Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. အိန္ဒိယသူပုန်ခေါင်းဆောင် Paresh Baruah ၏ လက်ထောက်ကို မြန်မာနိုင်ငံတွင် ဖမ်းဆီးမိ

(The Times of India မှ 5 Dec 2011 ရက်စွဲပါ Paresh Baruah’s deputy arrested in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအတွက် အိန္ဒိယ အကူအညီများစွာပေးနိုင်

(The Asian Age သတင်းစာမှ၊ 5 Dec 2011 ရက်စွဲပါ Editorial ဖြစ်သော Inida can do more for Burma reforms ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************

အိန္ဒိယသူပုန်ခေါင်းဆောင် Paresh Baruah ၏ လက်ထောက်ကို မြန်မာနိုင်ငံတွင် ဖမ်းဆီးမိ

(The Times of India မှ 5 Dec 2011 ရက်စွဲပါ Paresh Baruah’s deputy arrested in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

              အိန္ဒိယအရှေ့မြောက်သူပုန် ထိပ်တန်းခေါင်းဆောင်ကို အိန္ဒိယသတင်းထောက်တစ်ဦး၊ ဓာတ်ပုံဆရာတစ်ဦး တို့နှင့်အတူ မြန်မာနိုင်ငံအတွင်း၌ ဖမ်းဆီးမိခဲ့ပြီးနောက် သတင်းထောက် ၂ ဦးကို ပြန်လွှတ် ပေးလိုက်ပြီဟု သိရှိရသည်။

                Paresh Baruah ခေါင်းဆောင်သော သဘောထားတင်းမာသည့် ULFA အဖွဲ့ခွဲ၏ ဒုတိယတပ်မှူး Jiron Moran ကို မြန်မာနိုင်ငံအတွင်း၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး RK Singh က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

                မြန်မာစစ်တပ်က Jivan Moran ကို ဖမ်းဆီးမိချိန်တွင် အတူတွေ့ရှိရသည့် သတင်းထောက် Rajib Bhatta Charya နှင့် ဓာတ်ပုံဆရာ Rradip Gogoi တို့ခုနှစ်ဦးကိုမူ မိုဘိုင်းဖုန်းနှင့်ကင်မရာကို သိမ်းဆည်းပြီးနောက် ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

                သို့သော် Maran ကို ဆက်လက်ဖမ်းဆီးထားမှုနှင့်ပတ်သက်သည့် သတင်းများမရသေးဟု ၎င်းတို့ကဆိုသည်။ Bhatta Charya နှင့် Gogoi တို့ နှစ်ဦးသည် ပြည်တွင်းသတင်းစာ Guwahati တွင် အလုပ်လုပ်နေသူများ ဖြစ်ပြီး ULFA ခေါင်းဆောင်တပ်မှူး Paresh Baruah နှင့် အင်တာဗျူး ပြုလုပ်ရန်အတွက် အောက်တိုဘာလလယ်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးနှင့် Jivan Moran ကို မြန်မာနိုင်ငံအရှေ့ပိုင်း တရုတ် နယ်စပ်တွင် ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ကြားသိရသည်။

                ဘင်္ဂလားဒေ့ရှ်နယ်မြေကို စွန့်ခွာ၍ မြန်မာနိုင်ငံအရှေ့မြောက်နယ်စပ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် ရွှေလီကို ကူးသန်းရှောင်တိမ်းလွတ်မြောက် နေခဲ့သော နာမည်ကြီး Paresh Baruah ကိုလည်း မြန်မာနိုင်ငံအတွင်း၌ ဖမ်းဆီးရမိထားပြီ ဟူသော သတင်းများ မကြာသေးမီက ထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိဟုသိရသည်။

******************************************

မြန်မာ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအတွက် အိန္ဒိယ အကူအညီများစွာပေးနိုင်

(The Asian Age သတင်းစာမှ၊ 5 Dec 2011 ရက်စွဲပါ Editorial ဖြစ်သော Inida can do more for Burma reforms ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် တစ်နှစ်ပတ်ကာလတစ်လျှောက် မြန်မာနိုင်ငံတွင် သိသာထင်ရှားသော နည်းလမ်းများဖြင့် အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များက အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရသည်အထိ အထောက်အပံ့ ဖြစ်စေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဟီလာရီသည် အဆိုပါ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးလာရောက်လည်ပတ်သည့် အမေရိကန်အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သွားသည်။

ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစဉ်သည် အာရှပစိဖိတ်ဒေသတွင် အမေရိကန်တပ်များ ပိုမိုချထားရန် ဝါရှင်တန်အစိုးရ၏ ကြိုးပမ်းမှုနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင်ဖြစ်နေသလို တရုတ်နိုင်ငံက ဒေသတွင်းသြဇာ လွှမ်းမိုးရန် ကြိုးပမ်းမှုအပေါ် အမေရိကန်တို့၏ စိုးရိမ်ကြောင့်ကြမှုဖြစ်သော အကျိုး ဆက် တစ်ခုလည်း ဖြစ်နိုင်ခြေရှိသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပပြီးစီးသွားသော အာရှ- အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့သွားရောက်မည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ခရီးစဉ်ကိစ္စကိုကြည့်လျှင် အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံနှင့် စေ့စပ်ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်လာခြင်းသည် တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ပစ်မှတ်ထားသည်မှာ သာဓကတစ်ခုသဖွယ်ဖြစ်နေသည်။ စစ်ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်သို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သောနည်းဖြင့် ကျရောက်ခဲ့သော နှစ်ပေါင်း ၅၀ တာကာလအတွင်း မြန်မာနိုင်ငံသည် အိမ်နီးချင်း ကွန်မြူနစ် တရုတ်နိုင်ငံကို မှီခိုအားထားပြီး သဘာဝ သယံဇာတများနှင့် ရင်းမြစ်များ ခေါင်းပုံဖြတ်ရယူခွင့်ပြုခဲ့သည်။

အိန္ဒိယနှင့် မြန်မာဆက်ဆံရေးကိုကြည့်လျှင်၁၉၉၀ ပြည့်နှစ်အလယ်ပိုင်းကာလများအတွင်း စစ်အစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားသည့်တိုင် နယူးဒေလီအစိုးရကတက်ကြွစွာစေ့စပ်ညှိနှိုင်းသည့် မူဝါဒကျင့်သုံးခဲ့ သည်ကို တွေ့ရသည်။ နယူးဒေလီအစိုးရသည် ဒီမိုကရေစီ အမြန်ဆုံးဖော်ဆောင်ရေးဟူသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးတည်ချက်ကို သဘောတူညီ သော်လည်း မြန်မာပြည်တွင်း တရုတ်သြဇာအာဏာ နက်နက်နဲနဲ ကြီးစိုးလာမှုအပေါ် လွန်စွာစိုးရိမ်လျက် ရှိသည်။

တရုတ်နှင့်ပတ်သက်၍ အိန္ဒိယ၏ အဆိုပါ စိုးရိမ်မှုကို အနောက်နိုင်ငံများက အသိအမှတ်ပြု လက်သင့်မခံခဲ့ကြပေ။ သို့သော် မြန်မာ၏ အာဆီယံ အိမ်နီးချင်းနိုင်ငံများက ဝါရှင်တန်အစိုးရ၏ ဒီမိုကရေစီရေးကြွေးကြော်မှုများနှင့် မြန်မာနိုင်ငံ အထီးကျန်ဖြစ်စေရန် ကြိုးပမ်းမှုများကို လျစ်လျူရှုကာ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။ ယခုဆိုလျှင် လာမည့် ၂၀၁၄ ခုနှစ် အလှည့်ကျအာဆီယံဥက္ကဋ္ဌရာထူး မြန်မာနိုင်ငံရယူပြီး ထိပ်သီး ဆွေးနွေးပွဲများ လက်ခံကျင်းပရန်လည်းခွင့်ပြုထားပြီးဖြစ်သည်။ အဆိုပါ ဖြစ်ရပ်သည် မြန်မာအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထဲသို့ ပါဝင်ပေါင်းစည်းခွင့် ရရှိလာတော့မည်ဟူသောအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ကျူးပြသရာရောက်ပါသည်။ ဤသို့သော အခြေအနေမျိုးတွင် ဝါရှင်တန်အစိုးရက နိုင်ငံခြား ရေး ဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ မြန်မာအရပ်သားအစိုးရသည် ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သော အစိုးရအဖွဲ့တစ်ခု ဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများ မည်သို့ပင်ရှိစေကာမူ အဆိုပါ အစိုးရလက်ထက်၌ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှလွှတ်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ အလုပ်သမားသမဂ္ဂများ ထူထောင်ခွင့်ပြုခြင်း အစရှိသည် တို့ ထူးခြားစွာဖြစ်ပေါ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် ယခုအခါ ဒီမိုကရေစီဖော်ဆောင်လို သည့် သမ္မတ ဦးသိန်းစိန်၏ ရိုးစင်းသော သဘောထားအပေါ် ယုံကြည်လက်ခံလာပြီဖြစ်ရာ အိန္ဒိယနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှင့် ပွင့်လင်းမှုဖြစ်စဉ်မှ အခွင့်အရေးများကို ရယူကာ အကူအညီများပေးအပ်သင့်သည်ဟု ယူဆမိပါသည်။

************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment