Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁ ၇.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. မြင်းခံခရိုင် ထန်းတောင်သူများ ခေါင်းပုံဖြတ်ခံရ
  2. ဒီဇင်ဘာလကုန်ပိုင်း၌ ပြည်တွင်းစက်မှုဇုန်များ ၆ နာရီသာ လျှပ်စစ်ရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖွယ်ရှိ
  2. ပါတီလေးခု ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်ဖွဲ့
  3. NLD ပါတီ၏ ပညာရေးရန်ပုံငွေပွဲတော် ပြုလုပ်မည့်နေရာ ပြောင်းရွှေ့လိုက်ရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                ***********************************************

ပြည်တွင်းသတင်းများ

မြင်းခံခရိုင် ထန်းတောင်သူများ ခေါင်းပုံဖြတ်ခံရ

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင် ကျောက်ပန်တောင်းနှင့် တောင်သာမြို့နယ်အတွင်းမှ ဓါတ်ငွေပိုက်လိုင်း သွယ်တန်းမှုတွင် မလွတ်ကင်းသဖြင့် ခုတ်လှဲခြင်းခံရသည့် ထန်းတောင်သူများ၏ နစ်နာကြေများကို ကျေးရွာအုပ်ချုပ်ရေးနှင့် ကုမ္ပဏီဝန်ထမ်းများက ခေါင်းပုံဖြတ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ နှပ်ကျပ်ခွဲကျေးရွာမှ ထန်းတောင်သူများကို  ဖယ်ရှားပေးရသည့် ထန်းပင်တစ်ပင်အတွက် ၁၇၀၀၀ နှုန်း ပေးလျှော် ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထန်းပင်တစ်ပင်အတွက် တစ်သောင်းခြောက်ထောင်သာ ပေးချေပြီး တစ်ပင်အတွက် ကျပ်တစ်ထောင် ခေါင်းပုံဖြတ်ယူကာ ထန်းပင်များကိုလည်း တစ်ပင် ၂၅၀၀ နှင့် ရောင်းချခဲ့ကြောင်း၊ ရောင်းချခဲ့သည့် ထန်းပင်ပေါင်း သောင်းခုနှစ်ထောင်ကျော်ဖြစ်ကြောင်း ထန်းလျက်ပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြားသည်။

                ၇ ရွာအုပ်စု(ရွာတန်းရှည်ရွာ) မှ ထန်းပင်များကို ဘူဒိုဇာလိုစက်ကြီးများဖြင့် ထိုးလှဲခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

တောင်သာမြို့နယ်တွင်မူ ထန်းပင်တစ်ကို လျှော်ကြေးအဖြစ် သုံးသောင်းခြောက်ထောင် ပေးလျှော်ကြောင်း။ ခရိုင်တစ်ခုတည်းတွင် ထန်ပင်များကို လျှော်ကြေးပေးဈေးဖြတ်ရာတွင် ကွာခြားမှုရှိနေကြောင်း။ တောင်သာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပဲစဉ်ငုံခင်းများကိုလည်း လျှော်ကြေးပိုရရန် ဝါခင်းများအနေဖြင့် စာရင်းတင် တန်ဖိုးဖြတ်ပေးကြောင်း ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက ပြောဆိုသည်။

တောင်သာနှင့် ကျောက်ပန်တောင်းတို့မှ ထန်းပင်လျှော်ကြေးနှုန်း ကွာခြားခြင်းမှာ ကုမ္ပဏီဝန်ထမ်းများ ဖြတ်စားလတ်စားလုပ်ခြင်းဖြစ်ကြောင်း ၎င်းက သုံသပ် ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်နိင်ငံယူနန်ပြည်နယ် ကူမင်းသို့ ဓါတ်ငွေ့ပိုက်လိုင်း သွယ်သန်းနေပြီး တည်ဆောက်ရေး လုပ်ငန်းအများစု၏ ကန်ထရိုက်ကို ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏လူယုံ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ဒီဇင်ဘာလကုန်ပိုင်း၌ ပြည်တွင်းစက်မှုဇုန်များ ၆ နာရီသာ လျှပ်စစ်ရမည်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ပြည်တွင်းရှိ စက်မှုဇုန်များအား တစ်ရက်လျှင် ၆ နာရီသာ လျှပ်စစ်ဓာတ်အားပေးသွားမည်ဖြစ်ကြောင်း အလုံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ  သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ပြည်တွင်းစက်မှုဇုန်များအား လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် လျှော့ချရခြင်းမှာ ကမ်းလွန်သဘာဝဓာတ်ငွေ့ ပလက်ဖောင်းများ ပြုပြင်မည် ဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်နေမှုများကို ခေတ္တရပ်နားထားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၁ ရက်နေ့ထိတိုင် ပြည်တွင်းစက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အားကို ည ၁၁ မှ မနက် ၅ နာရီအထိ ၆ နာရီသာ ပေးသွားမည်ဖြစ်ပြီး လူနေအိမ်များတွင်မူ အချိန်ပိုင်းမျှသာ ရံဖန်ရံခါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ၄ ရက်တိုင်တိုင် ပြည်တွင်းစက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နေမှုကို ခေတ္တရပ်နားထားခြင်းဖြင့် မဂ္ဂါဝပ် ၂၆၀ ခန့် လျော့ကျသွားမည် ဖြစ်ကြောင်း အလုံလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း စက်မှုဇုန်များသို့ ယခုလကုန်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ပေးပို့နေမှုများကို အချိန် အကန့်အသတ်ဖြင့်သာ ပေးပို့တော့မည် ဖြစ်သော်လည်း ပြတ်တောက်မည့်ရက်မှာ ၄ ရက်သာဖြစ်သည့်အတွက် စက်မှုဇုန်များအနေဖြင့် လုပ်ငန်းလည်ပတ်မှုအပိုင်းများတွင် သိသိသာသာ ထိခိုက်နိုင်မည်မပာုတ်ကြောင်း လှိုင်သာယာစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                            Ref: News Watch

******************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖွယ်ရှိ

လွတ်လပ်ရေးဗိသုကာ ဦးအောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်အဖြစ် တာဝန်ယူခဲ့သော ဒေါက်တာတင်မျိုးဝင်းသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း ဒေါက်တာတင်မျိုးဝင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လာမည့် ဒီဇင်ဘာလ ၂၄ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် NLD အနေဖြင့် ခေါင်းဆောင်များရွေးချယ်ပြီး နေပြည်တော်သို့ နေချင်းပြန်ခရီး သွားရောက်ကာ မှတ်ပုံတင်မည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုဒေါက်တာတင်မျိုးဝင်း ရွေးကောက်ပွဲဝင်မည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါက်တာတင်မျိုဝင်း ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်သည် ယခု စက်မှု (၁) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း မဲပုံးထောင်ခဲ့သည့် နေရာဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း NLD ပါတီနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

NLD ပါတီ၏ ရုံးအဖွဲ့မှူးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်မှာ မန္တလေးတိုင်းတိုင်းဒေသကြီး မိထ္တီလာမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ၎င်းက ဆိုသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ပါတီလေးခု ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်ဖွဲ့

မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီလေးခုမှ ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မပာာမိတ်ဖွဲ့လိုက်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်ဖွဲ့လိုက်သော ရွေးကောက်ပွဲဝင် ပါတီလေးခုမှာ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး မပာာမိတ်များ အဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၎င်း ပါတီလေးခုသည် ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်အဖြစ် ပူးပေါင်းခြင်းမျိုးသာဖြစ်သော်လည်း နောက်ပိုင်းကာလများတွင် တံဆိပ် တစ်ခုတည်းဖြစ်သွားနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် မပာာမိတ်ဖွဲ့လိုက်သည့် ၎င်းပါတီလေးခုသည် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးမှုများ၊ ဒီမို ကရေစီလမ်းစဉ်များ ပောာပြောခြင်းတို့တွင် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားနိုင်ငံရေးမပာာမိတ်များအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီနှင့် ရွေးကောက်ပွဲတွင် ပါတီလေးခုတို့ မပာာမိတ်ဖွဲ့လိုက်ခြင်းမှာ NLD ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင်ရန် အကြောင်း ကိစ္စရပ်နှင့် ပတ်သက်မှုမရှိကြောင်း၊ ခေတ်သစ်သိပ္ပံနိုင်ငံရေး ကျောင်းသားစုများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီကပင် ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်းပါတီ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီနှင့် တွေ့ဆုံ၍ တူညီသောကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရန် မိတ်ဆွေဖွဲ့ခဲ့ပြီး မပာာမိတ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပာုတ်ဘဲ သဘောထားတူညီသော အချို့ကိစ္စရပ်များတွင်သာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

              Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

NLD ပါတီ၏ ပညာရေးရန်ပုံငွေပွဲတော် ပြုလုပ်မည့်နေရာ ပြောင်းရွှေ့လိုက်ရ

ပြန်လည်ပြုလုပ်ခွင့်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်း ပွဲတော် ပြုလုပ်မည့်နေရာကို ပြောင်းရွှေ့လိုက်ရပြီဖြစ်ကြောင်း NLD မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက  ပြောကြားသည်။

အဆိုပါပွဲကို သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာ ၁၅ရက်နေ့၌ပြုလုပ်မည်ဖြစ်သော်လည်း သက်ဆိုင်ရမှ ခွင့်မပြုသဖြင့် ယင်းအစီစဉ်ကို ဖျက်သိမ်း လိုက်ရကြောင်း ပွဲစီစဉ်သူထဲတွင်ပါဝင်သူ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“သုဝဏ္ဏကွင်းမှာ အန်ကယ်တို့ ပွဲလုပ်မယ်ဆိုတော့ ဥပဒေကထပ်ထုတ်လိုက်တယ်။ ဘယ်အားကစားကွင်းမှ အားကစားပွဲကလွဲရင် ဘာပွဲမှ မလုပ်ရတော့ဘူးတဲ့” ဟု NLD မှ ဦးဝင်းထိန်က ပြောကြားသည်။

ယင်းပွဲကို MCC Hall တွင် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ပြုလုပ်သွားနိုင်ရန် စီစဉ်နေကြောင်း၊ ပြုလုပ်မည့်ရက် အတိအကျကို မသတ်မှတ်ရ သေးကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၎င်းအပြင် ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော် IC တေးဂီတအဖွဲ့ကလည်း ဖျော်ဖြေပြီး ရန်ပုံငွေများကို ရှာဖွေပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောဆိုသည်။

NLD ပါတီသည် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်လိုက်ချိန်တွင် လိုအပ်လာသည် ရန်ပုံငွေများကို ရှာဖွေပေးနိုင်မည့် ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းပွဲပြုလုပ်မည့်နေရာကို ရရှိထားပြီးဖြစ်သော်လည်း ပွဲခွင့်ပြုမိတ်ကို ခရိုင်အဆင့်မှရရှိထားပြီး တိုင်းအဆင့်မှ ခွင့်ပြုချက်ရရှိရန် ဆက်လက်ကြိုးစား နေကြောင်း သိရသည်။

လက်ရှိ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေချိန်တွင် အာဏာရှင်အစိုးရလက်ထက်က ပြုလုပ်လေ့ရှိသော အထက်ပါ နှောက်ယှက်မှုမျိုးကို ပြုလုပ်မှုများ ပြန်လည်ပေါ်ပေါက်လားကြောင်း ၈၈မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ နာမည်ကျော် တရားဟောဆရာတော်နှစ်ပါးကိုလည်း နိုင်ငံရေး၌ ပါဝင်ပတ်သက်ခဲ့မှုကြောင့် နည်းအမျိုးမျိုးဖြစ်နှောက်ယှက်မှုများ ပြန်လည် လုပ်ဆောင်နေကြောင်း သိရသည်။

Peace Press

                       *******************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တရားစီရင်ရေးကို လွှတ်တော်မှာလည်း တော်တော်လေးပြောဆိုကြပါတယ်။ အောက်ခြေမှာကတော့ ထုံစံအတိုင်းပေါ့ အပြောင်းအလဲတစ်ခုကို လက်ရှိ အနေအထားမှာ အပြောင်းအလဲမခံချင်တဲ့ ကွဲပြားမှုတွေတော့ ရှိကြတာပေါ့။ ဒါက သဘာဝပဲလေ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့တော့ ဒါကိုသည်းခံရမယ်။ လုပ်တဲ့သူတွေကတော့ လုပ်နေကြတယ်။ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေကလည်း လုပ်ကိုင် နေကြပါတယ်။ အန်ကယ်တို့အနေနဲ့ ပြည်သူတွေကြားမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို ပစ်မထားပါဘူး”

ဒီဇင်ဘာ ၁၆ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၃၉) တွင်ပါသည့် “တရားစီရင်ရေးကဏ္ဍ အရေးပါမှုအပေါ် နိုင်ငံရေးပါတီမှ အမြင်များ” သတင်းမှ ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) (NLD ပါတီသို့ ပြန်လည် ဝင်ရောက်မည်ဟုဆိုသူ) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ကိုအကြံပြုစာတွေပို့ပါ။ အခက်အခဲတွေရှိရင်လည်း ပြောပါ အခွန်ဆိုလည်း ဘယ်အခွန်ကလျှော့ သင့်တယ်၊ ဘယ်အခွန်က တိုးသင့်တယ်ဆိုတာမျိုး၊ ရုံးလုပ်ငန်းအဆင့်ဆင့်က ဘယ်လိုဖြစ်နေတယ်၊ အချိန်ကုန်တာလား၊ အဆင့်များနေတာလား၊ ပြည်ပကိုယှဉ်နိုင်ဖို့ ဘယ်လိုလုပ်သင့်တယ် ဆိုတာမျိုးတွေကို အကြံပြုပေးကြပါ။ အဲဒီအတွက် စာတိုက်ပုံးတွေ ထားပေးသွားမယ်။ တိုင်ကြားစရာရှိရင်လည်း ကိုယ်တိုင်လက်မှတ်ထိုးပြီး တိုင်ပါ။ ဝန်ကြီး၊ ဒုဝန်ကြီးဆီ လိပ်မူပြီး တိုင်ပါ။ တကယ်လို့ ကျွန်တော်တို့ ဝန်ကြီး၊ ဒုဝန်ကြီးတွေကို တိုင်ချင်တယ်ဆိုရင်လည်း နိုင်ငံတော်သမ္မတထံ လိပ်မူပြီး တိုင်ပါ”

ဒီဇင်ဘာ ၁၆ ထုတ် Bi Weekly ELEVEN အတွဲ (၄) အမှတ် (၃၇) တွင်ပါသည့် “စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ အခက်အခဲများ၊ အကြံပြုစာများပေးပို့နိုင်ရန် စာတိုက်ပုံများထားပေးမည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးအား တိုင်ကြားလိုပါက နိုင်ငံတော်သမ္မတထံ လိပ်မူတိုင်ကြားနိုင်” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ထိုသို့ တွေ့ဆုံမှုသည် အလွတ်သဘောမျှသာဖြစ်ပြီး ထိန်းချုပ်မှု၊ လျှို့ဝှက်မှု ဘာမှမရှိပါဘူး။ သူ့ပါတီ ကိုယ့်ပါတီ ရုံးခန်းမှာ မဟုတ်ဘဲအပြင် စားသောက်ဆိုင် တစ်ခုမှာ လွတ်လပ်စွာ တွေ့ဆုံခဲ့ကြတာပါ။ ပါတီနိုင်ငံရေးအချင်းချင်း မိတ်ဆွေဖွဲ့ခြင်းကလွဲလို့ သူတို့ဘက်ကလည်း ဘာသဘောထား ရယူတောင်းဆိုမှုမှ မရှိခဲ့သလို သူတို့စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ မသိပါဘူး။ သူတို့သဘောထားကို ကျွန်တော်တို့ ပြောပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့ရဲ့ သဘောထားကို ကျွန်တော်တို့ ပြောပိုင်ခွင့် မရှိဘူး။ ကျွန်တော်တို့ရဲ့ သဘောထားကိုပဲပြောတယ်။ ဒီအပေါ်မှာ တာဝန်ယူတယ်။ သူတို့ သဘောထားနဲ့ ကျွန်တော်တို့ သဘောထား တူတာတွေလည်း ရှိမယ်၊ မတူတာလည်း ရှိမယ်၊ ဒီလောက်ပါပဲ”

ဒီဇင်ဘာ ၁၆ ထုတ် First Weekly အတွဲ (၁) အမှတ် (၇) တွင်ပါသည် “ပြည်ထေင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှမဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ အခြားပါတီများနှင့်လည်း ဒီမိုကရေစီအစစ်အမှန် ဖော်ဆောင်ရေးအတွက် လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါက်တာသန်းငြိမ်းက မီဒီယာများကို ထပ်မံပြောကြား” သတင်းမှ ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment