Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၅.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ-အမေရိကန် ကုန်သွယ်ရေး ပြန်စရန် သမ္မတအိုဘားမား ညွှန်ကြား
  2. ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းကုမ္ပဏီတစ်ခုတို့ ဆွေးနွေးမှု လက်မှတ် ရေးထိုး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲ ညီနောင် ၂ ပါတီသာ ဝင်ရောက်မည်
  2. နအဖအစိုးရလက်ထက် အမှုဟောင်းများတိုင်ကြားနိုင်
  3. အသက်စွန့်သွားသော မီးသတ်တပ်ဖွဲ့ဝင်ငါးဦးအား စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များ ချီးမြှင့်အပ်နှင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************

ပြည်တွင်းသတင်းများ

မြန်မာ-အမေရိကန် ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ပြန်စရန် သမ္မတအိုဘားမား ညွှန်ကြား

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန်အတွက် စည်းမျဉ်းများ ဖြေလျော့ပေးရေး လိုအပ်သည်များ ဆောင်ရွက်ရန် ကွန်ဂရက်လွှတ်တော်သို့ အမေရိကန်နိုင်ငံသမ္မတ ဘားရက်အိုဘားမားက ညွှန်ကြားထားကြောင်းသိရသည်။

ယခင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ထိ မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် လာရောက်ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် စီးပွားရေးဆိုင်ရာအခြားအထောက်အပံ့များ ပေးနိုင်ရေးအတွက် မကြာမီ ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့နှင့်တကွ အခြားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးရှိ တာဝန်ရှိသူများနှင့် ပါတီနိုင်ငံရေး သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပီာလာရီကလင်တန်ခရီးစဉ်အတွင်း ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်ခဲ့သော သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပီာလာရီကလင်တန်က “ကျွန်မအနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ပာာ မြန်မာနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီးလက်တွဲလုပ်ချင်ပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး ဒီမိုကရေစီ ထွန်းကားရေးဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်းရင်းသားရေးရာပဋိပက္ခတွေ အဆုံးသတ်ဖို့ စတင်ဆောင်ရွက်မယ်၊ ပြီးတော့ လွတ်လပ်မျှတပြီး ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း ဘယ်လိုအကူအညီမျိုးကို ပေးနိုင်မလဲဆိုတာကို အနီးကပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း (၂၀၁၀) ရွေးကောက်ပွဲပြုလုပ်၍ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်ဖက် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခဲ့ပြီးနောက် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ပို၍ တိုးမြှင့်လာခဲ့ကြောင်း သိရသည်။

Ref: Bi Weekly Eleven

***************************************************************************

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းကုမ္ပဏီတစ်ခုတို့ ဆွေးနွေးမှု လက်မှတ် ရေးထိုး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်း ပုဂ္ဂလိကပိုင် Super Axis Development Pte.Ltd ကုမ္ပဏီတစ်ခုတို့သည် ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်း ဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဝန်ကြီးချုပ်ဦးသိန်းအောင်မှ လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် Super Axis Development Pte.Ltd မှ Chairman Dr.Tongchat Hongladero တို့က ဆွေးနွေးမှုမှတ်တမ်း (Record of Discussion) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၎င်း လက်မှတ်ရေးထိုးခဲ့သည့် ဆွေးနွေးချက် မှတ်တမ်းအား  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားပြီး ထပ်မံ၍ MOU နှင့် အဆင့်ဆင့်သောစာချုပ်များ လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: Hot News

***************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ ညီနောင် ၂ ပါတီသာ ဝင်ရောက်မည်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားညီနောင် ၅ ပါတီအနက် ၂ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ညီနောင် ၂ ပါတီမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များ ဖြစ်သည့် ကလော၊ လားရှိုး၊ နှင့် မိုးကောင်း ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၅ ရွေးကောက်ပွဲကျင်းပသည့်အချိန်မှပင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မွန်ဒေသဆုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မွန်ပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် မော်လမြိုင်မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်အား ဇန်နဝါရီလ ၈ ရက်နေ့တွင် အစည်းအဝေးထိုင်၍ ရွေးချယ်သွားမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ညီနောင်ပါတီ(၅)ပါတီထဲမှ ပါတီ (၂)ခုသာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်းမှာ ကျန်ညီနောင်ပါတီ(၃)ခု၏ ဒေသများတွင် လစ်လပ် မဲဆန္ဒနယ်များ မရှိသည့်အတွက်ကြောင့်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ညီနောင်ပါတီ(၂)ခုအတွက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ညီနောင်ပါတီ(၅) ခုမှာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

Ref: မြန်မာပို့စ်(ဂလိုဘယ်)

***************************************************************************

နအဖအစိုးရလက်ထက် အမှုဟောင်းများတိုင်ကြားနိုင်

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က မည်သည့် အမှုဟောင်းများကိုမဆို အထောက်အထားခိုင်လုံစွာ တင်ပြ၍ တိုင်ကြားနိုင်ကြောင်း သိရသည်။

အမှုကိစ္စများနှင့်ပတ်သက်၍ “ အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လွှတ်လာတော့မှာပါ၊ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီ ပြန်တင်ပေးပါ။ အဲဒီအမှုဟောင်းတွေက ငါးနှစ်ပဲကြာကြာ၊ ဆယ်နှစ်ပဲကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်၊ ကာလစည်းကမ်းသတ်မှတ်ချက်ရှိတဲ့ တရားမမှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ဆိုင်တဲ့ ဥပမာ- လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွှဲရင် ဘယ်အမှုဟောင်းတွေပဲဖြစ်ဖြစ် တင်ပေးလာရင်ဆောင်ရွက်ပေးပါမယ်” ဟု သက်ဆိုင်ရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအပါအဝင် မည်သည့်အမှုဟောင်းများဖြစ်စေ မှန်ကန်မှုမရှိခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် အဂတိတရားများ ရှိသည်ဟု အထောက်အထားများ ခိုင်လုံစွာတင်ပြနိုင်ပါက  တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီးလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီး လည်းကောင်း တိုင်ကြားနိုင်ကြောင်း သိရသည်။

Ref: မြန်မာတိုင်း(မ်)

***************************************************************************

အသက်စွန့်သွားသော မီးသတ်တပ်ဖွဲ့ဝင်ငါးဦးအား စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များ ချီးမြှင့်အပ်နှင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ရင်း အသက်စွန့်သွားခဲ့သော မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်များ ချီးမြှင့် အပ်နှင်းခဲ့ကြောင်းသိရသည်။

မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအနက် အမှတ် မ ၁၇၂၃၁ မီးသတ်တပ်ကြပ် ဦးတင်စိုးအား  ရဲသီဟတံဆပ်၊ အမှတ် မ ၁၃၈၈၄ မီးသတ်တပ်ကြပ်ကြီး ဦးဇော်ဋ္ဌေး၊ အမှတ် မ ၂၀၀၇၈ မီးသတ်တပ်သား ဦးမျိုးကျော်ကျော်၊ အမှတ် မ ၂၀၈၅၄ မီးသတ်တပ်သား ဦးသော်ဇင်မျိုးထက်နှင့် အမှတ် မ ၂၀၈၅၅ မီးသတ်တပ်သား ဦးအောင်အောင်တို့ လေးဦးအား ရဲသူရတံဆိပ်ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မေတ္တာမွန်ဂိုဒေါင်ဝန်းတွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ငါးဦးအပါအဝင် အရပ်သား ၁၂ဦး စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်ငါးဦးအား အဆိုပါနေ့ ညနေပိုင်းတွင် ရေဝေးသုဿန်၌ ဂုဏ်ပြုအခမ်းအနားဖြင့် သင်္ဂြုလ်ပြီးကြောင်းသိရသည်။

YC

***************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး အမျိုးမျိုးရှိခဲ့ပါတယ်။ အခုအကြိမ်ကတော့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးတာဖြစ်တယ်။ လျှော့ပေါ့ပေးတဲ့နေရာမှာ ကာလဘယ်လောက်ပဲဖြစ်ဖြစ် အကျဉ်းကျခံရသူနဲ့ သူ့မိသားစုအတွက်က အရေးပါ ပါတယ်။ အခုလိုမျိုးလျှော့ပေါ့ပေးမှုမျိုးအပြင် နိုင်ငံရေးကြောင့်လို့ပဲပြောပြော ယုံကြည်ချက်ကြောင့်ပဲပြောပြော သူတို့ကိုလဲ လွှတ်ပေးစေချင်ပါတယ်။ အခုလိုလျှော့ပေါ့ပေးမှုမျိုးအပြင် လွှတ်ပေးဖို့ကိုလဲ မျှော်လင့်ပါတယ်။ အခုလျှော့ပေးတဲ့နေရာမှာ တစ်ချို့က အရင်သက်သာခွင့်တွေနဲ့ အခုသက်သာခွင့်တွေ ပေါင်းလိုက်ရင် ပြန်ပြီးတော့ လွတ်လာမယ့်သူတွေ လဲရှိနိုင်ပါတယ်”

ဇန်နဝါရီ ၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁) တွင်ပါသည့် “လျှော့ရက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းအမိန့် နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************

“စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်တဲ့အခါမှာ အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေကို စီးပွားရေးဆန်ဆန်လုပ်ရပါမယ်။ ဒီတော့ ကုန်ကျစရိတ်ပေါ်ကို အခြေခံပြီး ဈေးတက်ရမယ်ဆိုရင် တစ်ခုတော့ရှိတယ်။ ကုန်ကျစရိတ် ဘယ်လိုတွက်သလဲဆိုတာ ကြည့်ဖို့လိုကောင်းလိုမှာပေါ့။ ဝန်ထမ်းတွေများနေလို့ ပိုနေတာမျိုးဆိုရင် မဖြစ်သင့်ဘူး။ ဝန်ထမ်းလိုတဲ့အလုပ်က အံကိုက်ပဲဖြစ်မှ စီးပွားရေးဆန်တယ်လို့ ပြောရမှာ။ ဒါပေမဲ့ တစ်ဖက်မှာလဲ ဈေးတက်တော့ ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ သာတာတွေနာတာတွေ ရှိပါတယ်။ အဲဒီအသာအနာမှာ အဓိကထားရမှာကတော့ တကယ်ဆင်းရဲတဲ့သူတွေပါပဲ။ ဥပမာ- ဓာတ်ဆီဈေးကို အစိုးရက ကမ္ဘာ့ဈေးထက်နိမ့်တဲ့ ဓာတ်ဆီဈေးကို ထိန်းထားချင်တယ်ဆိုရင်တော့ သူက ပိုက်ဆံစိုက်ပေးရမယ်။ တကယ်တော့ ဘယ်သူတွေက စိုက်ရတာလဲ။ မြန်မာပြည်တစ်ပြည်လုံးက ကားမသုံးတဲ့သူတွေ ဒါမှမဟုတ် တစ် နှစ်နေမှ တစ်ခါနှစ်ခါ ခရီးသွားတဲ့သူတွေက ကိုယ်ပိုင်ကားစီးသူတွေ သက်သာဖို့ ခံပေးနေရတယ်ဆိုတာ သတိရ ဖို့လိုပါတယ်။ ဘယ်လိုနည်းနဲ့လဲ၊ တကယ်လို့အစိုးရက ငွေရိုက်ထုတ်နေရတယ်ဆိုရင် ဈေးနှုန်းတွေတက်လာ တာကို အဲဒီမဆီမဆိုင်သူတွေက ခံနေရတဲ့သဘောပဲ။ ဒါကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲတယ်ဆိုတာ ဒါတွေကို ပြန်ညှိရတဲ့သဘောပဲ။ ပြုပြင်ပြောင်းလဲတဲ့အခါ တကယ်မနာအောင် ဂရုစိုက်ရတာက ကကယ့်ကို ဆင်းရဲတဲ့သူတွေအတွက်ဖြစ်ပါတယ်။ ဒီအတွက် လူမှုဖူလုံရေးအစီအစဉ်တွေလိုပါတယ်။ နိုင်ငံတကာမှာ (Safety Net) လို့ခေါ်တဲ့ လူမှုဖူလုံရေးအစီအစဉ်တွေ လုပ်ကြပါတယ်”

ဇန်နဝါရီ ၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁) တွင်ပါသည့် “အပြောင်းအလဲနှင့် ပြည်သူ့ဘဝ ဟန်ချက် ညီညီ တိုးတက်မှုဆီ” သတင်းမှ သင့်ဘဝမဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်း ဗဟုဖွံ့ဖြိုးရေးအကြီးတန်းအဖွဲ့ဝင် ဦးတင်မောင်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************

“အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေတွေထဲမှာ အလုပ်သမား အဖွဲ့အစည်း ဥပဒေနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေတို့ ပါဝင်ပါတယ်။ ဒီဥပဒေနှစ်ခုဟာ ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ဥပဒေဘောင်အတွင်း က တရားဝင်တောင်းဆိုနိုင်အောင် ခွင့်ပြုထားတဲ့ဥပဒေတွေပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဒီလို ဒီမိုကရေစီ ရပိုင်ခွင့်တွေ ကင်းမဲ့ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးရှိပါပြီ။ ပြည်သူလူထုက မှန်ကန်မျှတတဲ့ တောင်းဆိုချက်တွေအ တွက် တရားဥပဒေဘောင်အတွင်းက စနစ်တကျ ဆောင်ရွက်လာတတ်အောင် ဦးဆောင်လမ်းပြဖို့က နိုင်ငံရေး ပါတီတွေရဲ့ တာဝန်ပါ။ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ တာဝန်ဝတ္တရားတွေကို မှန်မှန်ကန်ကန် ထိန်းညှိကျင့်သုံးနိုင်ရေး၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာရေး ဟာ ၂၀၁၂ ခုနှစ်ရဲ့ နိုင်ငံရေး လိုအပ်ချက်ပါ”

ဇန်နဝါရီ ၅ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၆) တွင်ပါသည့် ဆောင်ပါးရှင် ကိုဝ၏ ‘၂၀၁၂ မျှော်လင့်ချက်များ’ ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment