Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာခရီးစဉ်အတွက် ပီာလာရီကလင်တန် ပြင်ဆင်

(AOL မှ 20 Nov 2011 ရက်စွဲပါ “Hillary Clinton prepares for Burma Trip” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. ဂျပန်နိုင်ငံခြားရေးဝန်ကြီး Genba မြန်မာနိုင်ငံသို့ သွားရန် စီစဉ်

(The Japan Times မှ 27 Nov 2011 ရက်စွဲပါ “Genba lining up rare Myanmar visit” သတင်းကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************

မြန်မာခရီးစဉ်အတွက် ပီာလာရီကလင်တန် ပြင်ဆင်

(AOL မှ 20 Nov 2011 ရက်စွဲပါ “Hillary Clinton prepares for Burma Trip” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် အရှေ့တောင်အာရှ အထီးကျန် အိမ်တွင်းပုန်းနိုင်ငံမှ ဟလာသော တံခါးကို ဖွင့်ရန် အတွက် သာမကပဲ တရုတ်နိုင်ငံ၏ တံခါးဝလှေကားထစ်တွင် တစ်ကမ္ဘာလုံးသြဇာဖြန့်ကျက်ခွင့် ရှိသော ပြိုင်ပွဲကို ရေချိန်တက်လာအောင် လှုပ်ခါရန် ရည်ရွယ်ထားသည့် သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယခု သီတင်းပတ်အတွင်း သွားရောက်ရန် ပြင်ဆင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံမှ တပ်မတော်အားပြုအစိုးရ၏ “ပုံကြီးချဲ့ထားသော်လည်း ထင်ရှားသိသာသော ပြုပြင်ပြောင်းလဲမှုများကို ဗုဒ္ဓပာူးနေ့တွင် သွားရောက် အကဲခတ်စမ်းသပ်မည့် ပီာလာရီကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ရောက်လာသော ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည်ပာုဆိုသည်။

                ကလင်တန်သည် သူမ၏ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦစလုံးကို တွေ့ဆုံလိမ့် မည်ပာု မျှော်လင့်ရသည်။

                ဝန်ကြီးကလင်တန်က သူမအနေဖြင့် ချမှတ်ထားဆဲ အမေရိကန် အရေးယူဒဏ်ခတ်မှု Sanctions များ ရုတ်သိမ်း ဖြေလျှော့ရေးကို ကမ်းလှမ်းခြင်း မပြုပဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ကြီးကြီးမားမား တိုးတက်ပြောင်းလဲလာအောင် ဖိအားပေး တိုက်တွန်းမည်ပာု ပြောကြားထားသည်။

                ပျက်အစဉ်ပြင်ခဏ ပာူသော ဆိုရိုးအတိုင်း မြန်မာတို့ လိမ္မာလာတော့မည်ပာူသော မျှော်လင့်ချက်များ အလွန်အကျွံ မထားမိအောင် အမေရိကန် ပြည်ထောင်စုက ဂရုစိုက်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံနှင့် အလုံးထွေးဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံတွင် အမေရိကန်တို့၏ လိုလားချက်များကို မြှင့်တင် အားပေးရန် ကြိုးစားခြင်းဖြစ်သောကြောင့် ကလင်တန်၏ ယခုခရီးစဉ်သည် အမှားမဖြစ်နိုင်သော သင်္ကေတ သဘောကိုဆောင်လျက်ရှိသည်။

                “အမေရိကန်ပြည်ထောက်စုအတွက် မြန်မာနိုင်ငံ မပာာဗျူပာာမြောက် အရေးကြီးမှုပာာ အရှေ့တောင်အာရှ ဒေသတွင်း တရုတ်သြဇာ ကြီးထွား လာခြင်း အပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ အများကြီးဆက်စပ်နေပါတယ်” ပာု ပြောကြားသူမှာ မစ်ချီဂန်တက္ကသိုလ် (University of Michigan) မှ အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ John Ciorciari ဖြစ်ပါသည်။

                “ဘေဂျင်းကို မြန်မာအစိုးရက သဘာဝသယံဇာတတွေ ထုတ်ယူဖို့နဲ့ အိန္ဒိယသမုဒ္ဒရာမှာ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေ ပေးနေတာကြောင့် တရုတ်ရေတပ်အင်အား လက်တံဆန့်တဲ့နေရာမှာ အသက်တမျှ အရေးပါလာနိုင်ပါတယ်” ပာု ယင်းကပြောကြားသည်။

                အမေရိကန်ပြည်ထောက်စုရဲ့ ထိတွေ့ဆက်ဆံမှု အောင်မြင်ခြင်းပာာ လာမည့်နှစ်တွေအတွင်း တရုတ်-မြန်မာ လုံးထွေးရင်းနှီးမှု ဖြစ်နိုင်ခြေတွေကို နည်းသွားစေပါလိမ့်မယ် ပာု  John Ciorciari ကသုံးသပ်သည်။

                မြန်မာနိုင်ငံ၏ လက်နက်ကိုင်နိုင်ငံအကြီးအကဲများ အဓိကလိုအပ်သော သံတမန်ရေး အကာအကွယ်ကို ဘေဂျင်းက အမြဲဖြည့်ဆည်းပေးခဲ့သော် လည်း သမိုင်းမှတ်တမ်းအရ တရုတ်-မြန်မာ နယ်စပ်တွင် အမြဲတစ်စေ ပဋိပက္ခများ ရှိနေခြင်း၊ တရုတ်တို့ စီးပွားရေး လက်ဝါးကြီးအုပ် လွှမ်းမိုးလာခြင်းတို့အပေါ် မြန်မာနိုင်ငံတွင် အတွင်းကြိတ် စိုးရိမ်မှုရှိနေသောကြောင့် ထိုနှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ ရှုတ်ထွေးလျက်ရှိသည်။

                နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် မြန်မာပြည်မြောက်ဖျားတွင် တရုတ်တို့ ငွေထုတ် ဆောက်လုပ်နေသော ရေလှောင်တမံ ကို ပြည်သူတို့ ကန့်ကွက်ခြင်းကြောင့် မကြာသေးမှီက ရပ်ဆိုင်းလိုက်ခြင်းဖြင့် တရုတ်နိုင်ငံကို မြန်မာနိုင်ငံက ပထမဆုံး အာခံလိုက်ပြီဖြစ်သည်။

                ကျန်တစ်ကမ္ဘာလုံးက အယုံအကြည် ကင်းမဲ့လာခြင်းကို နားလည်သိရှိသော မြန်မာခေါင်းဆောင်များသည် မကြာသေးမီ နှစ်များအတွင်း အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ လက်ကမ်းခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု ထံသို့ လက်ကမ်းလိုက်ပြီဖြစ်သည်။

                အမေရိကန်ပြည်ထောင်စုအတွက်မူ မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲလာမှုသည် အာဆီယံအဖွဲ့အတွင်း အဓိက အပာန့်အတားဖြစ်နေသော ပြဿနာကို ဖြေရှင်းရန် အထောက်အကူ ဖြစ်စေနိုင်သည့်အပြင် အမေရိကန်နှင့် ရင်းနှီးပြီး ဖြစ်သော၊ လျင်မြန်စွာ ဖွံ့ဖြိုးနေသော အာဆီယံ ၁၀ နိုင်ငံ ဒေသတွင် သြဇာအသစ် ဖြန့်ကျက်ခွင့်ပိုမိုရရှိစေမည်ဖြစ်ပေသည်။

                “ပိုမို သန်မာလာတဲ့ အာဆီယံအဖွဲ့ပာာ တရုတ်နိုင်ငံကိုလည်း ကြီးထွားခွင့်၊ စီးပွားရှာခွင့်ပေးမှာပါ။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အချုပ်အချာ အာဏာနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေမှာ အင်အားမပြနိုင်အောင်လုပ်ကြမှာပါ” ပာု Centre for Strategic and International Studies မှ Ernie Bower က မှတ်ချက်ပေးသည်။

                သမ္မတဘားရက်အိုဘားမား အစိုးရသည် တန်ခိုးထွားနေသော တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးပုံစံကို အလိုရှိသည်ပာု ပြောကြားထားသော်လည်း တရုတ်တို့၏ ခြေလှမ်းများကို သံသယရှိလာခြင်းကြောင့် မကြာသေးမီက စိန်ခေါ်မှုများပြုလုပ်ခဲ့သည်။

                သြစတြေးလျ မြောက်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များအခြေစိုက်မည့် အစီအစဉ်ကို သမ္မတအိုဘားမားက မကြာသေးမီကပင် ကြေညာလိုက်သည့် အပြင် လတ်တလောတွင် တရုတ်နိုင်ငံကို ထည့်သွင်းမထားသော ပစိဖိတ် ဒေသတွင်း လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို ရှေ့ဆက် ဆောင်ရွက် ရန် တွန်းအားပေးလျက်ရှိသည်။

                မြန်မာနိုင်ငံတွင် ၁၉၆၂ ကစ၍ အာဏာသိမ်းထားခဲ့သော တပ်မတော်အစိုးရသည် မနှစ်က နိုဝင်ဘာလတွင် ရွေးကောက်ပွဲများ ပြုလုပ်ပေးကာ အမည်ခံ အရပ်ဖက်အစိုးရကို ဖွဲ့စည်း၍ အာဏာလွှဲပြောင်းပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

                လက်ရှိအာဏာရ မြန်မာအစိုးရသည် အတိုက်အခံပါတီနှင့်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု များနှင့် လည်းကောင်း ဒိုင်ယာလော့ ဆွေးနွေးမှုကို တံခါးဖွင့်ပေးလိုက်ပြီဖြစ်သည်။

                မြန်မာအစိုးရ၏ ရုတ်တရက် ပြောင်းလာမှုကို အမေရိကန်ပြည်ထောင်စုနှင့် မြန်မာအစိုးရ ဆန့်ကျင်ရေးအုပ်စု များက ကနဦး ရုတ်တရက် အကောင်း မြင်နိုင်ခြင်း မရှိကြသေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မြန်မာ့နိုင်ငံရေး ပင်မရေစီးကြောင်းထဲသို့ တရားဝင် ပြန်လည်ဝင်ရောက်လှုပ်ရှားတော့မည်ပာု မကြာသေးမီက ကြေညာလိုက်သည်။

**********************************************************************************************************

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Genba မြန်မာနိုင်ငံသို့ သွားရန် စီစဉ်

(The Japan Times မှ 27 Nov 2011 ရက်စွဲပါ “Genba lining up rare Myanmar visit” သတင်းကို ဘာသာ ပြန်ဆိုသည်)

              ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Genba သည် သမ္မတဦးသိန်းစိန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် နောက်လကုန်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စဉ်းစားနေသည်ပာု အစိုးရ သတင်းရပ်ကွက်က စနေနေ့တွင် ပြောကြားသည်။

                အကယ်၍ စီစဉ်နေသည့်အတိုင်း မြန်မာခရီးစဉ် သွားဖြစ်မည်ဆိုပါက နိုင်ငံခြားရေးဝန်ကြီး Genba သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ကူညီရန် ဂျပန်နိုင်ငံအဆင်သင့်ဖြစ်နေကြောင်း အသိပေးပြောဆိုရင်း သမ္မတဦးသိန်းစိန်ကို ဒီမိုကရေစီထွန်းကားရေး ကြီးကြီးမားမား အားထုတ် လုပ်ဆောင် ရန် တိုက်တွန်းလိမ့်မည်ပာု မျှော်လင့်ရသည်။

                နိုင်ငံခြားရေးဝန်ကြီး Genba သည် သူ၏ ခရီးစဉ်အတွင်း မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံရန် ရည်ရွယ် ထားသည်ပာု သိရှိရသည်။

                ၂၀၁၂ သြဂုတ်လက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoriko Kawagushi ၏ ရန်ကုန်ခရီးစဉ် နောက်ပိုင်းတွင် ယခု Genba ၏ ခရီးစဉ် သွားဖြစ်မည် ဆိုပါက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည် သွားရောက်ခြင်း ဖြစ်လိမ့်မည်ပာု ဆိုသည်။

                ပြီးခဲ့သော မတ်လအတွင်း မြန်မာနိုင်ငံတွင် အရပ်ဖက်အစိုးရအာဏာလွှဲပြောင်းယူခြင်းနှင့် နိုင်ငံရေးအကျဉ်းသား အချို့အား မကြာသေးမီက လွှတ်ပေးခြင်း တို့ကို ဂျပန်နိုင်ငံက ထောက်ခံကြိုဆိုခဲ့သည်။

                အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည်လည်း ဗုဒ္ဓပာူးနေ့တွင် မြန်မာနိုင်ငံသို့ထူးထူးခြားခြား ရှားရှားပါးပါး သွားရောက်ရန် စီစဉ်လျက်ရှိသည်။

                ယခုလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် မိတ်ဆွေနိုင်ငံများ ပါဝင် တက်ရောက်သည့် ထိပ်သီးညီလာခံအဝန်းအဝိုင်းတွင် ဂျပန်ဝန်ကြီးချုပ် Yoshihiko Nada နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။

                ထိုသို့ တွေ့ဆုံစဉ် မစ္စတာ Noda က ဦးသိန်းစိန်အား မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ထွန်းကားရေး အပြုသဘော ဆောင်ရွက်မှုများကို ကြိုဆိုထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ဂျပန်နိုင်ငံက ဆက်လက်ပံ့ပိုးအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်-မြန်မာ ခေါင်းဆောင် ၂ ဦး၏ တွေ့ဆုံမှုသည် ၂ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ပာု သိရှိရသည်။

                မြန်မာနိုင်ငံအတွက် တရားဝင်ဖွံ့ဖြိုးရေးအကူအညီပေးတော့မည့် အစီအစဉ်သစ်များနှင့် ပတ်သက်၍ တိုင်ပင် ဆွေးနွေးမှုများ စတင်ပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီပာု တိုကျိုက နေပြည်တော်ကို အသိပေးပြောကြားထားပြီဖြစ်သည်။

                ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရပောာင်းက အကျယ်ချုပ်ထိန်းသိမ်းခဲ့ပြီးချိန်နောက်ပိုင်း လူသားချင်းစာနာသော ကူညီမှုမှ လွဲ၍ မြန်မာနိုင်ငံသို့ တရားဝင်ထောက်ပံ့မှုအားလုံးကို ဂျပန်က ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

                မနှစ်က နိုဝင်ဘာလ ရွေးကောက်ပွဲများအပြီးတွင် အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည် သည် ယခုအခါ နိုင်ငံရေးနယ်ပယ် တွင် တရားဝင်ပြန်လည်လှုပ်ရှားရန်အတွက် သူမ၏ ပါတီကို ပြန်လည်မှတ်ပုံတင်ရန် ဆောင်ရွက်လျက်ရှိသည်။

**************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment