မီ သမ္မတအိုဘားမားက မြန်မာနိုင်ငံ ယခုထက်ပို၍ လုပ်ဆောင်ရန် လိုအပ်နေသေးသည်ပာု ပြောကြား ထားသည်။

                သြစတေးလျပါလီမန်တွင် မိန့်ခွန်းပြောကြားသော သမ္မတအိုဘားမားက “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား တစ်ချို့ကို လွှတ်ပေးလိုက်ပါပြီ။ ဒိုင်ယာလော့ဆွေးနွေးမှုကိုလည်း အစိုးရက စတင်နေပါပြီ။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ရှိနေတုန်းပါပဲ” ပာု ပြောဆိုခဲ့သည်။

                ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုကောင်းလာစေဖို့ အတွက် မြန်မာအစိုးရက လုပ်ရမယ့် ကိစ္စတွေကို ရှေ့လျှောက် ရှင်းရှင်း လင်းလင်း အသိပေးပြောကြားသွားမှာဖြစ်ပါတယ် ပာု အိုဘားမား ကပြောကြားသည်။

                မြန်မာနိုင်ငံသည် ယိုယွင်းပျက်စီးလုနီးပါး စစ်အုပ်ချုပ်ရေးကို တပ်မတော်အားပြု အရပ်ဖက်အစိုးရနှင့် အစားထိုးရန် ရည်ရွယ်သော ရွေးကောက် ပွဲများကို နှစ်ပေါင်း ၂၀ အတွင်း မနှစ်က ရှားရှားပါးပါး ပြုလုပ်ခဲ့သည်။

                ယင်းရွေးကောက်ပွဲများအပြီး ပွက်လောရိုက်နေသော ပြစ်တင်ရှုတ်ချမှုများ ကို အာရုံပြောင်းလှည့်စားရန်အတွက် ယခင်နိုင်ငံအကြီးအကဲပောာင်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီးနောက်တွင် မတ်လက အာဏာ လွှဲပြောင်းယူလိုက်သော အစိုးရက သူမနှင့် ဒိုင်ယာလော့ဆွေးနွေးမှု စတင်ခဲ့သည်။

                သူမ၏ NLD ပါတီသည် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွင် တရားဝင် ပြန်လည် လှုပ်ရှားပါဝင်ရေးကို ဆုံးဖြတ်ရန် သောကြာနေ့တွင် တွေ့ဆုံ စဉ်းစားကြလိမ့်မည်။

                ၂၀၁၀ နိုဝင်ဘာလရွေးကောက်ပွဲကို NLD ပါတီ သပိတ်မှောက်ခဲ့ရသည့် အကြောင်းရင်းဖြစ်သော “ပြစ်ဒဏ် ကျခံနေရသူများအား ပါတီဝင်အဖြစ် ခွင့်မပြုရ” ပာူသောဥပဒေနှင့် တပ်မတော်ရေးဆွဲသော အခြေခံဥပဒေကို နိုင်ငံရေးပါတီများက ထိန်းသိမ်းစောင့်ရှောက်ရမည် ပာူသော ဥပဒေတို့ကို ယခု အစိုးရက ပြင်ဆင်ပေးလိုက်ပြီဖြစ်သည်။

                လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ဆုံးဖြတ်ချက်ကို ပါတီတွင်းအများစုက ထောက်ခံကြ လိမ့်မည်ပာု မျှော်လင့်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က BBC သတင်းဌာနသို့ ပြောကြားထားသည်။

***************************************************

မြန်မာ့နိုင်ငံရေးစနစ်အတွင်း အတိုက်အခံပါတီ ပြန်လည်ဝင်ရောက်ဖွယ်ရှိ

(The NewYork Times မှ 16 Nov 2011 ရက်စွဲပါ “Opposition may rejoin political system in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

           တပ်မတော်အစိုးရပောာင်း၏ နှစ်ပေါင်း ၂၀ ကြာ ဖိနှိပ်အုပ်ချုပ်မှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက နိုင်ငံရေးစနစ်အတွင်း တရားဝင် ပြန်လည်ဝင်ရောက်ရေးကို သောကြာနေ့တွင် ဆုံးဖြတ်မည်ပာု ပြောဆိုထားရာ အာဏာရှင်စနစ်အောက်မှ ဖြည်းဖြည်းချင်း လွတ်မြောက်လာ နေခြင်းကို ပေါ်လွင်စေမည့် အလားအလာကောင်း မှတ်တိုင်တစ်ခုပာု ဆိုရမည်။

                မနှစ်ကရွေးကောက်ပွဲများကို အသိအမှတ်ပြု ယှဉ်ပြိုင်ရန် ငြင်းဆန်မှုကြောင့် ဖျက်သိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် နိုင်ငံတွင်း အပြောင်းအလဲများကို အတုအယောင်ပာု မကြာသေးမှီကအထိ သတ်မှတ် ဝေဖန်ခဲ့သည်။ ယခုနိုင်ငံရေးစနစ်သစ်သည် ယခင်အကြီးအကဲ ပောာင်း၏ စိတ်ကူးတစ်ခုဖြစ်ပြီး လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် အတူ ဗိုလ်ချုပ်ပောာင်းများက လွှမ်းမိုးချယ်လှယ်ထားကြသည်။

                သို့သော်လည်း မနှစ်ကလွတ်မြောက်လာချိန်အထိ နှစ်ပေါင်း ၂၀ နီးပါးအကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်တစား လိုလားမှုရှိနေသည်ပာု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗုဒ္ဓပာူးနေ့တွင် တယ်လီဖုန်းမှ ပြောကြားခဲ့ သည်။

                “သမ္မတကြီးက နိုင်ငံကို ပြောင်းလဲချင်တဲ့ ဆန္ဒရှိနေတယ်လို့ လေဒီကပြောပါတယ်” ပာု ပြောကြားသော ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင် ယဉ်ကျေးသမှုခေါ်ဝေါ်ကြသော ‘လေဒီ’ စကားလုံးကို သုံးနှုန်း ပြောဆိုသည်။

                ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင်များလာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိမည့် နိုင်ငံရေးစနစ်အတွင်းသို့ ပါတီပြန်လည် လှုပ်ရှားခြင်းကို သူ့အနေဖြင့် ပို၍နှစ်သက်ကြောင်း ပါတီထိပ်ပိုင်း တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောကြားသည်။

                ကျွန်တော်တို့ပါတီ ပြန်လည်မှတ်ပုံတင်ပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အပြောင်းအလဲတွေ ပိုပြီး အရှိန်မြန်လာမှာပါ ပာု ဦးဉာဏ်ဝင်းက ဆိုသည်။

                မကြာသေးမီ လပိုင်းအတွင်းကပင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်တွင် တာဝန်ရှိသူများနှင့် ထိပ်ပိုင်း အဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

                ယခုလအတွင်း ပြစ်ဒဏ်ကျသူများ ပါတီဝင်ခွင့်ပိတ်ပင်ထားသော ရွေးကောက်ပွဲ ဥပဒေအချို့ကို အစိုးရက ပြင်ဆင်ပေးခဲ့ခြင်းသည် ဒေါ်အောင်ဆန်း စုကြည်အား သူမ၏ ပါတီကို ပြန်လည်မှတ်ပုံတင်အောင် ဆွဲဆောင်ရန် အထောက်အကူပြုဖွယ်ရှိသည်ပာု အကဲခတ်စောင့်ကြည့်သူများက သုံးသပ်ပြောကြား သည်။

                ပြည်တွင်းနှင့် ပြည်ပနိုင်ငံရေးအရ အရေးပါထင်ရှားမှု ကြီးကြီးမားမား ရရှိစေမည့် “နိုင်ငံရေးစနစ်တွင်း ပြန်လည်ဝင်ရောက်ရေး” ဆုံးဖြတ်ချက်သည် ယခုအချိန်ထိ အာမခံနိုင်ခြင်းမရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအတွင်း၌ နိုင်ငံရေး ပင်မရေစီးထဲသို့ ပြန်ဝင်လိုသူများနှင့် အစိုးရ၏ လတ်တလော နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုများကို ရေရှည်ခံမည်ပာု မယုံကြည်သူများအကြား သဘောထားကွဲလွဲနေကြဆဲပင်ဖြစ်သည်။

                ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန် ကိစ္စ အပါအဝင် အရေးကြီး ဆုံးဖြတ်ချက် များကို အစိုးရက ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးပေ။

                အစိုးရက နိုင်ငံရေးအကျဉ်းသားအချို့ကို အောက်တိုဘာလဆန်းတွင် လွှတ်ပေးခဲ့သော်လည်း ထင်ရှားသော နိုင်ငံရေးသမားမြောက်များစွာကို ဖမ်းဆီးထိန်းသိမ်းထားဆဲပင် ဖြစ်သည်။ သို့သော် အစိုးရပိုင် လူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် အစိုးရကို တိုက်တွန်းသော အိတ်ဖွင့်ပေးစာကို နိုင်ငံပိုင်သတင်းစာများတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။ အရေးကြီး နိုင်ငံရေး ဆုံးဖြတ်ချက် များကို ယခုတိုင်လျှို့ဝှက် တံခါးပိတ် ပြုလုပ်နေဆဲ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ပေးစာများမှာ ရှားပါးပစ္စည်းပင်ဖြစ်လေသည်။

                အစိုးရက ယခုလို အပြောင်းအလဲများ လုပ်ပြနေခြင်း၏ သိသာထင်ရှားသော အကြောင်းရင်းမှာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ခံယူလိုသော ကြောင့်ဖြစ်ပုံရသည်။ ၂၁ ရာစုခေတ်ကြီးတွင် စစ်တပ်သြဇာဖြင့် ပြောင်ပြောင်တင်းတင်း ဖိနှိပ်အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် ဖုံးမရဖိမရသော လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချမှုများကြောင့် ပြည်ပဖိအားပေးမှုများကို ရင်ဆိုင်နေရသဖြင့် ၂၀၀၆ ခုနှစ်က အလှည့်ကျခဲ့သော အာဆီယံဥက္ကဋ္ဌနေရာကို တစ်ကြိမ်စွန့်လွှတ်ခဲ့ရပြီးဖြစ်သည်။

                ယခုအခါ မြန်မာခေါင်းဆောင်များသည် ၎င်းတို့၏ မျက်စိထဲတွင် ဂုဏ်သရေရှိသည်ပာု ရှုမြင်ထားသော အာဆီယံဥက္ကဋ္ဌတာဝန်ကို နောက်တစ်ကြိမ် အလှည့် ရောက်သည်အထိ မစောင့်နိုင်ပဲ ၂၀၁၄ တွင် ရရှိရန် စည်းရုံးလှုပ်ရှား ကြိုးပမ်းလျက်ရှိသည်။

                ယခုသီတင်းပတ်အတွင်း အာဆီယံခေါင်းဆောင်များ စုဝေးနေကြသော အင်ဒိုနီးရှား ဘာလီကျွန်းမှ ရရှိသော သတင်းများအရ မြန်မာနိုင်ငံဥက္ကဋ္ဌ တာဝန်ယူရေးကိစ္စအပေါ် အဖွဲ့ဝင် နိုင်ငံများထံမှ သိသိသာသာ ထောက်ခံအားပေးမှု ရရှိထားသော်လည်း တခဲနက်ဆုံးဖြတ်ချက်ဖြင့် အလုပ်လုပ်သော အာဆီယံ အဖွဲ့က ဆုံးဖြတ်ချက်ကို ကြေညာခြင်း မပြုသေးပာု သိရှိရသည်။

*********************************************************************************

                 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment