Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ရှမ်းလက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ် သဘောတူညီမှု ရရှိကြောင်း နိုင်ငံပိုင်မီဒီယာအတည်ပြု

(AFP သတင်းမှ 4 Dec 2011 ရက်စွဲပါ “Myanmar State media confirms pact with rebel group” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ကိုကြောက်၍ မြန်မာနိုင်ငံသည် အထီးကျန်အဖြစ်မှ စွန့်ရန် တွန်းအားပေး

(7 Dec 2011 ရက်စွဲပါ The Christian Science Monitor မှ John Hughes ရေးသားသော Fear of China pushes Burma ( Myanmar) out of isolation ကို ဘာသာပြန်ဆိုသည်)

  1. နေပြည်တော်၏ အကောင်းဆုံးအကျိုးစီးပွားများ

(New Starts Times မှ 8 Dec 2011 ရက်စွဲပါ “Naypyidaw’s best interests” သတင်းကို ဘာသာပြန်ဆိုသည်)

              

**************************************

ရှမ်းလက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ် သဘောတူညီမှု ရရှိကြောင်း နိုင်ငံပိုင်မီဒီယာအတည်ပြု

(AFP သတင်းမှ 4 Dec 2011 ရက်စွဲပါ “Myanmar State media confirms pact with rebel group” သတင်းကို ဘာသာပြန်ဆိုသည်)

              မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများထဲမှ တစ်ဖွဲ့နှင့် ကနဦး အပစ်ရပ်သဘောတူညီမှုရရှိပြီပာု မြန်မာနိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

                ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်သူ အကျိုးဆောင်တစ်ဦးက အဆိုပါ သဘောတူညီမှုအကြောင်း AFP သို့စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် တနင်္ဂနွေနေ့ထုတ် New Light of Myanmar သတင်းစာတွင် ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော်ကိုယ်စားလှယ်များ သောကြာနေ့က အပစ်ရပ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းဖော်ပြထားသည်ကို တွေ့ရသည်။

                ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အင်္ဂလိပ် ဘာသာ မြန်မာသတင်းစာက ဆိုသည်။ ယခုနှစ်အတွင်း ပြုပြင် ပြောင်းလဲမှုများ တစ်သီတစ်တန်း ပြုလုပ်လာသော အရပ်ဖက် အစိုးရသစ်က အတိုက်အခံဆန့်ကျင်ဖက် အင်အားစုများအား လက်ကမ်းကြိုဆိုသည့် နောက်ဆုံးလက္ခဏာအဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့တော်တွင် လက်မှတ်ရေးထိုးခဲ့သည့် ယခု သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

                ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းတစ်လျှောက်လုံး မြန်မာနိုင်ငံကို ပြည်တွင်းစစ်က ဝါးမြိုထားခဲ့ပြီး ယခုအခါ အစိုးရတပ်များနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ညှင်းပန်းမှုများအပါအဝင် တိုက်ပွဲများကို အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကတောင်းဆိုလျက်ရှိသည်။

                တပ်မတော်ဆန့်ကျင်ရေး အင်အားကြီးအုပ်စုတစ်စုဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း တပ်မတော်သည် ပြောက်ကျားတပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာ ဖြင့် ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံ နယ်စပ်အနီး မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အဓိက အခြေစိုက်လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

                ပြီးခဲ့သော လအတွင်းက မြန်မာအစိုးရ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ထိုင်းနိုင်ငံနယ်စပ်အနီးတွင် ပြုလုပ်ခဲ့သည်ပာု ပါဝင်သူများ၏ အဆိုအရ သိရှိရသည်။

                “သူတို့အဖွဲ့ (SSA.S) က ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ အုပ်စု ၅ စုထဲမှာ အပစ်ရပ်သဘောတူညီချက် ပထမဆုံး လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ဖြစ်ပါတယ်” ပာု အရပ်ဖက်လူမှုအဖွဲ့ Myanmar Egress ကို တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးလှမောင်ရွှေက စာချုပ်ချုပ်ဆိုမှုအပြီးတွင် AFP သို့ ပြောကြားခဲ့သည်။

                ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းသူများအနေဖြင့် ကရင် KNU၊ ကချင် KIA၊ ချင်း CNF၊ ကရင်နီ KNPP အုပ်စုများနှင့်လည်းငြိမ်းချမ်းရေး သဘော တူညီမှုများ ရရှိနိုင်အောင် ကြိုးစားနေသည်ပာု ဦးလှမောင်ရွှေက ဆက်လက်ပြောကြားသွားသည်။

************************************************************************

တရုတ်ကိုကြောက်၍ မြန်မာနိုင်ငံသည် အထီးကျန်အဖြစ်မှ စွန့်ရန် တွန်းအားပေး

(7 Dec 2011 ရက်စွဲပါ The Christian Science Monitor မှ John Hughes ရေးသားသော Fear of China pushes Burma ( Myanmar) out of isolation ကို ဘာသာပြန်ဆိုသည်)

              ၁၉၆၀ ကာလများဆီက ကျွန်ုပ်သည် Monitor  ၏ သတင်းထောက်အဖြစ် အာရှတွင် လုပ်ကိုင်ခဲ့စဉ်က၊ မိမိ၏နယ်မြေအတွင်း တရုတ်၊ မြောက်ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် အနောက်နိုင်ငံ သတင်းစာဆရာများအား ခွင့်မပြုသော နိုင်ငံများဖြစ်ကြသည်။

                ကျွှန်ုပ် ခြောက်နှစ်တာကာလ အာရှတွင် တာဝန်ကျစဉ်အတွင်း တရုတ်နှင့် မြောက်ဗီယက်နမ်တို့သည် ကျွှန်ုပ်၏ သွားရောက်လည်ပတ်ရန် အဆိုပြု ခြင်းကို ငြင်းပယ်ခဲ့ကြသည်။ အံ့သြစရာတစ်ခုမှာ မြန်မာနိုင်ငံသို့ လည်ပတ်ရန် အကြိမ်ကြိမ်လျှောက်ထားခဲ့ရာ တစ်ကြိမ်လည်ပတ်ရန် ဗီဇာရရှိခဲ့သည်။

                စစ်တပ်မှ အုပ်ချုပ်သော မဖွံ့ဖြိုးသော၊ ပိတ်ထားသော တိုင်းပြည်သို့ သွားရောက်လည်ပတ်ရသည်မှာ ထူးဆန်းပြီး၊ ကြောက်ရွံ့စရာကောင်းနေ သည်။ ကျွှန်ုပ်အား လာရောက်တွဲဖက်ပေးထားသူမှာ မည်သည့်သတင်းမျှ ထုတ်ပြန်ခြင်းမရှိသည့် သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီးတစ်ဦးဖြစ် သည်။ ကျွှန်ုပ် မည်သူနှင့် မည်သည့်အချိန်တွေ့ရမည်ဆိုသည်ကို ၎င်းကပင် ဆုံးဖြတ်သည်။ ကျွန်ုပ်၏ ဘုန်းတော်ကြီးများ၊ အရပ်သားများနှင့် စကား ပြောခြင်းကိုမူ လျှို့ဝှက်ထားရသည်။

                စနေတနင်္ဂနွေနေ့များတွင် ကျွန်ုပ်သည် ဂျစ်ကားတစ်စီးငှား၍ ပုဂံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ကျွန်ုပ်ခရီးမှ ပြန်ရောက်ရောက်ချင်းပင် ဟိုတယ်သို့ ဖုန်းဝင်လာရာ ကျွန်ုပ်နှင့် တွဲဖက်ပေးထားသော ဗိုလ်မှူးကြီး ဖြစ်နေသည်။

                “ကျွန်တော်လည်း အခုမှ ပုဂံက ပြန်ရောက်တယ်” ဟုပြောရာ ၎င်းက “ကျွန်တော်တို့ သိပါတယ် Mr.Hughes” ဟု ပြန်ပြောသည်။ ထိုစဉ်က ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်တွင် တည်းခိုသူ ဧည့်သည် ကျွန်ုပ်တစ်ဦးသာ ရှိသည်။

                ထိုစဉ်က အမေရိကန်ပြည်ထောင်စုသည် စစ်တပ်အစိုးရနှင့် သံတမန်ဆက်ဆံရေး ရှိနေဆဲဖြစ်သည်။ အမေရိကန် သံအမတ်ကြီး Henery Byroade သည် အပျော်တမ်းလက်သမားလုပ်ငန်း ဝါသနာပါသူဖြစ်ပြီး ၎င်းမှာခရီးသွားလာခြင်းမှအစ ကန့်သတ်မှုများ ရှိနေခြင်းကြောင့် ၎င်း၏ လက်သမား အလုပ်ရုံတွင်သာ အချိန်ကုန်ခဲ့ရသည်။

                မြန်မာစစ်တပ်အစိုးရသည် တရုတ်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့ အာဏာရှင်နိုင်ငံဖြစ်သော်လည်း လာရောက်သော သတင်းစာဆရာများကို ခွင့်ပြုခဲ့သည်မှာ အံ့သြစရာကောင်းသောအချက်ဖြစ်သည်။ မြန်မာစစ်တပ်သည် နှစ်ပေါင်းငါးဆယ်ခန့် တိုင်းပြည်ကို တင်းကြပ်သောဥပဒေများနှင့် အမှောင် ထဲတွင် ထားရှိခဲ့သည်။

                ယခုအခါ အမေရိကန်၏ ဆက်ဆံရေးကို ပံ့ပိုးသည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ ထို့နောက်ပြုပြင်ပြောင်းလဲရေးများကို ကတိပေးခဲ့သည့် သမ္မတသစ်ဦးသိန်းစိန်နှင့်လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ အမေရိကန် ၏ စီးပွားရေးကန့်သတ်မှု အချို့ကို ဖြေလျော့ကြောင်း ကြေညာခဲ့ပြီး သံအမတ်ကြီးအဆင့် ဆက်ဆံရေး ပြန်လည်ပြုလုပ်ရန် စဉ်းစားနေသည်။

                နိုင်ငံခြားရေးဝန်ကြီး ကလင်တန်၏ သတင်းစကားမှာ မြန်မာနိုင်ငံသည် ၎င်း၏ ကတိအတိုင်း နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ခြင်း အထီးကျန် ပြုမှု အဆုံးသတ်ရေးနှင့် တိုင်းသူပြည်သားများ၏ ဘဝ တိုးတက်ရေးများကို ရိုးသားစွာနှင့် အလျင်အမြန် လုပ်ဆောင်နိုင်မှုအပေါ် မူတည်၍ အရေးယူမှုများ ဖြေလျော့သွားမည်ဟူ၍ ဖြစ်သည်။

                အကယ်၍ အစိုးရသည် အတိတ်က မှားခဲ့သည်များကိုကြည့်၍ ဒီမိုကရေစီသို့ လျှောက်လှမ်းမည်ဆိုလျှင် ပျော်ရွှင်ဖွယ် ကောင်းလိမ့်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမသည် ဦးသိန်းစိန်ကို ယုံကြည်ကြောင်း သို့သော် အစိုးရ အတွင်း လူတိုင်းက ၎င်းကဲ့သို့ ယုံရမည်ဟု မပြောနိုင်ကြောင်း ဆိုခဲ့သည်။

                သာသာထိုးထိုး မတွက်ဘဲ ဆိုရလျှင် အစိုးရသည် ကမ္ဘာတစ်ဝှမ်း အာဏာရှင် စနစ်များ ကျဆုံးနေမှုကို တွေ့မြင်နေရ သောကြောင့် မြန်မာနိုင်ငံ တွင် ကာလရှည်ကြာ ရက်စက်ကြမ်းကြုတ်စွာ အုပ်စိုးခဲ့သော အာဏာရှင်ကို ထိုသို့ အကျည်းတန်စွာ နိဂုံးမချုပ်အောင် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

                အမေရိကန်နှင့် ရုတ်တရက် သဘောတူညီမှုရလာခြင်းအတွက် အဖြစ်နိုင်ဆုံးနှင့် လက်တွေ့ကျသော အကြောင်းပြချက် မှာ အိမ်နီးချင်း တရုတ်၏ ကျယ်လောင်လာသော အသံများကို စိုးရိမ်မှုကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းမည်ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများသည် တရုတ်၏ စီးပွားရေးနှင့် စစ်ရေး အာဏာပြမှုသည် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေပြီဟု ရှုမြင်နေကြသည်။ မကြာသေးမီ က အရှေ့တောင်အာရှ နိုင်ငံတစ်ခုမှ သမ္မတဟောင်းတစ်ဦးက ကျွန်ုပ်အား ပြောကြားခဲ့ရာ “ ကျွန်တော်တို့က တရုတ်နဲ့ အမေရိကန်ကြားမှာ ညပ်နေတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့က အမေရိကန်ကို ပိုကြိုက်တယ်” ဟူ၍ ဖြစ်သည်။

                အိုဘားမား အစိုးရ၏ နိုင်ငံခြားရေး မူဝါဒမှာ သမ္မတက ကြေညာချက်ထုတ်ခဲ့သည့် အတိုင်း အမေရိကန်သည် ပစိတ်ဖိတ် ပါဝါဖြစ်ပြီး စူပါပါဝါအဖြစ် ဖြစ်တည်ရေးအတွက် လိုအပ်သော အားကို အသုံးပြုလုပ်ဆောင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လည်း ရည်မှန်းချက်ကြီးကြီးနှင့် ရန်လိုသည့် သဘော ထားရှိသည့် တရုတ်နှင့် အနီးကပ်ဆက်ဆံရမည်ကို စိုးရိမ်ပြီး အမေရိကန်နှင့် ချိန်ခွင်လျှာ ညီသော ဆက်ဆံရေးအတွက် လိုလားသော နိုင်ငံတစ်ခုဖြစ်သည်။

*******************************************************************

နေပြည်တော်၏ အကောင်းဆုံးအကျိုးစီးပွားများ

(New Starts Times မှ 8 Dec 2011 ရက်စွဲပါ “Naypyidaw’s best interests” သတင်းကို ဘာသာပြန်ဆိုသည်)

“အမေရိကန်-တရုတ်-မြန်မာ ၃ ပွင့်ဆိုင် တြိဂံဂိမ်းကို သုံးသပ်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်”

              မြန်မာနိုင်ငံသည် တရုတ်သြဇာအောက်မှ ခွဲထွက်ရန် ကြိုးစားလျက်ရှိသော်လည်း အိမ်နီးခြင်း၊ အင်အားကြီးနိုင်ငံကို သတိကြီးစွာ ထားနေရဆဲပင် ဖြစ်ပေသည်။

                ပြီးခဲ့သော မေလတွင် University of Hong Kong က ယင်း၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှ အကျယ်ချုပ် လွတ်မြောက်စ ၆ လသာရှိသေးသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရာပြည့် ဒိုင်ယာလော့ကို ဗီဒီယိုဆက်ကြောင်းဖြင့် ကျင်းပခဲ့သည်။

                University ၏ ဖိတ်ကြားမှုကြောင့် ပြင်ပဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သူတစ်ဦးအနေဖြင့် ဆောင်းပါးရှင်စိုးရိမ်မိသော အချက်မှာ ကျွန်တော်တို့၏ မေးခွန်းများနှင့် သူမ၏ အဖြေများကြောင့် သူမနောက်တစ်ကြိမ် ထိန်းသိမ်းခံရနိုင်သော ကိစ္စပင်ဖြစ်သည်။

                တကယ်ဆွေးနွေးချိန်တွင်မူ မည်သည့်စိုးရိမ်စရာကိစ္စမှ မရှိခဲ့ပါ။ (သူမ၏ ထောက်ခံသူများ ခေါ်ဝေါ်ကြသည့်အတိုင်း) ‘လေဒီ’ သည်မေးခွန်းများကို သတိထား၍ ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်ခဲ့သည်။ ပထဝီ နိုင်ငံရေးကိစ္စရပ်များကို ကောင်းစွာခြုံငုံမိကြောင်း ပြသခဲ့ပြီး သူမ၏ ဒီမိုကရေစီ အယူအဆများ နှင့်လည်း သွေဖယ်သွားခြင်းမရှိခဲ့ပေ။ တစ်ချိန်ထဲတွင် တရုတ်နိုင်ငံကို ရန်စသလိုဖြစ်အောင် ဆွပေးခြင်းကိုလည်း ရှောင်ရှားငြင်းဆန်ခဲ့သည်။

                ထိုမှ ၆ လခန့်အကြာတွင်မူ ရာစုနှစ်ဝက်အတွင်း ပထမဆုံးရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကို လက်ခံ ကြိုဆိုခြင်းဖြင့် ကမ္ဘာ့သတင်းများထဲတွင် မြန်မာနိုင်ငံ များစွာနေရာယူခဲ့ပြန်သည်။

                ယခုအခါ သမ္မတဦးသိန်းစိန်၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ရိုးဖြောင့်မှု ရှိသလားဆိုသည်ကို ဝါရှင်တန်က ဒေါ်အောင်ဆန်းစုကြည် ထံမှ လမ်းညွှန်ချက် တောင်းလာခြင်းဖြင့် သူမအနေဖြင့် သော့ချက်ကျသော ကဏ္ဍမှ ပါဝင်နေရပြီဖြစ်သည်။

                အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့အလိုလျောက် အရေးပါနေချိန်တွင် ဒေသတွင်းသြဇာစိုးမိုးရေးအတွက် တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုမှတဆင့် ထွက်ပေါ်လာသော နောက်ဆုံး တိုးတက်ပြောင်းလဲမှုများကို ကမ္ဘာတစ်ဝှမ်း အကဲခတ်လေ့လာသူများစွာက စောင့်ကြည့်နေကြရသည်။

                မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး တိုးတက်လာမှုရလဒ်အဖြစ် တရုတ်နိုင်ငံ၏ သြဇာထိခိုက်သွားမလား ပာူသော မေးခွန်းကို တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက “ဘေဂျင်း သည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရန်အတွက် နေပြည်တော်နှင့် အနောက် နိုင်ငံများ၏ ဆက်ဆံရေးပိုကောင်းလာသည်ကိုသာ တွေ့မြင်လိုသည်” ပာု တုန့်ပြန်ဖြေကြားခဲ့သည်။

                အလားတူပင် ကလင်တန်ကလည်း “တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆက်ဆံရေးကောင်းနေခြင်းအပေါ် အမေရိကန်က စိုးရိမ်ပူပန်စရာမရှိကြောင်း” ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံသည် မြန်မာတို့အတွက် ဘယ်လိုတည့်အောင် အတူနေကြမလဲပာု စဉ်းစားရမည့် အိမ်နီးခြင်းကြီးဖြစ်သည်” ပာု သူမက ဆိုသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံက အခြားနိုင်ငံများနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေမှုကို တရုတ်ကော၊ အမေရိကန်ကပါ မဆန့်ကျင်ကြခြင်းသည် အလွန်ကောင်းသောအချက်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများအလိုကျရေးထက် မိမိ၏ အကောင်းဆုံးအကျိုးစီးပွားကိုသာ လုပ်ဆောင်ရပေလိမ့် မည်။ မြန်မာအစိုးရသည် မကြာသေးမီကပင် ထိုအချက်ကို ထင်ရှားစွာပြသခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံမြောက်ဖျား၌ တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ် တည်ဆောက်ကာ ထွက်သမျှ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ ပြန်လည်တင်ပို့မည့် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားရန် စက်တင်ဘာလက ဆုံးဖြတ်ခြင်းသည် တရုတ်အစိုးရကို အံ့အားသင့်စေသည့်အပြင် နေပြည်တော်အစိုးရသည် တရုတ်အကျိုးစီးပွားအတွက်မပာုတ်ပဲ မြန်မာတို့၏အကျိုးစီးပွားအတွက်သာ လုပ်နေခြင်းဖြစ်သည်ပာူသော လက္ခဏာကို ပြသလိုက်ခြင်းဖြစ်သည်ပာူသော လက္ခဏာကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

                ပြီးခဲ့သော မတ်လက အာဏာရလာခဲ့သော (ဗိုလ်ချုပ်ကြီးပောာင်း) ဦးသိန်းစိန်၏ အရပ်ဖက်အစိုးရသစ်သည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးနွေးထွေးလာစေမည့် နိုင်ငံရေးအကျိုးစီးပွား ပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ပြသလျက်ရှိသည်။ထို့အပြင် အရှေ့တောင်အာရှ နိုင်ငံများနှင့်လည်း ဆက်ဆံရေး ပိုမိုတိုးတက်အောင် ကြိုးစားလာခြင်းကြောင့် ၂၀၁၄တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌနေရာကို တာဝန်ယူခွင့် ရသွားပြီ ဖြစ်သည်။

                သို့သော် အမေရိကန်တို့ချမှတ်ထားသော Sanctions များ ရုတ်သိမ်းရေးကို ဆွေးနွေးရန် အချိန်မတန်သေးပာုဆိုကြသည်။ ကလင်တန်၏ ပြောစကားအရဆိုလျှင် “သမ္မတဦးသိန်းစိန်သည် ကြာမြင့်စွာ အများမျှော်လင့်စောင့်စားနေကြသော ပွင့်လင်းမှုကို ဦးတည်သည့် ပထမအဆင့် ဆောင်ရွက်မှု များကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ အကုန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားအုပ်စုပေါင်းစုံနှင့် တိုက်ခိုက်နေသော ပြည်တွင်းစစ် ပဋိပက္ခ ကို အဆုံးသတ်ခြင်း၊ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ဖက်ဆက်ဆံမှုကို ဖြတ်တောက်ခြင်း တို့အပါအဝင် ယခုထက် ပို၍ လုပ်စရာများစွာကျန်နေသေးသည်”

                မြန်မာသမ္မတကလည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို လာမည့်နှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မည့် သူ၏ ရည်ရွယ်ချက်ကို အထင်အရှားပြသထားသည်။ ထို့အပြင် ကလင်တန် ပြန်သွားပြီး နောက်တစ်ရက် တွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ခွင့်ပြုမည့် ဥပဒေကိုလည်း လက်မှတ်ထိုးထုတ်ပြန်လိုက်သည်။

                ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကို မြန်မာအစိုးရက ရက်ရက်စက်စက်ချေမှုန်းခဲ့ပြီးနောက် အနောက်နိုင်ငံများက အရေးယူချမှတ်ခဲ့သည့် Sanctions များက တရုတ်နိုင်ငံအား မြန်မာနိုင်ငံ၏ အရေးကြီးဆုံးစီးပွားဖက်ဖြစ်သွားစေခဲ့သည်။

                ယခုအခါ ၎င်းနှစ်နိုင်ငံသည် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်၍ ရေနံစိမ်းနှင့် ဓာတ်ငွေ့များ တရုတ်နိုင်ငံအတွင်းပိုင်းသို့ သယ်ဆောင်မည့် ပိုက်လိုင်း များ နှင့် ကားလမ်း၊ ရထားလမ်း၊ ရေနက်ဆိပ်ကမ်း တို့ပါဝင်သော မပာာစီမံကိန်းကြီးကို သဘောတူလက်မှတ်ထိုးပြီး စတင်လျက်ရှိသည်။ အမှန်စင်စစ် တရုတ်နိုင်ငံအပေါ် မှီခိုရလွန်းသူအဖြစ်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ နောက်ဆုံးဆောင်ရွက်ချက်များက ပြသနေပြီ ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံသည် နယ်စပ်ခြင်း ရှည်လျားစွာထိစပ်နေသော အိမ်နီးချင်းနိုင်ငံကြီးဖြစ်၍ မလိုလားအပ်သော ရန်စမှုများမလုပ်သင့်ကြောင်း ကိုလည်း မြန်မာတို့နားလည် သိရှိထားကြပြီးဖြစ်သည်။

                မကြာမှီက ပြုလုပ်ခဲ့သော အရှေ့အာရှထိပ်သီးညီလာခံတွင် အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား ၃ နိုင်ငံကသာ တရုတ်ကို သစ္စာမဖောက်ကြောင်း ပြသခဲ့ကြပြီး တောင်တရုတ်ပင်လယ်ကိစ္စကို ညီလာခံတွင် တင်ပြဆွေးနွေးမှုများ မပြုရန် တောင်းဆိုခဲ့ကြသည်ပာု သိရှိရသည်။ တကယ့် လက်တွေ့ အရှိတရားများကို မြန်မာတို့နားလည်သဘောပေါက်ကြောင်းကို ပြီးခဲ့သော မေလ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များက ထင်ပာပ်ပြသနေသည်။

                “မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးပာာ တန်ဖိုးရှိတဲ့အရာတွေ မျှဝေမှုအပေါ်မှာ အခြေခံတဲ့ ချစ်ကြည်ရင်းနှီးမှုဖြစ်မယ်ဆိုရင် တရုတ် နိုင်ငံနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးပာာ အိမ်နီးချင်းတွေထဲက အထူးကိစ္စရပ်တစ်ခုဖြစ်ပါလိမ့်မယ်” ပာု သူမကပြောကြားခဲ့သည်။

****************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment