Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၀.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမလုပ်စေရန် အစိုးရမှဆုံးဖြတ်
  2. ပြန်တော်ပြန်များ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားနိုင်ပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တိုင်းပြည်၏ အနာဂတ်ကောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းသွားမည်ဟု ဗိုလ်ချုပ်ထိန်မောင် ပြောကြား
  1. အကျဉ်းခံကျောင်းသားများအား ကျောင်းပြန်တက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
  2. ဒီမိတ်(၁၀) ပါတီနှင့် ညီနောင် ၅ ပါတီ ပူးတွဲ၍ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမလုပ်စေရန် အစိုးရမှဆုံးဖြတ်

KIO/KIA အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်နေသည့် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တားမြစ်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့လဲ မသိဘူးဗျ။ စာထွက်လာမှ ကျွန်တော်တို့လုပ်နေတာကို ရပ်ပစ်လိုက်ရမယ်လို့သိတာ” ဟု IGE ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးမှ ဆို သည်။

မတ်လတွင် ကျပ်ငွေသုံးသိန်းအောက်တန်ဖိုးရှိ GSM network အမျိုးအစား မိုဘိုင်းဖုန်းများအား အများပြည်သူထံ ရောင်းချပေးမည်ဖြစ်ကာ၊ ယင်း GSM network တည်ဆောက်ခြင်းအား ခရိုနီကုမ္ပဏီများဖြစ်သည့် Elite, Asia Mega Link, IGE, Cyber net အစရှိသည့် ကုမ္ပဏီခြောက်ခုမှ ကန် ထရိုက် ရရှိထားသည်။

“သူ့နေရာကို ဘယ်သူအစားထိုးမယ်မသိဘူး။ ကျွန်တော်တို့တော့ ထပ်ပြီး မမြှပ်နှံနိုင်တော့ဘူး” ဟု Elite ကုမ္ပဏီမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

တပ်မတော်အစိုးရလက်ထက်က အဆင့်မြင့်အရာရှိကြီးများ၏ ကျောထောက်နောက်ခံရှိသည်။ ခရိုနီကုမ္ပဏီ အချို့သည် အစိုးရသစ် လက်ထက် တွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်ရန် အခက်အခဲများဖြင့် တွေ့ကြုံနေရသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ပြည်တော်ပြန်များ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားနိုင်ပြီ

မြန်မာနိုင်ငံတွင်းသို့ သမ္မတကြီး၏ဖိတ်ခေါ်ချက်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအနေဖြင့် ပြည်ပနိုင်ငံသားအဖြစ်မှ စွန့်လွှတ်  ကာ အမိမြန်မာနိုင်ငံ၏ နိုင်ငံသားအဖြစ် ပြန်လည်ခံယူနိုင်ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့၌ ပြုလုပ်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် မီဒီယာတွေ့ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တော်ပြန် မြန်မာနိုင်ငံသားများ၏ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားရာတွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင် မြန်မာနိုင်ငံသား ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားအဖြစ် နေထိုင်လိုကြောင်း ပုံစံဖြင့်လျှောက်ထားရမည်ဖြစ်ပြီး မြန်မာသံရုံးမှတစ်ဆင့် မြန်မာနိုင်ငံသားအဖြစ် ခံယူလိုကြောင်း လျှောက်ထားလာသည့် ကိုယ်ရေးအချက်အလက်များကို စိစစ်ပြီး မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနသို့ ပေးပို့၍ သဘောထားမှတ်ချက်ကို တောင်းခံမည်ဖြစ် ကြောင်း သိရသည်။

မြန်မာလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ လျှောက်ထားသည့် ပြည်ပရောက် မြန်မာနိုင်ငံသား၏ ကိုယ်ရေးအချက်အလက်များကို အသေးစိတ် စစ် ဆေး၍ မှန်ကန်မှုရှိပါက သံရုံးသို့ ပြန်လည်ပေးပို့၍ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လက်ခံပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းရင်းသားမိဘနှစ်ပါးစလုံးမှ မွေးဖွားသည့်နိုင်ငံသားများသည် မွေးရာပါ မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိမည်ဖြစ်ပြီး ဥပဒေအရဖြစ်သည့် နိုင်ငံသားများမှာမူ ဧည့်နိုင်ငံသားကတ်များသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြည်တော်ပြန်များ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားမှုများနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “ခုလို ပြည်တော်ပြန်တွေကို နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုတယ်ဆိုတာ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုတစ်ရပ်ပဲလေ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ကိုယ့်မိခင်နိုင်ငံကို ပြန်လာသင့်ပြီ။ နိုင်ငံတော်သမ္မတကြီးကလဲ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မိခင်မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် ဖြေလျော့မှုတွေ အများကြီး လုပ်ဆောင်ပေးနေတာပဲ” ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်သမ္မတကြီးသည် ၂၀၁၁ခုနှစ် သြဂုတ်လ၌ ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိ သွားသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက ဝင်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းပြည်၏ အနာဂတ်ကောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ပူးပေါင်းသွားမည်ဟု ဗိုလ်ချုပ်ထိန်မောင် ပြောကြား

မြန်မာပြည်၏ ရှေ့အနာဂတ်ကောင်းစားရေးနှင့် ပြည်သူလူထုတိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ်စောဌေးမောင် (ခေါ်)ထိန်မောင်က ပြောကြားသည်။

ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်နှင့် အဆိုပါငြိမ်းချမ်းရေးကောင်စီသည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ငြိမ်းချမ်းရေးဆိုင်ရာ ပဏာမအဆင့် သဘောတူညီချက်ကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။

“မလာခင်ကတော့ နဲနဲတော့ စိုးရိမ်တယ်။ ဒါပေမဲ့ အခုတော့အားလုံးအဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း ရှိတယ်” ဟု အထက်ပါ သဘောတူညီချက်ရေးထိုးပြီးနောက် ဗိုလ်ချုပ်ထိန်မောင်က ပြောကြားခဲ့သည်။

ကရင် ငြိမ်းချမ်းရေးကောင်စီအနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ချက်ခြင်းနှင့် ပတ်သက်၍ ကျေနပ်မိပါကြောင်း ယင်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တင်မသီက ပြောကြားသည်။

KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များအား မယ်လ၊ ထို့ကော်ပိုးဒေသများတွင်နေထိုင်ရေး၊ အပစ်အခတ်ရပ်ဆိုင်းရေး၊ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ပေးရေး၊ တစ်ဖက်နှင့်တဖက် လက်နက်ကိုင်ဆောင်သွားလာရန် ကြိုတင်ညှိနိုင်းရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ရုံးဖွင့်လှစ်ပေးရေး အပါအဝင် အချက် ၇ ချက်ကို ပြည်နယ်အဆင့်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကောင်စီနှင့်တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က "ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးဟာအတူတူပါပဲ တန်းတူညီတူ တ ကယ့်သွေးရင်း ညီအစ်ကိုမောင်နှမတွေလို ကျွန်မတို့ ရှိရပါမယ်။ ပြောတဲ့ဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်းရှိတယ်။ နောက်ပြီးတော့ အတွေးအမြင် တွေကလည်း တော်တော်တူပါတယ်” ဟုဆိုသည်။

နေပြည်တော်သို့လာရောက်ခဲ့သော အဆိုပါကောင်စီတွင် KNU/KNLA အဖွဲ့ဝင် ၁၂ဦးလာရောက်ခဲ့ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှခွဲထွက်ခဲ့သော အဆိုပါ KNU-KNLA ငြိမ်းချမ်းရေးကောင်စီကို နယ်ခြားစောင့်တပ်အဖြစ် ထားရှိရန် ယခင် အစိုးရဟောင်းလက်ထက်က ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

Peace Press

 

 -----------------------------------------------------------------------------------------------------------------------------------

 အကျဉ်းခံကျောင်းသားများအား ကျောင်းပြန်တက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

တပ်မတော်အစိုးရလက်ထက်တွင် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတို့ကြောင့် အကျဉ်းကျခဲ့ရာမှ အစိုးရသစ်လက်ထက်တွင် လွတ် မြောက်ခဲ့သည့် အကျဉ်းခံကျောင်းသားများအား ကျောင်းပြန်တက်ခွင့်ရရှိရေးကို ကြိုးပမ်းဆောင်ရွက်ရန် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ဖေဖော်ဝါရီ ၉ ရက်နေ့က ၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများနှင့် တွေ့ဆုံစဉ် တိုက်တွန်းလိုက်သည်။

အကျဉ်းမှ လွတ်မြောက်လာသည့် ၂၀၀၇ မျိုးဆက်ကျောင်းသားများဖြစ်သည့် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမင်းဦး၊ ရဲမာန်ပိာန်း၊ အောင်ကျော်နှင့် နိုနိုအောင်တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ၌ ယင်းတို့ကြုံတွေ့နေရသည့် ပညာဆက်လက်သင်ယူရန် အစိုးရမှ ကန့်သတ်ထားမှုကို အဓိက ထားတင်ပြခဲ့သည်။

“အန်တီက ကျောင်းဆက်လက်တက်ခွင့်ရဖို့ကို ကြိုးစားဖို့ကို အဓိကတိုက်တွန်းပါတယ်။ ကျွန်တော်တို့ကလည်း ကျောင်းဆက်လက်တက်ခွင့်ရဖို့ ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားသွားမှာပါ” ပာု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုရဲမင်းဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အကျဉ်းခံကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ပာု ကိုရဲမင်းဦးက ဆက်လက်ပြောကြားသည်။

အကျဉ်းမှ လွတ်မြောက်လာသည့် ဗကသအဖွဲ့ဝင်များအား တက္ကသိုလ်အသီးသီးတွင် ကျောင်းပြန်တက်ခွင့် ရရန် ကို သက်ဆိုင်ရာမှ ခွင့်ပြုပေးခြင်း မရှိသည့်အပြင် နိုင်ငံတကာတွင် ဆက်လက်ပညာသင်ကြားရန်အတွက် အဓိကလိုအပ်သည့် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကိုလည်း ကန့်သတ်ထားဆဲဖြစ်သည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ဒီမိတ်(၁၀) ပါတီနှင့် ညီနောင် ၅ ပါတီ ပူးတွဲ၍ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည်

၂၀၁၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ ကျရောက်မည့် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ၂၀၁၀ ရွေး ကောက်ပွဲ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် တိုင်းရင်းသားညီနောင် ၅ပါတီတို့မှ ပူးတွဲ၍ ရန်ကုန်မြို့ ဗပာန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

၎င်းပါတီများမှ ပူးတွဲ၍ ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနား၌ ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီမှ ပြည်ထောင်စုနေ့ ကြေညာစာတမ်းကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ၎င်းကြေညာစာတမ်း၌ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ဒဏ်တပ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေး စသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက  ပြောကြားခဲ့သည်။

ထို့ပြင် ဆက်လက်၍ ပြည်ထောင်စုနေ့အခမ်းအနားအား တိုင်းရင်းသားညီနောင် ၅ ပါတီမှနေ့လည်ပိုင်းတွင် M3 စားသောက်ဆိုင်တွင် ထပ်မံ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၎င်း ညီနောင် ၅ ပါတီ၏ ပြည်ထောင်စုနေ့အခမ်းအနားပွဲ၌ တက်ရောက်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးပါတီအားလုံးနှင့် ၈၈ မျိုးဆက်ကျောင်းသားများအားလုံးကို ဖိတ်ကြားထားကြောင်း သိရသည်။

ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် တိုင်းရင်းသားညီနောင် ၅ ပါတီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ချင်းအမျိုးသားပါတီတို့ဖြစ်ပြီး ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီ တွင် တိုင်းရင်းသားညီနောင် ၅ ပါတီအပြင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ ပါဝင်ကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဖွဲ့ချုပ် လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်တာ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာတွေနဲ့ ပတ်သက်ပြီး အပြင်မှာ အသံတွေ အများကြီး ထွက်လာပါတယ်။ လက် ရှိမှာ အင်န်အယ်ဒီဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကို လုပ်နေတယ်။ အခုလို လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်တာက လွှတ်တော်အပြင်တင်မကဘူး။ အတွင်းမှာ ပါ တိုးချဲ့နိုင်ဖို့ လုပ်တာဖြစ်တယ်”

ဖေဖော်ဝါရီ ၁၀ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၆) တွင်ပါသည့် “အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ဝင်ခြင်းသည် လွှတ်တော်အ တွင်းအပြင် နိုင်ငံရေးတွင် လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ထား” သတင်းတွင်ပါသည့် ဦးဝင်တင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံတော်ဝန်ထမ်းမို့လို့ ရှစ်နာရီ အလုပ်လုပ်ရတာကို မပြောပါဘူး၊ ဒါပေမဲ့ အစိုးရဆေးရုံတွေမှာ လိုအပ်လာရင် အရေးပေါ်ခွဲစိတ်တာ၊ ကုသပေးတာတွေ ကို သတ်မှတ်အလုပ်ချိန်မဟုတ်လဲ လုပ်ရတာပါပဲ၊ စည်းမျဉ်းစည်းကမ်း အတိုင်းလုပ်မယ်ဆိုရင်လဲ ခံစားခွင့်တွေပါပေးရမယ်၊ အခုဟာက တုတ်ပဲပေးပြီး မုန့်တော့မပေးဘူး ဖြစ်နေတယ်”

ဖေဖော်ဝါရီ ၁၀ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၂၉၆) တွင်ပါသည့် “အစိုးရဆရာဝန်တွေ နေ့ခင်းမှာ ပြင်ပဆေးခန်း မထိုင်ရ” သ တင်းမှ အထူးကု ဆရာဝန်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ ဒီ Legal Aid Project ကနေပြီး ပြစ်မှုကျူးလွန်ခြင်းခံရတဲ့သူတွေအနေနဲ့ ဥပဒေနားမလည်လို့ ဘယ်လိုအမှုတိုင်ရမလဲ။ ဘယ်သူ့ကို တိုင်ရ မယ်ဆိုတာမသိလို့ ကြိတ်မှိန်ခံနေရတာတွေရှိတယ်။ ရှေ့နေဌားရမ်းခမတတ်နိုင်လို့၊ တရားရုံးကို မသွားရဲလို့ အမှုမတိုင်တာတွေလည်း ရှိတယ်။ အဲဒီလို အ ခက်အခဲကြုံတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးများအတွက် ဥပဒေပါအခွင့်အရေးတွေ ရရှိအောင်လို့ ရည်ရွယ်ပြီး လုပ်ဆောင်ပေးတာပါ။ အဲဒီနည်းအတူ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကလေးသူငယ်တွေအနေနဲ့လည်း ရှေ့နေဌားခမတတ်နိုင်တဲ့အတွက် ဥပဒေကြောင်းအရ ခုခံချေပသင့်တာတွေကို မ ချေပမိဖို့ နစ်နာသူတွေရှိတဲ့အတွက် ဥပဒေကြောင်းအရ အကူအညီပေးနိုင်အောင်လို့ ရည်ရွယ်ပြီး စတင်ခဲ့တာပါ”

ဖေဖော်ဝါရီ ၁၄ ထုတ် News Watch Weekly အတွဲ (၇) အမှတ် (၃၃) တွင်ပါသည့် “မြန်မာတစ်ပြည်လုံးရှိ ရှေ့နေ ၁၁၆၈ဦးမှ အမှုလိုက်ပါ ဆောင်ရွက်ပေးမည့် Legal Aid Projectများ တိုးချဲ့သွားမည်” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment