Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာနိုင်ငံအပေါ် စစ်ရာဇဝတ်မှု စုံစမ်းရေးကိစ္စကို ဟီလာရီလျှော့ပေါ့ပြောဆို

(APP သတင်းမှ 2 Dec 2011 ရက်စွဲပါ “Clinton downplays talk of Myanmar war crime probe” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်၊ တောင်ကိုးရီးယားနှင့် တရုတ် နိုင်ငံသွားမည်

(7 December 2011 ရက်စွဲပါ The Japan Today မှ U.S envoy on Myanmar to visit Japan, China, S Korea ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်-မြန်မာ ဆက်ဆံရေး ရှေ့သို့

(6 Dec 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlant-zick ရေးသားသော  Moving U.S-Burma Ties forward ကို ဘာသာ ပြန်ဆိုသည်)

************************************

မြန်မာနိုင်ငံအပေါ် စစ်ရာဇဝတ်မှု စုံစမ်းရေးကိစ္စကို ဟီလာရီလျှော့ပေါ့ပြောဆို

(APP သတင်းမှ 2 Dec 2011 ရက်စွဲပါ “Clinton downplays talk of Myanmar war crime probe” သတင်းကို ဘာသာ ပြန်ဆိုသည်)

           အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က မြန်မာခေါင်းဆောင်များအား အတိတ်အတွက် တာဝန်ယူနိုင်မည့် အခွင့်အရေးပေးမည် ဖြစ်ကြောင်း သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့ပြီး ကုလသမဂ္ဂထောက်ခံသော စစ်ရာဇဝတ်မှု စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် ယခင် တောင်းဆို ထားခြင်း ကို နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

                "တရားမျှတမှုနှင့် တာဝန်ယူမှုကို စဉ်းစားသုံးသပ်နိုင်စေမယ့် မှန်ကန်တဲ့လုပ်ငန်းစဉ်နဲ့ တာဝန်ယူဆောင်ရွက်မှု ဆိုတဲ့ စည်းမျဉ်းကို ကျွန်မတို့ ထောက်ခံအားပေးနေပါတယ်” ပာု သူမက ပြောကြားသည်။ “ဒါပေမယ့်လည်း မြန်မာ အစိုးရသစ်နဲ့ အတိုက်အခံတွေ ဒီပန်းတိုင်ကို ရောင်အောင်သွားဖို့ သူတို့နည်း သူတို့ပာန်ရှိတယ်ဆိုတာကို ပြသနိုင်ဖို့ အတွက် ကြိုးစားဖို့ အခွင့်အရေးပေးတာပာာ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်” ပာု ဟီလာရီက သူမ၏ ၃ ရက် ခရီးစဉ် အပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

                မြန်မာနိုင်ငံတွင် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ အရပ်သားများကို တပ်မတော်ပေါ်တာ အဖြစ် အဓမ္မခိုင်းစေခြင်း စသော ညှင်းပန်းနှိပ်စက်မှု အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အထား ရရှိထားကြသော လူ့အခွင့်အရေးအုပ်စုများက ကာလကြာမြင့်စွာ အစဉ်တစိုက်တောင်းဆိုနေကြသည့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် ကိစ္စကို ထောက်ခံကြောင်း ဟီလာရီက မနှစ်ကပြောကြားခဲ့ဖူးသည်။

                သို့သော်လည်း မတ်လက အာဏာရလာသော အရပ်ဖက်အစိုးရသစ်က အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများနှင့် ဒိုင်ယာလော့ ဆွေးနွေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ တသီတတန်း စတင်ပြုလုပ်လာသောကြောင့် မြန်မာနိုင်ငံမှ စတင်ကာစ ပြုပြင်ပြောင်းလဲမှုများကို အားပေး တိုက်တွန်းရန် အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်၏ အကျော်ဒေးယျ နေပြည်တော်၊ ရန်ကုန် ခရီးစဉ် ယခင်အပတ်က ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။

                မြန်မာအစိုးရက ယခုထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း အကျဉ်းထောင် သံတိုင်များ နောက်တွင် များစွာ ကျန်ရှိ နေသေးသည်ပာု ဆိုကြသည်။

                သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးပြီးနောက် ပီာလာရီ ကလင်တန်က “လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှုဆိုတာကို ကျွန်မတို့ အမြဲတမ်း၊ တသမတ်တည်း ထောက်ခံခဲ့ပါတယ်။အခုလည်း ဒီမှာ စတင်ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို အားပေးနိုင်မယ့် နည်းလမ်းတွေကို ကျွန်မတို့ ရှာနေပါတယ်” ပာု ပြောကြားသည်။

                ဒေါ်အောင်ဆန်းစုကြည်ကလည်း “သူမအနေဖြင့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုကို ထောက်ခံ ကြောင်း၊ သို့သော်လည်း ရည်ရွယ်ချက် မှာ အမှန်တရား မတိမ်မြှုပ်ရန်သာဖြစ်၍ လက်စားချေရန်၊ နိုင်ငံတကာခုံရုံးတွင် တရားစွဲရန် မပာုတ်ကြောင်း” ယခင်က ပြောကြားထားခဲ့ပြီးဖြစ်သည်။

                လူ့အခွင့်အရေးညှင်းပန်းကြောင်း စွပ်စွဲမှုများကို စုံစမ်းရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို တုန့်ပြန်သောအားဖြင့် မြန်မာအစိုးရက သံအမတ် ပောာင်းများ၊ အစိုးရ အရာရှိပောာင်းများ၊ ပညာရှင်များပါဝင်သော လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ခြင်းကို ဟီလာရီက အသိ အမှတ်ပြု ပြောကြားသည်။

                သို့သော်လည်း အဆိုပါလူ့အခွင့်အရေးကော်မရှင်၏ တရားမျှတမှုနှင့် လက်ခံယုံကြည်စရာကောင်းမှုကို အာမခံ နိုင်ရန်အတွက် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များကို ခေါ်ယူ၍ မြန်မာအစိုးရကို သူမက တိုက်တွန်းထားသည်။

************************************************************

မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်၊ တောင်ကိုးရီးယားနှင့် တရုတ် နိုင်ငံသွားမည်

(7 December 2011 ရက်စွဲပါ The Japan Today မှ U.S envoy on Myanmar to visit Japan, China, S Korea ကို ဘာသာပြန်ဆိုသည်)

              နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ တရုတ်မဟာမိတ် မြန်မာနိုင်ငံသို့ ခရီးစဉ်အပြီးတွင် အမေရိကန်နှင့် တရုတ်တို့သည် လာမည့် အပတ် တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအကြောင်း ဆွေးနွေးကြမည်ဟု အမေရိကန် တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့က ပြောကြားလိုက်သည်။

                မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် Derek Mitchell သည် ယခုအပတ်တွင် ဂျပန်နှင့် တောင်ကိုးရီးယားတို့၌ ဆွေးနွေးအပြီး ဒီဇင်ဘာ 12-13 တွင် Beijing သို့ သွားရောက်လည်ပတ်မည်ဟု အမည်မဖော်လိုသူ အဆိုပါတာဝန်ရှိသူက ဆိုသည်။

                ကလင်တန်၏ ပြီးခဲ့သည့်အပတ်က ခရီးစဉ်သည် နှစ်ပေါင်း ငါးဆယ်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး အမေရိကန် ထိပ်တန်းတာဝန်ရှိသူ တစ်ဦး၏ ခရီးစဉ်ဖြစ်ခဲ့ပြီး အတိုက်အခံနှင့် တိုင်းရင်းသားများနှင့် တွေ့ဆုံမှုကို ဖွင့်ပေးခဲ့သော မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို အားပေးရန် သွားခဲ့ခြင်း ဖြစ်သည်။

                သူမ၏ ခရီးစဉ်သည် ပူးပေါင်းဆောင်ရွက်ရေးအတွက်သာဖြစ်ပြီး တရုတ်ကို စိန်ခေါ်ရန်ရည်ရွယ်ခြင်း မဟုတ်ကြောင်း တရုတ်က လိုလားသည်။ သို့သော် သူမ၏ ခရီးစဉ်မှာ အမေရိကန်၏ အာရှတွင် ၎င်း၏ တည်ရှိမှု မြှင့်တင်ရန် ကြိုးစားချိန်တွင် ပစိဖိတ်အင်အားကြီးများကြား အဆင်မပြေသော ဆက်ဆံရေးများ ဖြစ်ပေါ်နေချိန်တွင် လာရောက်ခြင်း ဖြစ်သည်။

                မြန်မာနိုင်ငံ၏ စစ်တပ်နောက်ခံပြုအစိုးရသည် တရုတ်အပေါ်အဓိကထောက်ပံ့ပေးသူအဖြစ် သတ်မှတ်ထားသော်လည်း၊ မြန်မာနိုင်ငံတွင် ပြည်သူ အများစုက Beijing ၏ လွှမ်းမိုးမှုကြီးလာသောကြောင့် ခါးခါးသီးသီး ခံစားလာကြရသည်။

                အမေရိကန်အနေဖြင့် မြန်မာနိုင်ငံကို ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းပေးရန် တရုတ်က တိုက်တွန်းပြီး ကလင်တန်၏ ခရီးစဉ်ကို တုန့်ပြန်ခဲ့ သည်။ ဝါရှင်တန်ကမူ နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ မရှိသေးပဲ ရုတ်သိမ်းရန် စောသေးသည်ဟု ပြောကြားခဲ့သည်။

                အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိနေစေရန် မျှော်လင့်ကြောင်း ပြောပြီး တရုတ်၏ စိုးရိမ်ပူပန်နေမှုကို ဖြေလျော့ပေးခဲ့သည်။

                Mitchell သည် ကြာသပတေးနေ့တွင် တောင်ကိုးရီးယား၌ ဆွေးနွေးမည်ဖြစ်ပြီး ထိုနေ့တွင်ပင် ဂျပန်နိုင်ငံသို့ ခရီးဆက်မည်ဖြစ်ကြောင်း အဆိုပါ အမေရိကန် တာဝန်ရှိသူက ပြောသည်။ အဆိုပါ နှစ်နိုင်ငံသည် အမေရိကန်မူဝါဒ နှင့် မတူဘဲ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်သွယ်မှုကို ထိန်းသိမ်း ထားသော နိုင်ငံများ ဖြစ်သည်။

                ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး၊ သမိုင်းအကြောင်းအရ မြန်မာနိုင်ငံ၏ ထိပ်တန်းအကူအညီပေးသူ ဖြစ်ခဲ့သည်။ သို့သော် အမေရိကန်၏ ဖိအားပေးမှုကြောင့် ဂျပန်သည် 2003 ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးချိန်တွင် အကူအညီအများစုကို ဖြတ်တောက်ခဲ့သည်။ သို့သော် ဂျပန်နိုင်ငံသည် မကြာမီက အကူအညီများပြန်ပေးရန် စတင်စကားပြောနေပြီ ဖြစ်သည်။

*********************************

အမေရိကန်-မြန်မာ ဆက်ဆံရေး ရှေ့သို့

(6 Dec 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlant-zick ရေးသားသော  Moving U.S-Burma Ties forward ကို ဘာသာပြန်ဆိုသည်)

(Joshua Kurlatzick သည် Council on Foreign Relations မှ အရှေ့တောင်အာရှဖဲလိုးဖြစ်သည်)

              ပီာလာရီကလင်တန်သည် သူမ၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာအစိုးရအား ဆုလာဘ်နည်းငယ်ပေးခဲ့ရာ မဲခေါင် အောက်ပိုင်း အစီအစဉ်သစ်                                                                                                                 (Lower Mekong Initiative) တွင် မြန်မာနိုင်ငံကို ပါဝင်ရန်ခွင့်ပြုခဲ့သည်။ ၎င်းမှာ ဖိုရမ်ဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် အမေရိကန်ုတို့ ပါဝင်ကာ မဲခေါင်မြစ်တစ်လျှောက် ရေကိစ္စနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးရန် ရေးဆွဲထားသည်။ Los Angeles Times ၏ အဆိုအရ ကလင်တန်သည် ဒုတိယကမ္ဘာစစ် အတွင်းက ကျဆုံးသွားသော အမေရိကန်စစ်သားများအနက် ကျန်ရှိသော စစ်သား (၆၀၀)ကျော် ရှာဖွေရေးကို အမေ ရိကန်နှင့် မြန်မာ ပူးတွဲလုပ်ဆောင်ရန် အဆိုပြုခဲ့သည်ပာု သိရှိရသည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် IMF နှင့် ကမ္ဘာ့ဘဏ် တို့မှ အကူအညီများကို ဆက်လက်ပိတ်ပင်ခြင်းမပြုတော့ပါ။

                ၎င်းတို့သည် ခြေလှမ်းငယ်လေးများဖြစ်သော်လည်း အမေရိကန်အစိုးရသည် ကလင်တန်၏ ခရီးစဉ်အပေါ်မှ အောက်ပါ လုပ်ငန်းများကို မကြာတင် သော ကာလတွင် လုပ်ဆောင်သင့်သည်။

(၁)            ပထမဦးစွာ အမေရိကန်ပြည်ထောင်စုသည် အခြေအနေ ပြန်လည်ကောင်းမွန်လာရေး ပူးတွဲလုပ်ဆောင်ရေး အစီအစဉ်သစ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးစတင်သင့်သည်။ အမေရိကန်နှင့် ကာလကြာရှည် ဆက်ဆံရေးမကောင်းခဲ့သည့် လာအိုကဲ့သို့သော နိုင်ငံများတွင် ပြန်လည်တိုးတက် ကောင်းမွန် ရေး ပူးတွဲလုပ်ဆောင်ရေးအစီအစဉ်များသည် နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးကောင်းမွန်ရန် အားပေးရာတွင် များစွာအသုံးဝင်ပြီး၊ ပို၍ ကြီးမားသော ကြိုးပမ်းမှုများ အတွက် အစပြုမှုပင်ဖြစ်ပါသည်။ အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း အမေရိကန်ပြည်ထောင်စု၏ အပေါင်းလက္ခဏာ ဆောင်သော သဘောထားကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။

(၂)            အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် ပြည်သူချင်းဆက်ဆံရေး တည်ဆောက်နိုင်ရန် နီးစပ်သော ကြိုးပမ်းမှုများ ချမှတ်လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် မြန်မာကျောင်းသားများ အမေရိကန်ပြည်ထောင်စုသို့ လာရောက်နိုင်ရန် Fulbright စကောလားရှစ်များ အရေးကြီးစွာ တိုးချဲ့ရ မည်ဖြစ်သည်။ ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ဆွေးနွေးပွဲများ ပိုမိုကျင်းပပြီး လူမှုရေးမီဒီယာနှင့် အခြားရေစီးကြောင်း အကြောင်းအရာများ ဆွေးနွေး ရမည်ဖြစ်သည်။ သံရုံး၏ မာလ်တီမီဒီယာ ဗပိာုဌာန ဖြစ်သော အမေရိကန်စင်တာအားလည်း တိုးချဲ့ရမည်။

(၃)            အမေရိကန်ပြည်ထောင်စုသည် အနာဂတ်တွင် မြန်မာနိုင်ငံသို့ အကူအညီပေးရေးအစီအစဉ်များ ပြင်ဆင်လျက်ရှိရာ ထိုင်း-မြန်မာ နယ်စပ်တွင် ဆယ်စုနှစ် နှစ်ခုခန့် လုပ်ကိုင်ခဲ့သော အကူအညီပေးရေးအဖွဲ့များနှင့် မီဒီယာများ အတွေ့အကြုံများကို အစိုးရအနေဖြင့် စုစည်းအသုံးချရေး စတင်လုပ် ဆောင်သင့်သည်။ အဆိုပါ အုပ်စုများသည် တိုင်းရင်းသားများအရ လည်းကောင်း၊ စစ်ပွဲများ ဖြစ်ပွားခြင်းဖြင့်လည်းကောင်း၊ အုပ်စုကွဲများ အနေဖြင့် လည်း ကောင်း ကွဲပြားနေသော မြန်မာများအပေါ် အကူအညီများခွဲဝေပေးရာတွင် ရှုပ်ထွေးမှုများ ရှိခြင်းအပေါ် အတွေ့အကြုံ များစွာ ရှိထားကြသည်။ ထိုအထဲမှ အချို့ အကူအညီပေးရေးလုပ်သားများသည် အနာဂတ်တွင် မြန်မာနိုင်ငံ တွင်းတွင် ပြန်၍ လုပ်ကိုင်ကြရမည်ဖြစ်ရာ၊ အမေရိကန်နှင့် အခြား အလှူရှင်များ သည် ၎င်းအုပ်စုများ၏ အတွေ့အကြုံ များကို အားလုံးပါဝင်အောင်စုစည်းသင့်သည်။

(၄)            အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးမြို့တော် နေပြည်တော်တွင် သံတမန်တစ်ဦးအား ပုံမှန်နေရာ ချထားရေးကို ချက်ခြင်းဆောင်ရွက် သင့်သည်။ ရန်ကုန်တွင် သံရုံးကို ထားခြင်းသည် မြန်မာကို Burma ပာု ခေါ်သည်နှင့်တူပြီး ဗိုလ်ချုပ်များ၏အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံသည့်နည်းလမ်းဖြစ်သည်။ ထိုအခါ စစ်အစိုးရကလည်း အမေရိကန်သံတမန်များနှင့် တွေ့ဆုံသည့် အခါတိုင်း မနှစ်သက်သည့် သဘောကို ပြသခဲ့သည်။ ယခုအခါ အမေရိကန်သံအမတ်ကြီး ပြန်လာရန် အလားအလာများ ရှိနေသော်လည်း ၊ အစိုးရသည် သံရုံးကို ရွှေ့မည်မပာုတ်သေးပေ။ အဆိုပါ လုပ်ငန်းစဉ်သည် အချိန်ကြာပြီး ခက်ခဲသော လုပ်ရပ်ဖြစ်သည်။ ကျွနိုပ်အနေဖြင့် ငြင်းချက်ထုတ်ရသော် လွှတ်တော် ရှိပြီး အစိုးရဆုံးဖြတ်ချက်များ ချမှတ်သည့် နေပြည်တော်တွင် အမြဲတမ်း အမေရိကန်သံတမန်တစ်ဦး ရှိနေရေးသည် ယခုအခါ လိုအပ်ချက် တစ်ခုဖြစ်နေပါပြီ။

                            ***********************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment