Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာနိုင်ငံရောက် ကုလအထူးအကြံပေးက ဖွံ့ဖြိုးတိုးတက်မှုအဆက်မပြတ်စေရေးအတွက် အာရုံပြု

(UN News Center မှ 13 Feb 2012 ရက်စွဲပါ Arriving in Myanmar, UN envoy focuses on surtainable development ကို ဘာသာပြန်ဆိုသည်)

  1. ထိုင်းကုမ္ပဏီ မြန်မာနိုင်ငံတွင် ရေနံရှာဖွေမည်

(New Kerala မှ 13 Feb 2012 ရက်စွဲပါ Thai company to explore oil in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. အီးယူက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးလုပ်ငန်းများအတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည်ဟုကြေညာ

(BBC News မှ 13 Feb 2012 ရက်စွဲပါ EU announces $ 200m Burma infrastructure package ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအတွက် ဘဏ်ချေးငွေများ လောလောဆယ် မဖြစ်နိုင်သေး

(The Wall Street Journal တွင် 9 Feb 2011 ရက်စွဲပါ Patrick Barta ရေးသားသော Too bad, Burma: Big bank Loans unlikely soon ကို ဘာသာပြန်ဆိုသည်)

******************************************************************************************

မြန်မာနိုင်ငံရောက် ကုလအထူးအကြံပေးက ဖွံ့ဖြိုးတိုးတက်မှုအဆက်မပြတ်စေရေးအတွက် အာရုံပြု

(UN News Center မှ 13 Feb 2012 ရက်စွဲပါ Arriving in Myanmar, UN envoy focuses on surtainable development ကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအတွက် အထူးအကြံပေး မြန်မာနိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်အတွက် ၁၃ ရက်နေ့ (မနေ့)က ရောက်ရှိလာသည်။ ၎င်းသည် အစိုးရအာဏာပိုင်များ၊ နိုင်ငံရေးပါတီများနှင့် လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် မကြာမီက သမ္မတဦးသိန်းစိန်၏ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွှတ်ပေးခဲ့မှုကို ကြိုဆိုခဲ့ပြီး အခြားပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း အသိအမှတ်ပြုခဲ့သည်။ အထူးအကြံပေး Vijay Nambiar က နေပြည်တော်တွင် ပြုလုပ်သော ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒဆိုင်ရာ လုပ်ဆောင်ရန်များနှင့် ပတ်သက်သော ကွန်ဖရင့်တွင် ပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံတွင် အနာဂါတ်ကိုပုံဖော်မည့် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများ လုပ်ဆောင်ရန် အခွင့်အရေးရရှိလာပြီဖြစ်၍ အရေးကြီးသောအချိန်ရောက်နေပြီဟု ပြောကြားခဲ့သည်။ “ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ကတည်းကကျွန်တော်တို့နယ်ပယ်အသီးသီးမှာ တိုးတက်မှုတွေ တွေ့ရပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေဟာ များပြားပြီး ရှုတ်ထွေးနေပါတယ်။ ဒါကြောင့် ရည်ရွယ်ချက် ကြီးမားပြီးလုပ်ဆောင်မှသာ အောင်မြင်မှု ရရှိပါလိမ့်မယ်” ဟု Nambiar က ပြောသည်။ ထို့အပြင် ပါဝင်ခြင်း၊ အတူ လုပ်ကိုင်ခြင်းနှင့် အင်အားစုစည်းရေး တို့သည် နိုင်ငံတွင်းကဏ္ဍမျိုးစုံသာမက နိုင်ငံတကာနှင့်လည်း ဆောင်ရွက်ရန် လိုအပ်ခြင်းတို့သည် အောင်မြင်ရေး အတွက် အဓိက အချက်များဖြစ်ကြောင်း ပြောခဲ့သည်။

Mr Nambiar က ထောင်စုနှစ်ရည်မှန်းချက် (Millennium Development Goals)များဖြစ်သော ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို မြန်မာ အာရုံစိုက်မှု အောင်မြင်ရန်နှင့် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးမည့် လုပ်ငန်းများ အကောင်အထည်ဖော်ရန် အလေးထား ပြောကြားခဲ့သည်။ “ဖွံ့ဖြိုးတိုးတက်မှုဟာ သာတူညီမျှမှုနှင့် ကြောင်းကျိုးဆီလျော်မှုမရှိလျှင် အဆက်မပြတ် မဖြစ်ပေါ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ပြည်ပကရော နယ်စပ်ဒေသများပါ သာတူညီမျှဆက်ဆံရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ “ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ လူမှုရေးအရ မကျေနပ်မှုဖြစ်ခြင်းကို အကောင်းဆုံး ကာကွယ်တာပါပဲ။ နိုင်ငံအတွက်ရော လူ့အဖွဲ့အစည်းအတွင်းမှာပါ ရင်းနှီးမြှုပ်နှံမှသာ တိုင်းပြည်စုစည်းညီညွတ်မှုနှင့် တိုးတက်ရေးအတွက် လိုအပ်သော လူနေမှုအဆင့်မြင့်လာခြင်းကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ ပြောင်းလဲနေသော ကမ္ဘာကြီးနှင့် အမီလိုက်နိုင်ရေးအတွက်မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂထောက်ပံ့ကူညီရန် ကတိပြုကြောင်းလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် စီးပွားရေးအခြေအနေများ တည်ဆောက်မှုနှင့် ပြည်သူများဘဝ ပိုမို ကောင်းမွန်ရေး အတွက် အခွင့်အလမ်းတွေရယ် ထောက်ပံ့ကူညီမှုတွေကို မငြင်းသင့်တော့ပါဘူး” ဟု Mr Nambiar ပြောသည်။

*****************************************************

ထိုင်းကုမ္ပဏီ မြန်မာနိုင်ငံတွင် ရေနံရှာဖွေမည်

(New Kerala မှ 13 Feb 2012 ရက်စွဲပါ Thai company to explore oil in Myanmar ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် PTT ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းလုပ်ကွက်နှစ်ခုတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့များ ရှာဖွေမည်ဖြစ်ကြောင်း မီဒီယာသတင်းများက ဖော်ပြခဲ့သည်။ PTT Exploration and Production Plc သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီဖြစ်ပြီး၊ ပြီးခဲ့သည့်လက ဧရိယာ ၁၃၀၀၀ စတုရန်းကီလိုရှိသော PSC- G နှင့် EP 2 ရေနံလုပ်ကွက်အတွက် လိုင်စင်ရရှိခဲ့သည်။ PTT သည် မုတ္တမပင်လယ်ကွေ့တွင် ဓါတ်ငွေ့ ရှာဖွေရေး လုပ်ကိုင်လျက်ရှိသည်။ ၎င်းက ရှေ့နှစ်ကုန်တွင် တစ်ရက်လျှင် သဘာဝဓါတ်ငွေ့သန်း ၃၀၀ ကုဗပေထုတ်လုပ်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

ထွက်ရှိလာသောဓါတ်ငွေ့မှ ၈၀%ကို ထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး၊ ကျန် ၂၀% ကို ပြည်တွင်း၌ အသုံးပြုမည်ဖြစ်ကြောင်း မဇျွိမသတင်းဌာနက တနင်္လာနေ့ကဖော်ပြခဲ့သည်။ PTT သည် ထိုပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုန်းတွင်း သဘာဝဓါတ်ငွေ့နှင့် ရေနံရှာဖွေရေးလုပ်ကွက် ၄၇ ခုရှိသည်။ တရုတ်သည် အဆိုပါကုန်းတွင်းရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေရေးတွင် လုပ်ကွက် ၂၃ ကွက် လုပ်ကိုင်လျက်ရှိပြီး အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။ မလေးရှားသည် ဒုတိယအကြီးဆုံးဖြစ်သည်။ အဆိုပါလုပ်ကွက်များမှ တစ်ရက်လျှင် ရေနံစိမ်း ၉၃၀၀ စည် ထွက်ရှိပြီး သဘာဝဓါတ်ငွေ့ သန်း ၁၀၀ ကုဗပေ ထွက်ရှိသည်။

****************************************************

အီးယူက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးလုပ်ငန်းများအတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည်ဟုကြေညာ

(BBC News မှ 13 Feb 2012 ရက်စွဲပါ EU announces $ 200m Burma infrastructure package ကို ဘာသာ ပြန်ဆိုသည်)

ဥရောပသမဂ္ဂကိုယ်စားလှယ်သည် မြန်မာနိုင်ငံတွင် စကားပြောမှုများပြုလုပ်ပြီးနောက် မြန်မာနိုင်ငံအတွက် ထပ်မံပေးမည့်အကူအညီများကို ကြေညာခဲ့ပြီး၊ အရေးယူမှုများ နောက်ထပ်လျှော့ပေးမည့် အလားအလာများကို မျှော်လင့်ချက် ပေးလိုက်သည်။ ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နာ Andris Piebalgs က ပြောကြားရာတွင် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲများသည် လွတ်လပ်၍တရားမျှတပါက အရေးယူမှုများ ပိုမိုဖြေလျော့ပေးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံကျသော အခြေခံအဆောက်အအုံများကို ရည်ရွယ်သော အကူအညီ ဒေါ်လာ သန်း ၂၀၀( ပေါင်စတာလင် ၁၂၈ သန်း) နီးပါးကို ကြေညာခဲ့သည်။

“မြန်မာအစိုးရဖက်က စိုးရိမ်နေတာရှိပါတယ်။ သူတို့က ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်ပေးခဲ့တယ်။ တံခါးလည်း ဖွင့်ပေးခဲ့တယ်။ ဒါပေမယ့် အရေးယူမှုတွေ ရှိနေသေးတယ် ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်” ဟု Mr Piebalgs က ပြောကြားသည်။ “အခုတော့ ဧပြီလရွေးကောက်ပွဲဟာ အရေးပါတဲ့အဖြစ်အပျက်ဖြစ်နေပါပြီ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတခဲ့မယ်ဆိုရင် အရေးယူမှုတွေ ဆက်ပြီးဖြေလျော့ပေးဖို့ မျှော်လင့်နိုင်ပါပြီ” ဟု ၎င်းကပြောသည်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအဖွဲ့ဝင်များ မဲပိုမိုရသည်ကို မြင်တွေ့ရသင့်သည်။ “သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်အကြောင်း အများကြီးပြောပါတယ်။ အားလုံးအပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဒါဟာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ပါ” ဟု Mr Piebalgs က ပြောသည်။ “သမ္မတကြီးကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မှာ အလွန်အရေးကြီးပါတယ်။ သူနိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါလာတာဟာ အရေးပါပါတယ်။ ဒါဟာ အလွန်အပေါင်းလက္ခဏာဆောင်တဲ့ သဘောပါပဲ” ဟု ၎င်းက ပြောသည်။ Mr Piebalgs သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် အင်္ဂါနေ့၌ တွေ့ဆုံမည်ဖြစ်သည်။ ၎င်းက ပြောကြားရာတွင် အရေးယူမှုများသည် မြန်မာနိုင်ငံ၏ တိုးတက်မှုကို အသေအချာထိခိုက်ကြောင်း၊ အစိုးရကို ထိခိုက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တားဆီးထားသောကြောင့်ဖြစ်သည်ဟုဆိုသည်။

၎င်းကပြောကြားရာတွင် အချို့အရေးယူမှုများကို ဖယ်ရှားရန် အချိန်ယူရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထိုသို့လုပ်ဆောင်ရန် အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံကြားတွင် သဘာတူဆန္ဒမဲကောက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ အရေးယူမှုများ အချိန်တိုအတွင်းဖယ်ရှားရေးမှာ လွယ်ကူလှသည်တော့ မဟုတ်ကြောင်းပြောကြားခဲ့သည်။

****************************************************************

မြန်မာနိုင်ငံအတွက် ဘဏ်ချေးငွေများ လောလောဆယ် မဖြစ်နိုင်သေး

(The Wall Street Journal တွင် 9 Feb 2011 ရက်စွဲပါ Patrick Barta ရေးသားသော Too bad, Burma: Big bank Loans unlikely soon ကို ဘာသာပြန်ဆိုသည်)

ယခုအခါ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ကန့်သတ်ထားမှုများအနက်မှ ကမ္ဘာ့ဘဏ်နှင့် အခြား နိုင်ငံစုံအဖွဲ့များ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခြင်းအား တားမြစ်ထားခြင်းအပေါ် ဖယ်ရှားရန် သဘောတူခဲ့ခြင်းကြောင့်၊ အနှေးနှင့် အမြန်ဆိုသလို အဆိုပါအဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ ငွေကြေးများ ပေးတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့သော ဆင်းရဲသော နိုင်ငံများအား ကူညီရန် လွန်ခဲ့သော ဆယ်စုနှစ်များက ဖွဲ့စည်းခဲ့သော နိုင်ငံတကာငွေရေး၊ ကြေးရေး အဖွဲ့အစည်းများ (IFIs) အပေါ် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခြင်းအား အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ကန့်ကွက်ထားခဲ့သည်။ အမေရိကန်သည် အဆိုပါ အဖွဲ့အစည်းများအပေါ် သြဇာလွှမ်းမိုးမှု အတော်အတန်ရှိသည်။ တနလာင်္နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာာလရီကလင်တန်သည် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) အပါအဝင် အလားတူအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံတွင် အကဲဖြတ် မစ်ရှင်များနှင့် နည်းပညာအကူအညီများပေးရာတွင် အမေရိကန်က           ထောက်ပံ့ကူညီနိုင်ရန် ကန့်သတ်ချက်ကို ဖယ်ရှားကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အခြားအုပ်စုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံများအတွက် လည်းကောင်း၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် လည်းကောင်း၊ အခြားငွေကြေးလိုအပ်သော စီမံကိန်းများအတွက် ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိရာ၊ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးချေးငွေကြီးများ အဆိုပြုရန်ကိစ္စမှာ သီးခြား ဖြစ်ပြီး၊ အမေရိကန်၏ နောက်ထပ် မီးစိမ်းပြမှုများ လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိက စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ခြင်းကြောင့် အမေရိကန်နှင့် ဥရောပမှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုပြင်ရန် များစွာ လုပ်ဆောင်လာခဲ့သည်။ ၎င်းတို့သည် နောက်ထပ် အရေးယူမှုများ ဖြေလျော့ခြင်းမပြုမီ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေကြသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ ADB နှင့် နိုင်ငံခြားအစိုးရများထဲတွင် ကြွေးမြီ အကြမ်းဖျင်း ဒေါ်လာ ၁၁ ဘီလီယံတွင်ရှိနေရာ၊ နောက်ထပ်ချေးငွေများ ထပ်မံမယူမီ ပြန်ဆပ်ခြင်း သို့မပာုတ် ပြန်လည်ပြုပြင်ခြင်းများ လုပ်ဆောင်ရမည် ဖြစ်သည်။ ကြွေးမြီအများစုမှာ ဘဏ်များ မြန်မာနိုင်ငံမှ ထွက်ခွာမသွားမီ ဆယ်စုနှစ်များစွာက ယူထားခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာ (၈.၄) ဘီလီယံမှာ ၁၉၆၂-၁၉၈၈ အတွင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ်ခေတ်က ဖြစ်သည်။ ADB သို့ ဒေါ်လာ (၄၈၉)သန်း တင်ရှိနေပြီး၊ ကမ္ဘာ့ဘဏ်တွင် အချို့ရှိကြောင်း ADB ကပြောသည်။ ဂျပန်နိုင်ငံတွင် ဒေါ်လာ(၆.၄) ဘီလီယံ တရုတ်ထံတွင် ဒေါ်လာ (၂.၁) ဘီလီယံနှင့် ဂျာမနီထံတွင် ဒေါ်လာ(၅၈၀) သန်း ကြွေးမြီများ တင်ရှိနေကြောင်း မြန်မာအစိုးရ၏ အဆိုအရ သိရှိရသည်။

မြန်မာနိုင်ငံက ၎င်းသည် ကြွေးရှင်အချို့နှင့် ကြွေးမြီများ လျှော်ပစ်နိုင်ရေး စကားပြောလျက်ရှိသည် ဆိုသော်လည်း အားလုံးလျှော်ပစ်ရန်မှာ လွယ်ကူလှသည်တော့ မပာုတ်ပေ။ မြန်မာနိုင်ငံတွင် ကြီးမားသော သယံဇာတများရှိပြီး၊ စီးပွားရေး တိုးတက်မည့် အရိပ်အယောင်များရှိသော်လည်း ၎င်းတွင် နိုင်ငံခြား အရန်ငွေ ဒေါ်လာ (၇) ဘီလီယံသာရှိသည်။ မြန်မာနိုင်ငံသည် ကြွေးမြီများ အားလုံးပေးဆပ်ပြီး၍ အနောက်နိုင်ငံများက နောက်ထပ် ငွေချေးယူနိုင်ရန် မီးစိမ်းပြသည့်တိုင် ငွေများပြန်လည်စီးဝင်လာနိုင်ရန် အချိန်ကြာရှည်စွာ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ ငွေချေးပေးသော အဖွဲ့အစည်းများ အနေဖြင့် ငွေများကို အကျိုးရှိရှိ အသုံးချရန်နှင့် ငွေများပျောက်ပျက်မသွားရန် လိုလားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်း အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ Transparency International ၏ စစ်တမ်း ကောက်ယူရာတွင် ၁၈၃ နိုင်ငံရှိသည့်အနက် အမှတ်စဉ် ၁၈၀ တွင် ရှိသောကြောင့် စိုးရိမ်ပူပန်ရသည့်အကြောင်းလည်း ရှိသည်။ ငွေချေးမည့် အဖွဲ့အစည်းများအနေဖြင့် ငွေမြောက်များစွာအတွက် အာမခံချက်မပေးမီ မြန်မာစီးပွားရေးနှင့် ငွေကြေးအဖွဲ့အစည်းများထံမှ အချက်အလက်များ ရယူလိုသော်လည်းမှန်ကန်သော အချက်အလက်များမရနိုင်ပေ။

ဘဏ်များအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် ငွေချေးပေးရန် မြန်မာနိုင်ငံသို့ ဝင်ရောက်လိုသော ကုမ္ပဏီများ ဦးဆောင်ဖိအားပေးမှုကိုကြုံတွေ့ရနိုင်သည်။ အဓိကအဖွဲ့အစည်းများ ကလည်း ကလင်တန်၏ ယခုနောက်ဆုံး လုပ်ဆောင်ချက် အပြီးတွင် ၎င်းတို့ လုပ်ဆောင်မှုများအတွက် ဆွေးနွေးရန် စီစဉ်ထားပြီးဖြစ်သည်။ ဘဏ်များ၏ စဉ်းစားတွေးခေါ်ပုံများကို ရင်းနှီးကျွမ်းဝင်သူများက ပြောကြားရာတွင် အဖြစ်နိုင်ဆုံး ရလဒ်မှာ ပြောကြားရာတွင် အဖြစ်နိုင်ဆုံးရလဒ်မှာ ဘဏ်များအနေဖြင့် လွတ်လွတ်လပ်လပ်ချေးခွင့်ရနေသည့်တိုင် ကနဦး အနေဖြင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်၍ လက်ရှိ အခြေအနေများကို ကွင်းဆင်းလေ့လာစေမည်ဖြစ်သည်။ အချိန်ယူပြီး လေ့လာမည်ဖြစ်သည်။

မည်သို့ဆိုစေ၊ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင်များက ယေဘူယျ သဘောတူကြမည့်အချက်မှာ ADB၊ ကမ္ဘာ့ဘဏ်နှင့် အခြား အလားတူ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ပောာင်းနွမ်းနေသော စီးပွားရေးစနစ်ကို ခေတ်မှီအောင် ပြုရန်နှင့် လူနေမှု အဆင့်မြင့်လာအောင် ကူညီနိုင်လိမ့်မည်ပာူသာ အချက်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပောာင်းနွမ်းနေသော စီးပွားရေးစနစ်သည် တိုင်းသူပြည်သားများအား အာရှတွင် အနိမ့်ဆုံး လူနေမှုစနစ်ကို ဖြစ်စေသည်။ သုံးသပ်သူများက ခန့်မှန်းရာတွင် မြန်မာနိုင်ငံသည် လမ်းသစ်များ၊ တံတားများ၊ ဓာတ်အားပေး စက်ရုံများ၊ ရထားများနှင့် အခြားကဏ္ဍများအတွက် ဒေါ်လာ ဘီလီယံနှင့်ချီ၍ အကူအညီ လိုအပ်လျက် ရှိကြောင်း၊ နိုင်ငံစုံအဖွဲ့များသည် ထိုကဏ္ဍများတွင် ကူညီနိုင်ကြောင်း ခန့်မှန်းကြသည်။ ဂျပန်နှင့် တရုတ်ကဲ့သို့သော နိုင်ငံများကလည်း ငွေကြေးဖြည့်ဆည်းပေးနိုင်ကြောင်းဆိုသည်။ IMF သည် မကြာသေးမီက မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံခြားငွေလဲလှယ်မှုစနစ်ကို ရှင်းရှင်းလင်းလင်း ပြုပြင်ရန် ဆွေးနွေးခဲ့သည်။ ငွေလဲလှယ်မှု စနစ်တွင် ဈေးနှုန်းအမျိုးမျိုးရှိနေခြင်းသည် နိုင်ငံခြားကုမ္ပဏီများအတွက် အဓိက အတားအဆီးဖြစ်ခဲ့သည်။ ADB က Wall Street Journal သို့ ပြောကြားချက်တွင် ADB ၏အဖွဲ့ဝင်အစိုးရများက မြန်မာနိုင်ငံတွင် အကဲဖြတ်လုပ်ဆောင်မှုများပြုလုပ်ရန် တောင်းဆိုလာခြင်းမရှိသေးကြောင်း၊ ယခု ကလင်တန်၏ တံခါးဖွင့်ပေးမှုအပြီးတွင် ထိုသို့ တောင်းဆိုလာလိမ့်မည်ပာု ယူဆကြောင်း ပြောသည်။

“ADB မှ မြန်မာနိုင်ငံအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရမည့်လုပ်ငန်းသည် ADB ရှယ်ယာများနှင့် တိုင်ပင်ရမည့် ကိစ္စဖြစ်ပြီး အခြားနိုင်ငံစုံ အဖွဲ့များနှင့် ဖွံ့ဖြိုးရေးပတ်တနာများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်” ပာု ADB က ပြောသည်။ ငွေချေးမှုများ ပြန်လည် ပြုလုပ်ရန် အတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ပကမ္ဘာနှင့် ဆက်ဆံရေး ဆက်လက်တိုးတက်ရန် လိုအပ်ပြီး ယခင်ကြွေးမြီများနှင့် ပတ်သက်၍ ဖြေရှင်းပြီးဖြစ်ရန် လိုအပ်သည်ပာု ဆိုသည်။

ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရာတွင် မအောင်မြင်ခဲ့ပါ။ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလတွင် ၎င်းတို့၏ ဝက်ဆိုဒ်တွင် ဖော်ပြထားရာ၌ “မြန်မာနိုင်ငံတွင် တံခါးဖွင့်ရန်၊ စီးပွားရေး တိုးတက်ရန်နှင့် ပြည်သူတို့၏ လူနေမှု အခြေအနေများ တိုးတက်ရန် များစွာလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ဘဏ်အနေဖြင့် ယခုမြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေး အောင်မြင်နိုင်စေရန် အခြားနိုင်ငံများ၏ ဥပမာများဖြင့် ဖြည့်ဆည်းပေးနိုင်ပါကြောင်း” ဖော်ပြထားသည်။ သို့သော် ငွေချေးမှုများ ပြန်လည်မစတင်မှီ ဘဏ်မှ ကြွေးမှီများကို ရှင်းလင်းရန် အစီအစဉ်များ လိုအပ်မည် ဖြစ်ကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

**************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment