Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၃.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပို့ကုန်ခွန်ကင်းလွတ်ခွင့် ခြောက်လ ထပ်မံသက်တမ်းတိုး
  2. မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီးလာရောက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတမှ သဝဏ်လွှာ ပေးပို့
  2. လွတ်ငြိမ်းခွင့်ရ နိုင်/ကျဉ်းသားများမှ ဦးဆောင်၍ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးပွဲ ကျင်းပ
  3. ဒေါ်အောင်ဆန်းစုကြည်အား ပါတီတစ်ခုမှ ကန့်ကွက်လွှာတင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပို့ကုန်ခွန်ကင်းလွတ်ခွင့် ခြောက်လ ထပ်မံသက်တမ်းတိုး

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှစတင်၍ ပြည်တွင်းပို့ကုန်ကဏ္ဍ မြင့်တက်လာနိုင်စေရန် ပြည်တွင်းထွက်ကုန်ပစ္စည်းအချို့အား ယခင် ခြောက်လသက်တမ်းရှိ ပို့ကုန်ခွန်ကင်းလွတ်ခွင့်ပြုထားမှုအား ယခုအခါ ထပ်မံ၍ သက်တမ်း ခြောက်လ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ကုန်သွယ်ခွန် ခြောက်လ ကင်းလွတ်ခွင့်ရရှိခဲ့သည့် ပြည်တွင်းပို့ကုန်များမှာ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ရော်ဘာကဲ့သို့ လယ်ယာ ထွက် ရေထွက်ကုန်များ၊ ငါး၊ ပုဇွန်၊ ဂဏန်းကဲ့သို့ ရေချိုရေငန်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းများမှအပ) နှင့် သစ်ဝါးကြိမ်တို့နှင့် ပြုလုပ်ထားသော တန်းဖိုးမြှင့်ပစ္စည်းများ ဖြစ်ပြီး ၎င်းကုန်ပစ္စည်းများ ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ခြောက်လ သက်တမ်းတိုးခြင်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၁၂၊ ၄၄/၂၀၁၂နှင့် ၄၈/၂၀၁၂ တို့ဖြင့် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍမြင့်တက်လာနိုင်စေရန် ၎င်းပို့ကုန်ပစ္စည်းများအပေါ် နိုင်ငံတော်မှ ပို့ကုန်ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းကင်းလွတ်ခွင့် ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့သည့်အတွက် ၂၀၁၂ သြဂုတ်လ ၁၄ ရက်နေ့ထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်မှ လက်ခစားအပ်ကုန်စနစ် (CMP)ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှ နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေ သည့် လုပ်ငန်းများမှ နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်လျှော့ပေါ့ သက်သာခွင့်ပြုခြင်းကိုလည်း ခြောက်လသက်တမ်း ထပ်မံတိုး မြှင့်ပေးခဲ့ကြောင်း သိရသည်။

၎င်းကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “အခုလို နိုင်ငံတော်က ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ခြောက်လ ထပ်မံသက်တမ်းတိုးပေးလိုက်တာ ကောင်းပါတယ်။ လုပ်ငန်းရှင်တွေအားလုံးကလည်း ဒါကိုပဲ မျှော်လင့်နေကြတာပါ။ မြန်မာနိုင် ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဒီ့ထက်ပိုမိုမြန်ဆန်လာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ပာု ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီးလာရောက်

မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဥရောပသမဂ္ဂဖွံ့ဖြိုး ရေးကော်မရှင်နာမင်းကြီး  Andris Piebalgsသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂဖွံ့ဖြိုးရေးကော်မရှင်နာမင်းကြီး  Andris Piebalgs ၏ မြန်မာနိုင်ငံခရီးစဉ်သည် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ ကြာမြင့် မည်ဖြစ်ပြီး ၎င်း၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အတွင်းရှိ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂဖွံ့ဖြိုးရေးကော်မရှင်နာမင်းကြီး  Andris Piebalgs မှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများမှ ပါဝင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားပေးသည့်အနေဖြင့် မြန်မာနိုင်ငံအား ယူရိုသန်း ၁၅၀၊ အမေရိကန် ဒေါ်လာသန်း ၂၂၀ တန်ဖိုးရှိ လူသားချင်း စာနာထောက်မှုအစီအစဉ်များကို တိုးမြှင့်ထောက်ပံ့၍ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ဥရောပသမဂ္ဂဖွံ့ဖြိုးရေးကော်မရှင်နာမင်းကြီး  Andris Piebalgs မှ “နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေဆဲကာလ၊ အမှန်တကယ် အ ပြောင်းအလဲဖြစ်ဖို့ လိုအပ်နေဆဲကာလမှာပဲ ကျွန်တော်တို့ အချို့သောအရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ အီးယူရဲ့ ထောက်ပံ့ကူညီမှုတွေအပေါ် တာ ဝန်ရှိသူတွေအနေနဲ့ ဘယ်လိုအသုံးချမယ်။ ဘယ်လိုအသုံးချသင့်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်သွားမှာပါ။ အထူးသဖြင့် အီးယူက ထောက်ပံ့တဲ့ငွေကြေးပာာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အခန်းကဏ္ဍတွေအတွက် ပိုပြီးအသုံးပြုသွားရပါလိမ့်မယ်။ ကျွန်တော်တို့မြန်မာ ပြည်သူတွေကို အကောင်းဆုံး ကူညီသွားချင်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း ရှေ့ဆက်ပြီး လုပ်ဆောင်သွားချင်ပါတယ်။ နောက်ပြန်မလှည့်ချင်ပါ ဘူး”ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ  စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ မြန်မာ နိုင်ငံ၏ အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ဖြေလျော့မှုအချို့ လုပ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

Ref:Weekly Eleven

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတမှ သဝဏ်လွှာ ပေးပို့

၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ဒုတိယသမ္မတများနှင့် အစိုးရအဖွဲ့မှ ဝန်ကြီးအကြီးအကဲများသည် နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့တွင် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက် ကျင်းပပြုလုပ်ခဲ့ကြပြီး ယင်းအခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ယင်းအခမ်းအ နားသို့ ပေးပို့ခဲ့သော သဝဏ်လွှာအား ပြည်ထောင်စုနေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌဖြစ်သည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဖတ်ကြားခဲ့သည် ဟု သိရသည်။

ယင်းနေ့တွင် ပေးပို့ခဲ့သည့် သဝဏ်လွှာထဲ၌ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်အား ဖော်ဆောင်ကျင့်သုံး ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားပြည်သူများအတွင်း ပြည်ထောင်စုစိတ်ဓာတ် အစဉ်ရှင်သန်ထွန်းကားရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အား အတူလက်တွဲပူးပေါင်း၍ ကြိုးပမ်းလုပ်ဆောင်ကြမည်”ဟု နိုင်ငံပိုင်သတင်းစာများမှ ကောက်နုတ်ဖော်ပြသည်။

“ပြည်ထောင်စုနေ့အခမ်းအနားပွဲမှာ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခြင်းကိုခံခဲ့ပြီး ဒုတိယသ မ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့အတူ တက်ရောက်လာကြတဲ့ တက်ရောက်ကြတဲ့ အစိုးရဝန်ကြီးကပုဂ္ဂိုလ်တွေကလည်း နိုင်ငံတော် သီချင်းတီးမှုတ်ကြပြီး နိုင် ငံတော်အလံကို အလေးပြုခဲ့တယ်”ဟု ယင်းပွဲသို့ တက်ရောက်သူ အစိုးရဝန်ကြီးတစ်ဦးမှ ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ညပိုင်းတွင် ထပ်မံကျင်းပသည့် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဇနီးဒေါ်ခင်ခင် ဝင်းနှင့်အတူ တက်ရောက်ကျင်းပခဲ့ပြီး တိုင်းရင်းသားရိုးရာအကများနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် ယဉ်ကျေးမှုတ က္ကသိုလ်မှ ကျောင်းသူ/သားများ၏ ဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်ဟု အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ မေဟွားစားသောက်ဆိုင်တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၃) ခုတို့မှ ဖေဖော်ဝါရီလ ၁၁ရက်နေ့ညတွင် ကျင်းပပြုလုပ်ခဲ့သည့် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ကျင်းပပြုလုပ်ခဲ့ကြသည် ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

လွတ်ငြိမ်းခွင့်ရ နိုင်/ကျဉ်းသားများမှ ဦးဆောင်၍ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးပွဲ ကျင်းပ

၂၀၁၂ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီး သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားပောာင်းများမှဦးဆောင်၍ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားပောာင်းများမှဦးဆောင်၍ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ် ချက်မှာ မြန်မာနိုင်ငံအတွင်း သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ ဖြစ်ထွန်းလာစေရန်၊ ဒီမိုကရေစီနည်းလမ်းတကျစစ်မှန်၍ အဓိပ္ပါယ်ပြည့်ဝမှုရှိ သော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ရွေးချယ်ဆောင်ကြဉ်းပေးနိုင်ရန်နှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရာတွင် အခြေခံကျကျ ပကတိအခြေအနေနှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ချမှတ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း နိုင်ငံရေးအကျဉ်းသားပောာင်းများမှပင် ကြီးမှူး၍ ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြည်တွင် တွေ့ဆုံပွဲတစ်ရပ်ကို ပထမဦးဆုံးအကြိမ် လွတ်လပ်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားပောာင်းများ ပြင်ပ၌လွတ်လပ်စွာတွေ့ဆုံပွဲအခမ်းအနားသို့ (၈၈) မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များ၊ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများနှင့် အနုပညာရှင်အချို့မှ တက်ရောက်ခဲ့ပြီး လက်ရှိ အကျဉ်းထောင်များအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရသည့် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မီးမျှောပွဲတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်အား ပါတီတစ်ခုမှ ကန့်ကွက်လွှာတင်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကော့မှူးမဲဆန္ဒနယ်တွင် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းနေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားပြုအဖြစ် ကော့မှူးမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတင်ရီမှ ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းကြောင်း ကန့်ကွက်လွှာတင်သွင်းခဲ့ သည်ဟု သိရသည်။

“အခု အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးကနေပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကော၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကော၊ ပြီးတော့ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့ ပါ ငြိစွန်းနေသောကြောင့် အခုလိုမျိုး ကန့်ကွက်လွှာ တင်သွင်းရတာပါ”ဟု ၎င်းမှ ထပ်မံပြောကြားသည်။

NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းရခြင်းနှင့် ပတ်သက်၍ ဦးတင်ရီမှ ဒေါ်အောင်ဆန်းစုကြည် သည် လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းနှင့် ညီညွှတ်ခြင်းမရှိကြောင်း၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီပွဲတွင် ဗပာန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း တစညပါတီမှ ကိုယ်စားလှယ်လောင်း ဦးဘရန်ဂရောင်းမှ ကန့်ကွက်ခဲ့သည့်အတွက် နှုတ်ထွက်ခဲ့ ရကြောင်း အင်ဗွိုင်းဂျာနယ်၏ ဖော်ပြချက်အရသိရသည်။

NLDပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ် အမှုဆောင်အစည်းအဝေးခေါ် ယူ၍ ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ်စဉ် ၄၇ ဖြင့် ပါတီမှတ်ပုံ တင်ခွင့်ပြုခဲ့သည်ဟုလည်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ဘဏ္ဍာရေးကျွမ်းကျင်သူပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေမ ဟုတ်ပါဘူး။ ဟိုခေတ် ၁၉၄၈ က နေ ၁၉၆၂ ပါလီမန်မှာ အခုလိုဝန်ကြီးဌာနတွေက အသုံးစရိတ်တင်ရင် လွှတ်တော်ကိုယ်စားလှယ်တွေက ဖြတ်တောက်ရေးအဆိုတင်လေ့ရှိတယ်။ အထူး သဖြင့် အတိုက်အခံအမတ်တွေပေါ့။ ဘာလို့ဖြတ်တောက်လဲဆိုရင် ဥပမာ အဲဒီကာလမှာလူသတ်မှုတွေ၊ ခိုးမှုတွေ၊ မုဒိန်းမှုတွေများတယ်ဆိုရင် ပြည်ထဲရေး ဝန်ကြီးဌာနမှာ တာဝန်ရှိ တယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကို တစ်ကျပ် ဖြတ်တောက်ရေးအဆိုကို တင်လေ့ရှိတယ်။ အခုလွှတ်တော်မှာ အဲဒီလို ဖြတ်ရေးအဆိုတွေကို အခုအချိန်အထိ အစီအစဉ်ထဲမှာ မတွေ့ရသေးဘူး။ အဲဒီတော့ ပညာရှင်ဆွေးနွေးနည်းနဲ့ ဆွေးနွေးမလား။ လူထုဆန္ဒ၊ ပြည်သူ့ဆန္ဒ ရပ်တည်ချက်ကို ကိုယ်စားပြုပြီးဆွေးနွေးမလား။ လူထုဆန္ဒ၊ ပြည်သူ့ဆန္ဒရပ်တည်ချက်ကို ကိုယ်စားပြုပြီးဆွေးနွေးမလားဆိုတာတော့ အဖြူအမဲသဲသဲကွဲ ကွဲသိရမှာပါ။ အစိုးရကနေ ပြည်သူတွေကို ဘဏ္ဍငွေ ဘယ်လောက်ရလဲလို့ ဘယ်လောက်သုံးတယ်ဆိုတာကို မတင်ပြခဲ့တဲ့နှစ်တွေက နှစ်ပေါင်းများစွာ ကြာ ခဲ့ပြီးဖြစ်တဲ့အတွက် အခုလိုတင်ပြတာကိုပဲ လွှတ်တော်နိုင်ငံရေးကြောင့် ပေါ်ပေါက်လာတဲ့ ရလဒ်လို့ သဘောထားပါတယ်”

ဖေဖော်ဝါရီ ၁၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၀) တွင်ပါသည့် “၂၀၁၂ခုနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥ ပဒေကြမ်းနှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းများကို ဖေဖော်ဝါရီ လ ၂၀ ရက်နေ့တွင် ပြည် ထောင်စုလွှတ်တော်၌ စတင်ဆွေးနွေးမည်” သတင်းမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“BOT လုပ်တဲ့ ကုမ္ပဏီလည်းငွေရင်းရတာဖြစ်လို့ အကျိုးအမြတ်ယူမယ်ဆိုတာတော့ နားလည်ပါတယ်။ အကျိုးအမြတ်ယူတဲ့အခါ မျှတဖို့လိုတဲ့အကြောင်း ပြောတာပါ။ သင့်တင့်အောင်ယူရင်ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုလုပ်ငန်းတွေကို  နိုင်ငံတကာမှာ ပုဂ္ဂလိကကိုလုပ်ခွင့်ပေးတယ်ဆိုရင်တောင် ဥပဒေ၊ နည်းဥပ ဒေခိုင်မာမှ။ နိုင်ငံတကာမှာတော့ ဒီလိုလုပ်ငန်းတွေကို အစိုးရကပဲ အဓိကတာဝန်ယူလုပ်ကိုင်တာများတယ်။ ပုဂ္ဂလိကပေးလိုက်တဲ့အတွက် အမြတ်ကိုပဲအ ဓိကကြည့်တော့ အဲဒီဒဏ်ကို ပြည်သူပဲခံရတယ်”

ဖေဖော်ဝါရီ ၁၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၀)တွင်ပါသည့် “BOT စနစ်ဖြင့် လမ်းတံတားကြေး ကောက်ခံမှုဒဏ် ပြည်သူများသာခံစားနေရ သုံးနှစ်အခွန်ကင်းလွတ်ခွင့်ရရှိထားသော်လည်း  လမ်းမပြင်ဘဲ လမ်းကြေးသာ ကောက်ခံနေသည့် ကုမ္ပဏီအ ချို့ရှိနေ” သတင်းမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- အခုရေးဆွဲပြီးသွားတဲ့ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးဆရာ့အမြင်ကို သိချင်ပါတယ်။

ဖြေ- ဦးတင့်ဆွေရဲ့ စာတမ်းမှာပါတဲ့ မာတိကာပဲသိတယ်။ ခေါင်းစဉ်တွေပဲသိရတော့ ဘာမှပြောလို့မရဘူးလေ။ လက်တွေ့ မူကြမ်းထွက်လာတော့မှပဲ သိရမှာပေါ့။ တိုက်ရိုက်တော့လုပ်လို့မရဘူး။ လွှတ်တော်တင်ရဦးမှာပေါ့။ အဲဒီတော့ ချုပ်ချယ်ကန့် သတ်ထားတဲ့မူဝါဒ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့။

မီဒီယာဥပဒေရေးဆွဲတယ်ဆိုရင် ဘာကြောင့်ရေးဆွဲရတာလဲ။ လိုအပ်လို့လား။ ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေမှာဆိုရင် media lawအစား ကာကွယ်မှုဥပဒေတွေ ထုတ်တယ်။ media law ကအကျိုးပြုတာထက်ကို အပြစ်ပေးတာမျိုးဖြစ်တဲ့ ပြည်သူလူထုရဲ့ ခံစားချက်တွေကို ထင်ဟပ်လို့မရတော့ဘူး။ ဖော်ထုတ်လို့မရ တော့ဘူး။ ပြည်သူလူထုအနေနဲ့ right to know သိခွင့်ရှိရမယ်။ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ တိုင်းပြည်ရဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင်ကြည့်ရမယ့်အပြင် မီဒီယာလွတ်လပ်ခွင့်ရရင် ပြည်သူတွေရဲ့ခံစားချက်တွေကိုလည်းဖော်ပြပေးနိုင်မယ်။

ဖေဖော်ဝါရီ ၁၅ ထုတ် THE EXPRESS TIMES အတွဲ (၁) အမှတ် (၂၀)တွင်ပါသည့် “အတည်ပြုမည့် ပုံနှိပ်အက်ဥပဒေအပေါ် သတင်းစာဆ ရာတို့အမြင်” မှ ဝါရင့်သတင်းစာဆရာမောင်ဝံသ၏ ပြေကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment