Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာတပ်မတော်နှင့် ကချင်တပ်များ တိုက်ပွဲဖြစ်

(UPI သတင်းမှ 6 Dec 2011 ရက်စွဲပါ Rebels Clash With Myanmar army သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာကို ဖွံ့ဖြိုးရေးအကူအညီများပြန်ပေးမည်ဟု တောင်ကိုရီးယားကြေညာ

(AP သတင်းဌာနမှ 6 Dec 2011 ရက်စွဲပါ Seoul to resume development assistance to Myanmar ကို ဘာသာ ပြန်ဆိုသည်)

******************************************************

မြန်မာတပ်မတော်နှင့် ကချင်တပ်များ တိုက်ပွဲဖြစ်

(UPI သတင်းမှ 6 Dec 2011 ရက်စွဲပါ Rebels Clash With Myanmar army သတင်းကို ဘာသာပြန်ဆို သည်)

                မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် နယ်ခံပြည်သူ ၂၆၀၀၀ ကျော်ခန့်ဒုက္ခသည်စခန်းများ သို့ ရောက်ရှိနေပြီဟု ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ခရစ်ယာန်နှင့် ရဟန်းတော်များက ပြောကြားသည်။

                ကချင်လက်နက်ကိုင်တပ်ဖွဲ့၏ ဌာနချုပ်စခန်းများအနီးတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းများ ရရှိသဖြင့် အစိုးရနှင့် ကချင်အုပ်စုအကြား စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းနေမှုများရပ်ဆိုင်းသွားမည့်လက္ခဏာရှိသည် ဟု The New York Times က ရေးသားထားသည်။

                ယခုအခါ တိုက်ပွဲများပြင်းထန်နေပြီး ကချင်တပ်များက အစိုးရတပ်များကို ပြောက်ကြား၏ စတင်ဆင်နွှဲနေပြီဟု အဆိုပါဒေသမှ ပြန်လာသော အမည်မဖော်လိုသူ ကက်သိုလစ် ဘုန်းတော်ကြီးက New York Times သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

                ခရစ်ယာန်ဘုန်းကြီးနှင့် တရားဟောဆရာအချို့တိုက်ပွဲများအတွင်း ပိတ်မိနေကြပြီး ထောင်ပေါင်းများစွာသောနယ်ခံရွာသားများသည် နေအိမ်များ ကို စွန့်ခွာ၍ တရုတ်နယ်စပ် ဒုက္ခသည်စခန်းများသို့ ထွက်ပြေးလျက်ရှိသည်ဟု ဆိုပါ ဘုန်းတော်ကြီးကဆိုသည်။ မြန်မာလူဦးရေ ၅၅ သန်း၏ သုံးပုံတစ်ပုံခန့် ရှိသော တိုင်းရင်းသားအသိုင်းအဝိုင်းနှင့် မြန်မာအစိုးရအကြားတွင် ရှည်လျားသော ပဋိပက္ခသမိုင်းကြောင်းရှိနေသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

                အသက် ၈၈ နှစ်အရွယ်ကချင်ဘက်ပတစ်ဘုန်းတော်ကြီး Yogawng Hawng Klawng က ယခုနှစ်အတွင်း ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ဒီနိုင်ငံက တိုင်းရင်းသားလူမျိုးတွေမှာ ကွဲပြားတဲ့နောက်ခံ၊ ကွဲပြားတဲ့သမိုင်းကြောင်း၊ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ နာမည်ပေးပုံကအစမတူတဲ့ ဓလေ့ထုံးစံ တွေရှိနေကြပါတယ်။ ကျွန်တော်တို့ဟာ ကွဲပြားခြားနားတဲ့ မျိုးနွယ်စုတွေသာဖြစ်ပါတယ်။ ဒီလိုကွဲပြားခြားနားမှုတွေရှိနေတဲ့အတွက် ကျွန်တော်တို့နိုင်ငံ အေးချမ်းနေတာကို ကျွန်တော်တသက်မမြင်ခဲ့ဘူးပါဘူး “ပြဿနာတွေကတော့ တစ်နည်းမဟုတ်နောက်တစ်နည်းနဲ့ အမြဲတမ်းရှိနေမှာပါ။ ကျွန်တော်တို့ နိုင်ငံ စည်းလုံးညီညွှတ်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု မှတ်ချက်ပေး ပြောကြားခဲ့သည်။

********************************************************************

မြန်မာကို ဖွံ့ဖြိုးရေးအကူအညီများပြန်ပေးမည်ဟု တောင်ကိုရီးယားကြေညာ

(AP သတင်းဌာနမှ 6 Dec 2011 ရက်စွဲပါ Seoul to resume development assistance to Myanmar ကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီများ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း Yonghup သတင်းဌာန က ရေးသားဖော်ပြသည်။ တောင်ကိုရီးယားသည် လွန်ခဲ့သည့် ခြောက်နှစ်တာကာလ၊ ၂၀၀၅ ခုနှစ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုဟူသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများရပ်ဆိုင်းခဲ့ရာမှ ယခုအခါတွင် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ချေးငွေများပေးအပ်သွား မည် ဟု ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း ယင်းသတင်းကဖော်ပြသည်။

တောင်ကိုရီးယားနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးအဆိုအရ ချေးငွေအစီအစဉ် အကောင်အထည် ဖော်ရန် နှစ်ဖက် စလုံးက ဆောင်ရွက်လျက်ရှိပြီး အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်အောင် မည်သည့်နယ်ပယ်နှင့် အခန်းကဏ္ဍများကို ရွေးချယ်မည်ဟူသောအချက်ကို ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု သိရသည်။ လေ့လာအကဲခတ်သူများအဆိုအရ မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားအစိုးရ၏ ငွေကြေး ထောက်ပံ့မှု ပြန်လည်စတင်ခြင်းသည် ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အရေးကိစ္စများနှင့် ဆန့်ကျင်လျက်ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယားသည် ၂၀၀၅ ခုနှစ်၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီများ မရပ်ဆိုင်းမီကာလများအတွင်း ဒေါ်လာ သန်း ၁၂၀ နှင့်ညီမျှသော အကူအညီနှင့် ထောက်ပံ့ကြေးများပေးအပ်ခဲ့သည်။ ယခုလို တောင်ကိုရီးယားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများပေးမည်ဟူသော ကြေညာချက်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့သွားရောက်ကာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံဖြစ်သည့်သလို မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားမှုများလည်းရှိသည်။ မြန်မာသည် မြောက်ကိုရီးယာနှင့် ပူးပေါင်းပြီး ဒုံးကျည်လက်နက်များ တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး နျူကလီးယားလက်နက်များ တပ်ဆင်ရန်လည်း ကြိုးပမ်းလျက် ရှိသည်ဟု စွပ်စွဲခံထားရသည်။

တောင်ကိုရီးယားအနေဖြင့် နျူကလီးယားမပြန့်ပွားရေးအရေးကိစ္စများနှင့် အတူ မြန်မာနိုင်ငံတွင်း စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများလည်း ရှိနေသည်။ တောင်ကိုရီးယားလုပ်ငန်းအတော်များများမှာ မြန်မာနိုင်ငံတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းများတွင် ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။ ယင်းပိုက်လိုင်းစီမံကိန်းများ အနက် တောင်ကိုရီးယားဒေဝူးအင်တာနေရှင်နယ်လီမိတက်က ရွှေသဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်လျက် ရှိပြီး အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းတိတိရယူထားသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ဟွန်ဒိုင်းအကြီးစားစက်မှုလုပ်ငန်းက ဒေဝူးနှင့် ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံတန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းရွှေသဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းတွင် ပါဝင်လုပ်ကိုင်လျက် ရှိသည်။ လက်ရှိအနေအထားတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။ သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည်လည်း တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီးဖြစ်ရာ လစ်လပ်လျက် ရှိသော အမတ်နေရာ ၄၈ ခုအတွက်ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

 ************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment