၇-၃-၂၀၁၁ ဘာသာပြန်သတင်းများ - ၂ ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ ဘရာဇီးမှ Rare Earth ဝယ်မည် (3 March 2011 ရက်စွဲပါ BBC News မှ “Japanese and Korean Firms Look to Brazil For Rare Earth” ကို ဘာသာ ပြန်ဆိုသည်) ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ စုပေါင်း ထားသော အဖွဲ့ကြီး (Consortium) သည် ဘရာဇီ ရှားပါး သတ္တုမြေ (Rare Earth) တူးဖော်ရေး ကုမ္ပဏီတွင် ရှယ်ယာ ပါဝင်မည် ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် ဂျပန်၏ Nippon Steel နှင့် တောင်ကိုရီးယား၏ Posco နှင့် National Pension Service (NPS) တို့ ပါဝင်သည်။ ယင်းကုမ္ပဏီ များသည် ဘရာဇီး၏ Companhia Brasileira de Metalurgie e Mineracao (CBMM) တွင် ၁၅% ရှယ်ယာ ပါဝင်ရန် ဒေါ်လာ ၁.၉၅ ဘီလီယံ (ပေါင် ၁.၉ ဘီလီယံ) ပေးရမည် ဖြစ်သည်။ ဂျပန်နှင့် တောင်ကိုရီးယား တို့သည် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံး ပြုသည့် တန်ဖိုး ကြီးမားသည့် သတ္တုများ လုံလောက်စွာ ရရှိ နိုင်ရေး အတွက် ထိုသို့ ပါဝင် ရခြင်း ဖြစ်သည်။ တရုတ် နိုင်ငံသည် လက်ရှိ အားဖြင့် ကမ္ဘာ ပေါ်တွင် လိုအပ်သော Rare Earth ၏ ၉၀% ကို တင်ပို့လျက် ရှိသည်။ သို့သော် တရုတ် နိုင်ငံသည် Rare Earth ကို ပြည်တွင်း အသုံး ပြုမှု တက်လာ သဖြင့် မကြာ သေးမီက နိုင်ငံခြား သို့ တင်ပို့မှုကို လျှော့ချ ခဲ့သည်။ ဂျပန်နှင့် တရုတ် နိုင်ငံ ကြား သံတမန် ရေးရာ အရ အဆင် မပြေမှု ကြောင့် ပြီးခဲ့သည့် စက်တင် ဘာလက တရုတ် နိုင်ငံက Rare Earth တင်ပို့မှုများ လုံးဝ ရပ်ဆိုင်း သွားခဲ့သည်။ အငြင်း ပွားနေသော အရှေ့ တရုတ် ပင်လယ် ကျွန်းများ အနီးတွင် ဂျပန် ရေတပ်က တရုတ် ငါးဖမ်း သင်္ဘော ကပ္ပတိန် အား ဖမ်းဆီး ခဲ့သော အခါ အငြင်းပွားမှု များစတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အငြင်းပွား မှု ဖြစ်ပြီး နောင်နှစ်လ ကြာသော အခါ ပြဿနာ ဖြေရှင်း ပြီးချိန်တွင် တရုတ်သည် Rare Earth သင်္ဘော တင်မှုကို ပြန်လည် ပြု လုပ် ခဲ့သည်။ ဖေဖော်ဝါရီ လက ဂျပန် နိုင်ငံသည် တရုတ် နိုင်ငံမှ ရှားပါးမြေ တွင်းထွက် သတ္တုများ တင်သွင်း ရမှု အပေါ် မှီခို နေရခြင်းအား လျှော့ချ သွားမည်ဟု ပြော ခဲ့သည်။ တောင်ကိုရီးယား၏ National Pension Service မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ရာတွင် Nippon Steel ၊ JFE ဦးပိုင်နှင့် Sojitz ကော်ပိုရေးရှင်း တို့ ပါဝင်သော ဂျပန် ရင်းနှီး မြှုပ်နှံ သူများသည် CBMM တွင် ၁၀% ပါဝင် နိုင်ရန် ဝယ်ယူ ကြမည် ဟု ဆိုသည်။ တောင်ကိုရီးယား၏ Posco နှင့် NPS တို့ ပူးပေါင်း၍ အဆိုပါ စတော့ ဈေးကွက်တွင် မပါဝင်သော ဘရာဇီး ကုမ္ပဏီ တွင် ၅% ဝယ်ယူ မည် ဖြစ်သည်။ CBMM သည် ကားနှင့် အခြား ထုတ်ကုန်များတွင် အသုံး ပြုသော အဆင့်မြင့် သံမဏိ ထုတ်လုပ် ရာတွင် အသုံး ပြုသော ရှားပါး သတ္တု Niobium ကို ထုတ်လုပ်သော ကုမ္ပဏီ ဖြစ်သည်။ ----------------------------------------------------------------- လာအိုတွင် မူးယစ် ဆေးဝါးမှု မြင့်တက်ပြီး မြန်မာတွင် မူးယစ် ဆေးဝါး ဖမ်းဆီးရမှု ကျဆင်း (4 March 2011 ရက်စွဲပါ The Strait Times မှ “Drug Violence Up in Laos, Seizures Down in Myanmar” ကို ဘာသာ ပြန်ဆိုသည်) ကွန်မြူနစ် နိုင်ငံ တစ်ခု ဖြစ်သော လာအို နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာ၊ တရုတ် နှင့် ဗီယက်နမ် နိုင်ငံ များတွင် မူးယစ် ဆေးဝါး ရောင်းဝယ်မှု ရုတ်တ၏ရက် အံ့အား သင့်ဖွယ် မြင့်တက် လာမှု ကြောင့် ပြင်းထန်သော ရာဇဝတ် မှုများ မကြုံ ဖူးအောင် ဖြစ်ပွားလျက် ရှိကြောင်း အမေရိကန် အစိုးရက ကြာသ ပတေး နေ့က သတင်း ထုတ်ပြန် ခဲ့သည်။ ဟီးရိုးအင်း၏ ကုန်ကြမ်း ဖြစ်သော ဘိန်း စိုက်ပျိုးမှု မှာ အရှေ့တောင် အာရှ၏ ရွှေတြိဂံ နယ်မြေတွင် လွန်ခဲ့သော ဆယ်စု နှစ် အတွင်း ကျဆင်း ခဲ့သည်။ သို့သော် အက်ဖက် တမင်း အမျိုး အစား မူးယစ် ဆေးဝါး နှင့် ရှု၍ ရသော မူးယစ် ဆေးဝါး ရောင်းဝယ်မှု ကြီးထွား လာသည်။ မြန်မာ စစ်ခေါင်းဆောင် များသည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် များနှင့် စစ်ပွဲများ ဖြစ်လာမည်ကို မလိုလား သောကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် အကြီး အကျယ် ပတ်သက် နေသော တိုင်းရင်းသား လက်နက် ကိုင်များ နှင့် ထိပ်တိုက် ရင်ဆိုင် မှုများကို ရှောင်ရှား သည့် အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားဆီးခြင်း ပြုပုံမရ ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ၂၀၁၀ အတွင်း ကမ္ဘာ့ မူးယစ် ဆေးဝါး ထုတ်လုပ်မှုနှင့် နှိမ်နင်းရေး ကြိုးပမ်း မှုများကို အကဲ ဖြတ်သော နှစ်ပတ်လည် အစီရင် ခံစာတွင် ဖော်ပြ ထားသည်။ မြန်မာ အစိုးရသည် ၂၀၁၀ ဇန်နဝါရီလမှ အောက်တိုဘာ လအတွင်း အင်ဖက် တမင်း အမျိုး အစား မူးယစ်ဆေးပြား နှစ်သန်း နီးပါး ဖမ်းဆီး ခဲ့ရာ ၂၀၀၉ ခုနှစ် အဆိုပါ ကာလ အတွင်း ဆေးပြား ၁၃ သန်းကျော် ဖမ်းဆီး ခဲ့ခြင်းနှင့် နှိုင်းယှဉ် အတော် နည်းသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာ နိုင်ငံမှ မူးယစ် ဆေးဝါး ထုတ်လုပ် သူများ အတွက် အဓိက ဈေးကွက် ဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၂၀၁၀ ခုနှစ် အတွင်း အင်ဖက် တမင်း ဆေးပြား ၃၂ သန်းကျော် ဖမ်းဆီး ရမိ ခဲ့သည်။ လာအို အစိုးရသည် မဲခေါင် မြစ်နှင့် တောင် ထူထပ်သော သစ်တော အုပ်ကြီးများ ရှိသည့် နိုင်ငံ တကာ နယ်စပ် ကီလိုမီတာ ငါးထောင်ကျော် ရှိသဖြင့် ထို ဒေသ တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေး နှင့် တရား ဥပဒေ ကိစ္စများ ထိန်းချုပ်ရန် ကြီးမားသော အတား အဆီးများ ရှိနေသည်။ ထို့ကြောင့် လာအိုသည် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံများတွင် ပါဝင် သော်လည်း မူးယစ် ဆေးဝါး အမှုများနှင့် ပတ်သက်၍ သတင်း အချက် အလက် ပံ့ပိုးမှု အားနည်း လှသည်ကို တွေ့ရသည်။ ------------------------------------------------------------- မြန်မာ နိုင်ငံတွင် မြောက်ကိုရီးယား အကူအညီဖြင့် စကာ့ဒ် ဒုံးကျည် ထုတ်လုပ်နေ (The Chosunilbo မှ 7th Mar 2011 ရက်စွဲပါ Myanmar Developing Scud Missiles with N. Korea Assistance သတင်းကို ဘာသာ ပြန်ဆိုသည်) မြန်မာ နိုင်ငံသည် မြောက်ကိုရီးယား၏ အကူ အညီဖြင့် ကိုယ်ပိုင် စကာ့ဒ် ဒုံးကျည်များ ထုတ်လုပ်ရန် ကြိုးစား နေကြောင်း ဂျပန် နေ့စဉ် သတင်းစာ ဆန်ကိုင်း ရှင်ဘွန်း၏ အဆိုအရ သိရှိ ရသည်။ လွန်ခဲ့သော နှစ်များ အတွင်း အဆိုပါ နှစ်နိုင်ငံ အကြား ဆက်ဆံရေး သိသိ သာသာ ကြီးထွား လာခဲ့သည့် အလျောက် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ၎င်းတို့ နှစ်နိုင်ငံက ရင်းနှီးသော စစ်ဖက် ဆက်ဆံရေးကို ထူထောင် ထိန်းသိမ်းလျက် ရှိကြသည်။ မြန်မာ နိုင်ငံ အလယ်ပိုင်း မင်းလှမြို့ အနီးရှိ ခဲယမ်း မီးကျောက် စက်ရုံမှာ အမှန် တကယ်တွင် မြောက်ကိုရီးယား ဒုံးကျည် ကျွမ်းကျင် ပညာရှင်များ အလုပ် လုပ်နေသော နေရာ ဖြစ်သည်ဟု ဆန်ကိုင်း ရှင်ဘွန်းက တနင်္ဂနွေနေ့တွင် ဖော်ပြ လိုက်သည်။ မြန်မာ အစိုးရ၏ လျှို့ဝှက် စစ်ရေး ရည်မှန်းချက် များသည် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို အစပျိုး ပေးနိုင်ဖွယ် ရှိပြီး ထိုင်းနိုင်ငံ ကဲ့သို့ အိမ်နီးချင်း တိုင်းပြည် များအား ၎င်းတို့၏ ကိုယ်ပိုင် ဒုံးကျည် စီမံကိန်းများ အကောင် အထည် ဖော်အောင် လှုံ့ဆော် ပေးသလို ဖြစ်မည်ကို အကဲခတ် ကျွမ်းကျင် သူများက စိုးရိမ် ပူပန်လျက် ရှိသည်။ --------------------------------------------------------------- တောင်တရုတ် ပင်လယ်တွင် တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် ကန့်ကွက် (Monsters and Critics မှ 4th Mar 2011 ရက်စွဲပါ Vietnam protests Chinese military exercise in South China Sea သတင်းကို ဘာသာ ပြန်ဆိုသည်) တောင်တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား စပရက်တလီ ကျွန်းစုများ အနီး လတ်တလော ပြုလုပ် ခဲ့သော တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် တာဝန်ရှိ ပုဂ္ဂိုလ်များက ကန့်ကွက် ခဲ့ကြ ကြောင်း ဗီယက်နမ် နိုင်ငံပိုင် မီဒီယာက သောကြာနေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။ တရုတ် ရေတပ်က ပင်လယ် ဓားပြ နှိမ်နင်းရေး စစ်ရေး လေ့ကျင့်ခန်းက& |