Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေး အလားအလာကောင်းများနှင့် တွေ့ကြုံရမည့်အခက်အခဲများ

********************************

ဆောင်းပါးကဏ္ဍ

စီးပွားရေး အလားအလာကောင်းများနှင့် တွေ့ကြုံရမည့်အခက်အခဲများ

ကိုကို (ဘာသာပြန်ဆိုသည်)

(ဖေဖော်ဝါရီ ၁၀ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၆) မှ ထုတ်ယူဖော်ပြသည်)

ကာလရှည်ကြာ ထိန်းသိမ်းခံထားခဲ့ရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ရေး ဆင်းနေချိန်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး ရောက်လာသည်။ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကြီးကို ဦးဆေင်လာခဲ့သော သမ္မတကြီး၏ ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကုန်သွယ်ရေး ကိစ္စများ အပါအဝင် အဓိကကဏ္ဍများတွင် လေ့ကျင့်သင်တန်းပေးရေးနှင့် နည်းပညာအကူအညီပေးရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

တစ်ပတ်အတွင်း တစ်ချိန်တည်း ဖြစ်ပေါ်ခဲ့သော ဤအဖြစ်အပျက်နှစ်ခုက မြန်မာနိုင်ငံတွင် အပြောင်းအလဲကို ပြတ်သားထက်သန်စွာ ဆုံးဖြတ် ချက်ချ၍ လုပ်ကိုင်နေပုံနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ယုံကြည်မှု တိုးပွားလာနေပုံကို ဖော်ညွှန်းနေသည်။ ယခုလက်ရှိ လုပ်ဆောင်နေသော နိုင်ငံရေး အပြောင်းအလဲသည် စီးပွားရေးရှုထောင့်မှ အတိုင်းအတာပမာဏ ကြီးမားပုံကို စင်ကာပူထံ လက်ကမ်းခဲ့ခြင်းက မီးမောင်းထိုးပြနေသည်။ နိုင်ငံအမြောက် အမြားမှ စီးပွားရေးလုပ်ငန်း အမြောက်အမြားတို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး စူးစမ်းရန် စိတ်အား ထက်သန်နေကြသည်။

အာရှတွင် ထုတ်ယူသုံးစွဲခြင်းမပြုရသေးသော နောက်ဆုံးကျန်ရှိနေသည့် ဈေးကွက်ကြီးအဖြစ် ယူဆထားကြရာ စီးပွားရေးကဏ္ဍများစွာတွင် ဖွံ့ ဖြိုးရေး မလုပ်ဆောင်နိုင်သေးခြင်း၊ သို့မဟုတ် တရုတ်ကုမ္ပဏီများကသာ လွှမ်းမိုးထားခြင်းများ ဖြစ်ပေါ်နေသည်။  မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က မြန်မာနိုင်ငံကို ဒေသတွင်း ဗဟိုအချက်အချာနိုင်ငံအဖြစ် ထောက်ခံအားပေးလိုရာ စင်ကာပူနိုင်ငံက လည်း ထို့အတူပင် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရတော့မည့် နိုင်ငံရေးအခြေအနေကြောင့်မျှ သာမကချေ၊ အာဆီယံသည် ၂၀၁၅ ခုနှစ်တွင် ပိုမိုစုစည်းပေါင်းစည်းသော စီးပွားရေးအသိုက်အဝန်းတစ်ခု ဖြစ်လာရန် ကြံရွယ်ထားရာ ထိုစီမံချက်ကိုလည်း ပိုမိုအ ထောက်အပံ့ ပြုလာနိုင်ပေသည်။

မည်သို့ဆိုစေကာမူ အနောက်အုပ်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း ၂၀ ကျော် ဒဏ်ခတ်ပိတ်ဆို့ထားသော ပိတ်ဆို့မှုများအား ရုပ်သိမ်းပေး/ မပေးဆိုသော အချက်ပေါ်တွင် များစွာမူတည်နေသည်။ ဥရောပသမဂ္ဂကတော့ ယခုပင်လျှင် ကန့်သတ်ပိတ်ဆို့မှုများကို စတင်လျှော့ပေးနေပြီ။ အမေရိကန် အနေဖြင့်လည်း ရှုပ်ထွေးသော ဥပဒေပြုရေးလုပ်ငန်းစဉ်များ ရှိနေရာ လျှော့ပေါ့ပေးရေးအတွက် အဓိကနိုင်ငံရေးပါတီ ကြီးနှစ်ခုစလုံး၏ ထောက်ခံမှု စတင်ရရှိနေပြီဖြစ်သည်။ အကောင်းဘက်သို့မျှော်လင့်ရန် အကြောင်းတရားများ ရှိပါသည်။ သို့သော် မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံ မှုအတွက် အသင့်ဖြစ်နေပါပြီလော။ မြန်မာနိုင်ငံသည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အပြိုင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုက အမီလိုက်နိုင်ပါမည်လော။

မကြာမီက ထုတ်ပြန်လိုက်သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ၅ ဒ သမ ၅ ရာခိုင်နှုန်းရှိသည်ဟု ကြိုတင်ခန့်မှန်းထားသည်။ တစ်ကမ္ဘာလုံး၏ စီးပွားရေးဖွံ့ဖြိုးမှု အားလျော့နေချိန်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို အိမ်နီးချင်း အင်ဒိုချိုင်းနားနိုင်ငံများနှင့် တစ်တန်းတည်းထား၍ ခန့်မှန်းထွက်ချက်ထားခြင်းသည် ထူးခြားကောင်းမွန်ပါသည်။ သို့နှင့်တိုင် ထို့ထက်ပို၍ ဖွံ့ဖြိုးနိုင်သော အလားအလာများလည်း ရှိနေသည်။

အလျှံအပယ် ပေါများသော နိုင်ငံ၏ ရေနံနှင့်ဓာတ်ငွေ့ သဘာဝသယံဇာတများ၊ သစ်တောထွက်ပစ္စည်းနှင့် တွင်းထွက် သတ္တု သယံဇာတများ ပိုင် ဆိုင်ထားသည်ကိုပင် စဉ်းစားကြည့်ပါ။ တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှတို့ဆုံရာ အချက်အချာနေရာတွင် ရှိနေသည်။ ထိုထက်မက နိုင်ငံ့ လူဦးရေ ၅၄ သန်းတွင် အများစုမှာ အလုပ်လုပ်နိုင်သော အသက်အရွယ်များဖြစ်ကြပြီး အလုပ်အကိုင်ကိုလည်း အာသာငမ်းငမ်း အလိုရှိနေကြသူများ ဖြစ်သည်။

လက်ရှိ အခြေအနေတွင် ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံထဲတွင် ပါဝင်နေရသော်လည်း ဖွံ့ဖြိုးရန် အလားအလာကောင်းတွေ များစွာ ပိုင်ဆိုင်ထား သည်။ စိုးရိမ်ဖွယ်ရာများလည်း ရှိနေသည်။ အများစုမှာ စီးပွားရေး နောက်ကျန်ခဲ့သော နိုင်ငံအများတွင် တွေ့မြင်နေကျ အခက်အခဲများ ဖြစ်သည်။ ဥပမာ- အခြေခံအဆောက်အအုံ မလုံလောက်ခြင်း၊ အဂတိ လိုက်စားမှု ပျံ့နှံ့ခြင်း၊ နိုင်ငံရေး အပြောင်းအလဲကာလ အာဏာလွှဲပြောင်းမှု စသည်တို့ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ထိုမျှမက အထူးစပါယ်ရှယ် စိန်ခေါ်မှု အခက်အခဲများလည်း ရှိနေသည်။ IMF က ထောက်ပြခဲ့သော အဓိက ပြဿနာ တစ်ခု- ငွေလဲလှယ်နှုန်း ထိန်းချုပ်မှုနှင့် ငွေကြေးမတည်ငြိမ်မှု ဖြစ်သည်။  အမေရိကန် တစ်ဒေါ်လာ၏ တရားဝင်လဲလှယ်နှုန်းမှာ မြန်မာငွေ ခြောက်ကျပ်ဖြစ် သည်။ သို့သော် ပြင်ပ မှောင်ခိုဈေးတွင် တစ်ဒေါ်လာ လက်ရှိ ကျပ် ၇၅၀ ဝန်းကျင်တွင် ရှိနေပြီး မကြာမီနှစ်များက ကျပ် ၁,၂၅၀ လောက်အထိ ရှိခဲ့သည်။ နိုင်ငံ၏ ခြုံငုံစီးပွားရေး (macro-economy) တည်ငြိမ်နေပြီး ငွေကြေးလဲလှယ်နှုန်း လွတ်လပ်စွာထားနိုင်ရေးမှာ ကျွမ်းကျင်လိမ္မာသော ဘဏ္ဍာရေး စီမံခန့် ခွဲနိုင်မှုရှိမှသာ မျှော်လင့်နိုင်ပေမည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်လာကြသည့် ကုမ္ပဏီများအတွက် အခြားအရေးကြီး ပြဿနာတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုကို ကာ ကွယ်သည့် ဥပဒေဖြစ်သည်။

လက်ရှိဥပဒေကို တည်ငြိမ်သော ပေါ်လစီ မူဝါဒများဖြင့် ပြုပြင်ပြောင်းလဲပေးရန် လိုအပ်သည်။  ၁၉၉၀ ပြည့်နှစ်လွန် နှစ်များအတွင်းက မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ကုမ္ပဏီတချို့ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ သို့သော် ထိုအချိန်က ရင်းနှီးမြှုပ်နှံခဲ့ကြသူ များမှာ ပေါ်လစီ မကြာခဏပြောင်းလဲမှုများနှင့် အခြေအနေအမျိုးမျိုး ပြောင်းလဲနေမှုများကြောင့် သောင်မတင်ရေမကျ ဖြစ်ခဲ့ကြရသည်။

နောက် စောင့်ကြည့်ရမည့် ပြဿနာတစ်ခုမှာ ဗဟိုအစိုးရသည် တိုင်းရင်းသား လူမျိုးစုအမျိုးမျိုးနှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ရမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေသည်။ ကရင်များနှင့် မကြာခဏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့သည်။ ကရင်သူပုန်များသည် နိုင်ငံတောင်ပိုင်း ထားဝယ်စက်မှုဇုန်တွင် လှုပ်ရှားနေခဲ့ကြသည်။ ထိုဒေသတွင် ယခုအခါ အစိုးရက ဒေါ်လာဘီလျံ ၅၀တန် အဓိက ဖွံ့ဖြိုးရေး စီမံကိန်းကြီးကို လုပ်ဆောင်လျက်ရှိ သည်။

စီးပွားရေးတံခါး ဖွင့်လာသည်နှင့်အမျှ ရရှိလာမည့် အကျိုးစီးပွားရလဒ်ကို အာဏာရှိသူနှင့် သူ့အသိုင်းအ၀ိုင်း၏ လက်တွင်သာ ထားရှိခြင်း မပြုစေ ရန် အလွန်အရေးကြီးသည်။ စီးပွားရေး ဖွံ့ဖြိုးမှုကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့်အတူ ယှဉ်လျက်သွားနိုင်ရန်မှာ အစိုးရအနေဖြင့် လူထုကို ပညာရေးမြှင့် တင်ခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းနှင့် လူထု၏ အိုးအိမ်နှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရပေမည်။

မြန်မာအစိုးရနှင့် စင်ကာပူနိုင်ငံတို့ ချုပ်ဆိုခဲ့သော သဘောတူညီမှုတွင် ဤအချက်များ ပါဝင်ပေသည်။  ဘဏ္ဍာငွေကြေးကိစ္စ၊ ဥပဒေရေးရာနှင့် ပြည်သူ့ဝန်ထမ်းများ ဝန်ဆောင်မှုရေးရာတွင် စင်ကာပူနိုင်ငံ၏ ကျွမ်းကျင်မှုအကူအညီကိုရယူကာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကို စတင်နိုင်ပေသည်။ စင်ကာပူ နှင့် မြန်မာနိုင်ငံသည် ကုန်သွယ်ရေးတွင် ကာလကြာရှည်စွာ ဆက်ဆံလာခဲ့ကြသည်ဖြစ်ရာ နှစ်နိုင်ငံ သဘောတူညီချက်တွင် မြန်မာနိုင်ငံ၏ ပြည်သူ့ဝန် ထမ်းအရာရှိများအား လေ့ကျင့်သင်တန်းပေးမည့် အစီအစဉ်များလည်း ပါဝင်မည်ဟု မျှော်လင့်ရသည်။

ယခုအချိန်တွင် ကမ္ဘာက အာရုံစိုက်နေကြသည်မှာ မြန်မာနိုင်ငံ၏ ထူးထူးခြားခြား နိုင်ငံရေးတံခါးဖွင့်လာခြင်းပင် ဖြစ်သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲရေးမှာလည်း ပူးတွဲကိစ္စရပ်အဖြစ် ပေါ်လာလေရာ စင်ကာပူနှင့် သဘောတူညီချက်သည် ဤလမ်းကြောင်းအတိုင်း လျှောက်မည့် ပထမခြေလှမ်း များပင် ဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက် စောင့်ကြည့်နေကြပေ လိမ့်မည်။ သို့ရာတွင် စီးပွားရေးလုပ်ငန်းများသည်လည်း အပြောင်းအလဲအတွက် ခွဲခြားမရသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဆိုသည်ကို ပို၍ပို၍ မြင် တွေ့လာကြရပေလိမ့်မည်။

(ဤဆောင်းပါးရှင် ဆိုင်မွန်တေးသည် 'စင်ကာပူနိုင်ငံ နိုင်ငံတကာရေးရာသိပ္ပံ' ၏ ဥက္ကဋ္ဌဖြစ်သည်)

***************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment