Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၆.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. NLD ပါတီ ပြန်လည်မှတ်ပုံတင်ခြင်းကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ချီးကျူး

(Bernama News မှ 25 Nov 2011 ရက်စွဲပါ “ Asean Secretary General hails move to re- register NLD” သတင်းကို ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံကို တဖြည်းဖြည်းသာ စောင့်ကြည့်ပါ

(26 Nov 2011 ရက်စွဲပါ The Diplomat မှ Zaw Nay Aung ရေးသားသော Slow down with Burma ကို ဘာသာပြန်ဆို သည်။)

  1. အမေရိကန် နှင့် ပုံမှန်ဆက်ဆံရန် မြန်မာဆန္ဒရှိကြောင်း တာဝန်ရှိပုဂ္ဂိုလ် ပြောကြား

(AFP သတင်းမှ 25 Nov 2011 " Myanmar wants regular relationship with US: top official " ရက်စွဲပါ သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပြည်တွင်း ဝယ်လိုအား နည်းမှုကြောင့် ဂျပန်နိုင်ငံတွင် လူသုံးကုန်ပစ္စည်းဈေးကျ

(24 Nov 2011 ရက်စွဲပါ BBC News မှ Japan’s consumer prices fall က weak do meotic demand ကိုဘာသာပြန်သည်)

                 ****************************************

ဘာသာပြန်သတင်းများ

NLD ပါတီ ပြန်လည်မှတ်ပုံတင်ခြင်းကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ချီးကျူး

(Bernama News မှ 25 Nov 2011 ရက်စွဲပါ “ Asean Secretary General hails move to re- register NLD” သတင်းကို ဘာသာပြန် သည်)

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းသည် မြန်မာ နိုင်ငံ၏ လာမည့်ရွေးကောက်ပွဲများတွင် ဒီမိုကရေစီခေါင်းဆောင် ပါဝင်ယှဉ်ပြိုင်ရန် လမ်းပွင့်သွားခြင်းဖြစ်၍ အလွန်ပင် အားတက်စရာကောင်းသည် ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ် ဆူဝမ်က သုံးသပ်ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြုသဘောဆောင် ပြောင်းလဲမှုတွေအတွက် အာဆီယံကပေးနိုင်တဲ့ ချီးကျူးဂုဏ်ပြုမှုဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို သိသိသာသာ အားပေးကူညီနိုင်မှာပါ”ဟု ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။

သောကြာနေ့တွင် Asia- Europe Institute, Universiti Malaya က ကျင်းပသော အခမ်းအနားတစ်ခုတွင် ဟောပြောပြီးနောက် သတင်း ထောက်များနှင့် တွေ့ဆုံသော ဆူရင်ပစ်ဆူဝမ်က “ယခုကိစ္စ( NLD ပါတီ ပြန်လည်မှတ်ပုံတင် ခြင်း) ကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ လမ်းပွင့်သွားနိုင်သည်” ဟု ပြောဆိုခဲ့ သည်။

လာမည့် ၂၀၁၄ တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအုပ်စု၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုယူမည့် မြန်မာနိုင်ငံတွင် မနှစ်က ရွေးကောက်ပွဲများ အပြီးတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့သည်။

**********************************************************************************************

မြန်မာနိုင်ငံကို တဖြည်းဖြည်းသာ စောင့်ကြည့်ပါ

(26 Nov 2011 ရက်စွဲပါ The Diplomat မှ Zaw Nay Aung ရေးသားသော Slow down with Burma ကို ဘာသာပြန်သည်။)

(Zaw Nay Aung သည် လန်ဒန်ရှိ Burma Independent Advocate မှ ဒါရိုက်တာဖြစ်သည်)

(နိုင်ငံခြားသားများကပင် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင် ရေးသားနေချိန်တွင် ပြည်ပရောက် မြန်မာတစ်ဦး၏ မစ္ဆရိယစိတ် ပေါ်လွင်သော ဆောင်းပါးဖြစ်သည်။ အယ်ဒီတာ)

အာဆီယံခေါင်းဆောင်များသည် မကြာသေးမီက မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌနေရာအတွက် ရွေးချယ်ပေးခဲ့ကြသည်။ မကြာသေးမီက အတိက်ကို ပြန်စဉ်းစားပြီး မြန်မာနိုင်ငံအား ဤသို့ဆုလဒ်ပေးရန် အမှန်တကယ် မည်သည်များ လုပ်ခဲ့ပြီလဲ။

အာဆီယံသည် အဆိုးဆုံးကို ပြင်ဆင်ထားခဲ့သည်ဆိုလျှင်တောင် မြန်မာနိုင်ငံ၏ အဆုံးစွန် လက်မခံနိုင်သော လူ့အခွင့်အရေးမှတ်တမ်းများနှင့် ဒီမိုကရေစီကို ငြင်းပယ်ခဲ့မှုများကို စဉ်းစားကြည့်ပါက မြန်မာနိုင်ငံအား ၎င်းလိုချင်သောအရာကို ပေးခဲ့ခြင်းသည် အရင်းအနှီးကြီးလွန်းလှသည်ပာု ဆိုရမည် ဖြစ်သည်။

သို့သော် အာဆီယံတစ်ခုတည်းကသာ မြန်မာအစိုးရကို သံတမန်ဆိုင်ရာ မက်လုံးများပေးပြီး အန္တရာယ်ကြီးကြီး စွန့်စားနေသည်မပာုတ်ပေ။ အမေရိကန်ပြည်ထောင်စုနှင့် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်ရော သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါ သမ္မတဦးသိန်းစိန်နှင့် ဆက်ဆံရေးတွင် ကြီးမားသော အလောင်းအစားပြုလုပ်နေသည်။

NLD သည် ပြီးခဲ့သည့် သောကြာနေ့က ပြန်လည်မှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ပါတီသည် အကောင်းဆုံး ရည်မှန်းချက်များ ထားရှိမည်ဆိုသည်မှာ သံသယရှိစရာ မရှိသော်လည်း၊ ထိုအချိုးအကွေ့ အပြောင်းအလဲအတွက် တိုင်းပြည်က အဆင်သင့်ဖြစ်မဖြစ်  မရှင်းလင်းသေးပေ။ နောက်ဆုံးပြောရလျှင် မြန်မာအစိုးရသည် ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ဥပမာအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရမည့်အစား အနည်းငယ်သာ လွှတ်ပေးခြင်းမျိုးဖြစ်သည်။ ဦးသိန်းစိန်သည် ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူများ ဆိုသည့်အသုံးအနှုန်းကိုပင် ပယ်ချ၍ ဥပဒေချိုးဖောက်သူများသာ ဖြစ်သည်ပာု အကြိမ်ကြိမ်သုံးနှုန်းနေပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် အစိုးရနှင့်ဆွေးနွေးသည့်အခါ ကိုင်ထားနိုင်မည့် ဝှက်ဖဲကို စွန့်လွှတ်ပြီး အထက်ပါအတိုင်း ဆုံးဖြတ် ခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို လျှို့ဝှက်ပြီး၊ အစိုးရ၏ အလျော့ပေးမှုကို ရေရှည်တောင့်ခံ တောင်းယူ နိုင်မည်ဆိုလျှင် ရေရှည်တွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရနိုင် မည်ဖြစ်သည်။ ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများကို ယခုနှစ်ကုန် (သို့မပာုတ်) လာမည့်နှစ်ဆန်းတွင် မလွှတ်သေးပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ပရမ်းပတာနှင့် ရှေ့မတိုးနောက်မဆုတ် ရှိနေမည်ဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲ ရေးနှင့် ပတ်သက်သော ကတိများမှာလည်း အနှစ်မရှိ၊ အခေါင်းပွသာလျှင် ဖြစ်ပါလိမ့်မည်။

အနောက်နိုင်ငံအစိုးရများမှ မြန်မာနှင့်လုပ်ဖော်ကိုင်ဖက် ပြုလုပ်၍ စီးပွားရေးနှင့် ပထဝီ မပာာဗျူပာာအရ အမြတ်ထုတ်လိုမှုများမှာလည်း နှေးကွေးပြီး စောင့်ကြည့်ပြီး ချဉ်းကပ်မည့် သဘောသာရှိသည်။ မြန်မာနိုင်ငံရှိ ပြည်သူများ၏ဘဝမှာ မရေရာသော အခြေအနေတွင် ရှိနေဆဲဖြစ်ရာ၊ ကတိများပေးရုံဖြင့် အနောက်နိုင်ငံ အစိုးရများသည် အမှတ်ပေးကြလိမ့်မည် မပာုတ်ပေ။

**********************************************************************************************

အမေရိကန် နှင့် ပုံမှန်ဆက်ဆံရန် မြန်မာဆန္ဒရှိကြောင်း တာဝန်ရှိပုဂ္ဂိုလ် ပြောကြား

(AFP သတင်းမှ 25 Nov 2011 " Myanmar wants regular relationship with US: top official " ရက်စွဲပါ သတင်းကို ဘာသာ ပြန်ဆိုသည် )

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင် မြန်မာခရီးစဉ်မတိုင်မှီ သောကြာနေ့တွင် မြန်မာအစိုးရ အကြီးတန်း တာဝန် ရှိသူ တစ်ဦးက "အမေရိကန်ပြည်ထောင်စုနှင့် ပုံမှန်ဆက်ဆံရန် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း" ထုတ်ဖော်ပြောကြားလိုက်သည်။

"အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြားမှာ ပုံမှန်ဆက်ဆံမှု အနေအထားမရှိပါဘူး။ အမှန်တကယ်တော့ ကျွန်တော်တို့က ပုံမှန် ဆက်ဆံမှု ပြုလုပ်ချင်တာပါ " ဟု ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခြင်းဖြစ်သည်။

လက်ရှိ အစိုးရစနစ်အတွင်းရှိ အင်အားကြီးသူများထဲမှ တစ်ဦးဟု သတ်မှတ်ယူဆခံရသူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက နှစ်ပေါင်း ၅၀ အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မည့်အစီအစဉ်ကို ကြိုဆိုထောက်ခံ လိုက်သည်။

ယခင်နှစ်က အရပ်ဖက်အစိုးရထံ အာဏာလွှဲပြောင်းရန် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများမတိုင်မှီ ဆယ်စုနှစ်နှင့်ချီ၍ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ပြောင်းလဲမှုလက္ခဏာများ စတင်ပေါ်ထွက်လာချိန်တွင် ဟီလာရီ ကလင်တန်၏ ခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

လက်ရှိမြန်မာအစိုးရသစ်သည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း၍ ဆန္ဒဖော်ထုတ်ခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွတ်ပေးခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ တသီတတန်း ပြုလုပ်ခဲ့ခြင်းကြောင့် အကဲခတ်လေ့လာသူများစွာကို အံ့အားသင့်စေခဲ့သည်။

"နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းဖို့အတွက် လမ်းကပွင့်နေပါပြီ" ဟု ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်တွင် ပြုလုပ်သော သူ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအစိုးရတွေအတွက်သာမကပဲ နှစ်နိုင်ငံပြည်သူတွေနဲ့ ကမ္ဘာကြီးအတွက်ပါ အလားအလာကောင်းစေမယ့် ခရီးစဉ်လို့ ကျွန်တော်ယူဆပါတယ် " ဟု သူရဦးရွှေမန်းက ဆိုသည်။

မြန်မာ့နိုင်ငံရေး ပင်မရေစီးကြောင်းအတွင်း ပြန်လည်လှုပ်ရှားရန် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ပထမဆုံးတရားဝင် စတင်ဆောင်ရွက်သည့် နေ့တွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း မှတ်ချက်ပေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်အရေးယူမှု Sanctions များ ချမှတ်ထားဆဲဖြစ်သည့် ဝါရှင်တန်က မြန်မာအစိုးရအား ဒေါ်အောင်ဆန်း စုကြည်နှင့် ဒိုင်ယာလော့ ဆွေးနွေးရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် အပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် အစဉ်တစ်စိုက် တောင်းဆိုခဲ့သည်။

နိုင်ငံတကာ အပယ်ခံအာဏာရှင်နိုင်ငံအား အကဲစမ်း ဆက်ဆံထိတွေ့သည့်မူဝါဒကို ဆုတ်ကိုင်ထားသော အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ဝန်ကြီးကလင်တန်ကို စေလွှတ်မည့် ဆုံးဖြတ်ချက်ကို ယခင်အပတ်က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ အမှောင်ထု ပိတ်ဖုံးခဲ့ပြီးနောက် ယခုနောက်ဆုံး သီတင်းပတ်များအတွင်း တိုးတက်ပြောင်းလဲမှု အရိပ်အရောင်များကို မြင်နေ ရပြီဟု အိုဘားမားက ညွှန်းဆိုသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် အရှေ့တောင်အာရှတွင် အမေရိကန်ဩဇာလွှမ်းနိုင်ရေးနှင့် ဒေသတွင်း တရုတ် လွှမ်းမိုးလာခြင်းအား တုန့်ပြန်ရေးကိစ္စများကိုလည်း စိတ်ဝင်စားနေပုံရသည်။

သို့သော်လည်း သူရဦးရွှေမန်းက အမေရိကန်နှင့် ဆက်ဆံရေး ခိုင်မာလာမှုသည် အရှေ့မြောက်အိမ်နီးခြင်း အင်အားကြီးနိုင်ငံနှင့် ဆက်ဆံ ရေးကို ထိခိုက်စေမည်မပာုတ်ပာု ပြောကြားသည်။

အမေရိကန်- မြန်မာ ဆက်ဆံရေးကောင်းလာချိန်မှာ တရုတ်- မြန်မာဆက်ဆံရေးဆိုးဝါးသွားဖို့ အကြောင်းမရှိပါ ဘူးပာု ယင်းကသုံးသပ်သည်။

မြန်မာနိုင်ငံ၌ တရုတ်တို့ ငွေကြေးစိုက်ထုတ်လုပ်ကိုင်နေသော ရေလှောင်တမံစီမံကိန်းကို ပြည်သူများက ကန့်ကွက်ခြင်းကြောင့် စက်တင်ဘာ လအတွင်း အစိုးရက ရုတ်တရက် ရပ်ဆိုင်းပစ်လိုက်ရာ ဘီဂျင်းအာဏာပိုင်များကို မှင်တက်အံ့အားသင့်စေခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် မြန်မာ အစိုးရက ၎င်း၏ မြောက်ဖက်အင်အားကြီး ရင်းနှီးမြှုပ်နှံသူကို ပေးထားသည့်ကတိများကို တာဝန်ယူမည့် ပုံစံပြသခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုသီတင်းပတ် ထုတ်ပြန်သော ကြေညာချက်တွင် “မကြာသေးမှီ လပိုင်းအတွင်း မျက်မြင် တွေ့ရှိရသော ပြုပြင်ပြောင်းလဲမှုများကို ဝန်ကြီးကလင်တန်က လူသိရှင်ကြား အားပေးထောက်ခံမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲတိုးတက်မှုကို အမေရိကန် ပြည်ထောင်စုက အားဖြည့်ပေးနိုင်မည့် ကိစ္စရပ်များအပါအဝင် အဓိကသော့ချက်နယ်ပယ်များ၌ ဆက်လက်ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များကို ဆွေးနွေး မည်” ပာု ဖော်ပြထားသည်။

အမေရိကန်ထိပ်တန်းသံတမန် (နိုင်ငံခြားရေးဝန်ကြီး ပီာလာရီ)သည် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၂ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်သို့ သွား ရောက်မည်ပာု သိရှိရသည်။

**********************************************************************************************

ပြည်တွင်း ဝယ်လိုအား နည်းမှုကြောင့် ဂျပန်နိုင်ငံတွင် လူသုံးကုန်ပစ္စည်းဈေးကျ

(24 Nov 2011 ရက်စွဲပါ BBC News မှ Japan’s consumer prices fall က weak do meotic demand ကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းဈေးနှုန်းမှာ ပြည်တွင်းဝယ်လိုအားနည်းခြင်းနှင့် ငွေကြုံ့ဝင်မှုများကြောင့် ကြီးထွားမှုကိုထိခိုက်ပြီး လေးလ အတွင်း ပထမဦးဆုံး အကြိမ် ကျဆင်းခဲ့သည်။

လတ်ဆတ်သော အစားအသောက်များမှ လွဲ၍ အဓိက လူသုံးကုန်ဈေးနှုန်းများမှာ အောက်တိုဘာလက ၀.၁% ကျဆင်းခဲ့သည်ပာု စာရင်းအင်း ဗျူရိုက ပြောကြားခဲ့သည်။

ကျဆင်းရခြင်း၏ အကြောင်းတစ်ရပ်မှာ ပြီးခဲ့သည့်နှစ်က စီးကရက် အခွန်တိုးမြှင့်ခြင်းမှာ တွက်ချက်ရာတွင် ယန်းငွေအားကောင်းခြင်းနှင့် ဥရောပကြွေးမြီ အကျပ်အတည်းများကလည်း ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်သော ဂျပန်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်သည်။

ယန်းငွေ အားကောင်းမှု

ပြီးခဲ့သည့် မတ်လက ဂျပန်နိုင်ငံတွင် ကြောက်မက်ဖွယ် ငလျင်နှင့် ဆူနာမီကြောင့် တိုင်းပြည်၏ အရှေ့မြောက်ပိုင်းတွင် များစွာပျက်စီးခဲ့သည်။

ယခုအပတ်တွင် အစိုးရသည် ပြည်တွင်းဝယ်လိုအား မြှင့်တင်နိုင်ရန် အရေးပေါ်ဘတ်ဂျက် ဒေါ်လာ(၁၅၅) ဘီလီယံ (ပေါင် ၁၀၀ ဘီလီယံ) ကို အတည်ပြုပေးခဲ့သည်။ သို့သော် အကျိုးသက်ရောက်မှုကို ယခုလအနည်းငယ်အတွင်း ခံစားရလိမ့်ဦးမည် မပာုတ်ပေ။

“အချက်အလက်တွေက ပြည်တွင်းဝယ်လိုအား နှေးကွေးတာကို ပြပါတယ်။ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေ နှောင့်နှေးနေရ တာရယ်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးတာရယ်ကြောင့် စီးပွားရေးပြန်လည် နလံထူမှုပာာ ရပ်တန့်နေပါတယ်” ပာု Norinchukin သုတေသနမှ Takeshi Minami ကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် စက်တင်ဘာလ မရောက်မီ သုံးလခန့်က စီးပွားရေး အကျပ်အတည်းမှ နိုးထလာနိုင်သော်လည်း ငလျင်နှင့် ဆူနာမီ၏ ဒဏ်ကိုခံစားခဲ့ရသည်။

ယန်းငွေအားကောင်းခြင်းကြောင့် ပို့ကုန်သမားများတွင် ဖိအားဝင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာကြီးထွားမှုတွင် စိတ်ပျက် အားလျော့ဖွယ် ဖြစ်ရခြင်းများကြောင့် တိုးတက်မှုနှုန်းမှာ နှေးကွေးမည်ပာု မျှော်လင့်ရသည်။

ရေနံဈေးနှုန်း

ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် ရေနံစိမ်းဈေးနှုန်း ကျဆင်းမှုကို ဖြစ်စေသည်။ ထို့အပြင် ယန်းငွေအားကောင်းမှုကြောင့် ဂျပန်တို့ တင်သွင်း သော စွမ်းအင်များ ဈေးပေါနေသည်။

ဓာတ်ဆီဆိုင်များတွင် ဓာတ်ဆီဈေးနှုန်းမှာ ဂျပန်နိုင်ငံတွင် စက်တင်ဘာလမှ စ၍ ၁% ကျဆင်းခဲ့သည်။ ယန်းငွေဈေးနှုန်းမှာ ပြီးခဲ့သည့် ခြောက်လမှ စ၍ ဒေါ်လာနှင့် လဲလှယ်မှုတွင် ၆% ဈေးတက်သွားခဲ့သည်။

အချို့ သုံးသပ်သူများက ပြောကြားရာတွင် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုသည် ရေနံဈေးနှုန်းအပေါ် ဆက်လက်သက် ရောက်နေမည် ဖြစ်သော ကြောင့် ဂျပန်နိုင်ငံတွင် လူသုံးကုန်ပစ္စည်းဈေးများ ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း ပြောခဲ့သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment