Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၄.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံခြားကုန်သွယ်မှု ပမာဏ ၃၈ %မြင့်တက်

(News Kerala မှ 13 Feb 2011 ရက်စွဲပါ “Myanmar Foreign trade to grow by 30 percent” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မြန်မာရောက်ဖိလစ်ပိုင်များကို တွေ့ဆုံ

(CBN News မှ 14 Feb 2011 ရက်စွဲပါ “DFA Chief Meets Filipinos in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရွေးကောက်ပွဲမျှတစွာ ကျင်းပမည်ပာု အီးယူကို မြန်မာကတိပြု

(AFP သတင်းမှ 13 Feb 2012 ရက်စွဲပါ “Myanmar Promises EU to hold fair vote” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အစိုးရသစ်က တရုတ်၏ လွှမ်းမိုးမှုအရိပ်အောက်မှ လွတ်ရန်ကြိုးစား

(Brisbance Times မှ 9 Feb 2011 ရက်စွဲပါ Hamish McDonald ရေးသားသော News Regime tries to rise above growing shadow of Beijing’s influence” ကို ဘာသာပြန်ဆိုသည်)

******************************************************************************

မြန်မာနိုင်ငံခြားကုန်သွယ်မှု ပမာဏ ၃၈ %မြင့်တက်

(News Kerala မှ 13 Feb 2011 ရက်စွဲပါ “Myanmar Foreign trade to grow by 30 percent” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းကျော် ကြီးထွားကာ အမေရိကန်ဒေါ်လာ ၁၆.၁ ဘီလျံသို့ ရောက်ရှိလိမ့်မည်ပာု စီးပွားကူးသန်းဝန်ကြီးဌာနက ပြောကြားသည်။ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်က နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၁၂ ဘီလျံသာရှိခဲ့သည်ပာုလည်း သိရှိရသည်။ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု တိုးမြှင့်လာခြင်းကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၏ ပထမ ၁၀ လ(ဧပြီမှ ဇန်နဝါရီ) အတွင်း ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဘီလျံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်း စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇.၁ ဘီလျံနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၇.၃ ဘီလျံ အသီးသီးပါဝင်သည်။ ယင်းသို့ ကုန်သွယ် ရောင်းဝယ်မှု ပြုလုပ်ရာတွင် သဘာဝဓာတ်ငွေ့အပြင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ဓာတ်သတ္တု၊ပဲအမျိုးမျိုးတို့လည်း ပါဝင်ကြသည်ပာု သိရှိရသည်။

လက်ရှိ မြန်မာအစိုးရက ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေချိုနှင့် ရေငန်ထွက်ကုန်များ၊ သားငါး ထွက်ကုန်များ၊ သစ်၊ ဝါး၊ ကြိမ်ဖြင့် ပြုလုပ်သော တန်ဖိုးမြှင့် ထုတ်ကုန်များစသောပို့ကုန် အမျိုးအစားများပေါ်တွင် ကုန်သွယ်ခွန်လျှော့ချပေးထားသည်။ မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေး၊ ဓာတ်သတ္တု၊ သစ်တေထွက်ကုန်များ၊ လက်မှု ပစ္စည်းများ အဓိကတင်ပို့ရောင်းချပြီး ဘိလပ်မြေ၊ လယ်ယာကဏ္ဍသုံး စက်ကိရိယာ၊ မော်တော်ကား၊ လျှပ်စစ်ပစ္စည်း မျိုးစုံ စသဖြင့် ပြန်လည်တင်သွင်းလျက်ရှိသည်။ မြန်မာ့စီးပွားရေးကဏ္ဍ၏ စိတ်ချယုံကြည်ရမှု ပိုမိုတိုးမြင့်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုတိုးပွားလာခြင်း၊ ပို့ကုန်လုပ်ငန်း တိုးတက်လာခြင်း တို့ကြောင့် မြန်မာနိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၅ ရာခိုင်နှုန်း၊ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်း အသီးသီးတိုးတက်လိမ့်မည်ပာု မျှော်လင့်ရသည်။

************************************************************************

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မြန်မာရောက်ဖိလစ်ပိုင်များကို တွေ့ဆုံ

(CBN News မှ 14 Feb 2011 ရက်စွဲပါ “DFA Chief Meets Filipinos in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ဖိလစ်ပိုင်နိုင်ငံခြားရေးရာဝန်ကြီး အဲလ်ဘတ်ဒယ်ရိုစာရီယိုသည် မြန်မာနိုင်ငံရောက် ဖိလစ်ပိုင်လူမျိုး အသိုင်းအဝိုင်းနှင့် ယခင်အပတ်က တွေ့ဆုံခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ ဖိလစ်ပိုင်သံရုံးတွင် ဒယ်ရိုစာရီယိုအား ကြိုဆိုသည့် ဂုဏ်ပြုညစာစားပွဲသို့ ဖိလစ်ပိုင် လူမျိုး တစ်ရာခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီးက အမှာစကားပြောကြားရာတွင် ပင်လယ်ရပ်ခြားရောက် ဖိလစ်ပိုင်များကို အကာအကွယ် ပေးခြင်း၊ အားပေးမြှင်တင်ခြင်းကို ဦးစားပေး ဦးတည်ထားသော ဖိလစ်ပိုင်နိုင်ငံခြားရေးမူဝါဒ၏ မဏ္ဍိုင် ၃ ရပ်ကို ရည်ညွှန်းဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ လူမှု-စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် ပါဝင်ကြသော ဖိလစ်ပိုင်အသိုင်းအဝိုင်း၏ ကဏ္ဍကိုလည်း အလေးထားထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံရောက် ဖိလစ်ပိုင်အသိုင်းအဝိုင်း ဥက္ကဋ္ဌ ဒေါက်တာ မလယ်လ်ဂါကာဖီစထရာနို ကလည်း ၎င်းတို့၏ အခက်အခဲများကို တင်ပြဆွေးနွေးရာတွင် ဖိလစ်ပိုင်သို့ ငွေပေးပို့မှု အလားအလာနှင့် မြန်မာ-ဖိလစ်ပိုင် တိုက်ရိုက်လေကြောင်း ပြန်လည်ပြေးဆွဲရေးကိစ္စတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးက အထက်ပါ ကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးမည်ပာု ပြန်လည်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်လူမျိုး ၃၆၂ ဦးခန့်နေထိုင်လျက်ရှိပြီး ကုလသမဂ္ဂနှင့် NGO အဖွဲ့များတွင် လုပ်ကိုင်နေသော ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ မန်နေဂျာများ၊ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များ၊ ကြီးကြပ်ရေးမှူးများ၊ ဖျော်ဖြေရေးအနုပညာရှင်များ ပါဝင်ကြသည်ပာု သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးရာဝန်ကြီး ဒယ်ရိုစာယိုသည် ယခင်သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ သမ္မတဦးသိန်းစိန်၊ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆေင် ဒေါ်အောင်ဆန်းစုကြည် စသူတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

***********************************************************************

ရွေးကောက်ပွဲမျှတစွာ ကျင်းပမည်ပာု အီးယူကို မြန်မာကတိပြု

(AFP သတင်းမှ 13 Feb 2012 ရက်စွဲပါ “Myanmar Promises EU to hold fair vote” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ့နိုင်ငံရေး ပင်မရေစီးထဲသို့ အတိုက်အခံပါတီ ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်သော လာမည့် ရွေးကောက်ပွဲကို ဒီမိုကရေစီ ပြည့်ဝစွာ ကျင်းပမည်ပာု မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အီးယူ တာဝန်ရှိများကို မြန်မာအစိုးရက တနလာင်္နေ့တွင် အာမခံပြောကြားခဲ့သည်။ “လိုအပ်တဲ့ အစီအစဉ်တွေကို ဆောင်ရွက်ထားတဲ့အတွက် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲပာာ လွတ်လပ်မျှတပြီး အားလုံးလက်ခံယုံကြည်နိုင်ပါလိမ့်မယ်” ပာု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အီးယူ ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs အား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် ယှဉ်ပြိုင်မည့် ဧပြီ ၁ ရက် ရွေးကောက်ပွဲများသည် မြန်မာအာဏာပိုင်များ၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ အပေါ် အဓိကစမ်းသပ်မှုတစ်ခုဖြစ်လာလိမ့်မည်ပာု အများစုက ရှုမြင်ထားကြသည်။

လက်ရှိ အာဏာရ တပ်မတော်နောက်ခံ နိုင်ငံရေးပါတီ အနိုင်ရရှိခဲ့သော ၂၀၁၀ ရွေးကောက်ပွဲများမှာမူ ခြိမ်းခြောက်မှု၊ မဲလိမ်မှု စွပ်စွဲချက်များကြောင့် များစွာ နာမည်ပျက်ခဲ့ရပြီးဖြစ်သည်။အတိုက်အခံ NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်သော ကိုယ်စားလှယ်နေရာ ၄၈ နေရာစလုံးတွင် အနိုင်ရရှိသည့်တိုင်အောင် လက်ရှိအာဏာရပါတီကို စိန်ခေါ်ခြိမ်းခြောက်နိုင်မည် မပာုတ်သော်လည်း သူမသာအနိုင်ရရှိသွားပါက နိုင်ငံ၏ အပျံသင်စ လွှတ်တော်ကို တရားဝင် အသိအမှတ်ပြုခံရအောင် ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သည်။

လာမည့် ၂ နှစ်အတွင်း မြန်မာနိုင်ငံသို့ ယူရိုသန်း ၁၅၀ (ဒေါ်လာ သန်း ၂၀၀) ထပ်မံကူညီမည့် အီးယူ၏ ကတိကဝတ်များကို သယ်ဆောင်လာသော Piebaigs သည် ဆက်လက်၍ သမ္မတဦးသိန်းစိန်နှင့် နှစ်နာရီကြာ တံခါးပိတ် ဆွေးနွေးခဲ့သည်ပာု သိရှိရသည်။ “ဒီမှာ ဖြစ်ပျက်နေတာ တွေကတော့ အဆက်မပြတ်ဆက်တိုက်ပါပဲ။ ဒါပေမယ့်လည်း ဆက်ပြီး လေ့လာစောင့်ကြည့်ရဦးမှာပါ။ ဒီမှာဖြစ်နေတဲ့ အနေအထားကို သဘောကွဲလွဲမှု တစ်ချို့ရှိနိုင်ပေမယ့် ပြုပြင်ပြောင်းလဲမှု ဖြစ်ရပ်မှန်ကို သံသယဝင်သူမရှိဘူးဆိုတာ ခင်ဗျားခံစားမိပါလိမ့်မယ်” ပာု Piebalgs က မှတ်ချက်ပေးသည်။ ဂျာမန် ဖွံ့ဖြိုးရေးဝန်ကြီး Dirk Niebel ပါ အတူတကွ လိုက်ပါလာသော ကော်မရှင်နာမင်းကြီး Piebalgs သည် ၃ ရက်ကြာ မြန်မာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံ၌ ရာစုနှစ်ဝက်နီးပါး စစ်အုပ်ချုပ်ရေးကို ကျင့်သုံးခဲ့သော မြန်မာအစိုးရသည် အတိုက်အခံပါတီအား တရားဝင်နိုင်ငံရေးနယ်ပယ်ထဲသို့ ပြန်ဝင်ရန် ဖိတ်ခေါ်ကြိုဆိုခြင်း၊ နိုင်ငံရေးအကျဉ်းသားအရေအတွက် ရာနှင့်ချီ၍ လွှတ်ပေးခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပမှ မြန်မာ့နိုင်ငံရေးအကဲခတ် လေ့လာသူများကို အံ့သြသင့်စေခဲ့ပြီဖြစ်သည်။

လက်ရှိ အောက်လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပောာင်း ဦးရွှေမန်းက နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေကြောင်း ဝန်ခံသော်လည်း ၎င်းတို့မှာ ရာဇဝတ်မှုခင်းများနှင့် ပတ်သက်သူများ ဖြစ်ကြသည်ပာု ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အသိအမှတ်ပြုသည့် အနေဖြင့် အရေးယူဒဏ်ခတ်မှု Sanctions များစတင်ဖြေလျှော့ပေးရန် ဇန်နဝါရီလတွင် သဘောတူခဲ့ကြပြီးမြန်မာ အစိုးရခေါင်းဆောင်များအပေါ် ပြည်ဝင်ဗီဇာ ပိတ်ပင်မှုကို ဖယ်ရှားပေးခဲ့သည်။ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ပါက Sanctions များကို ဆက်လက် ဖြေလျော့ပေးမည်ပာုလည်း ကတိပြု ထားသည်။ “လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ လွတ်လပ်မျှတပြီး ဒီမိုကရေစီရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်သွားပြီ ဆိုရင် Sanctions တွေလည်း ရုတ်သိမ်းပေးလို့ရတော့မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်” ပာု Piebalgs က တနင်္လာနေ့ ဆွေးနွေးမှုများအပြီးတွင် ပြောကြားခဲ့သည်။

********************************************************************

အစိုးရသစ်က တရုတ်၏ လွှမ်းမိုးမှုအရိပ်အောက်မှ လွတ်ရန်ကြိုးစား

(Brisbance Times မှ 9 Feb 2011 ရက်စွဲပါ Hamish McDonald ရေးသားသော News Regime tries to rise above growing shadow of Beijing’s influence” ကို ဘာသာပြန်ဆိုသည်)

မြန်မာစစ်အစိုးရသည် ပြီးခဲ့သည့်မတ်လက ရွေးချယ်တင်မြှောက်ထားသော အစိုးရအား သေချာစွာစီမံပြီး အာဏာလွှဲပြောင်းပေးခဲ့ရာ တကယ့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်ပာု အနည်းငယ်ခန့်ကသာ ခန့်မှန်းခဲ့သည်။ သမ္မတဦးသိန်းစိန် အပါအဝင် စစ်အရာရှိ အတော်များများ သည် ယူနီဖောင်းချွတ်၍ အစိုးရအဖွဲ့နှင့် ပါလီမန်တွင် ပါဝင်ခဲ့ကြသည်။ ခြောက်လခန့်ကြာသောအခါ ဦးသိန်းစိန်သည် အံ့သြဖွယ်ရာတစ်ခုကို လုပ်ဆောင် ပြသခဲ့သည်။ ကချင်ပြည်နယ်မြစ်ဆုံတွင် တရုတ်အစိုးရပိုင် China Power International နှင့် ပြည်တွင်းပါတနာ Asia World တို့လုပ်ကိုင်နေသော မြစ်ဆုံရေလှောင်တမံစီမံကိန်းကြီးကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ရန်ကုန်တွင်နေထိုင်သူများက ပြောကြားရာတွင် သမ္မတ၏ပုံရိပ်သည် ရုတ်တရက် ပေါ်ပြူလာဖြစ်လာသည်ပာု ဆိုသည်။ “အဌားယာဉ်မောင်းတွေနဲ့ ရုံးဝန်ထမ်းတွေကို အကြမ်းဖျဉ်း ဆန္ဒမဲယူကြည့်တော့ ၇၀% ကထောက်ခံကြတယ်” ပာု နိုင်ငံခြားကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ပြောသည်။ “တကယ်ပဲ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အတွက် ဆုံးဖြတ်ရခက်တဲ့အခြေအနေပါ။ အခြေအနေက သိပ်တင်းမာနေပါတယ်။ ပြည်သူ့အမြင်ရော မီဒီယာတွေမှာ ရောပေါ့။ ဒါကို ကျွန်တော်တို့ လစ်လျူရှုခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သမ္မတကြီးက ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ” ပာု သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။

အစိုးရနှင့် နီးစပ်သော သတင်းများက ပြောသည်မှာ သမ္မတကြီးသည် တရုတ်ဘက်မှ တုန့်ပြန်လာမည့် ကိစ္စကို ကြောက်ရွံ့ကြောင်းပြောသည်။ တရုတ်သည် အနည်းငယ်သာ တုန့်ပြန်ခဲ့ပြီး ရပ်ဆိုင်းမှုကို လက်ခံခဲ့သည်။ သို့သော် China Power International ကမူလုပ်ငန်းပြန်လည် စတင်နိုင်ရေး အတွက် အချိန်စောင့်၍ ပြန်လည်ကြိုးစားသွားမည်ပာု ပြောခဲ့သည်။

ဆယ်စုနှစ် တစ်ခုကျော်ကျော်ကတည်းက တရုတ်သည် မြန်မာနိုင်ငံမှ တဆင့် အိန္ဒိယသမုဒ္ဒရာတွင် တံခါးပွင့်ရေးအတွက် အစီအစဉ်များကို ငွေကြေး သယံဇာတကို သုံး၍ လည်းကောင်း၊ ကျွမ်းကျင်မှု နည်းပညာများ သုံး၍ လည်းကောင်း၊ လျင်မြန်စွာကြိုးစားခဲ့သည်။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံ၏ ရခိုင်ကမ်းရိုးတန်းမှ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၂၀၀၀ ရှည်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင် အိန္ဒိယသည် တရုတ်၏ အဓိကပြိုင်ဖက်ဖြစ်သည်။ ၂၀၀၄-၂၀၀၅ က ကြီးမားသော ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်ကို တင်ဒါခေါ်ယူစဉ်က အိန္ဒိယသည် ရှေ့ဆုံးက ရှိနေသင့်သည်။ သို့သော် အိန္ဒိယသည် လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့ခြင်း မရှိပေ။ ထိုစဉ်က အိန္ဒိယသည် ရှုတ်ထွေးသော လေးနိုင်ငံညှိနှိုင်းမှုနှင့် အချိန်ကုန်ခဲ့ရသည်။ ဘင်္ဂလားပင်လယ်အောင်၏ ကြမ်းပြင်သည် ဂင်္ဂါမြစ်နှင့် ဗြမ္မာပုတ္တရမြစ်တို့မှ ပလပ်စတစ် အနည်ထိုင်မှုများကြောင့် ပိုက်လိုင်းများချရန် တည်ငြိမ်မှုမရနိုင်ပေ။ ထို့ကြောင့် အိန္ဒိယကိုဖြတ်၍ ဓာတ်အားသယ်ယူရန် မြေတောင်းဆိုခဲ့သည်။ “မြန်မာစွမ်းအင်ဝန်ကြီးက ကျွန်တော့်ကိုပြောတယ်။ သူတို့အနေနဲ့ တရုတ်အပေါ် အရမ်းမမှီခိုလိုဘူး။ ဒါပေမယ့် ကျွန်တော်တို့ အိန္ဒိယဖက်က တက်လာမှဖြစ်မယ်။ မပာုတ်ရင် သူတို့မှာ ရွေးစရာမရှိဘူး။ တရုတ်ကို ပဲပေးရမယ်လို့ပြောတယ်” ပာု ထိုစဉ်က အိန္ဒိယ ရေနံဝန်ကြီး Mani Shankar Aiyar ကပြီးခဲ့သည့်အပတ်က ဒေလီတွင် Herald သို့ပြောသည်။ အိန္ဒိယ၏ သုံးမရသော နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း အဆိုပြုလွှာကို အချိန်မီမတင်နိုင်ခဲ့ပာုလည်း ၎င်းက ပြောသည်။

တရုတ်သည် လာမည့်နှစ်တွင် ဓာတ်ငွေ့ပိုက်လိုင်းပြီးစီးတော့မည်ဖြစ်ပြီး၊ ထုတ်လုပ်မှု စတင်ပါက မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် အခွန်ငွေ ဒေါ်လာ ၃ ဘီလီယံရရှိမည်ဖြစ်သည်။ ထို့အပြင် ရေနံပိုက်လိုင်းမှ တဆင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းများအားလည်း ယူနန်သို့ ပို့လွှတ်နိုင်မည်ဖြစ်သည်။ တရုတ်သည် ပိုက်လိုင်းနှင့် အပြိုင် ရထားလမ်းကိုပါ စကားပြောလျက်ရှိသည်။ မြန်မာအတွက် မရှိမဖြစ် အရေးကြီးသော ပါတနာမှာ တရုတ်ဖြစ်နေဆဲဖြစ်ကြောင်း မြန်မာသံတမန်များက ပြောသည်။ “တရုတ်က လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တော့ သူ့ရဲ့ ဗီတို အာဏာပာာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” ပာု သံတမန်တစ်ဦးက ပြောသည်။ “အခုအချိန်အထိတော့ တရုတ်က အသာစီးရနေတုန်းပါပဲ” ပာု ၎င်းကပြောသည်။

ပြီးခဲ့သည့်လက သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတောင်ပိုင်း ထိုင်းတို့၏အထူးစီးပွားရေးဇုန်သစ်အတွက် အဆိုပြုထားသော ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို ပယ်ချခဲ့သည်။ အဆိုပါ ကိစ္စသည် မြစ်ဆုံကိုလည်း ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းများကြောင့်သာ ရပ်ဆိုင်းရခြင်း ဖြစ်ပြီး တရုတ်ကို ဆန့်ကျင်သည့် သဘောမပာုတ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ တရုတ်အပေါ် ဝေဖန်ခြင်းကို အစိုးရ ဆင်ဆာများက ဖိနှိပ်ဆဲဖြစ်သည်။ သို့သော် မြစ်ဆုံ ဆုံးဖြတ်ချက်သည် လွတ်လပ်သော မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးနေမှုကို မြိုသိပ်ထားရမှုများ ရေတံခါး ဖွင့်ပေးလိုက်သကဲ့သို့ ပွင့်ထွက်သွားခဲ့ရသည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment