Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ကချင်ဒုက္ခသည်များ ကုလ ကယ်ဆယ်ရေး စတင်ရ

(16 Dec 2011 ရက်စွဲပါ IPS မှ Marwaan Mocan-Marker ရေးသားသော Kachin refugees get relief,finally ကို ဘာသာပြန်ဆိုသည်)

  1. တိုင်းရင်းသားအုပ်စုများနှင့် ၃နှစ်၊ ၄နှစ်အတွင်း အမြဲတမ်းငြိမ်းချမ်းရေးရအောင် ကြိုးစားမည်ပာု အစိုးရညှိနှိုင်းရေး ကိုယ်စားလှယ်ပြောကြား

(The Washington Post မှ 17 Dec 2011 ရက်စွဲပါ “Myanmar seeks to have permanent peacepact with ethnicrebels in 3-4 years,negotiator says” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရွှေညဝါဆရာတော်ကို ဖယ်ရှားရန် အမိန့်ထုတ်ပြန်

(News Kerala မှ 16 Dec 2011 ရက်စွဲပါ “Burma orders eviction of monk shwe Nya way Sayardaw” သတင်းကို ဘာသာပြန်ဆိုသည်)

*******************************************

ကချင်ဒုက္ခသည်များ ကုလ ကယ်ဆယ်ရေး စတင်ရ

(16 Dec 2011 ရက်စွဲပါ IPS မှ Marwaan Mocan-Marker ရေးသားသော Kachin refugees get relief,finally ကို ဘာသာပြန်ဆိုသည်)

မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများဖြစ်ပြီး ခြောက်လအကြာတွင် နေအိမ်ကို စွန့်ခွာထွက်ပြေးကြရသော ဒုက္ခသည်များ အတွက် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ ဝင်ရောက်လာနိုင်ပြီဖြစ်သည်။

ကုလသမဂ္ဂဦးဆောင်သော ကယ်ဆယ်ရေးအဖွဲ့သည် ဒီဇင်ဘာလ (၁၃)ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာတွင် လိုအပ်သော အိမ်သုံးပစ္စည်းများ ပေးဝေခဲ့သည်။

အကူအညီပေးရေး ပစ္စည်းများတင်ဆောင်ထားသော ကုန်တင်ကားနှစ်စီးကို အစိုးရတပ်များနှင့် KIA တို့၏ သဘောတူညီချက်ဖြင့် လမ်းတလျှောက် သွားရောက်နိုင်ခဲ့သည်။

“ဒါပာာ ကုလသမဂ္ဂ လိုင်ဇာမှာ အကူအညီပေးတာ အစပဲရှိပါသေးတယ်” ပာု UNICEF မှ ပြောခွင့်ရပုဂ္ဂိုလ် Zafrin Chowdhury က IPS သို့ ရန်ကုန်မှ ပြောကြားခဲ့သည်။ “လိုင်ဇာနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် နောက်ထပ် ကယ်ဆယ်ရေးပစ္စည်းတွေ ထပ်ပြီးခွင့်ပြုဖို့ ကုလသမဂ္ဂက မျှော်လင့်နေ ပါတယ်” ပာု ၎င်းကပြောသည်။

ဒေသခံ ကချင်အကူအညီပေးရေးလုပ်သားများသည် အပြာရောင်အလံများဖြင့် အမှတ်အသားပြုထားပြီး ၎င်းတို့သည် ချမ်းအေးသော ဆောင်းတွင်းတွင် တောထဲ၌ ယာယီတဲများဖြင့်နေထိုင်နေရသော ဒုက္ခသည်များအား စားစရာနှင့် အဝတ်အထည် အနည်းငယ်ကိုသာ ဝေငှနိုင်သည်။

ကယ်ဆယ်ရေးလုပ်ငန်းအများစုကို KIA ၏ နိုင်ငံရေးဌာနခွဲဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က လုပ်ဆောင်နေသည်။

“ကျွန်တော်တို့က အကူအညီအရမ်းလိုနေတာ။ အခုတော့ နိုင်ငံတကာအကူအညီတွေ ပိုရလာဖို့ မျှော်လင့်နိုင်ပါပြီ။ ကျွန်တော်တို့က နိုင်ငံတကာ အကူအညီပေးမှုကို ဇွန်လကတည်းက တောင်းခံခဲ့တာ။ အခုမှ အဖြေရတာ”ပာု ကချင် ဖွံ့ဖြိုးတိုးတက်ရေးအုပ်စု(KPG)မှ ဒါရိုက်တာ La Rip က IPS သို့လိုင်ဇာမှ တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။

UNICEF အပါအဝင် ကုလသမဂ္ဂအေဂျင်စီသုံးခုသည် တရုတ်နယ်စပ်အနီးသို့တိုင် ရောက်ရှိခဲ့ရာ ယခင်က ရောက်ရှိဖူးခဲ့ခြင်းမရှိပေ။ နိုင်ငံတကာနှင့် ဒေသတွင်း လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးအုပ်စုများက လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာကြီးထွားလာမည်ကို အချက်ပေးခဲ့ခြင်းကြောင့် ကုလသမဂ္ဂ ထိုသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

“အဲဒီမှာ အခြေအနေက အတော်ဆိုးနေပါတယ်” ပာု ဝါရှင်တန်အခြေစိုက် Refugees International မှ Lynn Yoshikawa က ပြီးခဲ့သည့် သောကြာနေ့က ဘန်ကောက်တွင် သတင်းစာဆရာများအား ပြောကြားခဲ့သည်။ ၎င်းသည် ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသောနေရာများ အနီးသို့ နှစ်ပတ်ကြာ သွားရောက်ခဲ့သည်။ “အိုးမဲ့အိမ်မဲ့ ဖြစ်ရသူတွေ ပိုများလာပြီး အကူအညီကလည်း နည်းနည်းပဲရတော့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ဆိုးဆိုးဝါးဝါးဖြစ်မယ့် အလားအလာတွေ များနေပါတယ်” ပာု ၎င်းကပြောသည်။

မြန်မာအစိုးရသည် KIA အား နှိမ်နင်းနိုင်ရန် ပိတ်ဆို့ထားသည့် မူဝါဒကြောင့် နိုင်ငံတကာ အကူအညီပေးရေးမူဝါဒကိုလည်း ပိတ်ထားသဖြင့် ဒုက္ခသည် များသည် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်ခဲ့ရသည်။

အနောက်နိုင်ငံအစိုးရများသည် အကူအညီပေးရေးကို ဒေသခံကယ်ဆယ်ရေးအုပ်စုများဖြစ်သော KDG ကဲ့သို့ အဖွဲ့များသို့ တိုက်ရိုက်ပေးရန် လက်တွန့် နေပြီး၊ ကုလသမဂ္ဂအေဂျင်စီများမှတဆင့်သာ ပေးရန် ပိုမိုနှစ်သက်သည်ပာု ရန်ကုန်အခြေစိုက် သံတမန်သတင်းက ဆိုသည်။

“တရုတ်က နိုင်ငံတကာအကူအညီ အထောက်အပံ့တွေ သူ့နိုင်ငံကတဆင့် နယ်စပ်ကသွားမယ့်ကိစ္စကို စိုးရိမ်တယ်။ တချို့ကိုတော့ ခွင့်ပြုတယ်။ ဒါပေမယ့် အများကြီးဝင်လာမှာကို မလိုလားဘူး”ပာု Yoshikawa က ပြောသည်။

သို့သော် ယခုကိစ္စသည် မြန်မာနိုင်ငံအတွက် အသစ်အဆန်းတော့ မပာုတ်ပေ။ ထိုင်း-မြန်မာနယ်စပ်အနီးတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော တိုင်းရင်းသားပဋိပက္ခကြောင့် ဒုက္ခသည်ပေါင်း ငါးသိန်းခန့်သည် အနောက်နိုင်ငံအစိုးရများနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာအေဂျင်စီများ အကူအညီမလုံမလောက်နှင့် ရှိနေဆဲဖြစ်သည်။

လက်ရှိ တိုက်ပွဲများသည် သမ္မတဦးသိန်းစိန် လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သော ပုံရိပ်ကို အားနည်းစေသည်။ အစိုးရသည် အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးစကားပြောနေချိန်တွင် ၊ သေနတ်ပြောင်းကို ကချင်ဖက်သို့ လှည့်ထားသည်။

“ဗပာစစ်တပ်ပာာ ဇွန်လဆန်းမှာ စတိုက်ပါတယ်။ ၁၉၉၄ ဖေဖော်ဝါရီလက သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သူတို့ ချိုးဖောက်ခဲ့ပါတယ်”ပာု KIO မှ နိုင်ငံခြားရေးရာ ဒုတိယအကြီးအကဲ ဗိုလ်မှူးကြီး James Lum Dau က IPS သို့ပြောသည်။ “သူတို့က ကျွန်တော်တို့ကို စစ်အင်အားနဲ့  အပြီးချေမှုန်းလိုတာ” ပာု ၎င်းက ပြောသည်။

ဦးသိန်းစိန်သည် တနင်္လာနေ့က မြန်မာ့တပ်မတော်အား KIA အားတိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ “တိုက်ပွဲတွေက ရပ်မသွားသေးဘူး။ ကျွန်တော်တို့ သေနတ်သံတွေ ပေါက်ကွဲသဲတွေ ကြားနေရတုန်းပဲ”ပာု KDG မှ La Rip က အတည်ပြု ပြောကြားခဲ့သည်။

ယခုနောက်ဆုံး တိုက်ပွဲများမှာ ၂၀၁၀ တွင် စတင်အမြစ်တွယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။ KIA က ငြင်းဆန်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားမဝင်အဖွဲ့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုတိုက်ပွဲများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို တဖန်ဖြစ်စေသည်။ နိုင်ငံတကာနှင့် ကချင်လူ့အခွင့်အရေးအုပ်စုများက မြန်မာစစ်သားများ အရပ်သားများအပေါ် ကျူးလွန်မှုများအတွက် စွပ်စွဲချက်များရှိသည်။

“ဇွန်လကနေစက်တင်ဘာလအတွင်း မြန်မာစစ်တပ်ပာာ အရပ်သားတွေဆီက အစားအသောက်များ လုယက်ခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားတွေကို ခြိမ်းခြောက်တိုက်ခိုက်ပြီး ပေါ်တာဆွဲတယ်။ မိုင်းရှာခိုင်းတယ်” ပာု အမေရိကန်အခြေစိုက် Physicians for Human Rights မှ နိုဝင်ဘာလကုန်တွင် ထုတ်ဝေသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်အမျိုးသမီးအဖွဲ့ကလည်း မြန်မာစစ်တပ်သည် တိုက်ပွဲများစကတည်းက အမျိုးသမီးများကို စစ်သားများက အဓမ္မပြုကျင့်ခြင်းအား စနစ်တကျ မူဝါဒသဖွယ် လုပ်ဆောင်ခဲ့ကြောင်း ဒီဇင်ဘာလဆန်းက ထုတ်ပြန်သော အစီရင်ခံစာတွင် စွပ်စွဲထားသည်။ မြန်မာစစ်သားများသည် ရှမ်းနှင့် ကရင်ကဲ့သို့သော အခြားတိုင်းရင်းသားအပေါ်တွင်လည်း ယခင်က တိုက်ပွဲများတွင် ထိုသို့ ကျုးလွန်ခဲ့သည်။

ဒုက္ခသည်များသည် တိုက်ပွဲများနှင့် လွတ်အောင် တရုတ်နယ်စပ်သို့ ဦးတည်ထွက်ပြေးကြသည်ပာု ရှေ့တန်းမှပြန်လာသူ မြန်မာဓာတ်ပုံဆရာ John Salim ကပြောသည်။ “တရုတ်နယ်စပ်နားမှာတော့ မြန်မာစစ်တပ်က မတိုက် လောက်ဘူးလို့ သူတို့က ယုံကြည်နေကြပါတယ်” ပာု ၎င်းကပြောသည်။

        ***************************************************************************************

တိုင်းရင်းသားအုပ်စုများနှင့် ၃နှစ်၊၄နှစ်အတွင်း အမြဲတမ်းငြိမ်းချမ်းရေးရအောင် ကြိုးစားမည်ပာု အစိုးရညှိနှိုင်းရေး ကိုယ်စားလှယ် ပြောကြား

(The Washington Post မှ 17 Dec 2011 ရက်စွဲပါ “Myanmar seeks to have permanent peacepact with ethnicrebels in 3-4 years, negotiator says” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အဓိကတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းလျက်ရှိပြီး ၃နှစ်၊ ၄နှစ်အတွင်း အမြဲတမ်း ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဆုံးဖြတ်ထားကြောင်း အစိုးရ၏ ထိပ်တန်းညှိနှိုင်းရေးတာဝန်ခံက ပြောကြားလိုက်သည်။

အပြန်အလှန် လေးစားမှုကို အခြေခံကာ ရှမ်း၊ မွန်၊ ကရင်၊ ကယား၊ ကချင် အုပ်စုများနှင့် ကျင်းပနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ခွဲထွက်ဖို့ မတောင်းဆိုရန် အချက်တစ်ခုကိုသာ အစိုးရက ကြိုတင်စည်းကမ်းသတ်မှတ်ထားသည်ပာု အစိုးရငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်သူ ဦးအောင်သောင်းက ဆိုသည်။

သမ္မတဦးသိန်းစိန်က နိုင်ငံမြောက်ပိုင်းမှ ကချင်လက်နက်ကိုင်များနှင့် တိုက်ပွဲကိုအဆုံးသတ်ရန် ဒီဇင်ဘာ ၁၀ ရက်က အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်သော်လည်း ဝေးလံခက်ခဲသောဒေသများရှိ တပ်များကိုဆက်သွယ်ရန် ခက်ခဲမှုကြောင့် ပစ်ခတ်မှုအနည်းငယ် ဆက်လက်ကျန်ရှိနေသည်ပာု ဦးအောင်သောင်းက သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံ၌ အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိလိုသော တိုင်းရင်းသားအုပ်စုများအကြား သဘောကွဲလွဲကာ နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့ကြ သော်လည်း ၁၉၈၈ တွင် အာဏာသိမ်းလိုက်သည့်တပ်မတော်အစိုးရက တိုင်းရင်းသားအုပ်စုများစွာနှင့် အပစ်ရပ်သဘောတူညီမှုများ လက်မှတ်ထိုးခဲ့သည်။ သို့သော် ဗပိာုအစိုးရက အာဏာကို သိမ်းဆည်းစုစည်းရန် ကြိုးပမ်းခဲ့သောကြောင့် သဘောတူစာချုပ်အချို့ ပျက်ပြားကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မနှစ်က အာဏာရလာသော မြန်မာအစိုးရသစ်က ယင်း၏နိုင်ငံတကာ အပယ်ခံဘဝကို ပြည်ဖုံးကားချရန် ကြိုးစားသည့်အနေဖြင့် ပြုပြင်ပြောင်းလဲမှု များကို စတင်ပြုလုပ်လာခဲ့သည်။ အနောက်နိုင်ငံအစိုးရများက မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး ဒဏ်ခတ်မှု Sanctions များ ချမှတ်ထားရခြင်းမှာ ယခင် တပ်မတော်အစိုးရလက်ထက် စစ်အုပ်ချုပ်ရေး ဗန်းပြဖိနှိပ်အုပ်ချုပ်မှုကြောင့် ဖြစ်သည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပြန်လည်လူရာသွင်း ဆက်ဆံရန်အတွက် ကြိုတင်စည်းကမ်းသတ်မှတ်ချက်တစ်ခုဖြစ်သော တိုင်းရင်းသား အုပ်စုများနှင့် ပဋိပက္ခအဆုံးသတ်ရေးကိစ္စကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က ယခုအစောပိုင်း နေပြည်တော်ခရီးစဉ်တွင် အလေးပေး ပြောဆိုခဲ့သည်။

လူသိများ ကချင်စေ့စပ်ညှိနှိုင်းသူတစ်ဦးက “အစိုးရများသည် ကချင်ကျေးရွာများကို ဆက်လက်တိုက်ခိုက်နေကြောင်း” ပြောဆိုခဲ့ပြီး လတ်တလော အပစ်ရပ်စဲမှုကို လိုက်နာရန် တောင်းဆိုပါသည်။

ပြီးခဲ့သော ဇွန်လတွင် အစိုးရတပ်များက ကချင်အုပ်စု၏ အခိုင်အမာစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားချိန်၌ ကချင်ပြည်နယ်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ သမ္မတကြီးရဲ့အမိန့်ကို ချက်ခြင်းအကောင်အထည်ဖော်မှု မရှိဘူး။ တိုက်ခိုက်မှု ရပ်မသွားဘူးဆိုရင် ယုံကြည်မှုပျက်ပြားခြင်းနဲ့ နောက်ပိုင်းမှာ နားလည်မှုလွဲမှားခြင်းတွေ ဖြစ်လာနိုင်ပါတယ်” ပာု ကချင်စေ့စပ်ညှိနှိုင်းသူ ခရစ်ယာန်ဘုန်းကြီး ဆဗွိုင်းဂျွမ် က Assiciated Press သို့ပြောကြားသည်။

“အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုက ဗုဒ္ဓပာူးနေ့လောက်အထိ ရှိနေတုန်းပါ။ သမ္မတကြီးရဲ့ တိုက်ပွဲရပ်ဆိုင်းမိန့်ပာာ အောက်ခြေအထိ မရောက်နိုင်သေးဘူး လို့ထင်ပါတယ်” ပာု ယင်းကဆိုသည်။

တပ်မတော်နောက်ခံ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းပါတီဝင် ဦးအောင်သောင်းက “ငြိမ်းချမ်းရေးရရှိအောင် အစိုးရက အကောင်းဆုံးကြိုးစားသွားဖို့ သံဓိဋ္ဌာန်ချထားသည်” ပာုပြောကြားသည်။

တိုင်းရင်းသားအုပ်စုများနဲ့ ငြိမ်းချမ်းရေးရဖို့ ၃နှစ်၊ ၄နှစ်လောက်တော့ အချိန်ယူရနိုင်ပါတယ်။ ကျွန်တော်တို့ပါတီ အာဏာရသတ်တမ်းအတွင်းမှာ အမြဲတမ်းငြိမ်းချမ်းရေးရအောင် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” ပာု ဦးအောင်သောင်းက ပြည်တွင်းသတင်းထောက်များကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ ကြာတဲ့နိုင်ငံဆိုလို့ ဒီနိုင်ငံပဲ ရှိပါလိမ့်မယ်။ ကမ္ဘာကလည်း အထင်သေးနေပါပြီ။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးကြိုးစားကြဖို့ ဆုံးဖြတ်ထားပါတယ်” ပာု ဦးအောင်သောင်းက ရှင်းလင်းပြောဆိုသည်။

ဦးအောင်သောင်းခေါင်းဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ယူနန်ပြည်နယ် ရွှေလီမြို့တွင် နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုမှ ရက်အနည်းငယ်အကြာတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နှင့် အစိုးရအကြား အပစ်ရပ် သဘောတူညီမှုရရှိခဲ့သည်။ SSA-S သည် အစိုးရနှင့် ယခင်က အပစ်ရပ်စဲခြင်းမရှိခဲ့သော အုပ်စုကြီးများထဲမှ အဖွဲ့တစ်ခု ဖြစ်သည်။

***************************************************************************************

ရွှေညဝါဆရာတော်ကို ဖယ်ရှားရန် အမိန့်ထုတ်ပြန်

(News Kerala မှ 16 Dec 2011 ရက်စွဲပါ “Burma orders eviction of monk shwe Nya way Sayardaw” သတင်းကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီထောက်ခံလှုပ်ရှားသော အခမ်းအနားတစ်ခုတွင် တရားပောာခဲ့ခြင်းကြောင့် မြန်မာသက်ကြီးဝါကြီး ဆရာတော်တစ်ပါးကို ရန်ကုန်မြို့၎င်း၏ ဘုန်းကြီးကျောင်းမှ ထွက်ခွာဖယ်ရှားပေးရန် အစိုးရနောက်ခံ သံဃာအဖွဲ့ အစည်းက အမိန့်ထုတ်ပြန်လိုက်သည်။

အစိုးရကို ဝေဖန်မှုကြောင့် နာမည်ကျော်သော ရွှေညဝါဆရာတော်သည် မန္တလေးမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အခမ်းအနားတစ်ခုတွင် “ညီညွှတ်ရေး” တရားတော်ကို ပောာကြားခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းဌာန၏ အဆိုအရ သိရှိရသည်။

ထို့အပြင် ဒီဇင်ဘာလဆန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်စဉ် တွေ့ဆုံခဲ့သော အရပ်ဖက် အဖွဲ့အစည်းခေါင်းဆောင်များထဲတွင် ရွှေညဝါဆရာတော်လည်း ပါဝင်သည်ပာု သိရှိရသည်။

တရားဝင်အမိန့်ကို သံဃာ့နာယကအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အဆိုပါ သံဃာအဖွဲ့အစည်းကို အာဏာပိုင်များက ကျောထောက်နောက်ခံပေးထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်ရှိ သာဓုကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ရွှေညဝါဆရာတော် လက်ခံရရှိသော နိုင်ငံတော် သံဃာ့နာယက အဖွဲ့က ပေးပို့သောစာတွင် “ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားပောာခဲ့ခြင်းကြောင့် အရေးယူခြင်းဖြစ်သည်”ပာု အသိပေးထားသည်ပာု သိရှိရသည်။

***************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment