Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံ

မြန်မာနိုင်ငံမှ ပြည်ပသို့ ကုန်ပစ္စည်းများပို့ရာ၌ ကောက်ခံလျက်ရှိသော ပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်းအား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ၇ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင် ပြည်ပကုန်ပစ္စည်းများ ပို့ဆောင်ရာ၌ ကုန်သွယ်ခွန် ၂ ရာခိုင်နှုန်း၊ ဝင်ငွေခွန်အဖြစ် ၈ ရာခိုင်နှုန်း စုစုပေါင်းပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ယခုအစိုးရသစ်လက်ထက် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ကုန်သွယ်ခွန်အဖြစ် ၂ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန်အဖြစ် ၅ ရာခိုင်နှုန်း စုစု ပေါင်း ပို့ကုန်ခွန်အဖြစ် ၇ ရာခိုင်နှုန်းလျော့၍ ပြောင်းလဲကောက်ခံပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်ခွန်များပြားခြင်းသည် ပြည်ပနှင့် ယှဉ်ပြိုင်နိုင်ရည်စွမ်းအား ကျဆင်းစေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များက ပို့ကုန်အခွန်နှုန်းထား ကို လျှော့ပေါ့ပေးရန် တောင်းဆိုထားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပို့ကုန်အခွန်ကောက်ခံမှု နှုန်းထားများကို အများမျှော်လင့်သကဲ့သို့ ၅ ရာခိုင်နှုန်းမပာုတ်သော်လည်း ၃ ရာခိုင်နှုန်းသို့ လျှော့ချပေးသည့် အတွက် ကျောက်စိမ်းကဲ့သို့ တန်ဖိုးကြီးပို့ကုန်များအတွက် ပို့ကုန်ခွန်မှာ သိသိသာသာ လျော့ကျခဲ့ကြောင်း၊ သို့သော် ပဲ၊ ဆန်၊ ရေထွက်ပို့ကုန်များကဲ့သို့ အရင်း နှင့် ရောင်းဈေးကျဉ်းမြောင်းသည့် ကုန်များအတွက်မူ မသိသာသေးကြောင်း ကုန်သည်၊ စက်မှုလက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံကို လက်ရှိဝင်ရောက်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃၆ ဘီလီယံကျော် ရှိသော်လည်း  စက်မှုနှင့် ကုန်ထုတ်လုပ်ငန်း အခန်းကဏ္ဍတွင် မေလစာရင်းအရ ၅ ဒဿမ ၃၇ ရာခိုင်နှုန်းသည်သာ ရှိနေသည့်အတွက် အဓိကအပာန့်အတားဖြစ်သည့် ပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်းအား ယခုကဲ့သို့ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော်မှ ပို့ကုန်အခွန်များကို ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လျော့ချပြောင်းလဲ ကောက်ခံလိုက်သည့်အတွက် ပို့ကုန်လုပ်ငန်းရှင် များအတွက် အဆင်ပြေကြောင်း၊ သို့သော် လက်ရှိအချိန်၌ နိုင်ငံခြားငွေလဲနှုန်းများမှာ မတည်ငြိမ်သေးသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲ တစ်ရပ်အနေဖြင့် ရင်ဆိုင်လျက်ပင်ရှိကြောင်း သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

လုပ်အားခ မှန်ကန်စွာမပေးနိုင်မှုကြောင့် နေပြည်တော်၌ လုပ်သားရှားပါးလာ

နေပြည်တော်၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ဆောက်လုပ်ရေးကန်ထရိုက်အချို့သည် လုပ်အားခ မှန်မှန်မပေးနိုင်သည့် အတွက် လုပ်သားရှားပါးမှု ပြဿနာအား ကြုံတွေ့လာရကြောင်း သိရသည်။

လက်ရှိလုပ်ကိုင်နေသည့် လုပ်သားများမှာ လုပ်အားခ ပိုက်ဆံမှန်မှန်မရရှိသည့်အတွက် မလုပ်ချင်ကြတော့ကြောင်း၊ အလုပ်သမားအသစ်များကို ခေါ်ဆိုသော်လည်း လုပ်အားခမမှန်သည့်သတင်းကြောင့် မလုပ်ချင်ကြကြောင်း၊ တကယ်မှန်မှန်လုပ်ကိုင်သည့် ကန်ထရိုက်များမှာ နစ်နာမှုများ ကြုံတွေ့ရ ကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်သမားများမှာ နေပြည်တော်၌ လုပ်အားခပိုရမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် သွားရောက်လုပ်ကိုင်ကြခြင်း ဖြစ် ကြောင်း သိရသည်။ ထိုသို့ သွားရောက်လုပ်ကိုင်ကြသည့် လုပ်သားများမှာ မိသားစုနှင့် ခွဲခွာ၍ သွားရောက်လုပ်ကိုင်ကြသည့်သူများပြားကြောင်း၊  သို့သော် လုပ်အားခ မှန်မှန်မရရှိသည့်အတွက် ကျန်ခဲ့သည့် မိသားစုမှ စားဝတ်နေရေး ခက်ခဲလာခဲ့ကြောင်း ဆောက်လုပ်ငန်းလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

အလုပ်သမားစခေါ်စဉ်ကာလ၌ မက်လုံးများပေး၍ ခေါ်ဆိုကြောင်း၊ သွားရသည့်ခရီးမှာလည်း မိမိစရိတ်ဖြင့် မိမိသွားရကြောင်း၊ အလုပ်ပြီးမြောက် သွားသည့်အခါ ၁၀ ရက်ခန့်ကြာသော်လည်း လုပ်ခလစာ ရှင်းမပေးကြောင်း၊ အလုပ်ရှင်ထံ တောင်းသည့်အခါ လုပ်အားခ အပြည့်မပေးသည့်အတွက် အိမ်သို့ ငွေပြန်ပို့ရန် ခက်ခဲလာခဲ့ကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

၎င်းတို့မှ မှန်မှန်ကန်ကန်နှင့် လုပ်အားခ အပြည့်အဝပေးမည်ဆိုပါက မိမိတို့က ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ စလုပ်စကတည်းကပင် ငွေလိုချင်၍ လုပ်ကိုင်သည်ဖြစ်သည့်အတွက် လုပ်အားခမှန်မှန်ပေးပါက မိမိသာမက မည်သူမဆို ဆက်လုပ်လုပ်ကိုင်မှာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ အလုပ်သမားများအား လုပ်အားခမှန်မှန်မပေးမှုများသည် ရပိုင်ခွင့်အရ ကြည့်မည်ဆိုပါက ဥပဒေနှင့် ငြိစွန်းကြောင်း သိရသည်။

(ကုမုဒြာ၊ အတွဲ-၁၊ အမှတ်၁၈ ပါ “လုပ်အားခမှန်မှန်မပေးနိုင်လို့ လုပ်သားရှားလာ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ပြည်ပသို့  ဆန်ကွဲတင်ပို့ခွင့်လိုင်စင် ပြန်လည်ချပေး

ပြည်ပနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုများကို ကာလအတန်ကြာရပ်ဆိုင်းထားခဲ့ရာမှ ဆန်ကွဲတင်ပို့ခွင့်လိုင်စင် ပြန်လည်ချထားပေးပြီ ဖြစ်သည့်အတွက် ဇူလိုင်လအတွင်း ဆန်ကွဲတန်ချိန် ၂၀,၀၀၀ ခန့် တင်ပို့နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဆန်ကွဲပြည်ပတင်ပို့ခွင့် လိုင်စင်အား ပြန်လည်ချထားပေးလျက်ရှိကြောင်း၊ ဇူလိုင်လအတွင်းမှာပင် ပထမဆုံးအနေဖြင့် ပြည်ပသို့ ဆန်ကွဲတန်ချိန် ၂၀,၀၀၀ တင်ပို့နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများသို့ ဆန်ကွဲတင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုပေးရခြင်းမှာ ပြည်တွင်းဆန်စက်များ၌ ဘေးထွက်ဆိုးကျိုးများဖြစ်သည့် ဆန်ကွဲနှင့် ဖွဲတို့ကို မွေးမြူရေးကဏ္ဍမှ အဝယ်နည်းပါးသွားပြီး ဈေးမတန်တဆကျဆင်းလာခဲ့သည့်အတွက် ၎င်းကိစ္စရပ်အား ထောက်ပံ့ပေးနိုင်ရန်နှင့် ဆန်စက်များ ချောချော မွေ့မွေ့လည်ပတ်နိုင်စေရန် ဖြစ်ကြောင်း သိရသည်။

ဆန်ကွဲအား ပြည်တွင်းမွေးမြူရေးကဏ္ဍနှင့် မြန်မာ့ရိုးရာမုန့်လုပ်ငန်းများတွင် အများအပြား အသုံးပြုနေရသည့်အတွက် ပြည်ပသို့အများဆုံး တင်ပို့ မည်မပာုတ်ဘဲ ချင့်ချိန်၍သာ တင်ပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၎င်း ဆန်ကွဲတင်ပို့မှုများကို မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကိုသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့သွားရန် ရည်ရွယ်ထားကြောင်း သိရ သည်။

လက်ရှိ ဆန်ကွဲ ကမ္ဘာ့ပေါက်ဈေးနှုန်းမှာ B12 တစ်တန်လျှင် အမေရိကန် ဒေါ် လာ ၃၁၀ ဝန်းကျင်နှင့် B234 တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၀ မှ ၃၀၀ ကြားရှိကြောင်း သိရသည်။

(မြန်မာပို့စ်၊ အတွဲ-၃၊ အမှတ်-၂၅ ပါ “ဆန်ကွဲပြည်ပတင်ပို့ခွင့် လိုင်စင် ပြန်လည်ချပေး၍ ဇူလိုင်လတွင် ဆန်ကွဲတန်ချိန် ၂၀,၀၀၀ တင်ပို့ဖွယ်ရှိ” သတင်း အား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

“အမျိုးသားဒီမိုကရေစီပါတီသစ်” အမည်ဖြင့် ဦးသိန်းညွှန့်ဦးဆောင် ပါတီသစ် မှတ်ပုံတင်

၂၀၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ခွဲထွက်၍ တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်လျက်ရှိသော ဦးသိန်းညွှန့် ဦးဆောင် သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်အုပ်စုမှ အမျိုးသားဒီမိုကရေစီ ပါတီသစ်အမည်ဖြင့် မှတ်ပုံတင်လျှောက်ထားခဲ့ကြောင်း သိရသည်။

၎င်းမှတ်ပုံတင်လျှောက်ထားခဲ့သည့် ပါတီသစ်၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်မှ ပါတီဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ ပြန်ကြားရေးမှူးအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဖုန်းမြင့်အောင်တို့မှ တာဝန်ယူမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)မှ ကိုယ်စားလှယ် ဦးကျော်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂) မှ ဒေါ်စန်းစန်းမြင့်နှင့် နာမည်ကျော် ပာစ်ပောာ့အဆိုတော် ရသတို့ အပါအဝင် အမာခံပါတီဝင်ဦးရေ (၂၀) ဖြင့် ပါတီသစ်လျှောက်ထားရာတွင် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

မိမိတို့ စုစုပေါင်း အမာခံပါတီဝင် (၂၀) ဦးရေဖြင့် ဖွဲ့စည်းထားကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၌ ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်များအတွက် ကြိုး ပမ်းခဲ့ကြသည့်ပုဂ္ဂိုလ်များ ပါဝင်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား မိမိတို့မှ အကူအညီများပေးသွားမည်ဖြစ်ကြောင်း၊ ယခု ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဒဂုံဆိပ်ကမ်းမဲဆန္ဒနယ်အား လျာထားကြောင်း၊ ကျန်သည့်ကိစ္စရပ်များအား ပါတီမှတ်ပုံတင် ထောင် ခွင့်ပြုပြီးချိန်မှ ဗပိာုအလုပ် အမှုဆောင်အဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီ၏ မူဝါဒမှာ အမာခံ (၂၀) ဦး၏ သဘောတူညီချက်ရရှိသည့် မူဝါဒများကို ရှေးရှုသွားမည်ဖြစ်ကြောင်း၊ ပါတီလိုဂိုမှာ ကြယ်သုံးလုံးပါဝင်ကြောင်း အဆိုပါ မှတ်ပုံတင်ခဲ့သည့် ပါတီသစ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်း ပါတီသစ်မှတ်ပုံတင်ပြုလုပ်ခဲ့ပြီးသည့် အချိန်အထိ ၎င်းပါတီသစ်တွင် ပါတီဝင်ဦးရေ ၁၀၀၀ ကျော်ရရှိ ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

တစညကိုယ်စားလှယ်အပေါ် ပြည်ခိုင်ဖြိုးပါတီ ကန့်ကွက်မှု ပလပ်ခံရ

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီမှ ကန့်ကွက်ခဲ့ရာ ၎င်းအမှုအား ရွေးကောက်ပွဲကော်မရှင်က ပလပ်ခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲမသမာမှုအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ကန့်ကွက်ခဲ့သည့် တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မဲဆန္ဒနယ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရှိန်ဝင်းတို့ပင် ဖြစ် ကြောင်း သိရသည်။

၎င်းတို့အား ကန့်ကွက်ခဲ့သည့် ရွေးကောက်ပွဲရှုံး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦးမှာ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည့် ဦးနီကုန်းနှင့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည့် ဦးဘအောင်တို့မှ တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ရွေးကောက်ပွဲမသမာမှုအဖြစ် ကန့်ကွက်ခဲ့သည့် အမှု အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပလပ်လိုက်ကြောင်း သိရသည်။

မိမိတို့ပါတီမှ ကိုယ်စားလှယ်များကို တရားစွဲဆိုထားသည်မှာ အမှုပေါင်း ၈ မှုရှိကြောင်း၊ ငါးမှုမှာ အနိုင်ရရှိခဲ့ပြီး ကျန်အမှုသုံးမှုမှာ ရင်ဆိုင်နေရဆဲပင် ဖြစ်ကြောင်း၊ ယခု မေလ ၂၈ ရက်နေ့၌ ဆုံးဖြတ်ခဲ့သည့်အမှု၌ ကိုယ်စားလှယ်တစ်ဦးမှာ တရားရုံးစရိတ်အဖြစ် ကျပ်ငါးသိန်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း၊ အစွပ်စွဲခံရသူများအတွက်ပါ အခွင့်အရေးများ ပေး၍ စိစစ်ဆောင် ရွက်သွားကြောင်း တစညပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအပါအဝင် ပြည်ခိုင်ဖြိုးပါတီမှ အခြားပါတီများမှ ကိုယ်စားလှယ်များအား တရားစွဲဆိုထားကြောင်း သိရ သည်။ ၎င်းကိုယ်စားလှယ်လောင်းများ၏ ပါတီများမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီမှ ကိုယ်စားလှယ် ၂၃ ဦးအား ရွေးကောက်ပွဲမသမာမှုအဖြစ် တိုင်ကြားထားကြောင်းသိရသည်

(ရန်ကုန်တိုင်းမ်၊ အတွဲ-၇၊ အမှတ်-၂၅ ပါ “ပြည်ခိုင်ဖြိုးပါတီ၏ တစညပါတီကိုယ်စားလှယ်နှစ်ဦးအားကန့်ကွက်မှု ကော်မရှင်ခုံရုံးက ပလပ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ယာဉ်ထိန်းရဲများ လာဘ်ယူမှု ဝန်ကြီးချုပ်ထံ တင်ပြ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်၌ လာဘ်ပေးလာဘ်ယူကိစ္စရပ်အား စီမံချက်ဖြင့် အဓိကတိုက်ဖျက်လျက်ရှိရာ လမ်း ပေါ်၌ ယာဉ်ထိန်းရဲများ လာဘ်ယူသည့် ကိစ္စရပ်အား ပြည်သူ့လွှတ်တော်အမတ်တစ်ဦးမှ ဝန်ကြီးချုပ်ထံ တိုင်ကြားတင်ပြခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် ရွှေပြည်သာမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း၊ ကိုက်လေးငါးရာအတွင်း၌ ကားတစ်စီးနှင့် ယာဉ်ထိန်းရဲများ ပိုက်ဆံတောင်းနေ သည်ကို မြင်ခဲ့ရကြောင်း၊ ၎င်းကိစ္စရပ်အား သက်ဆိုင်ရာဝန်ကြီးချုပ်ထံ အစီရင်ခံစာရေးသား၍ တင်ပြပြီးသွားပြီဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒအား အဓိကထား၍ တင်ပြခြင်းဖြစ်ကြောင်း ၎င်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ယခု အစီရင်ခံစာရေး၍ တိုင်ကြားရခြင်းမှာ လမ်းပေါ်၌ ယာဉ်ထိန်းရဲများမှာ လှည့်ကင်းများဖြင့် ကြည့်ရှုစစ်ဆေး သော်လည်း စည်းကမ်းမဲ့ယာဉ်များ အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိပဲ နားလည်မှုဖြင့် လာဘ်ပေးလာလ်ယူ ပြုလုပ်ကာ ၎င်းနေရာတွင်ပင် ယာဉ်စည်းကမ်းဖောက်ဖျက်မှု ကိစ္စ ရပ်အား အပြီးသတ်ဆောင်ရွက်သည့် ကိစ္စရပ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ခရီးသည်တင်ယာဉ်များမှာ ယာဉ်နောက်လိုက်များက ပိုက်ဆံများအား အသေးငယ်ဆုံး ဖြစ်အောင်ခေါက်ကာ ယာဉ်ထိန်းရဲများအား ပစ်ချပေးခြင်း၊ ယာဉ်ထိန်းရဲနှင့်ယာဉ်နောက်လိုက်တို့ လက်ဝါးခြင်းရိုက်၍ ခရီးသည် တင်ယာဉ် များ ယာဉ်စည်းကမ်းဖောက်ဖျက်မှုကို မသိချင်ယောင်ဆောင်နေသည့် စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

လာဘ်ပေးလာဘ်ယူကိစ္စရပ် အဓိကဖြစ်ပေါ်လျက်ရှိသည့် အကြောင်းရင်းမှာ စားဝတ်နေရေးပြဿနာကြောင့်ပင် ဖြစ်ကြောင်း၊ လစာနှင့် ကုန်ဈေး နှုန်းမှာ ညီမျှမှု မရှိသည့်အတွက် ၎င်းကဆက်လက်ပြောကြားခဲ့သည်။

                လာဘ်ပေးလာဘ်ယူ ကိစ္စရပ်မှာ လတ်တလောဖြေရှင်းဆောင်ရွက်ရုံဖြင့် ချက်ချင်းပြေလည်သွားနိုင်သည့် ကိစ္စရပ် မပာုတ်ဘဲ ရေရှည်ဆောင်ရွက် ဖြေရှင်းရမည့် ကိစ္စရပ်ပင်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်အား ဖြေရှင်းဆောင်ရွက်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ မည်သည့်ဌာနများ၌ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်ဖြစ်ပွားနေသနည်း ဆိုသည်ကိုအဓိက လေ့လာရမည်ဖြစ်ပြီး၊ ဝန်ထမ်းများ၏ လစာအား ကုန်ဈေးနှုန်းနှင့် လိုက်လျောညီထွေမှုရှိစေရန် သတ်မှတ်၍ ပေးမည်ဆိုပါက လာဘ်ပေးလာဘ်ယူကိစ္စရပ် လျော့ကျသွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းလွှတ်တော်ကိုယ်စားလှယ်မှ လာဘ်ပေးလာဘ်ယူကိစ္စရပ်မှာ နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိကြောင်း ပြောဆိုခဲ့ပြီး မည်သည့်နိုင်ငံ၌ အများဆုံးဖြစ်ခဲ့သည်ကို မေးမြန်းသည့်အခါ ဖြေရခက်အောင် မမေးမြန်းရန် ပြောကြားခဲ့သည်။

(Venus News၊ အတွဲ-၂၊ အမှတ်-၄၇ ပါ “လမ်းပေါ်မှာ လာဘ်ယူနေသူတွေကို ဝန်ကြီးချုပ်ထံ ပြည်သူ့လွှတ်တော် အမတ်တစ်ဦး တင်ပြပြီ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပါလီမန်ဒီမိုကရေစီခေတ်တုန်းက ပါလီမန်အတွင်းဝန်ရှိတယ်။ ဘာဖြစ်သလဲဆိုရင် အုပ်ချုပ်ရေးအပိုင်းနဲ့ ဥပဒေပြုအပိုင်းက ရောနေတယ်။ ဆိုရှယ်လစ် အောက်မှာဆို ပြည်သူ့လွှတ်တော်ရော၊ ပြည်သူ့ကောင်စီ အဆင့်ဆင့်ရော၊ အုပ်ချုပ်ရေးပိုင်းရော၊ အစိုးရအဖွဲ့ရော၊ အားလုံးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီရဲ့ ဦးဆောင်မှုအောက်မှာ သွားတယ်။ ရောသွားနေတယ်။ အခုပေါ်လာတဲ့ လွှတ်တော်ကကျတော့ အရင်ပါလီမန်နဲ့ လုံးဝမတူတော့ပါဘူး။ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ခက်မသုံးဖြာအာဏာကြီး သီးသီးခြားခြားပေါ်ထွန်းလာတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့ လွှတ်တော်မှာ ကျွန်တော် မြင်တာက (၁) ဥပဒေပြုရေးပိုင်းကို ဆောင်ရွက်ရမယ်၊ (၂) လွှတ်တော်တွေမှာ တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စား လှယ်ဖြစ်တဲ့အတွက် ပြည်သူတွေ ရဲ့အကျိုးကို ဖော်ဆောင်ပေးရမယ် (၃) အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်၊ တရားစီရင်ရေးစနစ်နဲ့ အုပ်ချုပ်ရေးကို Check and Balance လုပ်ပေးရမယ်။ ဒါလွှတ်တော်ရဲ့ အဓိကတာဝန်ဝတ္တရားဖြစ်တယ်"

ဇူလိုင် ၁၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၂၅) တွင်ပါသည့် "ပြည်သူ့အာဏာ လွှတ်တော်မှာ အမှန်တကယ် သက်ရောက်နေပြီလား" သတင်းဆောင်းပါးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုး၏ ပြောကြားချက်အပေါ်ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ထောက်ခံချက်ဆိုရင် အရင်က မြို့နယ်ရဲစခန်း၊ စည်ပင်၊ အိုးအိမ်စသည်ဖြင့် ဌာနဆိုင်ရာတွေမှာ တောင်းယူရတာရှိတယ်။ ဒါတွေကို အခုအချိန်မှာ လုပ်ထုံး လုပ်နည်းတွေလျှော့ချပေးသွားဖို့ရှိတယ်။ ဥပမာ- မှတ်ပုံတင်လုပ်တာမှာ ကိုယ့်ရဲ့မိဘအမှုတွဲ အထောက်အထား တင်ပြရတဲ့မိတ္တူကို ပြသစရာမလိုအောင်ကို လျှော့ချပေးဖို့ စိစစ်နေပါတယ်။ သွေးအမျိုးအစား စစ်ဆေးထားတဲ့ စာရွက်စာတမ်းမပါရင် ခြွင်းချက်အနေနဲ့တောင် ဆောင်ရွက်ပေးသွားဖို့ရှိတယ်"

ဇူလိုင် ၁၃ ထုတ် ရန်ကုန်တိုင်းစ် အတွဲ (၇) အမှတ် (၂၅) တွင်ပါသည့် "နိုင်ငံသားမှတ်ပုံတင်များ မြို့နယ်အဆင့်တွင် နေ့ချင်းပြီး ဆောင်ရွက်ပေး ပြီ" သတင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ပထမငါးနှစ်သက်တမ်းအတွက် ရွေးချယ်ခဲ့သည့် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးောက်ပွဲနှင့် ဒုတိယ ငါးနှစ်သက်တမ်းအတွက် ရွေးချယ်မည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ခြားနားမှုမှာ မဲဆန္ဒရှင်ပြည်သူလူထု၏ လက်တွေ့ဆန်လာမှုပင်ဖြစ်ရာ၊ လက်ရှိရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သော မဲဆန္ဒနယ်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိုမဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူလူထု၏ ဖွံ့ဖြိုးတိုး တက်ရေးတို့ကို လက်တွေ့ကျကျ လုပ်ဆောင်ပြသနိုင်မှသာလျှင် ဒုတိယငါးနှစ်သက်တမ်းကို မျှော်လင့်နိုင်မည်ဖြစ်သည်"

ဇူလိုင် ၇ ထုတ် Envoy အတွဲ (၂) အမှတ် (၁၁) တွင်ပါသည့် ဆောင်းပါးရှင်ဇော်ထွဋ်မောင်၏ "လွှတ်တော်ကိုယ်စားလှယ်များနှင့်ရက်ပေါင်း ၉၀" ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အခုလက်ရှိ မီဒီယာကော်နာ ၁၃ ခုဆိုင်ဖွင့်လှစ်ထားပါတယ်။ ထပ်မံတိုးချဲ့ဖို့တင်ပြထားတာတွေရှိပါတယ်။ အခုနောက်ပိုင်း ထပ်တိုးချဲ့ပြီးဖွင့်ဖို့ ခွင့်မပြု တော့ပါဘူး"

ဇူလိုင် ၅ ထုတ် TRUE NEWS အတွဲ (၃) အမှတ် (၄၁) တွင်ပါသည့် "မီဒီယာကော်နာများ ထပ်မံဖွင့်လှစ်ခွင့်မပြု တော့" သတင်းမှ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီရှိ ကော်မတီဝင် (၄) ဗိုလ်မှူးကြီးလှအေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သက်ဝင်လှုပ်ရှားရမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားသွားသော မိန့်ခွန်းတွင် "အ ကြောင်းတစ်စုံတစ်ရာပေါ်ခဲ့လျှင် လွှတ်တော်ခေါ်မည်"ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဝင်များ၊ မီဒီယာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၏ ရှေ့၌ တရားဝင် ထုတ်ဖော်ပြောကြားသွားလေသည်။ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၁၇၂ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် ခေါ်ယူခဲ့ပြီးသော လွှတ်တော်အစည်းအဝေးများမှာ ယခင်အစိုးရက ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရသစ် လက်ထက်တွင် ပထမဦး ဆုံးအကြိမ် လွှတ်တော်ခေါ်ယူရမည် ဖြစ်လေသည်။

အစိုးရသစ်တက်ပြီး ရက်ပေါင်း ၉၀ အကြာတွင် နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၁၉/၂၀၁၁  မတ် ၃၀ ရက်နေ့က ထုတ်ပြန်သော အမိန့်ကြေ ညာစာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့အား လွှတ်တော်အစည်းအဝေး ခေါ်ယူ၍ ဝန်ကြီးဌာနများအား ပြောင်းလဲဖွဲ့စည်းခြင်း၊ မူလခန့်အပ်ထား သည့် ဝန်ကြီးများအား ဌာနအပြောင်းအလဲ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်လေသည်။ ထို့အပြင် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက  မိမိဒေသအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၁၁-၂၀၁၂ ဒုတိယခြောက်လ (အောက်တိုဘာမှ မတ် လအထိ)ဆောင်ရွက်မည့် လုပ်ငန်းများ စီမံရေးဆွဲသွားရမည် ဖြစ်လေသည်။

သူရဦးရွှေမန်းပြောခဲ့သည့် အကြောင်းတစ်စုံတစ်ရာမှာ တလောက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဖြစ်ပွားခဲ့သော ပြည်သူများ အသက်အန္တရာယ် နှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များရှိခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူများ အပန်းဖြေ ရာတွင် လုံခြုံမှုရှိစေရန်နှင့်ပတ်သက်သည့် ဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲမည်ဟု ထုတ်ဖော်ပြောဆိုမှုမျိုးကဲ့သို့ အနေအထားမျိုး ကိုဆိုလိုင်းရင်း ဖြစ်လေ သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်သက်တမ်း စတင်သည့်နေ့မှ ၁၅ရက်အတွင်း ကျင်းပနိုင်လေသည်။ ပုံမှန်အစည်းအဝေးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ခေါ်ယူရမည် ဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အရှည်ကြာဆုံးကာလသည် ၁၂ လက်ထက်ပို၍ မရပေ။ သက်ဆိုင်ရာ  ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကိုသော်လည်းကောင်း၊ အရေးပေါ်အစည်းအဝေးကိုလည်းကောင်း ကျင်းပရန်လိုအပ်လျှင် ခေါ်ယူ ကျင်းပနိုင်လေသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဓိက ပြုလုပ်ရမည်မှာ ဥပဒေ ပြုခြင်းနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို စောင့်ကြပ်ကြည့်ရှုခြင်းတို့ဖြစ်လေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု ဥပဒေပြုစာရင်းမှ ခွဲထုတ်ကာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းဖြင့် ခွဲဝေပေးပြီးဖြစ်လေသည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ဘဏ္ဍရေးနှင့် စီမံကိန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် ပြည်ထောင်စုနှင့် မသက်ဆိုင်ဘဲ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရှိလေသည်။ ပြည်ထောင်စုစနစ်၏ အားသာချက်မှာ ဤ အတိုင်းပင် ဖြစ်လေသည်။ သို့သော် ပြည်နယ်တစ်ခုနှင့် တစ်ခုနှင့် ဥပဒေပြုရာတွင် တူညီနိုင်မည်တော့မဟုတ်။ အမေရိကန်နိုင်ငံတွင်လည်း တစ်ပြည် နယ် နှင့် တစ်ပြည်နယ် တူညီကြသည်တော့ မဟုတ်။ တစ်ပြည်နယ်နှင့် တစ်ပြည်နယ် အပြိုင်အဆိုင် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရင်းနှင့် ပြည်နယ်အလိုက် မြို့ကြီး များ၊ ပြည်နယ်အလိုက် ထင်ရှားသည့် လုပ်ငန်းစုအများအပြား ပေါ်ပေါက်လာရသည် ဖြစ်လေသည်။ ယခင်ကဆိုလျှင် တရားစီရင်ရေး၌ပင် တစ်ပြည်နယ်နှင့် တစ်ပြည်နယ် ကွဲပြားစွာကျင့်သုံးသဖြင့် အမှုအခင်းကိစ္စရပ်များတွင်လည်း ဖြေရှင်းမရဘဲ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သည်မျိုးလည်း ရှိလေသည်။ သို့သော် တစ် ဖြည်းဖြည်း စည်းမျဉ်းစည်းကမ်းအမှားများကို ပြင်ဆင်ပြဋ္ဌာန်းရင်း အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး လုပ်ဆောင်နေဆဲလည်းဖြစ်လေသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို နှစ်ပေါင်း ၅၀ နီးပါးကြာမှ စတင်ပြန်လည်ကျင့်သုံးမည် ဖြစ်သည့်အတွက် ဥပဒေပြုခြင်းနှင့် ပတ်သက်၍ ရင်းနှီး ကျွမ်းဝင်မှုအများကြီး ရှိနေဦးမည်မဟုတ်။ ထို့အပြင် ဥပဒေကြမ်း ရေးဆွဲနိုင် လောက်သည့် ရှေ့နေကောင်းများလည်း ရှားပါးနေသည်ဖြစ်ရာ လိုအပ်သည့် စွမ်းရည်များကို ဖြည့်တင်းရဦးမည် ဖြစ်လေသည်။ သို့သော် ပြည်သူမှ ရွေးချယ်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည်နှင့်အညီ ပြည်သူ့အကျိုးကို ရှေ့ရှု၍ အကောင်းဆုံးလုပ်ဆောင်ရမည်ဖြစ်ပြီး ငါးနှစ်သက်တမ်းတွင် ပြည်သူ၏ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိရန် ယခုငါး နှစ်သက်တမ်းမှ စတင်၍ ပြတ် ပြတ်သားသား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း......။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs